ဟားခါးတြင္ တ႐ုတ္ျပန္ အမ်ိဳးသမီးတစ္ဉီးထံတြင္ ကိုဗစ္-၁၉ ပိုးေတြ႕ရွိၿပီး ဆက္စပ္ထားသူမ်ားကို ေဆးစစ္မည္ဟုဆို


(Zawgyi)⤵⤵⤵
ျပည္ေထာင္စု က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနမွ ယေန႔မနက္ ၇နာရီတြင္ ထုတ္ျပန္ထားခ်က္အရ ဟားခါးၿမိဳ႕မွ အသြားအလာကန႔္သတ္ထားသူ အသက္၁၈ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဉီး (Case-150)ထံတြင္ COVID-19 ေရာဂါပိုးေတြ႕ရွိထားၿပီး မိသားစုဝင္မ်ားအပါအဝင္ ႏွင့္ ထိေတြ႕ဆက္ဆံထားသူမ်ားကို အသြားအလာကန႔္သတ္ၿပီး ေဆးစစ္မည္ဟု ခ်င္းျပည္နယ္ လူမႈေရးဝန္ႀကီး ဉီးေပါင္လြန္မင္းထန္ထံမွသိရသည္။

“အခုေတာ့ ေဆး႐ုံပို႔ေနၿပီ၊ သူကေတာ့ Isolation ခန္းထဲမွာရွိမယ္၊ ၿပီးေတာ့ သူ႔ေနာက္ေၾကာင္းလိုက္ရမယ္၊ သူက ကေလးကေနလာတာျဖစ္တယ္၊ ကေလးကေန ဟားခါးကိုလာတယ္၊ ဟားခါးမွာေတာ့သိပ္မေနလိုက္ဘူး၊ Tiphul ကိုျပန္တယ္လို႔ေျပာတယ္၊ တစ္ျခားေနရာသြားေသးလား၊ ဘယ္သူေတြနဲ႔ေတြ႕ခဲ့လဲဆိုတာ ျပန္ေမးရမယ္၊ သူ႔မိသားစုေတြ ကန႔္သတ္လုပ္ေပးရမယ္၊ ၿပီးရင္သူနဲ႔ ဆက္စပ္တဲ့လူေတြကိုေဖာ္ထုတ္ၿပီးေတာ့ Quarantine ထားေပးရမယ္၊ ပထမ Case တုန္းကေတာ့ ေဆးစစ္ဖို႔အရမ္းခက္တယ္၊ ခုေနာက္ပိုင္းကအဲေလာက္ႀကီးမခက္ေတာ့ဘူး၊ အဲဒီေတာ့ သူနဲ႔ထိေတြ႕ခဲ့တဲ့သူေတြကို တစ္ခါထဲ Swap Test လုပ္သြားမွာပါ၊ သူကေတာ့ က်န္းက်န္းမာမာပါဘဲ”ဟု လူမႈေရးဝန္ႀကီး ေပါင္လြန္မင္းထံမွေျပာသည္။

ဟားခါးၿမိဳ႕တြင္ ေတြ႕ရွိခဲ့သည့္ Case-150 မွာ တ႐ုတ္ႏိုင္ငံတြင္ အိမ္ေဖာ္အလုပ္ သြားေရာက္လုပ္ကိုင္ခဲ့သူျဖစ္ၿပီး တ႐ုတ္ႏိုင္ငံမွ ျမန္မာႏိုင္ငံ မူဆယ္ၿမိဳ႕သို႔ မတ္လ ၂၀ရက္ေန႔တြင္ ေရာက္ရွိခဲ့ၿပီး၊ ၂၁ရက္ေန႔တြင္ မႏၲေလးသို႔ထြက္ခြာလာခဲ့ၿပီး၊ မႏၲေလးမွ တစ္ဆင့္ ကေလးၿမိဳ႕သို႔ မတ္လ ၂၄ရက္ေန႔တြင္ ေ႐ႊမန္းမႏၲလာကားျဖင့္ထြက္ခြာခဲ့ရာ မတ္လ ၂၅ရက္ေန႔တြင္ ကေလးၿမိဳ႕သို႔ ေရာက္ရွိခဲ့ေၾကာင္းသိရသည္။

