ေရာဂါကူးစက္မႈ ထိန္းခ်ဳပ္ႏိုင္ဖို႔ စစ္ေတြကမ္းေျခကိုပိတ္


(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာ လူေပါင္းေထာင္နဲ႔ခ်ီ လာေရာက္အပန္းေျဖေလ့ရွိတဲ့ စစ္ေတြကမ္းေျခကို ၿမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႕က ဒီေန႔ပိတ္လိုက္ၿပီး ရဲတပ္ဖြဲ႕အင္အားေတြကိုပါ အမ်ားအျပားခ်ထားပါတယ္။

အခုလို ပိတ္မယ့္အေၾကာင္း ကမ္းေျခေလွ်ာက္ မေန႔က လွည့္လည္ေၾကညာခဲ့သလို စားေသာက္ဆိုင္ေတြနဲ႔ အျခားဆိုင္ေတြကိုပါ အသိေပးခဲ့တာပါ။

စစ္ေတြၿမိဳ႕မွာ ကို႐ိုနာဗိုင္းရပ္စ္ ထိန္းခ်ဳပ္ကာကြယ္ေရးနဲ႔ ပတ္သက္လို႔ လူစုလူေဝးမလုပ္ဖို႔ အာဏာပိုင္ေတြက ၿပီးခဲ့တဲ့ ဧၿပီလ ၁၀ ရက္ေန႔ကပင္ အသိေပး ေၾကျငာထားေပမယ့္ မလိုက္နာတဲ့သူေတြ ရွိေနပါတယ္။

ဒါေၾကာင့္ ဒီေန႔မနက္ ၁၀ နာရီေလာက္ကပင္ ကမ္းေျခကို အခုလိုပိတ္လိုက္တာလို႔ စစ္ေတြၿမိဳ႕မိၿမိဳ႕ဖအဖြဲ႕ အတြင္းေရးမႉး ဦးကိုကိုေလးက ေျပာပါတယ္။

ဧၿပီလ ၁၀ ရက္ေန႔က ၃၀ ရက္ေန႔အတြင္း ကမ္းေျခအပါအဝင္ အျခားေနရာေတြမွာပါ လူစုလူေဝးျဖစ္ေစတဲ့ အရာမွန္သမွ်မလုပ္ၾကဖို႔ ၿမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႕က အသိေပးေၾကျငာထားတာပါ။

ဒီေန႔ ကမ္းေျခကိုစတင္ပိတ္လိုက္တဲ့ ကိစၥဟာလည္း ဧၿပီလ ၃၀ ရက္ေန႔အထိ အက်ဳံးဝင္တယ္ဆိုေပမယ့္ အေျခအေနအရ လိုအပ္ရင္လိုအပ္သလို စည္းကမ္းခ်က္ေတြကို ဆက္လက္ေဆာင္႐ြက္မွာျဖစ္တယ္လို႔ သိရပါတယ္။

ဒါေပမဲ့ စစ္ေတြၿမိဳ႕မွာ မေန႔ကအထိ ေဆာင္းေဘာက္ေတြဖြင့္ၿပီး ကားပတ္သူအခ်ိဳ႕နဲ႔ ကမ္းေျခမွာ လာေရာက္ ေရကစားသူေတြရွိခဲ့ေပမယ့္ ဒီေန႔မွာေတာ့ လူသူကင္းမဲ့သြားတာကို ေတြ႕ရပါတယ္။

စစ္ေတြၿမိဳ႕မိၿမိဳ႕ဖအဖြဲ႕ဝင္ တစ္ဦးျဖစ္တဲ့ ဦးသန္းေ႐ႊက ကပ္ေရာဂါေဘးကို ေက်ာ္လႊားႏိုင္ဖို႔အတြက္ လူထုက ပူးေပါင္းပါဝင္ေရးက အေရးႀကီးတယ္လို႔ ေျပာပါတယ္။
ရဲတပ္ဖြဲ႕၊ ေထြအုပ္၊ စည္ပင္၊ ၿမိဳ႕မိၿမိဳ႕ဖေတြပါဝင္တဲ့ ၿမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႕က ကမ္းေျခကို လာေရာက္သူေတြကို အိမ္ျပန္ခိုင္းသလို ၿမိဳ႕ထဲလမ္းေတြကိုပါ လွည့္လည္ၾကည့္ရႈတာေတြကိုလည္း လုပ္ေဆာင္ေနတာပါ။

စစ္ေတြခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ျမင့္ဦးက ျပည္သူေတြကို နားလည္ေအာင္ရွင္းျပတဲ့နည္းကို အသုံးျပဳေနၿပီး ေနာက္ဆုံးမတတ္သာေတာ့မွ တည္ဆဲဥပေဒေတြနဲ႔ အေရးယူတာေတြလုပ္မယ္လို႔ ေျပာပါတယ္။

ႏွစ္ဆန္းတစ္ရက္ေန႔မွာ ဘုရားေက်ာင္းကန္သြားေလ့ရွိတဲ့ ဘာသာေရးကိစၥေတြမွာပါ လူစုလူေဝးေတြမျဖစ္ရ ေအာင္နဲ႔ ပင္စင္စားေတြအတြက္ ပင္စင္လစာထုတ္ေပးေရး ကိစၥအတြက္ပါ က်ယ္ဝန္းတဲ့ခန္းမတစ္ခုကို အသုံးျပဳၿပီး စနစ္တက်ထုတ္ေပးဖို႔အထိပါ စီစဥ္ထားတယ္လို႔ စစ္ေတြခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

စစ္ေတြၿမိဳ႕မွာ လက္ရွိ ျပည္ပကျပန္လာတဲ့ အမ်ိဳးသား၊ အမ်ိဳးသမီး ၁၇ ဦးကို ေစာင့္ၾကည့္ေနၿပီး လက္ရွိအခ်ိန္ အထိေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ မရွိေသးပါဘူး။

