![]() |
ကိုဗစ္၁၉ ေရာဂါကို ျမန္မာရင္ဆိုင္ေနရတာတစ္လေက်ာ္ ရွိသြားပါၿပီ။ |
မေန႔က ဧၿပီ ၂၅ ရက္မွာ လူမႈကြန္ရက္ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ပ်ံ႕ႏွံ႔ေနတဲ့ ကိုဗစ္အတည္ျပဳလူနာကို ေတြ႕ရွိေၾကာင္း ေဖေဖာ္ဝါရီ လ ရက္စြဲနဲ႔ ႐ုံးတြင္းအမိန႔္စာပုံစံ ေၾကညာခ်က္ဟာ အတုသာျဖစ္ေၾကာင္း က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန ေျပာခြင့္ရအဖြဲ႕ဝင္ ေဒါက္တာသန္းႏိုင္စိုးကေျပာပါတယ္။
"ကြၽန္ေတာ္တို႔ဘာမွဖုံးကြယ္ထားစရာမရွိပါဘူး။ ကြၽန္ေတာ္တို႔ ေတြ႕ခဲ့တဲ့ ပထမဆုံးလူနာက ပထမဆုံးပါပဲ။ မတ္လ ၂၃ ရက္မွာေတြ႕ခဲ့တာပါ" လို႔ သူက ေျပာပါတယ္။
ေကာလာဟလေတြကိုေစာင့္ၾကည့္အေရးယူတဲ့အဖြဲ႕ရွိၿပီး ဒီအဖြဲ႕ဟာ ေဖ့စ္ဘြတ္နဲ႔လည္း ခ်ိတ္ဆက္ထားတာေၾကာင့္ ဒီကိစၥကို ေဖ့စ္ဘြတ္တင္းမ္ကို အရင္ သတင္းပို႔ရမယ္လို႔လည္း သူက ဆက္ေျပာပါတယ္။
![]() |
ေဖ့စ္ဘြတ္မွာ ပ်ံ႕ေနတဲ့ ဒီေၾကညာခ်က္က အတုလို႔ ဆိုပါတယ္။ |
BBC Burmese
--------------------------------------------
(Unicode)⤵⤵⤵
မြန်မာမှာ ဖေဖော်ဝါရီတည်းက ကိုဗစ်အတည်ပြုလူနာတွေ့ရှိတဲ့ ကြေညာချက် အတုသာဖြစ်လို့ တာဝန်ရှိသူပြော
မနေ့က ဧပြီ ၂၅ ရက်မှာ လူမှုကွန်ရက်ဖေ့စ်ဘွတ်စာမျက်နှာမှာ ပျံ့နှံ့နေတဲ့ ကိုဗစ်အတည်ပြုလူနာကို တွေ့ရှိကြောင်း ဖေဖော်ဝါရီ လ ရက်စွဲနဲ့ ရုံးတွင်းအမိန့်စာပုံစံ ကြေညာချက်ဟာ အတုသာဖြစ်ကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောခွင့်ရအဖွဲ့ဝင် ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။
"ကျွန်တော်တို့ဘာမှဖုံးကွယ်ထားစရာမရှိပါဘူး။ ကျွန်တော်တို့ တွေ့ခဲ့တဲ့ ပထမဆုံးလူနာက ပထမဆုံးပါပဲ။ မတ်လ ၂၃ ရက်မှာတွေ့ခဲ့တာပါ" လို့ သူက ပြောပါတယ်။
ကောလာဟလတွေကိုစောင့်ကြည့်အရေးယူတဲ့အဖွဲ့ရှိပြီး ဒီအဖွဲ့ဟာ ဖေ့စ်ဘွတ်နဲ့လည်း ချိတ်ဆက်ထားတာကြောင့် ဒီကိစ္စကို ဖေ့စ်ဘွတ်တင်းမ်ကို အရင် သတင်းပို့ရမယ်လို့လည်း သူက ဆက်ပြောပါတယ်။
"မနေ့ကအထိ ကျွန်တော်တို့ ဒီသတင်းကြားတော့ သတင်းတုပဲဆိုတော့ ပျောက်သွားမယ်ထင်တာ။ ဒီနေ့တော့ ထပ်ပြီးမေးလာတာတွေလည်းရှိတော့ ကျွန်တော်တို့အဖွဲ့တွေ တိုင်ပင်ပြီး ဘာဆက်လုပ်မလဲ ဆိုတာ ရှိမယ်" လို့ သူက ဆက်ပြောပါတယ်။
BBC Burmese
https://www.bbc.com/burmese/52429652
