အေမရိကန္မွာ အျမဲတမ္းေနထိုင္ခြင့္ဗီဇာ ရက္ ၆၀ ဆိုင္းငံ့မိန္႔ ထုတ္မယ္


(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါနဲ႔ ရင္ဆုိင္ေနရခ်ိန္မွာ အေမရိကန္ ျပည္ေထာင္စုကုိ ေရႊ႕ေျပာင္းအေျခခ်သူေတြအတြက္ အၿမဲတမ္းေနထုိင္ခြင့္ျပဳေရး အစီအစဥ္ကုိ ရက္ေပါင္း ၆၀ ၾကာ ဆုိင္းငံ့ထားမယ့္ သမၼတအမိန္႔ကုိ ဒီကေန႔ လက္မွတ္ေရးထုိး အတည္ျပဳဖုိ႔ စီစဥ္ထားေၾကာင္း သမၼတ Donald Trump ကေျပာပါတယ္။

ကုိ႐ုိနာဗုိင္းရပ္စ္ ကပ္ေရာဂါကေန တုိင္းျပည္ကုိ ျပန္လည္ထူေထာင္ရမယ့္ အခ်ိန္မွာ အလုပ္လက္မဲ့ အေမရိကန္ ႏုိင္ငံသားေတြကုိ ဦးစားေပးဖုိ႔ ရည္ရြယ္တဲ့အေနနဲ႔ အမိန္႔ထုတ္မွာ ျဖစ္ေၾကာင္းလည္း သတင္းေထာက္ေတြကုိ သမၼတက ေျပာခဲ့တာပါ။ အခုအမိန္႔ဟာ အေမရိကန္ႏုိင္ငံသားေတြအတြက္ အေရးတႀကီး လုိအပ္ေနတဲ့ က်န္းမာေရးဆုိင္ရာ အေထာက္အပံ့ေတြကုိ ေခၽြတာရာေရာက္တယ္လုိ႔လည္း ေျပာပါတယ္။

သမၼတအမိန္႔မွာ ပါ၀င္မယ့္ အခ်က္အလက္ေတြကုိေတာ့ အေသးစိတ္ မထုတ္ျပန္ရေသးပါဘူး။ ဒါေပမဲ့လည္း သမၼတရဲ႕ လူ၀င္မႈႀကီးၾကပ္ေရးအမိန္႔မွာ အလုပ္အကုိင္ကုိ အေျခခံၿပီး အၿမဲတမ္းေနထုိင္ခြင့္ရရွိဖုိ႔ ႀကိဳးပမ္းေနသူေတြသာ အက်ဳံး၀င္မွာျဖစ္ၿပီး အေမရိကန္ ႏုိင္ငံသား မိသားစု၀င္ေတြနဲ႔ ပတ္သက္လုိ႔ ေလွ်ာက္ထားသူေတြေတာ့ ပါ၀င္မွာ မဟုတ္ေၾကာင္းလည္း အေမရိကန္အစုိးရ တာ၀န္ရွိသူေတြက ေျပာပါတယ္။

အခုထုတ္ျပန္မယ့္ အမိန္႔ဟာ ေထာင္၊ ေသာင္းခ်ီတဲ့ ေရႊ႕ေျပာင္းအလုပ္သမားေတြကုိ အားကုိးေနရတဲ့ စုိက္ပ်ဳိးေရးက႑ကုိ ထိခုိက္မွာ မဟုတ္ေၾကာင္းလည္း သမၼတ Trump က ေျပာဆုိထားတာပါ။

သမၼတက ထုတ္ျပန္မယ့္ အမိန္႔ကုိေတာ့ ဒီမုိကရက္တစ္ပါတီက သမၼတေလာင္းအျဖစ္ ယွဥ္ၿပိဳင္ဖုိ႔ ႀကိဳးပမ္းေနတဲ့ ဒုသမၼတေဟာင္း Joe Biden အပါအ၀င္ ေ၀ဖန္သူေတြလည္း ရွိပါတယ္။

ကုိ႐ုိနာဗုိင္းရပ္စ္ အႏၱရာယ္ကုိ သမၼတ Trump ရဲ႕ တုံ႔ျပန္ေဆာင္ရြက္မႈေတြဟာ ေႏွးေကြးလြန္းၿပီး ဒါေတြကုိ အာ႐ုံလဲႊတဲ့ အေနနဲ႔ လူမႈကြန္ရက္ေန႔ ေရႊ႕ေျပာင္း၀င္ေရာက္လာသူေတြအေပၚ ေသြးထုိးလႈံ႔ေဆာ္ရာေရာက္တဲ့ သေဘာထားေတြကုိ ေျပာဆုိေနတယ္လုိ႔လည္း ဒုသမၼတေဟာင္း Biden က မွတ္ခ်က္ေပးခဲ့ပါတယ္။

 ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------------
[Unicode Version]

အမေရိကန်မှာ အမြဲတမ်းနေထိုင်ခွင့်ဗီဇာ ရက် ၆၀ ဆိုင်းငံ့မိန့် ထုတ်မယ်

COVID-19 ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ အမေရိကန် ပြည်ထောင်စုကို ရွှေ့ပြောင်းအခြေချသူတွေအတွက် အမြဲတမ်းနေထိုင်ခွင့်ပြုရေး အစီအစဉ်ကို ရက်ပေါင်း ၆၀ ကြာ ဆိုင်းငံ့ထားမယ့် သမ္မတအမိန့်ကို ဒီကနေ့ လက်မှတ်ရေးထိုး အတည်ပြုဖို့ စီစဉ်ထားကြောင်း သမ္မတ Donald Trump ကပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကနေ တိုင်းပြည်ကို ပြန်လည်ထူထောင်ရမယ့် အချိန်မှာ အလုပ်လက်မဲ့ အမေရိကန် နိုင်ငံသားတွေကို ဦးစားပေးဖို့ ရည်ရွယ်တဲ့အနေနဲ့ အမိန့်ထုတ်မှာ ဖြစ်ကြောင်းလည်း သတင်းထောက်တွေကို သမ္မတက ပြောခဲ့တာပါ။ အခုအမိန့်ဟာ အမေရိကန်နိုင်ငံသားတွေအတွက် အရေးတကြီး လိုအပ်နေတဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အပံ့တွေကို ချွေတာရာရောက်တယ်လို့လည်း ပြောပါတယ်။

သမ္မတအမိန့်မှာ ပါဝင်မယ့် အချက်အလက်တွေကိုတော့ အသေးစိတ် မထုတ်ပြန်ရသေးပါဘူး။ ဒါပေမဲ့လည်း သမ္မတရဲ့ လူဝင်မှုကြီးကြပ်ရေးအမိန့်မှာ အလုပ်အကိုင်ကို အခြေခံပြီး အမြဲတမ်းနေထိုင်ခွင့်ရရှိဖို့ ကြိုးပမ်းနေသူတွေသာ အကျုံးဝင်မှာဖြစ်ပြီး အမေရိကန် နိုင်ငံသား မိသားစုဝင်တွေနဲ့ ပတ်သက်လို့ လျှောက်ထားသူတွေတော့ ပါဝင်မှာ မဟုတ်ကြောင်းလည်း အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

အခုထုတ်ပြန်မယ့် အမိန့်ဟာ ထောင်၊ သောင်းချီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အားကိုးနေရတဲ့ စိုက်ပျိုးရေးကဏ္ဍကို ထိခိုက်မှာ မဟုတ်ကြောင်းလည်း သမ္မတ Trump က ပြောဆိုထားတာပါ။

သမ္မတက ထုတ်ပြန်မယ့် အမိန့်ကိုတော့ ဒီမိုကရက်တစ်ပါတီက သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ဖို့ ကြိုးပမ်းနေတဲ့ ဒုသမ္မတဟောင်း Joe Biden အပါအဝင် ဝေဖန်သူတွေလည်း ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကို သမ္မတ Trump ရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေဟာ နှေးကွေးလွန်းပြီး ဒါတွေကို အာရုံလွဲှတဲ့ အနေနဲ့ လူမှုကွန်ရက်နေ့ ရွှေ့ပြောင်းဝင်ရောက်လာသူတွေအပေါ် သွေးထိုးလှုံ့ဆော်ရာရောက်တဲ့ သဘောထားတွေကို ပြောဆိုနေတယ်လို့လည်း ဒုသမ္မတဟောင်း Biden က မှတ်ချက်ပေးခဲ့ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/trump-immigration/5385140.html
အေမရိကန္မွာ အျမဲတမ္းေနထိုင္ခြင့္ဗီဇာ ရက္ ၆၀ ဆိုင္းငံ့မိန္႔ ထုတ္မယ္ အေမရိကန္မွာ အျမဲတမ္းေနထိုင္ခြင့္ဗီဇာ ရက္ ၆၀ ဆိုင္းငံ့မိန္႔ ထုတ္မယ္ Reviewed by THITHTOOLWIN on 20:39 Rating: 5
Powered by Blogger.