နိရိၪၨရာသတင္းေထာက္ သုံးဦးကို ရဲတပ္ဖြဲ႕ ေခၚယူစစ္ေဆး

နိရိၪၹရာသတင္းဌာန႐ုံးကို ၂၀၂၀၊ ဧၿပီ ၁ ရက္ေန႔ မနက္ပိုင္းက ေတြ႕ရစဥ္
ဓာတ္ပုံ - မင္းသိန္းေအာင္/ RFA
(Zawgyi)⤵⤵⤵

ရခိုင္ျပည္နယ္အေျခစိုက္ နိရိၪၨရာသတင္းဌာန အယ္ဒီတာခ်ဳပ္နဲ႔အဖြဲ႕ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒနဲ႔ အမႈဖြင့္ခံရၿပီးေနာက္ အဲဒီဌာနက သတင္းေထာက္ သုံးဦးကို ၿမိဳ႕နယ္ရဲတပ္ဖြဲ႕က မတ္ ၃၁ ရက္ မေန႔က ေခၚယူစစ္ေဆးခဲ့သလို လပ္ေတာ့ကြန္ပ်ဴတာတစ္လုံးကိုပါ သိမ္းဆည္းသြားပါတယ္။

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒနဲ႔ အမႈဖြင့္ခံထားရတဲ့ နိရိၪၨရာသတင္းဌာနရဲ႕ သတင္းေထာက္ သုံးဦးကို မေန႔ညေနက ရဲတပ္ဖြဲ႕က ေခၚယူစစ္ေဆးခဲ့တာပါ။

စစ္ေဆးခံရသူေတြထဲက အႀကီးတန္း သတင္းေထာက္ ကိုသိန္းေဇာ္က နိရိၪၨရာသတင္းဌာနရဲ႕ သတင္းေရးသားထုတ္လႊင့္မႈေတြနဲ႔ပတ္သက္လို႔ ေမးျမန္းခံခဲ့ရတယ္လို႔ ေျပာပါတယ္။

သတင္းသမား သုံးဦးကို ရဲစခန္းမွာ တစ္ဦးခ်င္းစီ သီးသန႔္စစ္ေဆးခဲ့ၿပီးေတာ့ ည ၁၁ နာရီေက်ာ္ေလာက္မွာ ျပန္လႊတ္ေပးလိုက္တယ္လို႔ ကိုသိန္းေဇာ္က ေျပာပါတယ္။

သူတို႔သတင္းဌာနက ထုတ္လႊင့္ခဲ့တဲ့သတင္းေတြမွာ ရကၡိဳင့္တပ္ေတာ္(AA)ရဲ႕ေျပာခြင့္ရသူ ခိုင္သုခကို ဆက္သြယ္ေမးျမန္းၿပီး ေဖာ္ျပခဲ့တာေၾကာင့္ အခုလိုအမႈဖြင့္ထားတာလို႔ တာဝန္က်ရဲအရာရွိေတြက ေျပာဆိုတယ္လို႔ ဆိုပါတယ္။

နိရိၪၨရာသတင္းဌာန အယ္ဒီတာခ်ဳပ္ ဦးခိုင္ျမတ္ေက်ာ္နဲ႔ အဖြဲ႕ကိုဦးတည္ၿပီးေတာ့ ျပည္နယ္သတင္းတပ္ဖြဲ႕ SB က အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒနဲ႔ မေန႔က စစ္ေတြၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္ထားတာပါ။

အမည္မေဖာ္လိုတဲ့ ေဒသခံ ရဲအရာရွိတစ္ဦးက အေရးယူတဲ့အထဲမွာ သတင္းဌာနတစ္ခုလုံးက သတင္းသမားေတြ ပါဝင္မွာမဟုတ္ဘဲ အမႈနဲ႔ ဆက္စပ္ေပၚေပါက္သူသာ ပါႏိုင္တယ္လို႔ ေျပာပါတယ္။

နိရိၪၨရာသတင္းဌာနက ကိုေနာင္ခိုင္ေအာင္ က ရခိုင္အေျခစိုက္သတင္းသမားေတြဟာ အကာအကြယ္မဲ့ၿပီး လုံၿခဳံမႈကင္းမဲ့ေနတယ္လို႔ေျပာပါတယ္။

အမႈဖြင့္ခံထားရတဲ့ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ - ၅၀(က)/၅၂(က) ေတြဟာ အမ်ားဆုံး ေထာင္ဒဏ္ ၇ ႏွစ္၊ ၁၀ ႏွစ္နဲ႔ ေထာင္ဒဏ္ တစ္သက္အထိ ခ်မွတ္ႏိုင္တဲ့ ပုဒ္မေတြပါ။

