ဆိပ္ျဖဴၿမိဳ႕နယ္တြင္ ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေက်း႐ြာအခ်ိဳ႕ရွိလူေနအိမ္ အမိုးလန္ပ်က္စီးမႈႏွင့္ မိုးႀကိဳးပစ္ျခင္းေၾကာင့္ ႏြားသုံးေကာင္ေသဆုံး


(Zawgyi)⤵⤵⤵
ဆိပ္ျဖဴ ဧၿပီ ၂၆

မေကြးတိုင္းေဒသႀကီး၊ ဆိပ္ျဖဴၿမိဳ႕ နယ္တြင္ ယမန္ေန႔ ေန႔လည္ ၃ နာရီအခ်ိန္ခန႔္က ေလျပင္းတိုက္ခတ္မႈႏွင့္ မိုးႀကိဳးပစ္ျခင္းတို႔ေၾကာင့္ ေက်း႐ြာ(၅)႐ြာမွ လူေနအိမ္မ်ား အမိုးလန္ ပ်က္စီးၿပီး ႏြားသုံးေကာင္ မိုးႀကိဳးထိမွန္ ေသဆုံးခဲ့ေၾကာင္းသိရွိရသည္။

အဆိုပါ ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေဒါသာေက်း႐ြာ၊ လက္ဆည္ေက်း႐ြာ၊ ဂဲကုန္းေက်း႐ြာ၊ အေရွ႕ကံတြင္း ေက်း႐ြာမ်ား၌ လူေနအိမ္( ၃၀)လုံးႏွင့္ ေဘာ္ဒါေဆာင္(၂)ေဆာင္ အမိုးလန္ ပ်က္စီးျခင္း၊ အေရွ႕ကံတြင္းေက်း႐ြာတြင္ လူေနအိမ္(၁)လုံးၿပိဳက်ျခင္း ျဖစ္ပြားခဲ့သည္။ ထို႔အျပင္ ေက်ာင္း႐ြာအုပ္စု၊ ကြၽန္းမႀကီးေက်း႐ြာမွ ေတာင္သူဦးတင္လႈိင္ ပိုင္ဆိုင္သည့္ ႏြားသုံးေကာင္မွာ ေက်း႐ြာေျမာက္ဘက္ မက်ီးပင္အရိပ္ေအာက္တြင္ ခ်ည္ေႏွာင္ထားစဥ္ မိုးႀကိဳးထိမွန္ ေသဆုံးမႈတို႔ျဖစ္ေပၚခဲ့ေၾကာင္း သိရွိရသည္။

အဆိုပါေလျပင္းတိုက္ခတ္ျခင္း၊ မိုးႀကိဳး ထိမွန္ျခင္းတို႔ေၾကာင့္ ေက်း႐ြာ (၅) ႐ြာမွ လူေနအိမ္ႏွင့္ အေဆာက္အဦး (၃၃)လုံး၊ ႏြားသုံးေကာင္ ေသဆုံးခဲ့ေၾကာင္း ၿမိဳ႕နယ္ သဘာဝေဘးအႏၲရာယ္ ႀကိဳတင္ကာကြယ္ေရး စီမံခန႔္ခြဲမႈ အဖြဲ႕ထံမွ သိရွိရသည္။

ကိုဇြဲ (အညာေျမ)
----------------------------------------

(Unicode)⤵⤵⤵
ဆိပ်ဖြူမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအချို့ရှိလူနေအိမ် အမိုးလန်ပျက်စီးမှုနှင့် မိုးကြိုးပစ်ခြင်းကြောင့် နွားသုံးကောင်သေဆုံး

ဆိပ်ဖြူ ဧပြီ ၂၆

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့ နယ်တွင် ယမန်နေ့ နေ့လည် ၃ နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်မှုနှင့် မိုးကြိုးပစ်ခြင်းတို့ကြောင့် ကျေးရွာ(၅)ရွာမှ လူနေအိမ်များ အမိုးလန် ပျက်စီးပြီး နွားသုံးကောင် မိုးကြိုးထိမှန် သေဆုံးခဲ့ကြောင်းသိရှိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ဒေါသာကျေးရွာ၊ လက်ဆည်ကျေးရွာ၊ ဂဲကုန်းကျေးရွာ၊ အရှေ့ကံတွင်း ကျေးရွာများ၌ လူနေအိမ်( ၃၀)လုံးနှင့် ဘော်ဒါဆောင်(၂)ဆောင် အမိုးလန် ပျက်စီးခြင်း၊ အရှေ့ကံတွင်းကျေးရွာတွင် လူနေအိမ်(၁)လုံးပြိုကျခြင်း ဖြစ်ပွားခဲ့သည်။ ထို့အပြင် ကျောင်းရွာအုပ်စု၊ ကျွန်းမကြီးကျေးရွာမှ တောင်သူဦးတင်လှိုင် ပိုင်ဆိုင်သည့် နွားသုံးကောင်မှာ ကျေးရွာမြောက်ဘက် မကျီးပင်အရိပ်အောက်တွင် ချည်နှောင်ထားစဉ် မိုးကြိုးထိမှန် သေဆုံးမှုတို့ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါလေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုး ထိမှန်ခြင်းတို့ကြောင့် ကျေးရွာ (၅) ရွာမှ လူနေအိမ်နှင့် အဆောက်အဦး (၃၃)လုံး၊ နွားသုံးကောင် သေဆုံးခဲ့ကြောင်း မြို့နယ် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံခန့်ခွဲမှု အဖွဲ့ထံမှ သိရှိရသည်။

ကိုဇွဲ (အညာမြေ)
https://www.moi.gov.mm/iprd/
ဆိပ္ျဖဴၿမိဳ႕နယ္တြင္ ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေက်း႐ြာအခ်ိဳ႕ရွိလူေနအိမ္ အမိုးလန္ပ်က္စီးမႈႏွင့္ မိုးႀကိဳးပစ္ျခင္းေၾကာင့္ ႏြားသုံးေကာင္ေသဆုံး ဆိပ္ျဖဴၿမိဳ႕နယ္တြင္ ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေက်း႐ြာအခ်ိဳ႕ရွိလူေနအိမ္ အမိုးလန္ပ်က္စီးမႈႏွင့္ မိုးႀကိဳးပစ္ျခင္းေၾကာင့္ ႏြားသုံးေကာင္ေသဆုံး Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.