ကေလး၊ ဟားခါးႏွင့္ ဖလမ္းၿမိဳ႕တို႔၌ ေျမငလ်င္လႈပ္ခတ္မႈေၾကာင့္ အေဆာက္အဦမ်ား ပ်က္စီး

စစ္ကိုင္းတိုင္းေဒသႀကီး ကေလးခ႐ိုင္အတြင္း ငလ်င္လႈပ္ခတ္မႈေၾကာင့္ ေနအိမ္မ်ား ပ်က္စီးစဥ္(ဓာတ္ပုံ-စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ႕)
(Zawgyi)⤵⤵⤵
    ရန္ကုန္၊ ဧၿပီ ၁၇ ရက္ (ဆငိဟြာ)

    စစ္ကိုင္းတိုင္းေဒသႀကီး ကေလးၿမိဳ႕၊ ခ်င္းျပည္နယ္ ဟားခါးႏွင့္ ဖလမ္းၿမိဳ႕မ်ားတြင္ ဧၿပီ ၁၆ ရက္ ညေနပိုင္းက ငလ်င္လႈပ္ခတ္မႈေၾကာင့္  အေဆာက္အဦမ်ား ပ်က္စီးခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက ထုတ္ျပန္ေသာ သတင္းအရ သိရသည္။

အဆိုပါေျမငလ်င္လႈပ္ခတ္မႈေၾကာင့္ ဖလမ္းၿမိဳ႕နယ္၊ ဗါးရ္လုံေက်း႐ြာ၌ စာသင္ေက်ာင္းရွိ အေဆာင္ ၂ ေဆာင္မွ အုတ္နံရံမ်ား ၿပိဳက်ျခင္း၊ ကေလးၿမိဳ႕နယ္၊ အင္ကြၽန္းေက်း႐ြာ၌ ရန္ေအာင္ျမင္ လာဘမုနိေ႐ႊမုေဌာေစတီေတာ္၏ စိန္ဖူးေတာ္ေျမချခင္း၊ ဟားခါးၿမိဳ႕၊ ေဈးသစ္ရပ္ကြက္၌  ၿမိဳ႕နယ္ေထြ/အုပ္႐ုံး အေဆာက္အဦ ျပတင္းေပါက္မွန္မ်ား ကြဲအက္ခဲ့ျခင္း၊ မ်က္ႏွာက်က္ ၂ ခု ကြာက်ျခင္း၊ မွန္ဘီ႐ို ၁ လုံး၊ TV ၂ လုံး ကြဲအက္ျခင္း၊ ၿမိဳ႕နယ္စုေပါင္း႐ုံးအေဆာက္အဦနံရံ ၇ ေနရာ ကြဲအက္ျခင္း၊ ခ႐ိုင္ျပန္/ ဆက္႐ုံးအေဆာက္အဦ မ်က္ႏွာက်က္မ်ား ကြာက်ျခင္း၊ မွန္ဘီ႐ို ၃ လုံး၊ စာအုပ္စင္ ၂ ခု၊  ေရတိုင္ကီ ၁ ခု (၂၀၀၀ လီတာဆံ့) လဲက်ျခင္း၊ ခ႐ိုင္မီးသတ္အေဆာက္အဦႏွင့္ ဝန္ထမ္းေနအိမ္မ်ားရွိ နံရံမ်ား ကြဲအက္ျခင္းႏွင့္  ေဈးဆိုင္ခန္း ၁ ခု ၿပိဳက်ပ်က္စီးျခင္းမ်ားျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
စစ္ကိုင္းတိုင္းေဒသႀကီး ကေလးခ႐ိုင္အတြင္း ငလ်င္လႈပ္ခတ္မႈေၾကာင့္ ေနအိမ္မ်ား ပ်က္စီးစဥ္(ဓာတ္ပုံ-စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ႕)
ခ်င္းျပည္နယ္ ဖလမ္းၿမိဳ႕အနီးတြင္ ဧၿပီ ၁၆ ရက္ ညေန ၆နာရီ ၁၅မိနစ္တြင္ အင္အား ရစ္ခ္တာစေကး ၆.၁ အဆင့္ရွိ အင္အားျပင္းထန္ေသာ ေျမငလ်င္တစ္ခု ႏွင့္ ည ၇ နာရီ ၁၇ မိနစ္၊ ၁၇ စကၠန႔္တြင္ အင္အား ရစ္(ခ္)တာစေကး (၄.၁)အဆင့္ရွိ အင္အားအနည္းငယ္ရွိေသာ ငလ်င္တစ္ခု လႈပ္ခတ္ခဲ့ေၾကာင္း သိရသည္။