အလားတူ စစ္ေတြၿမိဳ႕အေျခစိုက္ DMG သတင္းဌာနက အမႈေဆာင္ဒါ႐ိုက္တာ ဦးေအာင္မင္းဦးနဲ႔ တာဝန္ရွိသူေတြကို အေရးယူေပးဖို႔ သတင္းတပ္ဖြဲ႕ SB က ၿပီးခဲ့တဲ့ႏွစ္ ေမလက မတရားအသင္းဆက္သြယ္မႈနဲ႔ အမႈဖြင့္ထားပါတယ္။

DMG သတင္းဌာနရဲ႕ အယ္ဒီတာ ကိုေနဝင္းစံက သတင္းမီဒီယာသမားေတြဟာ ဥပေဒရဲ႕အကာအကြယ္ကို မရၾကဘူးလို႔ေျပာပါတယ္။

စစ္ေတြၿမိဳ႕အေျခစိုက္ ရခိုင္လူ႔အခြင့္အေရးကာကြယ္ျမႇင့္တင္သူမ်ားအဖြဲ႕က ေရွ႕ေန ဦးေဇာ္ေဇာ္မင္းက နိရိၪၨရာသတင္းဌာနကိစၥနဲ႔ပတ္သက္လို႔ တရားမွ်တမႈရရွိေရးအတြက္ ကူညီေပးသြားမယ္လို႔ ေျပာပါတယ္။

ရခိုင္မွာအေျချပဳတဲ့ ဒီသတင္းဌာနႏွစ္ခုဟာ ရခိုင္ေဒသက စစ္ေရး ပဋိပကၡသတင္းေတြကို အဓိက ေဖာ္ျပေနတဲ့ဌာနေတြျဖစ္ပါတယ္။

ဒီသတင္းဌာနႏွစ္ခုဟာ ႀကီးေလးတဲ့ ျပစ္ဒဏ္ခ်ခံရႏိုင္တဲ့ ပုဒ္မေတြနဲ႔ အမႈဖြင့္ခံထားရတဲ့အတြက္ ေဒသတြင္းမွာ ျဖစ္ပ်က္ေနတဲ့သတင္းေတြကို လြတ္လြတ္လပ္လပ္ မေရးသားႏိုင္ေတာ့ဘူးလို႔ ေဒသခံ သတင္းသမားေတြကေျပာပါတယ္။

အမႈဖြင့္ခံထားရတဲ့ သတင္းဌာန ႏွစ္ခုက သတင္းသမားေတြဟာလည္း အခ်ိန္မေ႐ြး ဖမ္းဆီးခံရႏိုင္တယ္ဆိုၿပီး စိုးရိမ္ေနျပပါတယ္

RFA Burmese
https://www.rfa.org/burmese/news/police-check-narinjara-04012020054542.html
-------------
(Unicode)⤵⤵⤵
နိရိဉ္ဇရာသတင်းထောက် သုံးဦးကို ရဲတပ်ဖွဲ့ ခေါ်ယူစစ်ဆေး

နိရိဉ္ဖရာသတင်းဌာနရုံးကို ၂၀၂၀၊ ဧပြီ ၁ ရက်နေ့ မနက်ပိုင်းက တွေ့ရစဉ်
ဓာတ်ပုံ - မင်းသိန်းအောင်/ RFA

ရခိုင်ပြည်နယ်အခြေစိုက် နိရိဉ္ဇရာသတင်းဌာန အယ်ဒီတာချုပ်နဲ့အဖွဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ခံရပြီးနောက် အဲဒီဌာနက သတင်းထောက် သုံးဦးကို မြို့နယ်ရဲတပ်ဖွဲ့က မတ် ၃၁ ရက် မနေ့က ခေါ်ယူစစ်ဆေးခဲ့သလို လပ်တော့ကွန်ပျူတာတစ်လုံးကိုပါ သိမ်းဆည်းသွားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ခံထားရတဲ့ နိရိဉ္ဇရာသတင်းဌာနရဲ့ သတင်းထောက် သုံးဦးကို မနေ့ညနေက ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့တာပါ။

စစ်ဆေးခံရသူတွေထဲက အကြီးတန်း သတင်းထောက် ကိုသိန်းဇော်က နိရိဉ္ဇရာသတင်းဌာနရဲ့ သတင်းရေးသားထုတ်လွှင့်မှုတွေနဲ့ပတ်သက်လို့ မေးမြန်းခံခဲ့ရတယ်လို့ ပြောပါတယ်။

သတင်းသမား သုံးဦးကို ရဲစခန်းမှာ တစ်ဦးချင်းစီ သီးသန့်စစ်ဆေးခဲ့ပြီးတော့ ည ၁၁ နာရီကျော်လောက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ကိုသိန်းဇော်က ပြောပါတယ်။

