တစ္ရက္တည္း ၁၁ ဦးေတြ႕ၿပီး ပိုးေတြ႕ရွိမႈ စံခ်ိန္သစ္တင္

အနီးကပ္ထိေတြ႕သူေတြကို ေနအိမ္မွာ ေနခြင့္မျပဳေတာ့ဘဲ အစိုးရစီစဥ္တဲ့ စင္တာေတြမွာပဲ ကန႔္သတ္ေစာင့္ၾကည့္ေတာ့မွာျဖစ္
ျမန္မာႏိုင္ငံက ကုိ႐ုိနာေရာဂါ ဗိုင္းရပ္စ္ပိုးေတြ႕ရွိထားသူ ဓာတ္ခြဲအတည္ျပဳလူနာေတြနဲ႔ အနီးကပ္ထိေတြ႕ခဲ့တဲ့ အသြားအလာကန႔္သတ္ ေစာင့္ၾကပ္ၾကည့္ရႈျခင္း(Quarantine) ေဆာင္႐ြက္ထားသူေတြထဲက ၁၁ ဦးရဲ႕ ဓာတ္ခြဲနမူနာမွာ ကိုဗစ္-၁၉ ေရာဂါပိုး ေတြ႕ရွိရတယ္လို႔ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) က သတင္းထုတ္ျပန္ပါတယ္။

ဒါဟာျမန္မာႏိုင္ငံမွာ ေရာဂါပိုးေတြ႕ရွိမႈမွာ တစ္ရက္ အတြင္းအမ်ားဆုံးေတြ႕ရွိတာလည္းျဖစ္ပါတယ္။

စုစုေပါင္းလူ ၉၂ ဦးကဓာတ္ခြဲရာမွာ အခုလို ေတြ႕ရွိတာျဖစ္ၿပီး က်န္ဓာတ္ခြဲနမူနာ ၈၁ ခုမွာ ကိုဗစ္-၁၉ ေရာဂါပိုးမေတြ႕ရွိဘူးလို႔လည္း ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ ဧၿပီ ၁၃ ရက္မနက္ပိုင္းအထိ ကိုဗစ္-၁၉ ကူးစက္ခံရသူ ၄၁ ဦးရွိၿပီး ေသဆုံးသူ ၄ ဦး၊ ပိုးမေတြ႕ေတာ့သူ ၂ ဦး၊ အထူးၾကပ္မတ္ကုသခန္းထဲ ကုသမႈေပးေနသူ ၁ ဦးတို႔ရွိပါတယ္။ က်န္ ၃၄ ဦးကေတာ့ က်န္းမာေရးအေျခအေနတည္ၿငိမ္ေနတယ္လို႔ အစိုးရက ထုတ္ျပန္ထားပါတယ္။

အခုအခါအစုလိုက္အၿပဳံလိုက္ ကူးကုန္တာ မိသားစုလိုက္ေတြျဖစ္ေနတာေၾကာင့္ ေရာဂါျဖစ္ပြားသူနဲ႔ နီးနီးကပ္ကပ္ေနဖူးတဲ့ ရာဇဝင္ရွိရင္ ေနအိမ္မွာ အသြားအလာ ကန႔္သတ္ေစာင့္ၾကည့္တာကို ခြင့္မျပဳေတာ့ဘဲ အစိုးရ သတ္မွတ္ထားတဲ့ facility quarantine (အစိုးရထိန္းခ်ဳပ္ေအာက္မႈက အသြားအလာကန႔္သတ္တဲ့ေနရာ) မွာသာ ထားရွိေတာ့မယ္လို႔လည္း ႏိုင္ငံေတာ္ အတိုင္ပင္ခံကဒီကေန႔ ဧၿပီ ၁၃ ရက္ မနက္က ရန္ကုန္တိုင္းက ကိုဗစ္-၁၉ ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ေရးေဆာင္႐ြက္ေနသူေတြနဲ႔ အြန္လိုင္းကေန တိုက္႐ိုက္ေဆြးေႏြးခန္းမွာ ေျပာပါတယ္။

ဧၿပီ ၁၃ ရက္ဓာတ္ခြဲစစ္ေဆးမႈ သတင္းအေသးစိတ္ကို ဆက္လက္ထုတ္ျပန္မယ္လို႔ လည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန က ထုတ္ျပန္ပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈကို တိုက္ဖ်က္ႏိုင္ရန္အတြက္ ဓာတ္ခြဲစစ္ေဆးမႈေတြကို တိုးျမႇင့္လုပ္ေဆာင္မယ္လို႔ ႏိုင္ငံ​ေတာ္သမၼတ႐ုံး​ ေျပာေရးဆိုခြင့္ရွိသူ ဦး​ေဇာ္​ေဌးက ဧၿပီလ ၁၂ ရက္ေန႔က ေျပာထားပါတယ္။

ဧၿပီလ ၁၀ ရက္ ရက္ေန႔ဝန္းက်င္ က စလို႔ တစ္ရက္ကို လူ၂၀၀ ဝန္းက်င္ခန္႔ ဓာတ္ခြဲစစ္ေဆးေနၿပီး ဧၿပီလ ၁၁ ရက္ေန႔စစ္ေဆးတဲ့ ရလဒ္ ေတြအရ လူ၁၀ ဦးမွာ ေတြ႕ခဲ့တာျဖစ္ပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ေျပာခြင့္ရ သူကို ဆက္သြယ္ေပမယ့္ ဖုန္းပိတ္ထားပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနနဲ႔ နီးစပ္သူေတြက ေတာ့ ဒီေန႔ ေနာက္တစ္သုတ္ ကို ထုတ္ျပန္ရင္ ကိုဗစ္-၁၉ေရာဂါ ပိုးေတြ႕သူေတြ ေနာက္ထပ္တိုးလာႏိုင္တယ္ လို႔ ခန္႔မွန္းေနၾကပါတယ္။

