ဆိုင္ကယ္လွည္႔ကင္းရဲအဖြဲ႔မွ အိမ္ရွင္ကိုႏႈိးျပီး ဖမ္းလိုက္ရတဲ႔ ေဖာက္ထြင္းသူခိုးဖမ္းပြဲ မံုရြာျမိဳ႕တြင္ ျဖစ္ပြား



Share/Bookmark

(Zawgyi)⤵⤵⤵
မံုရြာ၊ ဧျျပီ ၂၉

ေဖာက္ထြင္းသူခိုးက အိမ္ေဖာက္ျပီးခိုးေနလို႔ လွည္႔ကင္းရဲအဖြဲ႔က အိမ္ရွင္ကိုႏႈိးျပီး ဖမ္းလိုက္ရတဲ႔ျဖစ္စဥ္ တစ္ရပ္ မံုရြာျမိဳ႕တြင္ျဖစ္ပြားခဲ႔သည္။ မံုရြာျမိဳ႕ ေအာင္မဂၤလာရပ္ကြက္ ျပည္ေထာင္စုလမ္းရွိ လူေနအိမ္တိုက္တစ္လံုးအား ညအခ်ိန္ ၂ နာရီခန္႔တြင္ တိုက္တံခါးေသာ႔မ်ား ဖ်က္စီးေဖာက္ထြင္းျပီး သူခိုးသံုးေယာက္မွ တိုက္အတြင္း၀င္ ေရာက္ကာ စူကူဘီ ဆိုင္ကယ္ႏွစ္စီးအား ခိုးယူေနစဥ္ လွည္႔ကင္းရဲအဖြဲ႔မွ ဖမ္းဆီးလိုက္ျခင္းျဖစ္သည္။

“ မံုရြာျမိဳ႕မရဲစခန္းက နယ္ထိန္းအဖြဲ႔ ေခါင္းေဆာင္ ရဲအုပ္ ေအာင္ထြန္း၀င္း ညဥ္႔နက္ဆိုင္ကယ္လွည္႔ကင္း အဖြဲ႔နဲ႔ .. ရဲတပ္ရင္း (၂၈) လွည္႔ကင္းအဖြဲ႔ ပူးေပါင္းျပီး ကင္းလွည္႔ေနခ်ိန္မွာ ဖမ္းမိတာျဖစ္တတယ္..” မံုရြာခရိုင္ရဲတပ္ ဖြဲ႔မွဴး ဒုရဲမွဴးၾကီး ေသာင္းညႊန္႔မွ ေျပာသည္။
လွည္႔ကင္းအဖြဲ႔သည္ ကင္းလွည္႔ေနစဥ္ အဆိုပါ လူေနအိမ္တိုက္ေရွ႕ေနရာသို႔ အေရာက္တြင္ မသကၤာဖြယ္ရာ လူတစ္ေယာက္အား ေတြ႔ရသျဖင္႔ ရွာေဖြစစ္ေဆးခဲ႔ရာ အိမ္ေဖာက္ မာစတာကီးမ်ိဳးစံုႏွင္႔ လြန္ပူအၾကီးတစ္ ေခ်ာင္းေတြ႔ရသည္။ ထို႔ေၾကာင္႔ လွည္႔ကင္းအဖြဲ႔မွ အိမ္ရွင္အား ႏႈိး၍ ေမးျမန္းခဲ႔ရာ အိမ္အတြင္းရွိ ဇက္္ေသာ႔ ခတ္ထားသည္႔ စကူဘီ ဆိုင္ကယ္တစ္စီး ေပ်ာက္ဆံုးေနျပီး က်န္ စကူဘီ ဆိုင္ကယ္တစ္စီးမွာ ဇက္ေသာ႔မ်ား ဖ်က္စီးထားသည္ကိုေတြ႔ရွိရသည္။


အဆိုပါ ေဖာက္ထြင္းသူခိုး သံုးေယာက္အနက္ ႏွစ္ေယာက္အား လက္ရဖမ္းဆီးနိုင္ခဲ႔ေသာ္လည္ က်န္တစ္ဦးမွာ ထြက္ေျပးလြတ္ေျမာက္ေနသျဖင္႔ လွည္႔ကင္းအဖြဲ႔မွ ညတြင္းခ်င္း ျမိဳ႕အားပိတ္ဆို႔ရွာေဖြ ဖမ္းဆီးခဲ႔ရာ မနက္ ၅ နာရီအခ်ိန္ခန္႔တြင္ ခိုုးရာပါ စကူဘီဆိုင္ကယ္ႏွင္႔အတူ သာစည္ေက်းရြာအနီးတြင္ ဖမ္းဆီးရရွိခဲ႔ေၾကာင္း မံုရြာ ခရိုင္ရဲတပ္ဖြဲ႔ရံုးမွ သိရသည္။

