
(Zawgyi)⤵⤵⤵
ကွင်းဆင်းသတင်းရေးသားနေတဲ့အထဲက သတင်းသမား ၁၆၇ ဦးကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဓာတ်ခွဲနမူနာယူပြီး စစ်ဆေးရာမှာ ၅၃ ဦးမှာ ပိုးရှိကြောင်းတွေ့ရတာဖြစ်တယ်လို့ ဒေသန္တကျန်းမာရေးအာဏာပိုင်တစ်ဦးက Huffpost India သတင်းဌာနကိုပြောကြားခဲ့တာဖြစ်ပါတယ်။





BBC Burmese
----------------------------------------
(Unicode)⤵⤵⤵
မွမ်ဘိုင်းမှာ သတင်းထောက် ငါးဆယ်ကျော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှာ သတင်းထောက်အနည်းဆုံး ၅၃ ဦးထက်မန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပြီး အရေအတွက် ထပ်တိုးလာဖွယ်ရှိတယ်လို့ အာဏာပိုင်တွေက တနင်္လာနေ့မှာပြောကြားကြောင်း ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။

ကွင်းဆင်းသတင်းရေးသားနေတဲ့အထဲက သတင်းသမား ၁၆၇ ဦးကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဓာတ်ခွဲနမူနာယူပြီး စစ်ဆေးရာမှာ ၅၃ ဦးမှာ ပိုးရှိကြောင်းတွေ့ရတာဖြစ်တယ်လု့ိ ဒေသန္တကျန်းမာရေးအာဏာပိုင်တစ်ဦးက Huffpost India သတင်းဌာနကိုပြောကြားခဲ့တာဖြစ်ပါတယ်။

အဲဒီသတင်းသမား ၅၃ ဦးထဲမှာ သတင်းထောက်၊ ရုပ်သံကင်မရာသမားတွေနဲ့ ဓာတ်ပုံသတင်းထောက်တွေပါဝင်နေတယ်လို့ဆိုပါတယ်။

ဒီသတင်းကြောင့် တုန်လှုပ်ခြောက်ခြားပြီး ထိတ်လန့်တကြားဖြစ်ခဲ့ရတယ် လို့ မွမ်ဘိုင်းသတင်းထောက်ကလပ်က တွစ်တာမှာရေးသားခဲ့ပါတယ်။

ရောဂါပိုးတွေ့ရတဲ့ သတင်းထောက်တွေအများစုဟာ ရောဂါလက္ခဏာမပြဘဲ သီးသန့်ခွဲခြားစောင့်ကြည့်ထားတယ်လို့ ဆိုပါတယ်။

အခုတော့ သူတို့အလုပ်လုပ်တဲ့မီဒီယာတိုက်အများစု ရုံးတွေပိတ်သွားပြီဖြစ်ပြီး ရှေ့တန်းထွက်အလုပ်လုပ်ခဲ့တဲ့ သူတို့အတွက် ကာကွယ်ရေးဝတ်စုံတွေ ဒါမှမဟုတ် အထူးအာမခံတွေ စီစဉ်ဆောင်ရွက်ပေးခဲ့တာ မရှိဘူးလို့လည်း ဆိုပါတယ်။

အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ငါးရာကျော်နဲ့ ကူးစက်ခံရသူ တစ်သောင်းကျော်ရှိနေပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52363875
မွမ်ဘိုင်းမှာ သတင်းထောက် ငါးဆယ်ကျော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ   မွမ်ဘိုင်းမှာ သတင်းထောက် ငါးဆယ်ကျော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ Reviewed by THITHTOOLWIN on 10:08 Rating: 5
Powered by Blogger.