တရုတ္နယ္စပ္ မူဆယ္အနီး လက္နက္ႀကီးနဲ႔ ပစ္ခတ္မႈျဖစ္


(Zawgyi/Unicode)

ျမန္မာႏိုင္ငံဘက္က လက္နက္ႀကီးက်ည္အခ်ိဳ႕တရုတ္ဘက္ျခမ္းကိုက်ေရာက္လို႔၊ တရုတ္ဘက္ကေန ျမန္မာနယ္စပ္အာဏာပိုင္ေတြကို တိုင္ၾကားမႈရိွတဲ့သတင္းကို ကိုေဇာ္ထက္ တင္ဆက္ပါမယ္။

မူဆယ္ၿမိဳ႕နယ္ ပန္ခမ္းရပ္က အေဆာက္အဦတလံုး မေန႔ကညပိုင္း က လက္နက္ၾကီးငယ္နဲ႔ ပစ္ခတ္ခံရျပီး အဲဒီက ေပါက္ကြဲက်ည္တခ်ိဳ႕ တရုတ္ျပည္ဘက္ကို က်ခဲ႔ပါတာပါ။ ဒါေၾကာင့္ ဒီကိစၥကိုစံုစမ္းေပးဖို႔ တရုတ္ယူနန္ အစိုးရဘက္က မူဆယ္ျမိဳ႕ တာဝန္ရွိသူေတြကို ဒီကေန႔ အေၾကာင္းၾကားစာေပးပို႔ထားပါတယ္။

ျဖစ္စဥ္အေသးစိတ္က စံုစမ္းေနဆဲမို႔ ဘယ္အဖြဲ႔အစည္းက ပစ္ခတ္ခဲ႔တယ္ဆိုတာ အတည္မျပဳႏိုင္ေသးဘူးလို႔ မူဆယ္ခရိုင္အုပ္ခ်ဳပ္ေရးက လက္ေထာက္ညႊန္ၾကားမွဴး ဦးေမာင္ေမာင္သန္းက ဗြီအိုေအကို အတည္ျပဳပါတယ္။

“ ေလာေလာဆယ္ေတာ႔ ဘာမွမရွိဘူးဗ်၊ တရုတ္ဘက္ကေတာ႔ သူတို႔ နယ္နမိတ္ နယ္စပ္ဘက္က်လို႔ အေၾကာင္းၾကားတဲ႔စာေတာ႔ ေရာက္တယ္။ သူတို႔ဘက္ကို က်တယ္ေပါ႔ဗ်ာ၊ စံုစမ္းေဖာ္ထုတ္ေပးဖို႔ အဲေလာက္ပါပဲ။ ဒီဘက္ကေတာ႔ နယ္ေျမခံတပ္ရင္းနဲ႔ ရဲနဲ႔ ေပါ႔ေနာ္ စံုစမ္းစစ္ေဆးေနတယ္။ အခုအထိေတာ႔ သတင္းမတက္လာေသးပါဘူး။”

အပစ္ခံရတဲ႔ အေဆာက္အဦဟာ ျပည္သူ႔စစ္အဖြဲ႔တခုပိုင္ျဖစ္ျပီး ေလာင္းကစားရံုတခုျဖစ္တယ္လို႔ ေဒသခံတခ်ိဳ႕က ေျပာၾကပါတယ္။ တခ်ိဳ႕ကေတာ႔ တေအာင္းလက္နက္ကိုင္ TNLA နဲ႔ ပတ္သက္လိမ့္မယ္လို႔ ခန္႔မွန္းတာလည္းရွိပါတယ္။

COVID-19 ေရာဂါျဖစ္ပြားေနတဲ႔ကာလမွာ TNLD နဲ႔ မဟာမိတ္တပ္ေတြရဲ႕ လႈပ္ရွားမႈ မရွိဘူးလို႔ တေအာင္းလက္နက္ကိုင္ TNLA ရဲ႕ေျပာခြင့္ရ ဗိုလ္မွဴး တားအိုက္ေက်ာ္က ေျပာပါတယ္။

“ မူဆယ္မွာ လက္နက္ကိုင္ အဖြဲ႔အစည္း တအားမ်ားတယ္၊ ဘယ္အဖြဲ႔ေတြျဖစ္မလဲဆိုတာေတာ႔ က်ေနာ္တို႔ ခန္႔မွန္းရခက္တယ္။ ေနာက္တခုက ဒီ တလအတြင္း ဒီလထဲမွာ မူဆယ္နားတဝိုက္လႈပ္ရွားမႈလည္း မရွိဘူး။”

တရုတ္ျပည္ဘက္သတင္းစာေတြကေတာ႔ ယူနန္ျပည္နယ္ထဲ လက္နက္ၾကီးက်ည္ေတာင့္ ၃ခုနဲ႔ ေသနတ္က်ည္ဆံေတြက်ခဲ႔တယ္လို႔ ေရးသားထားပါတယ္။ ဒီအတြက္ ေက်ာင္းတေက်ာင္း၊ အေဆာက္အဦးအခ်ိဳ႕၊ ေမာ္ေတာ္ယာဥ္အခ်ိဳ႕ပ်က္စီးခဲ့တယ္လို႔ဆိုပါတယ္။ ျမန္မာဘက္က ဓါတ္ဆီဆိုင္တခု ေပါက္ကဲြတဲ့ မီးပြားေတြ တရုတ္ပိုင္နက္ထဲ လႊင့္စင္လာတာလည္းရိွတယ္လို႔ဆိုပါတယ္။ ဒါေပမယ့္ အထိအခိုက္ အေသအေပ်ာက္ မရိွဘူးလို႔ သိရပါတယ္။