သူတို့သတင်းဌာနက ထုတ်လွှင့်ခဲ့တဲ့သတင်းတွေမှာ ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခကို ဆက်သွယ်မေးမြန်းပြီး ဖော်ပြခဲ့တာကြောင့် အခုလိုအမှုဖွင့်ထားတာလို့ တာဝန်ကျရဲအရာရှိတွေက ပြောဆိုတယ်လို့ ဆိုပါတယ်။

နိရိဉ္ဇရာသတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်နဲ့ အဖွဲ့ကိုဦးတည်ပြီးတော့ ပြည်နယ်သတင်းတပ်ဖွဲ့ SB က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ မနေ့က စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်ထားတာပါ။

အမည်မဖော်လိုတဲ့ ဒေသခံ ရဲအရာရှိတစ်ဦးက အရေးယူတဲ့အထဲမှာ သတင်းဌာနတစ်ခုလုံးက သတင်းသမားတွေ ပါဝင်မှာမဟုတ်ဘဲ အမှုနဲ့ ဆက်စပ်ပေါ်ပေါက်သူသာ ပါနိုင်တယ်လို့ ပြောပါတယ်။

နိရိဉ္ဇရာသတင်းဌာနက ကိုနောင်ခိုင်အောင် က ရခိုင်အခြေစိုက်သတင်းသမားတွေဟာ အကာအကွယ်မဲ့ပြီး လုံခြုံမှုကင်းမဲ့နေတယ်လို့ပြောပါတယ်။

အမှုဖွင့်ခံထားရတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၀(က)/၅၂(က) တွေဟာ အများဆုံး ထောင်ဒဏ် ၇ နှစ်၊ ၁၀ နှစ်နဲ့ ထောင်ဒဏ် တစ်သက်အထိ ချမှတ်နိုင်တဲ့ ပုဒ်မတွေပါ။

အလားတူ စစ်တွေမြို့အခြေစိုက် DMG သတင်းဌာနက အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦးနဲ့ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ သတင်းတပ်ဖွဲ့ SB က ပြီးခဲ့တဲ့နှစ် မေလက မတရားအသင်းဆက်သွယ်မှုနဲ့ အမှုဖွင့်ထားပါတယ်။

DMG သတင်းဌာနရဲ့ အယ်ဒီတာ ကိုနေဝင်းစံက သတင်းမီဒီယာသမားတွေဟာ ဥပဒေရဲ့အကာအကွယ်ကို မရကြဘူးလို့ပြောပါတယ်။

စစ်တွေမြို့အခြေစိုက် ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က ရှေ့နေ ဦးဇော်ဇော်မင်းက နိရိဉ္ဇရာသတင်းဌာနကိစ္စနဲ့ပတ်သက်လို့ တရားမျှတမှုရရှိရေးအတွက် ကူညီပေးသွားမယ်လို့ ပြောပါတယ်။

ရခိုင်မှာအခြေပြုတဲ့ ဒီသတင်းဌာနနှစ်ခုဟာ ရခိုင်ဒေသက စစ်ရေး ပဋိပက္ခသတင်းတွေကို အဓိက ဖော်ပြနေတဲ့ဌာနတွေဖြစ်ပါတယ်။

ဒီသတင်းဌာနနှစ်ခုဟာ ကြီးလေးတဲ့ ပြစ်ဒဏ်ချခံရနိုင်တဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ခံထားရတဲ့အတွက် ဒေသတွင်းမှာ ဖြစ်ပျက်နေတဲ့သတင်းတွေကို လွတ်လွတ်လပ်လပ် မရေးသားနိုင်တော့ဘူးလို့ ဒေသခံ သတင်းသမားတွေကပြောပါတယ်။

အမှုဖွင့်ခံထားရတဲ့ သတင်းဌာန နှစ်ခုက သတင်းသမားတွေဟာလည်း အချိန်မရွေး ဖမ်းဆီးခံရနိုင်တယ်ဆိုပြီး စိုးရိမ်နေပြပါတယ်

RFA Burmese
https://www.rfa.org/burmese/news/police-check-narinjara-04012020054542.html
နိရိၪၨရာသတင္းေထာက္ သုံးဦးကို ရဲတပ္ဖြဲ႕ ေခၚယူစစ္ေဆး နိရိၪၨရာသတင္းေထာက္ သုံးဦးကို ရဲတပ္ဖြဲ႕ ေခၚယူစစ္ေဆး Reviewed by THITHTOOLWIN on 20:26 Rating: 5
Powered by Blogger.