ကို႐ိုနာဗိုင္းရပ္စ္ရာဂါပိုး တပ္မေတာ္သားေတြဆီမွာ ကူးစက္တာမရွိေသး

(ေနျပည္ေတာ္ ပုပၺသီရိၿမိဳ႕နယ္မွာရွိတဲ့ ႐ြာေတာ္တပ္မေတာ္ စစ္ေၾကာေရးနဲ႔ တည္းခိုေရးစခန္းမွာ တပ္မေတာ္သားေတြ က်န္းမာေရးစစ္ေဆးေပးေနတာကို ၂၀၂၀၊ ဧၿပီ ၁ ရက္ေန႔က ေတြ႕ရစဥ္) ဓာတ္ပုံ - သက္စုေအာင္/ RFA
အပူခ်ိန္လြန္ကဲၿပီး ဖ်ားနာခဲ့တဲ့ တပ္မေတာ္သားတစ္ဦးနဲ႔ မွီခိုသူ ႏွစ္ဦးတို႔ကို သီးသန႔္ထားေစာင့္ၾကည့္ၿပီး စစ္ေဆးမႈလုပ္ေဆာင္ခဲ့ရာမွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုး မေတြ႕ဘူးလို႔ တပ္မေတာ္ သတင္းမွန္ျပန္ ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း က ေျပာပါတယ္။

သီးသန႔္ထားေစာင့္ၾကည့္ခံရတဲ့ တပ္မေတာ္သားဟာ ခြင့္ျပန္ၿပီး တပ္အတြင္း ျပန္လာခ်ိန္မွာ ကိုယ္ပူခ်ိန္မ်ားလာတာမို႔ စစ္ေဆးခံခဲ့ရတာျဖစ္ၿပီး ပိုးမေတြ႕ရွိလို႔ ေဆး႐ုံ ဆင္းခြင့္ေပးလိုက္ၿပီလို႔ ေျပာပါတယ္။ ေစာင့္ၾကည့္ခံရတဲ့ တပ္မေတာ္သားဟာ ဘယ္တပ္ရင္းဌာနကလဲ ဆိုတာကိုေတာ့ ထုတ္ေဖာ္ေျပာတာ မရွိပါဘူး။

မွီခိုသူ ႏွစ္ဦးထဲက တစ္ဦးကို ေဆး႐ုံဆင္းေပးလိုက္ၿပီျဖစ္ၿပီး တစ္ဦးကေတာ့ ကင္ဆာေရာဂါရွိတာေၾကာင့္ ကင္ဆာေရာဂါနဲ႔ ေဆး႐ုံ ဆက္တင္ထားရတယ္လို႔ ေျပာပါတယ္။

တပ္တြင္း ေရာဂါျပန႔္ပြားမႈ မရွိေစဖို႔အတြက္ ရွရွားနဲ႔ အာဆီယံႏိုင္ငံေတြက ပညာေတာ္သင္နဲ႔ ျပန္လာတဲ့ တပ္မေတာ္သားေတြ၊ ႏိုင္ငံရပ္ျခားက ျပန္လာသူေတြနဲ႔ ထိေတြ႕ခဲ့တဲ့ တပ္ဖြဲ႕ဝင္ေတြကို ေစာင့္ၾကည့္ စစ္ေဆးမႈေတြ လုပ္ေဆာင္ေနတယ္လို႔ ေျပာပါတယ္။

အနယ္နယ္အရပ္အရပ္က တပ္မေတာ္ေဆး႐ုံေတြမွာ ေစာင့္ၾကည့္ခံေနရတဲ့ တပ္မေတာ္သား (၁၄) ဦး၊ မွီခိုသူ (၁၄) ဦး၊ ေနအိမ္ေတြမွာ ေစာင့္ၾကည့္ခံေနရတဲ့ တပ္မေတာ္သား (၁၆၁) ဦး၊ မွီခိုသူ (၈၈) ဦး၊ Facility Quarantine ေစာင့္ၾကည့္ခံေနရသူ တပ္မေတာ္သား (၄၄) ဦး၊ မွီခိုသူ (၅၅) ဦးရွိၿပီး အမ်ားစုကို ေရာဂါပိုး စစ္ေဆးၿပီးျဖစ္လို႔ လက္ရွိအခ်ိန္အထိ တပ္တြင္းမွာ ေရာဂါပိုးေတြ႕ရွိသူ မရွိေသးဘူးလို႔ ေျပာပါတယ္။