သတင္း + ဓာတ္ပံု
ကိုတိုးၾကီး ( မံုရြာ) - ကိုတိုး ခ်င္းတြင္း (facebook)


-----------------------------------------
(Unicode)⤵⤵⤵
ဆိုင်ကယ်လှည့်ကင်းရဲအဖွဲ့မှ အိမ်ရှင်ကိုနှိုးပြီး ဖမ်းလိုက်ရတဲ့ ဖောက်ထွင်းသူခိုးဖမ်းပွဲ မုံရွာမြို့တွင် ဖြစ်ပွား

မုံရွာ၊ ဧြပြီ ၂၉

ဖောက်ထွင်းသူခိုးက အိမ်ဖောက်ပြီးခိုးနေလို့ လှည့်ကင်းရဲအဖွဲ့က အိမ်ရှင်ကိုနှိုးပြီး ဖမ်းလိုက်ရတဲ့ဖြစ်စဉ် တစ်ရပ် မုံရွာမြို့တွင်ဖြစ်ပွားခဲ့သည်။ မုံရွာမြို့ အောင်မင်္ဂလာရပ်ကွက် ပြည်ထောင်စုလမ်းရှိ လူနေအိမ်တိုက်တစ်လုံးအား ညအချိန် ၂ နာရီခန့်တွင် တိုက်တံခါးသော့များ ဖျက်စီးဖောက်ထွင်းပြီး သူခိုးသုံးယောက်မှ တိုက်အတွင်းဝင် ရောက်ကာ စူကူဘီ ဆိုင်ကယ်နှစ်စီးအား ခိုးယူနေစဉ် လှည့်ကင်းရဲအဖွဲ့မှ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

“ မုံရွာမြို့မရဲစခန်းက နယ်ထိန်းအဖွဲ့ ခေါင်းဆောင် ရဲအုပ် အောင်ထွန်းဝင်း ညဉ့်နက်ဆိုင်ကယ်လှည့်ကင်း အဖွဲ့နဲ့ .. ရဲတပ်ရင်း (၂၈) လှည့်ကင်းအဖွဲ့ ပူးပေါင်းပြီး ကင်းလှည့်နေချိန်မှာ ဖမ်းမိတာဖြစ်တတယ်..” မုံရွာခရိုင်ရဲတပ် ဖွဲ့မှူး ဒုရဲမှူးကြီး သောင်းညွှန့်မှ ပြောသည်။

လှည့်ကင်းအဖွဲ့သည် ကင်းလှည့်နေစဉ် အဆိုပါ လူနေအိမ်တိုက်ရှေ့နေရာသို့ အရောက်တွင် မသင်္ကာဖွယ်ရာ လူတစ်ယောက်အား တွေ့ရသဖြင့် ရှာဖွေစစ်ဆေးခဲ့ရာ အိမ်ဖောက် မာစတာကီးမျိုးစုံနှင့် လွန်ပူအကြီးတစ် ချောင်းတွေ့ရသည်။ ထို့ကြောင့် လှည့်ကင်းအဖွဲ့မှ အိမ်ရှင်အား နှိုး၍ မေးမြန်းခဲ့ရာ အိမ်အတွင်းရှိ ဇက်သော့ ခတ်ထားသည့် စကူဘီ ဆိုင်ကယ်တစ်စီး ပျောက်ဆုံးနေပြီး ကျန် စကူဘီ ဆိုင်ကယ်တစ်စီးမှာ ဇက်သော့များ ဖျက်စီးထားသည်ကိုတွေ့ရှိရသည်။

အဆိုပါ ဖောက်ထွင်းသူခိုး သုံးယောက်အနက် နှစ်ယောက်အား လက်ရဖမ်းဆီးနိုင်ခဲ့သော်လည် ကျန်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နေသဖြင့် လှည့်ကင်းအဖွဲ့မှ ညတွင်းချင်း မြို့အားပိတ်ဆို့ရှာဖွေ ဖမ်းဆီးခဲ့ရာ မနက် ၅ နာရီအချိန်ခန့်တွင် ခိုးရာပါ စကူဘီဆိုင်ကယ်နှင့်အတူ သာစည်ကျေးရွာအနီးတွင် ဖမ်းဆီးရရှိခဲ့ကြောင်း မုံရွာ ခရိုင်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

သတင်း + ဓာတ်ပုံ
ကိုတိုးကြီး ( မုံရွာ) - ကိုတိုး ချင်းတွင်း (facebook)

Share/Bookmark

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