မင္းသိန္းေအာင္ / RFA Burmese
---------------------------------------------
(Unicode)⤵⤵⤵
ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ဖို့ စစ်တွေကမ်းခြေကိုပိတ်

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လူပေါင်းထောင်နဲ့ချီ လာရောက်အပန်းဖြေလေ့ရှိတဲ့ စစ်တွေကမ်းခြေကို မြို့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ပိတ်လိုက်ပြီး ရဲတပ်ဖွဲ့အင်အားတွေကိုပါ အများအပြားချထားပါတယ်။

အခုလို ပိတ်မယ့်အကြောင်း ကမ်းခြေလျှောက် မနေ့က လှည့်လည်ကြေညာခဲ့သလို စားသောက်ဆိုင်တွေနဲ့ အခြားဆိုင်တွေကိုပါ အသိပေးခဲ့တာပါ။

စစ်တွေမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်ရေးနဲ့ ပတ်သက်လို့ လူစုလူဝေးမလုပ်ဖို့ အာဏာပိုင်တွေက ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့ကပင် အသိပေး ကြေငြာထားပေမယ့် မလိုက်နာတဲ့သူတွေ ရှိနေပါတယ်။

ဒါကြောင့် ဒီနေ့မနက် ၁၀ နာရီလောက်ကပင် ကမ်းခြေကို အခုလိုပိတ်လိုက်တာလို့ စစ်တွေမြို့မိမြို့ဖအဖွဲ့ အတွင်းရေးမှူး ဦးကိုကိုလေးက ပြောပါတယ်။

ဧပြီလ ၁၀ ရက်နေ့က ၃၀ ရက်နေ့အတွင်း ကမ်းခြေအပါအဝင် အခြားနေရာတွေမှာပါ လူစုလူဝေးဖြစ်စေတဲ့ အရာမှန်သမျှမလုပ်ကြဖို့ မြို့အုပ်ချုပ်ရေးအဖွဲ့က အသိပေးကြေငြာထားတာပါ။

ဒီနေ့ ကမ်းခြေကိုစတင်ပိတ်လိုက်တဲ့ ကိစ္စဟာလည်း ဧပြီလ ၃၀ ရက်နေ့အထိ အကျုံးဝင်တယ်ဆိုပေမယ့် အခြေအနေအရ လိုအပ်ရင်လိုအပ်သလို စည်းကမ်းချက်တွေကို ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ စစ်တွေမြို့မှာ မနေ့ကအထိ ဆောင်းဘောက်တွေဖွင့်ပြီး ကားပတ်သူအချို့နဲ့ ကမ်းခြေမှာ လာရောက် ရေကစားသူတွေရှိခဲ့ပေမယ့် ဒီနေ့မှာတော့ လူသူကင်းမဲ့သွားတာကို တွေ့ရပါတယ်။

စစ်တွေမြို့မိမြို့ဖအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးသန်းရွှေက ကပ်ရောဂါဘေးကို ကျော်လွှားနိုင်ဖို့အတွက် လူထုက ပူးပေါင်းပါဝင်ရေးက အရေးကြီးတယ်လို့ ပြောပါတယ်။
ရဲတပ်ဖွဲ့၊ ထွေအုပ်၊ စည်ပင်၊ မြို့မိမြို့ဖတွေပါဝင်တဲ့ မြို့အုပ်ချုပ်ရေးအဖွဲ့က ကမ်းခြေကို လာရောက်သူတွေကို အိမ်ပြန်ခိုင်းသလို မြို့ထဲလမ်းတွေကိုပါ လှည့်လည်ကြည့်ရှုတာတွေကိုလည်း လုပ်ဆောင်နေတာပါ။

စစ်တွေခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးက ပြည်သူတွေကို နားလည်အောင်ရှင်းပြတဲ့နည်းကို အသုံးပြုနေပြီး နောက်ဆုံးမတတ်သာတော့မှ တည်ဆဲဥပဒေတွေနဲ့ အရေးယူတာတွေလုပ်မယ်လို့ ပြောပါတယ်။

နှစ်ဆန်းတစ်ရက်နေ့မှာ ဘုရားကျောင်းကန်သွားလေ့ရှိတဲ့ ဘာသာရေးကိစ္စတွေမှာပါ လူစုလူဝေးတွေမဖြစ်ရ အောင်နဲ့ ပင်စင်စားတွေအတွက် ပင်စင်လစာထုတ်ပေးရေး ကိစ္စအတွက်ပါ ကျယ်ဝန်းတဲ့ခန်းမတစ်ခုကို အသုံးပြုပြီး စနစ်တကျထုတ်ပေးဖို့အထိပါ စီစဉ်ထားတယ်လို့ စစ်တွေခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

စစ်တွေမြို့မှာ လက်ရှိ ပြည်ပကပြန်လာတဲ့ အမျိုးသား၊ အမျိုးသမီး ၁၇ ဦးကို စောင့်ကြည့်နေပြီး လက်ရှိအချိန် အထိတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မရှိသေးပါဘူး။

မင်းသိန်းအောင် / RFA Burmese
https://www.rfa.org/burmese/news/sittwe-beach-close-04152020075142.html
ေရာဂါကူးစက္မႈ ထိန္းခ်ဳပ္ႏိုင္ဖို႔ စစ္ေတြကမ္းေျခကိုပိတ္ ေရာဂါကူးစက္မႈ ထိန္းခ်ဳပ္ႏိုင္ဖို႔ စစ္ေတြကမ္းေျခကိုပိတ္ Reviewed by THITHTOOLWIN on 20:58 Rating: 5
Powered by Blogger.