Case-150 မွာ ကေလးၿမိဳ႕ ေတာင္ဇလပ္ရပ္ကြက္ရွိ မိတ္ေဆြတစ္ဉီး၏ေနအိမ္တြင္ မတ္လ ၂၅ရက္ေန႔မွ ဧၿပီလ ၅ရက္ေန႔ထိ တည္းခိုခဲ့ၿပီး ဧၿပီလ ၅ရက္ေန႔ မနက္ပိုင္းတြင္ ေတာင္ဇလပ္ေမာ္ေတာ္ယာဥ္ျဖင့္ ဟားခါးၿမိဳ႕သို႔ ထြက္ခြာခဲ့ၿပီး ညေနပိုင္းတြင္ ဟားခါးၿမိဳ႕သို႔ေရာက္ရွိခဲ့သည္။

ဟားခါးၿမိဳ႕မွတစ္ဆင့္ ၎စီးနင္းခဲ့သည့္ ေမာ္ေတာ္ယာဥ္အား ဆက္လက္ငွားရမ္းၿပီး ေနအိမ္ရွိရာ သီဖူးလ္ေက်း႐ြာသို႔ ဆက္လက္ထြက္ခြာခဲ့ေၾကာင္းသိရသည္။

ဧၿပီလ ၁၆ရက္တြင္ သီဖူးလ္ေက်း႐ြာ အုပ္စုစာေရး၏ သတင္းေပးပို႔မႈေၾကာင့္ ဟားခါးၿမိဳ႕ ၿမိဳ႕သစ္ရပ္ကြက္ရွိ န.တ.လ ေက်ာင္းတြင္ ဧၿပီလ ၁၆ရက္ညေနပိုင္းမွ စတင္ကာ Facility Quarantine စတင္ထားရွိခဲ့ေၾကာင္းသိရသည္။

အဆိုပါ Facility Quarantine အေဆာက္အဦတြင္ က်ား ၈ ဉီး၊ မ ၄ဦး စုစုေပါင္း ၁၂ ဉီးထားရွိထားေၾကာင္းသိရသည္။

ဩစတီးလ်ားႏိုင္ငံမွျပန္လာၿပီး န.တ.လ ေက်ာင္းတြင္ Facility Quarantine ဝင္ေနရသူ ကိုပါလိန္းမွ “အခုခ်ိန္ထိေတာ့ သက္ဆိုရာကေန ဘာမွေျပာတာေတြမရွိေသးဘူး၊ ပိုးေတြ႕ထားတဲ့လူနာကိုေတာ့ ေခၚသြားတယ္၊ မိန္းကေလးနဲ႔ ေယာက်ၤားေလးသီးသန႔္ထားတဲ့အတြက္ သူ႔ကိုေတာ့မသိဘူး၊ စိုးရိမ္တာေတာ့သိပ္မရွိပါဘူး၊ ဒါေပမယ့္ အျပင္ကေန က်ေနာ္တို႔ဘက္ကို အျပစ္သားလိုလို လူေတြဝိုင္းၾကည့္ေနတာေတာ့ စိတ္ကသိကေအာက္ျဖစ္တယ္”ဟု ေျပာသည္။

ယခု ေတြ႕ရွိထားသည့္ Case-150 လူနာမွာ ခ်င္းျပည္နယ္၏ COVID-19 ေရာဂါကူးစက္ခံရသည့္ ေျခာက္ဉီးေျမာက္လူနာျဖစ္ၿပီး က်န္ငါးဉီးမွာ တီးတိန္ၿမိဳ႕မွျဖစ္ၿပီး တစ္ႏိုင္ငံလုံးအေနျဖင့္ ေရာဂါကူးစက္ခံရသူ ၁၅၀ဉီးအထိရွိလာၿပီျဖစ္သည္။