(Xinhua)
-----------------------------------------------
(Unicode)⤵⤵⤵
ကလေး၊ ဟားခါးနှင့် ဖလမ်းမြို့တို့၌ မြေငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦများ ပျက်စီး

    ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆငိဟွာ)

    စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၊ ချင်းပြည်နယ် ဟားခါးနှင့် ဖလမ်းမြို့များတွင် ဧပြီ ၁၆ ရက် ညနေပိုင်းက ငလျင်လှုပ်ခတ်မှုကြောင့်  အဆောက်အဦများ ပျက်စီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါမြေငလျင်လှုပ်ခတ်မှုကြောင့် ဖလမ်းမြို့နယ်၊ ဗါးရ်လုံကျေးရွာ၌ စာသင်ကျောင်းရှိ အဆောင် ၂ ဆောင်မှ အုတ်နံရံများ ပြိုကျခြင်း၊ ကလေးမြို့နယ်၊ အင်ကျွန်းကျေးရွာ၌ ရန်အောင်မြင် လာဘမုနိရွှေမုဌောစေတီတော်၏ စိန်ဖူးတော်မြေခခြင်း၊ ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၌  မြို့နယ်ထွေ/အုပ်ရုံး အဆောက်အဦ ပြတင်းပေါက်မှန်များ ကွဲအက်ခဲ့ခြင်း၊ မျက်နှာကျက် ၂ ခု ကွာကျခြင်း၊ မှန်ဘီရို ၁ လုံး၊ TV ၂ လုံး ကွဲအက်ခြင်း၊ မြို့နယ်စုပေါင်းရုံးအဆောက်အဦနံရံ ၇ နေရာ ကွဲအက်ခြင်း၊ ခရိုင်ပြန်/ ဆက်ရုံးအဆောက်အဦ မျက်နှာကျက်များ ကွာကျခြင်း၊ မှန်ဘီရို ၃ လုံး၊ စာအုပ်စင် ၂ ခု၊  ရေတိုင်ကီ ၁ ခု (၂၀၀၀ လီတာဆံ့) လဲကျခြင်း၊ ခရိုင်မီးသတ်အဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များရှိ နံရံများ ကွဲအက်ခြင်းနှင့်  ဈေးဆိုင်ခန်း ၁ ခု ပြိုကျပျက်စီးခြင်းများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ် ဖလမ်းမြို့အနီးတွင် ဧပြီ ၁၆ ရက် ညနေ ၆နာရီ ၁၅မိနစ်တွင် အင်အား ရစ်ခ်တာစကေး ၆.၁ အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု နှင့် ည ၇ နာရီ ၁၇ မိနစ်၊ ၁၇ စက္ကန့်တွင် အင်အား ရစ်(ခ်)တာစကေး (၄.၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com/myanmar/environment-disasters-accidents/27192-2020-04-17-12-18-46
ကေလး၊ ဟားခါးႏွင့္ ဖလမ္းၿမိဳ႕တို႔၌ ေျမငလ်င္လႈပ္ခတ္မႈေၾကာင့္ အေဆာက္အဦမ်ား ပ်က္စီး ကေလး၊ ဟားခါးႏွင့္ ဖလမ္းၿမိဳ႕တို႔၌ ေျမငလ်င္လႈပ္ခတ္မႈေၾကာင့္ အေဆာက္အဦမ်ား ပ်က္စီး Reviewed by THITHTOOLWIN on 22:41 Rating: 5
Powered by Blogger.