စဝ္စံထြန္း ေဆး႐ုံတြင္ ကိုဗစ္ -၁၉ ဒုတိယလူနာ ေရာက္ရွိ


သွ်မ္းျပည္ ေတာင္ပိုင္း ေတာင္ႀကီးတြင္ ကိုဗစ္-၁၉ အတည္ျပဳ လူနာအမွတ္ (၁၂၁) တဦးထပ္မံတိုးလာေၾကာင္း ယေန႔ ည ၈နာရီ တြင္က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန ထုတ္ျပန္ခ်က္အရသိရသည္။

ယေန႔ (ဧၿပီ ၂၁)ရက္ ပထမ သုတ္အေနျဖင့္ ကိုဗစ္-၁၉ လူနာ ၂ဦးထပ္တိုးၿပီး၊ တဦးမွာ ေတာင္ႀကီးၿမိဳ႕ တြင္ေနထိုင္ၿပီး အသက္ ၂၁ႏွစ္ အ႐ြယ္ အမ်ိဳးသမီး ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေရးသားထားသည္။

လက္ရွိမွာ ေတာင္ႀကီးၿမိဳ႕ စဝ္စံထြန္း ေဆး႐ုံတြင္ ေဆးကုသ ခံယူေနေၾကာင္း၊ ထို အမ်ိဳးသမီးသည္ ျပည္ပ ႏိုင္ငံျဖစ္သည့္ အဂၤလန္ မွ ျပန္လာသည့္ သူျဖစ္ၿပီး အသြားအလာ ကန႔္သတ္ထားရွိသူျဖစ္ေၾကာင္း လည္း သိရသည္။

ယခု ေတာင္ႀကီးၿမိဳ႕ စဝ္စံထြန္း ေဆး႐ုံတြင္ ကိုဗစ္-၁၉ လူနာ ၂ဦးရွိသြားၿပီး ျဖစ္သျဖင့္ ေတာင္ႀကီးၿမိဳ႕ ေဒသခံမ်ားသည္ စိုးရိမ္ထိတ္လန႔္မႈ မ်ားရွိေနေၾကာင္း ေဒသခံမ်ားက ဆိုသည္။

သွ်မ္းသံေတာ္ဆင့္ သတင္းဌာန မွ ေတာင္ႀကီး စဝ္စံထြန္းေဆး႐ုံသို႔ေရာက္ရွိေနသည့္ ကိုဗစ္ လူနာ အမွတ္ (၁၂၁) ႏွင့္ ပတ္သက္ၿပီး သက္ဆိုင္ရာ ဆရာဝန္ အသီးသီးကို အႀကိမ္ႀကိမ္ ႀကိဳးစား ဆက္သြယ္ေမးျမန္းေသာ္လည္း မရရွိခဲ့ေပ။

သွ်မ္းျပည္ တဝွမ္းတြင္ ကိုဗစ္-၁၉ လူနာ ၆ ဦး ရွိၿပီး စဝ္စံထြန္းေဆး႐ုံတြင္ ကိုဗစ္-၁၉ လူနာ ၂ဦး ရွိၿပီးျဖစ္ကာ သွ်မ္းေရွ႕ က်ိဳင္းတုံ ေဆး႐ုံတြင္ ၃ဦး ႏွင့္ သွ်မ္းေျမာက္ လားရႈိးတြင္ ၁ဦး သို႔ရွိေၾကာင္း က်န္းမာေရး ႏွင့္ အားကစား ဝန္ႀကီး ဌာန ထုတ္ျပန္ထားသည္။

ျမန္မာတဝွမ္းတြင္ ကိုဗစ္-၁၉ လူနာ ၁၂၁ ဦးရွိလာၿပီး ေသဆုံးသူ ၅ဦးရွိလာေၾကာင္းသိရသည္။

Nang Seng Nom - သွ်မ္းသံေတာ္ဆင့္
------------------------------------------------
စဝ်စံထွန်း ဆေးရုံတွင် ကိုဗစ် -၁၉ ဒုတိယလူနာ ရောက်ရှိ

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးတွင် ကိုဗစ်-၁၉ အတည်ပြု လူနာအမှတ် (၁၂၁) တဦးထပ်မံတိုးလာကြောင်း ယနေ့ ည ၈နာရီ တွင်ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရသည်။

ယနေ့ (ဧပြီ ၂၁)ရက် ပထမ သုတ်အနေဖြင့် ကိုဗစ်-၁၉ လူနာ ၂ဦးထပ်တိုးပြီး၊ တဦးမှာ တောင်ကြီးမြို့ တွင်နေထိုင်ပြီး အသက် ၂၁နှစ် အရွယ် အမျိုးသမီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

လက်ရှိမှာ တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံတွင် ဆေးကုသ ခံယူနေကြောင်း၊ ထို အမျိုးသမီးသည် ပြည်ပ နိုင်ငံဖြစ်သည့် အင်္ဂလန် မှ ပြန်လာသည့် သူဖြစ်ပြီး အသွားအလာ ကန့်သတ်ထားရှိသူဖြစ်ကြောင်း လည်း သိရသည်။

ယခု တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံတွင် ကိုဗစ်-၁၉ လူနာ ၂ဦးရှိသွားပြီး ဖြစ်သဖြင့် တောင်ကြီးမြို့ ဒေသခံများသည် စိုးရိမ်ထိတ်လန့်မှု များရှိနေကြောင်း ဒေသခံများက ဆိုသည်။

သျှမ်းသံတော်ဆင့် သတင်းဌာန မှ တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ရောက်ရှိနေသည့် ကိုဗစ် လူနာ အမှတ် (၁၂၁) နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဆရာဝန် အသီးသီးကို အကြိမ်ကြိမ် ကြိုးစား ဆက်သွယ်မေးမြန်းသော်လည်း မရရှိခဲ့ပေ။

သျှမ်းပြည် တဝှမ်းတွင် ကိုဗစ်-၁၉ လူနာ ၆ ဦး ရှိပြီး စဝ်စံထွန်းဆေးရုံတွင် ကိုဗစ်-၁၉ လူနာ ၂ဦး ရှိပြီးဖြစ်ကာ သျှမ်းရှေ့ ကျိုင်းတုံ ဆေးရုံတွင် ၃ဦး နှင့် သျှမ်းမြောက် လားရှိုးတွင် ၁ဦး သို့ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီး ဌာန ထုတ်ပြန်ထားသည်။

မြန်မာတဝှမ်းတွင် ကိုဗစ်-၁၉ လူနာ ၁၂၁ ဦးရှိလာပြီး သေဆုံးသူ ၅ဦးရှိလာကြောင်းသိရသည်။

Nang Seng Nom - သျှမ်းသံတော်ဆင့်
https://burmese.shannews.org/archives/16221
စဝ္စံထြန္း ေဆး႐ုံတြင္ ကိုဗစ္ -၁၉ ဒုတိယလူနာ ေရာက္ရွိ စဝ္စံထြန္း ေဆး႐ုံတြင္ ကိုဗစ္ -၁၉ ဒုတိယလူနာ ေရာက္ရွိ Reviewed by THITHTOOLWIN on 05:55 Rating: 5
Powered by Blogger.