Salai Benezer / Chin World
-------------------------------------
(Unicode)⤵⤵⤵
ဟားခါးတွင် တရုတ်ပြန် အမျိုးသမီးတစ်ဉီးထံတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိပြီး ဆက်စပ်ထားသူများကို ဆေးစစ်မည်ဟုဆို

ပြည်ထောင်စု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့မနက် ၇နာရီတွင် ထုတ်ပြန်ထားချက်အရ ဟားခါးမြို့မှ အသွားအလာကန့်သတ်ထားသူ အသက်၁၈နှစ်အရွယ် အမျိုးသမီးတစ်ဉီး (Case-150)ထံတွင် COVID-19 ရောဂါပိုးတွေ့ရှိထားပြီး မိသားစုဝင်များအပါအဝင် နှင့် ထိတွေ့ဆက်ဆံထားသူများကို အသွားအလာကန့်သတ်ပြီး ဆေးစစ်မည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဉီးပေါင်လွန်မင်းထန်ထံမှသိရသည်။

“အခုတော့ ဆေးရုံပို့နေပြီ၊ သူကတော့ Isolation ခန်းထဲမှာရှိမယ်၊ ပြီးတော့ သူ့နောက်ကြောင်းလိုက်ရမယ်၊ သူက ကလေးကနေလာတာဖြစ်တယ်၊ ကလေးကနေ ဟားခါးကိုလာတယ်၊ ဟားခါးမှာတော့သိပ်မနေလိုက်ဘူး၊ Tiphul ကိုပြန်တယ်လို့ပြောတယ်၊ တစ်ခြားနေရာသွားသေးလား၊ ဘယ်သူတွေနဲ့တွေ့ခဲ့လဲဆိုတာ ပြန်မေးရမယ်၊ သူ့မိသားစုတွေ ကန့်သတ်လုပ်ပေးရမယ်၊ ပြီးရင်သူနဲ့ ဆက်စပ်တဲ့လူတွေကိုဖော်ထုတ်ပြီးတော့ Quarantine ထားပေးရမယ်၊ ပထမ Case တုန်းကတော့ ဆေးစစ်ဖို့အရမ်းခက်တယ်၊ ခုနောက်ပိုင်းကအဲလောက်ကြီးမခက်တော့ဘူး၊ အဲဒီတော့ သူနဲ့ထိတွေ့ခဲ့တဲ့သူတွေကို တစ်ခါထဲ Swap Test လုပ်သွားမှာပါ၊ သူကတော့ ကျန်းကျန်းမာမာပါဘဲ”ဟု လူမှုရေးဝန်ကြီး ပေါင်လွန်မင်းထံမှပြောသည်။

ဟားခါးမြို့တွင် တွေ့ရှိခဲ့သည့် Case-150 မှာ တရုတ်နိုင်ငံတွင် အိမ်ဖော်အလုပ် သွားရောက်လုပ်ကိုင်ခဲ့သူဖြစ်ပြီး တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ မူဆယ်မြို့သို့ မတ်လ ၂၀ရက်နေ့တွင် ရောက်ရှိခဲ့ပြီး၊ ၂၁ရက်နေ့တွင် မန္တလေးသို့ထွက်ခွာလာခဲ့ပြီး၊ မန္တလေးမှ တစ်ဆင့် ကလေးမြို့သို့ မတ်လ ၂၄ရက်နေ့တွင် ရွှေမန်းမန္တလာကားဖြင့်ထွက်ခွာခဲ့ရာ မတ်လ ၂၅ရက်နေ့တွင် ကလေးမြို့သို့ ရောက်ရှိခဲ့ကြောင်းသိရသည်။

