ကို႐ိုနာဗိုင္းရပ္စ္ - ျမန္မာမွာ ဘယ္လို ကူးစက္ပ်ံ႕ႏွံ႔ခဲ့လဲ

 ေရာဂါကူးစက္ခံထားရသူအမ်ားဆုံးက ရန္ကုန္ကျဖစ္ေနပါတယ္။
(Zawgyi)⤵⤵⤵
တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕က စတင္ပ်ံ႕ႏွံ႔လာခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ ျမန္မာႏိုင္ငံမွာ စပ်ံ႕ႏွံ႔တာ ဧၿပီ ၂၃ ရက္ မွာ တစ္လ ျပည့္ခဲ့ပါၿပီ။ ပထမဆုံးကူးစက္မႈေတြ႕ရွိမႈအျဖစ္ အေမရိကန္ ႏိုင္ငံက ျပန္လာသူ အမ်ိဳးသား တစ္ဦးမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရတဲ့ အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက မတ္လ ၂၃ ညပိုင္းမွာ ေၾကညာခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ကူးစက္သူေပါင္း အခုဆို ၁၄၃ဦး၊ ေသဆုံးသူ ၅ ဦးနဲ႔ ျပန္လည္သက္သာလာသူ ၅ ဦးရွိပါတယ္။


ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူေတြ တစ္ေန႔တည္း ဆယ္ဂဏန္းခ်ီေတြ႕ရတဲ့ ရက္ေတြ ရွိလာၿပီးေနာက္မွာ ခြင့္ျပဳခ်က္ရထားတဲ့ ကိစၥေတြက လြဲၿပီး လူငါးဦးနဲ႔ ငါးဦးအထက္ ပိုမစုဖို႔လို အမိန္႔ေတြလည္း ထုတ္ျပန္ထားပါတယ္။

ကူးစက္မႈအမ်ားစုက ရန္ကုန္မွာ ရွိေနၿပီး ၁၁၆ ဦး ရွိပါတယ္။ ဒုတိယ အမ်ားဆုံးက စစ္ကိုင္းတိုင္း ကေလးၿမိဳ႕မွာရွိၿပီး ကူးစက္သူ ၆ ဦး ရွိပါတယ္။

ရန္ကုန္ၿမိဳ႕မွာေတာ့ ဘာသာေရးအခမ္းအနားတစ္ခုနဲ႔ ဆက္ႏႊယ္ၿပီးကူးစက္ခဲ့ရာကေန အစုလိုက္ကူးစက္သူေတြပါ ေတြ႕ရွိခဲ့တဲ့ အင္းစိန္ၿမိဳ႕နယ္မွာ ကူးစက္သူေတြ အမ်ားဆုံးျဖစ္ၿပီး အဲဒီၿမိဳ႕နယ္မွာ ကူးစက္ခံရသူ ၂၃ ဦးရွိပါတယ္။

BBC Burmese
-------------------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် - မြန်မာမှာ ဘယ်လို ကူးစက်ပျံ့နှံ့ခဲ့လဲ

တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ပျံ့နှံ့လာခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် မြန်မာနိုင်ငံမှာ စပျံ့နှံ့တာ ဧပြီ ၂၃ ရက် မှာ တစ်လ ပြည့်ခဲ့ပါပြီ။ ပထမဆုံးကူးစက်မှုတွေ့ရှိမှုအဖြစ် အမေရိကန် နိုင်ငံက ပြန်လာသူ အမျိုးသား တစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မတ်လ ၂၃ ညပိုင်းမှာ ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကူးစက်သူပေါင်း အခုဆို ၁၄၃ဦး၊ သေဆုံးသူ ၅ ဦးနဲ့ ပြန်လည်သက်သာလာသူ ၅ ဦးရှိပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေ တစ်နေ့တည်း ဆယ်ဂဏန်းချီတွေ့ရတဲ့ ရက်တွေ ရှိလာပြီးနောက်မှာ ခွင့်ပြုချက်ရထားတဲ့ ကိစ္စတွေက လွဲပြီး လူငါးဦးနဲ့ ငါးဦးအထက် ပိုမစုဖို့လို အမိန့်တွေလည်း ထုတ်ပြန်ထားပါတယ်။

ကူးစက်မှုအများစုက ရန်ကုန်မှာ ရှိနေပြီး ၁၁၆ ဦး ရှိပါတယ်။ ဒုတိယ အများဆုံးက စစ်ကိုင်းတိုင်း ကလေးမြို့မှာရှိပြီး ကူးစက်သူ ၆ ဦး ရှိပါတယ်။

ရန်ကုန်မြို့မှာတော့ ဘာသာရေးအခမ်းအနားတစ်ခုနဲ့ ဆက်နွှယ်ပြီးကူးစက်ခဲ့ရာကနေ အစုလိုက်ကူးစက်သူတွေပါ တွေ့ရှိခဲ့တဲ့ အင်းစိန်မြို့နယ်မှာ ကူးစက်သူတွေ အများဆုံးဖြစ်ပြီး အဲဒီမြို့နယ်မှာ ကူးစက်ခံရသူ ၂၃ ဦးရှိပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52414178
ကို႐ိုနာဗိုင္းရပ္စ္ - ျမန္မာမွာ ဘယ္လို ကူးစက္ပ်ံ႕ႏွံ႔ခဲ့လဲ ကို႐ိုနာဗိုင္းရပ္စ္ - ျမန္မာမွာ ဘယ္လို ကူးစက္ပ်ံ႕ႏွံ႔ခဲ့လဲ Reviewed by THITHTOOLWIN on 04:08 Rating: 5
Powered by Blogger.