BBC Burmese
-------------------------------------------
တစ်ရက်တည်း ၁၁ ဦးတွေ့ပြီး ပိုးတွေ့ရှိမှု စံချိန်သစ်တင်

Image caption အနီးကပ်ထိတွေ့သူတွေကို နေအိမ်မှာ နေခွင့်မပြုတော့ဘဲ အစိုးရစီစဉ်တဲ့ စင်တာတွေမှာပဲ ကန့်သတ်စောင့်ကြည့်တော့မှာဖြစ်

မြန်မာနိုင်ငံက ကိုရိုနာရောဂါ ဗိုင်းရပ်စ်ပိုးတွေ့ရှိထားသူ ဓာတ်ခွဲအတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း(Quarantine) ဆောင်ရွက်ထားသူတွေထဲက ၁၁ ဦးရဲ့ ဓာတ်ခွဲနမူနာမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရတယ်လို့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က သတင်းထုတ်ပြန်ပါတယ်။

ဒါဟာမြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့ရှိမှုမှာ တစ်ရက် အတွင်းအများဆုံးတွေ့ရှိတာလည်းဖြစ်ပါတယ်။

စုစုပေါင်းလူ ၉၂ ဦးကဓာတ်ခွဲရာမှာ အခုလို တွေ့ရှိတာဖြစ်ပြီး ကျန်ဓာတ်ခွဲနမူနာ ၈၁ ခုမှာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိဘူးလို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဧပြီ ၁၃ ရက်မနက်ပိုင်းအထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၁ ဦးရှိပြီး သေဆုံးသူ ၄ ဦး၊ ပိုးမတွေ့တော့သူ ၂ ဦး၊ အထူးကြပ်မတ်ကုသခန်းထဲ ကုသမှုပေးနေသူ ၁ ဦးတို့ရှိပါတယ်။ ကျန် ၃၄ ဦးကတော့ ကျန်းမာရေးအခြေအနေတည်ငြိမ်နေတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

အခုအခါအစုလိုက်အပြုံလိုက် ကူးကုန်တာ မိသားစုလိုက်တွေဖြစ်နေတာကြောင့် ရောဂါဖြစ်ပွားသူနဲ့ နီးနီးကပ်ကပ်နေဖူးတဲ့ ရာဇဝင်ရှိရင် နေအိမ်မှာ အသွားအလာ ကန့်သတ်စောင့်ကြည့်တာကို ခွင့်မပြုတော့ဘဲ အစိုးရ သတ်မှတ်ထားတဲ့ facility quarantine (အစိုးရထိန်းချုပ်အောက်မှုက အသွားအလာကန့်သတ်တဲ့နေရာ) မှာသာ ထားရှိတော့မယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံကဒီကနေ့ ဧပြီ ၁၃ ရက် မနက်က ရန်ကုန်တိုင်းက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးဆောင်ရွက်နေသူတွေနဲ့ အွန်လိုင်းကနေ တိုက်ရိုက်ဆွေးနွေးခန်းမှာ ပြောပါတယ်။

ဧပြီ ၁၃ ရက်ဓာတ်ခွဲစစ်ဆေးမှု သတင်းအသေးစိတ်ကို ဆက်လက်ထုတ်ပြန်မယ်လို့ လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို တိုက်ဖျက်နိုင်ရန်အတွက် ဓာတ်ခွဲစစ်ဆေးမှုတွေကို တိုးမြှင့်လုပ်ဆောင်မယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဧပြီလ ၁၂ ရက်နေ့က ပြောထားပါတယ်။

ဧပြီလ ၁၀ ရက် ရက်နေ့ဝန်းကျင် က စလို့ တစ်ရက်ကို လူ၂၀၀ ဝန်းကျင်ခန့် ဓာတ်ခွဲစစ်ဆေးနေပြီး ဧပြီလ ၁၁ ရက်နေ့စစ်ဆေးတဲ့ ရလဒ် တွေအရ လူ၁၀ ဦးမှာ တွေ့ခဲ့တာဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြောခွင့်ရ သူကို ဆက်သွယ်ပေမယ့် ဖုန်းပိတ်ထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ နီးစပ်သူတွေက တော့ ဒီနေ့ နောက်တစ်သုတ် ကို ထုတ်ပြန်ရင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့သူတွေ နောက်ထပ်တိုးလာနိုင်တယ် လို့ ခန့်မှန်းနေကြပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52272552
တစ္ရက္တည္း ၁၁ ဦးေတြ႕ၿပီး ပိုးေတြ႕ရွိမႈ စံခ်ိန္သစ္တင္ တစ္ရက္တည္း ၁၁ ဦးေတြ႕ၿပီး ပိုးေတြ႕ရွိမႈ စံခ်ိန္သစ္တင္ Reviewed by THITHTOOLWIN on 22:21 Rating: 5
Powered by Blogger.