ေဇာ္ထက္  / ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------------------

တရုတ်နယ်စပ် မူဆယ်အနီး လက်နက်ကြီးနဲ့ ပစ်ခတ်မှုဖြစ်

(Unicode)

မြန်မာနိုင်ငံဘက်က လက်နက်ကြီးကျည်အချို့တရုတ်ဘက်ခြမ်းကိုကျရောက်လို့၊ တရုတ်ဘက်ကနေ မြန်မာနယ်စပ်အာဏာပိုင်တွေကို တိုင်ကြားမှုရှိတဲ့သတင်းကို ကိုဇော်ထက် တင်ဆက်ပါမယ်။

မူဆယ်မြို့နယ် ပန်ခမ်းရပ်က အဆောက်အဦတလုံး မနေ့ကညပိုင်း က လက်နက်ကြီးငယ်နဲ့ ပစ်ခတ်ခံရပြီး အဲဒီက ပေါက်ကွဲကျည်တချို့ တရုတ်ပြည်ဘက်ကို ကျခဲ့ပါတာပါ။ ဒါကြောင့် ဒီကိစ္စကိုစုံစမ်းပေးဖို့ တရုတ်ယူနန် အစိုးရဘက်က မူဆယ်မြို့ တာဝန်ရှိသူတွေကို ဒီကနေ့ အကြောင်းကြားစာပေးပို့ထားပါတယ်။

ဖြစ်စဉ်အသေးစိတ်က စုံစမ်းနေဆဲမို့ ဘယ်အဖွဲ့အစည်းက ပစ်ခတ်ခဲ့တယ်ဆိုတာ အတည်မပြုနိုင်သေးဘူးလို့ မူဆယ်ခရိုင်အုပ်ချုပ်ရေးက လက်ထောက်ညွှန်ကြားမှူး ဦးမောင်မောင်သန်းက ဗွီအိုအေကို အတည်ပြုပါတယ်။

“ လောလောဆယ်တော့ ဘာမှမရှိဘူးဗျ၊ တရုတ်ဘက်ကတော့ သူတို့ နယ်နမိတ် နယ်စပ်ဘက်ကျလို့ အကြောင်းကြားတဲ့စာတော့ ရောက်တယ်။ သူတို့ဘက်ကို ကျတယ်ပေါ့ဗျာ၊ စုံစမ်းဖော်ထုတ်ပေးဖို့ အဲလောက်ပါပဲ။ ဒီဘက်ကတော့ နယ်မြေခံတပ်ရင်းနဲ့ ရဲနဲ့ ပေါ့နော် စုံစမ်းစစ်ဆေးနေတယ်။ အခုအထိတော့ သတင်းမတက်လာသေးပါဘူး။”

အပစ်ခံရတဲ့ အဆောက်အဦဟာ ပြည်သူ့စစ်အဖွဲ့တခုပိုင်ဖြစ်ပြီး လောင်းကစားရုံတခုဖြစ်တယ်လို့ ဒေသခံတချို့က ပြောကြပါတယ်။ တချို့ကတော့ တအောင်းလက်နက်ကိုင် TNLA နဲ့ ပတ်သက်လိမ့်မယ်လို့ ခန့်မှန်းတာလည်းရှိပါတယ်။

COVID-19 ရောဂါဖြစ်ပွားနေတဲ့ကာလမှာ TNLD နဲ့ မဟာမိတ်တပ်တွေရဲ့ လှုပ်ရှားမှု မရှိဘူးလို့ တအောင်းလက်နက်ကိုင် TNLA ရဲ့ပြောခွင့်ရ ဗိုလ်မှူး တားအိုက်ကျော်က ပြောပါတယ်။

“ မူဆယ်မှာ လက်နက်ကိုင် အဖွဲ့အစည်း တအားများတယ်၊ ဘယ်အဖွဲ့တွေဖြစ်မလဲဆိုတာတော့ ကျနော်တို့ ခန့်မှန်းရခက်တယ်။ နောက်တခုက ဒီ တလအတွင်း ဒီလထဲမှာ မူဆယ်နားတဝိုက်လှုပ်ရှားမှုလည်း မရှိဘူး။”

တရုတ်ပြည်ဘက်သတင်းစာတွေကတော့ ယူနန်ပြည်နယ်ထဲ လက်နက်ကြီးကျည်တောင့် ၃ခုနဲ့ သေနတ်ကျည်ဆံတွေကျခဲ့တယ်လို့ ရေးသားထားပါတယ်။ ဒီအတွက် ကျောင်းတကျောင်း၊ အဆောက်အဦးအချို့၊ မော်တော်ယာဉ်အချို့ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ မြန်မာဘက်က ဓါတ်ဆီဆိုင်တခု ပေါက်ကွဲတဲ့ မီးပွားတွေ တရုတ်ပိုင်နက်ထဲ လွှင့်စင်လာတာလည်းရှိတယ်လို့ဆိုပါတယ်။ ဒါပေမယ့် အထိအခိုက် အသေအပျောက် မရှိဘူးလို့ သိရပါတယ်။

ဇော်ထက်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/china-myanmar-border-muse-/5390673.html
တရုတ္နယ္စပ္ မူဆယ္အနီး လက္နက္ႀကီးနဲ႔ ပစ္ခတ္မႈျဖစ္ တရုတ္နယ္စပ္ မူဆယ္အနီး လက္နက္ႀကီးနဲ႔ ပစ္ခတ္မႈျဖစ္ Reviewed by THITHTOOLWIN on 04:07 Rating: 5
Powered by Blogger.