ဆႏၵျပပြဲျဖစ္တဲ့ စက္႐ုံေတြ အပိတ္ခံရဖြယ္ရွိ

(Zawgyi)⤵⤵⤵

 ရန္ကုန္တိုင္းထဲက စက္႐ုံအလုပ္႐ုံေတြမွာ ဆႏၵျပပြဲေတြ၊ အလုပ္ရွင္ အလုပ္သမားအျငင္းပြားမႈ ေတြျဖစ္ရင္ အဲဒီလိုျဖစ္တဲ့စက္႐ုံအလုပ္႐ုံေတြ ပိတ္ခြင့္ျပဳဖို႔ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ ကုသေရးအမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီ ေနျပည္ေတာ္ကို ရန္ကုန္တိုင္းအစိုးရက ဧၿပီလ ၁၈ ရက္မွာ ေတာင္းခံထားပါတယ္။

အဲဒီေတာင္းခံစာကို ရန္ကုန္တိုင္းအစိုးရအဖြဲ႕ဝင္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္လူ႔စြမ္းအားရင္းျမစ္ဝန္ႀကီး ေဒၚမိုးမိုးစုၾကည္က လက္မွတ္ထိုးထားတာေတြ႕ရပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါျဖစ္တဲ့အခ်ိန္ကစလို႔ ကုန္ၾကမ္းျပတ္တာ၊ အမွာစာမရတာေတြေၾကာင့္ ရန္ကုန္တိုင္းထဲက စက္႐ုံအလုပ္႐ုံေတြဟာ သၾကၤန္မတိုင္ခင္ကတည္းက ပိတ္သိမ္းတာေတြရွိေနသလို၊ အလုပ္သမားေတြဘက္ကလည္း ဆႏၵျပတာေတြရွိခဲ့ၿပီး၊ အခု သၾကၤန္အၿပီးမွာ ဆႏၵျပပြဲေတြ ျပန္စမယ္လို႔ ၾကားထားရတဲ့အတြက္ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပ်ံ႕ႏွံ႔တာမျဖစ္ေအာင္ ထိန္းတဲ့အေနနဲ႔ အခုလို ၫႊန္ၾကားခ်က္ေတာင္းတာလို႔လည္း စာထဲမွာေဖာ္ျပထားပါတယ္။

ရန္ကုန္တိုင္းထဲမွာ စက္႐ုံအလုပ္႐ုံေပါင္း ၆၆၀၀ ေက်ာ္ရွိၿပီး အလုပ္သမား ၆၈၀၀၀၀ ေက်ာ္ရွိတယ္လို႔ တိုင္းအစိုးရရဲ႕စာရင္းအရ သိရပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese/?epa=SEARCH_BOX
------------
(Unicode)⤵⤵⤵

ဆန္ဒပြပွဲဖြစ်တဲ့ စက်ရုံတွေ အပိတ်ခံရဖွယ်ရှိ

ရန်ကုန်တိုင်းထဲက စက်ရုံအလုပ်ရုံတွေမှာ ဆန္ဒပြပွဲတွေ၊ အလုပ်ရှင် အလုပ်သမားအငြင်းပွားမှု တွေဖြစ်ရင် အဲဒီလိုဖြစ်တဲ့စက်ရုံအလုပ်ရုံတွေ ပိတ်ခွင့်ပြုဖို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ နေပြည်တော်ကို ရန်ကုန်တိုင်းအစိုးရက ဧပြီလ ၁၈ ရက်မှာ တောင်းခံထားပါတယ်။

အဲဒီတောင်းခံစာကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားရင်းမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က လက်မှတ်ထိုးထားတာတွေ့ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်တဲ့အချိန်ကစလို့ ကုန်ကြမ်းပြတ်တာ၊ အမှာစာမရတာတွေကြောင့် ရန်ကုန်တိုင်းထဲက စက်ရုံအလုပ်ရုံတွေဟာ သင်္ကြန်မတိုင်ခင်ကတည်းက ပိတ်သိမ်းတာတွေရှိနေသလို၊ အလုပ်သမားတွေဘက်ကလည်း ဆန္ဒပြတာတွေရှိခဲ့ပြီး၊ အခု သင်္ကြန်အပြီးမှာ ဆန္ဒပြပွဲတွေ ပြန်စမယ်လို့ ကြားထားရတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ရောဂါပျံ့နှံ့တာမဖြစ်အောင် ထိန်းတဲ့အနေနဲ့ အခုလို ညွှန်ကြားချက်တောင်းတာလို့လည်း စာထဲမှာဖော်ပြထားပါတယ်။

ရန်ကုန်တိုင်းထဲမှာ စက်ရုံအလုပ်ရုံပေါင်း ၆၆၀၀ ကျော်ရှိပြီး အလုပ်သမား ၆၈၀၀၀၀ ကျော်ရှိတယ်လို့ တိုင်းအစိုးရရဲ့စာရင်းအရ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/?epa=SEARCH_BOX
ဆႏၵျပပြဲျဖစ္တဲ့ စက္႐ုံေတြ အပိတ္ခံရဖြယ္ရွိ ဆႏၵျပပြဲျဖစ္တဲ့ စက္႐ုံေတြ အပိတ္ခံရဖြယ္ရွိ Reviewed by THITHTOOLWIN on 10:04 Rating: 5
Powered by Blogger.