Case-150 မှာ ကလေးမြို့ တောင်ဇလပ်ရပ်ကွက်ရှိ မိတ်ဆွေတစ်ဉီး၏နေအိမ်တွင် မတ်လ ၂၅ရက်နေ့မှ ဧပြီလ ၅ရက်နေ့ထိ တည်းခိုခဲ့ပြီး ဧပြီလ ၅ရက်နေ့ မနက်ပိုင်းတွင် တောင်ဇလပ်မော်တော်ယာဉ်ဖြင့် ဟားခါးမြို့သို့ ထွက်ခွာခဲ့ပြီး ညနေပိုင်းတွင် ဟားခါးမြို့သို့ရောက်ရှိခဲ့သည်။

ဟားခါးမြို့မှတစ်ဆင့် ၎င်းစီးနင်းခဲ့သည့် မော်တော်ယာဉ်အား ဆက်လက်ငှားရမ်းပြီး နေအိမ်ရှိရာ သီဖူးလ်ကျေးရွာသို့ ဆက်လက်ထွက်ခွာခဲ့ကြောင်းသိရသည်။

ဧပြီလ ၁၆ရက်တွင် သီဖူးလ်ကျေးရွာ အုပ်စုစာရေး၏ သတင်းပေးပို့မှုကြောင့် ဟားခါးမြို့ မြို့သစ်ရပ်ကွက်ရှိ န.တ.လ ကျောင်းတွင် ဧပြီလ ၁၆ရက်ညနေပိုင်းမှ စတင်ကာ Facility Quarantine စတင်ထားရှိခဲ့ကြောင်းသိရသည်။

အဆိုပါ Facility Quarantine အဆောက်အဦတွင် ကျား ၈ ဉီး၊ မ ၄ဦး စုစုပေါင်း ၁၂ ဉီးထားရှိထားကြောင်းသိရသည်။

ဩစတီးလျားနိုင်ငံမှပြန်လာပြီး န.တ.လ ကျောင်းတွင် Facility Quarantine ဝင်နေရသူ ကိုပါလိန်းမှ “အခုချိန်ထိတော့ သက်ဆိုရာကနေ ဘာမှပြောတာတွေမရှိသေးဘူး၊ ပိုးတွေ့ထားတဲ့လူနာကိုတော့ ခေါ်သွားတယ်၊ မိန်းကလေးနဲ့ ယောင်္ကျားလေးသီးသန့်ထားတဲ့အတွက် သူ့ကိုတော့မသိဘူး၊ စိုးရိမ်တာတော့သိပ်မရှိပါဘူး၊ ဒါပေမယ့် အပြင်ကနေ ကျနော်တို့ဘက်ကို အပြစ်သားလိုလို လူတွေဝိုင်းကြည့်နေတာတော့ စိတ်ကသိကအောက်ဖြစ်တယ်”ဟု ပြောသည်။

ယခု တွေ့ရှိထားသည့် Case-150 လူနာမှာ ချင်းပြည်နယ်၏ COVID-19 ရောဂါကူးစက်ခံရသည့် ခြောက်ဉီးမြောက်လူနာဖြစ်ပြီး ကျန်ငါးဉီးမှာ တီးတိန်မြို့မှဖြစ်ပြီး တစ်နိုင်ငံလုံးအနေဖြင့် ရောဂါကူးစက်ခံရသူ ၁၅၀ဉီးအထိရှိလာပြီဖြစ်သည်။

Salai Benezer / Chin World
ဟားခါးတြင္ တ႐ုတ္ျပန္ အမ်ိဳးသမီးတစ္ဉီးထံတြင္ ကိုဗစ္-၁၉ ပိုးေတြ႕ရွိၿပီး ဆက္စပ္ထားသူမ်ားကို ေဆးစစ္မည္ဟုဆို ဟားခါးတြင္ တ႐ုတ္ျပန္ အမ်ိဳးသမီးတစ္ဉီးထံတြင္ ကိုဗစ္-၁၉ ပိုးေတြ႕ရွိၿပီး ဆက္စပ္ထားသူမ်ားကို ေဆးစစ္မည္ဟုဆို Reviewed by THITHTOOLWIN on 21:33 Rating: 5
Powered by Blogger.