RFA Burmese
----------------------------------------------
ကိုရိုနာဗိုင်းရပ်စ်ရာဂါပိုး တပ်မတော်သားတွေဆီမှာ ကူးစက်တာမရှိသေး

 အပူချိန်လွန်ကဲပြီး ဖျားနာခဲ့တဲ့ တပ်မတော်သားတစ်ဦးနဲ့ မှီခိုသူ နှစ်ဦးတို့ကို သီးသန့်ထားစောင့်ကြည့်ပြီး စစ်ဆေးမှုလုပ်ဆောင်ခဲ့ရာမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး မတွေ့ဘူးလို့ တပ်မတော် သတင်းမှန်ပြန် ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။

သီးသန့်ထားစောင့်ကြည့်ခံရတဲ့ တပ်မတော်သားဟာ ခွင့်ပြန်ပြီး တပ်အတွင်း ပြန်လာချိန်မှာ ကိုယ်ပူချိန်များလာတာမို့ စစ်ဆေးခံခဲ့ရတာဖြစ်ပြီး ပိုးမတွေ့ရှိလို့ ဆေးရုံ ဆင်းခွင့်ပေးလိုက်ပြီလို့ ပြောပါတယ်။ စောင့်ကြည့်ခံရတဲ့ တပ်မတော်သားဟာ ဘယ်တပ်ရင်းဌာနကလဲ ဆိုတာကိုတော့ ထုတ်ဖော်ပြောတာ မရှိပါဘူး။

မှီခိုသူ နှစ်ဦးထဲက တစ်ဦးကို ဆေးရုံဆင်းပေးလိုက်ပြီဖြစ်ပြီး တစ်ဦးကတော့ ကင်ဆာရောဂါရှိတာကြောင့် ကင်ဆာရောဂါနဲ့ ဆေးရုံ ဆက်တင်ထားရတယ်လို့ ပြောပါတယ်။

တပ်တွင်း ရောဂါပြန့်ပွားမှု မရှိစေဖို့အတွက် ရှရှားနဲ့ အာဆီယံနိုင်ငံတွေက ပညာတော်သင်နဲ့ ပြန်လာတဲ့ တပ်မတော်သားတွေ၊ နိုင်ငံရပ်ခြားက ပြန်လာသူတွေနဲ့ ထိတွေ့ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို စောင့်ကြည့် စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

အနယ်နယ်အရပ်အရပ်က တပ်မတော်ဆေးရုံတွေမှာ စောင့်ကြည့်ခံနေရတဲ့ တပ်မတော်သား (၁၄) ဦး၊ မှီခိုသူ (၁၄) ဦး၊ နေအိမ်တွေမှာ စောင့်ကြည့်ခံနေရတဲ့ တပ်မတော်သား (၁၆၁) ဦး၊ မှီခိုသူ (၈၈) ဦး၊ Facility Quarantine စောင့်ကြည့်ခံနေရသူ တပ်မတော်သား (၄၄) ဦး၊ မှီခိုသူ (၅၅) ဦးရှိပြီး အများစုကို ရောဂါပိုး စစ်ဆေးပြီးဖြစ်လို့ လက်ရှိအချိန်အထိ တပ်တွင်းမှာ ရောဂါပိုးတွေ့ရှိသူ မရှိသေးဘူးလို့ ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ကို႐ိုနာဗိုင္းရပ္စ္ရာဂါပိုး တပ္မေတာ္သားေတြဆီမွာ ကူးစက္တာမရွိေသး ကို႐ိုနာဗိုင္းရပ္စ္ရာဂါပိုး တပ္မေတာ္သားေတြဆီမွာ ကူးစက္တာမရွိေသး Reviewed by THITHTOOLWIN on 15:34 Rating: 5
Powered by Blogger.