ကခ်င္ျပည္နယ္က တ႐ုတ္-ျမန္မာနယ္စပ္ဂိတ္မွာ ကုန္ကား ၃၀၀ ခန႔္ ပိတ္မိေန

ကခ်င္ျပည္နယ္ လြယ္ဂ်ယ္နယ္စပ္ဂိတ္မွာ ပိတ္မိေနတဲ့ ကုန္တင္ကားေတြကို ေတြ႕ရစဥ္ / Photo: RFA
(Zawgyi)⤵⤵⤵
ကခ်င္ျပည္နယ္ လြယ္ဂ်ယ္နယ္စပ္ ကုန္သြယ္ေရးစခန္းကေန တ႐ုတ္ႏိုင္ငံထဲ ဝင္မယ့္ ျမန္မာႏိုင္ငံသား ကုန္တင္ယာဥ္ေမာင္းေတြကို ဒီမနက္ကစၿပီး တ႐ုတ္ဘက္က ဝင္ခြင့္မေပးေတာ့ပါဘူး။ ဒါေၾကာင့္ ဒီေန႔တင္ပို႔မယ့္ ကုန္တင္ယာဥ္အစီးေရ ၃၀၀ ေလာက္ နယ္စပ္ဂိတ္မွာ ပိတ္မိေနပါတယ္။

တ႐ုတ္အာဏာပိုင္ေတြက ကို႐ိုနာဗိုင္းရပ္စ္ေရာဂါေၾကာင့္ဆိုၿပီး အရင္က ယာဥ္ေမာင္းတစ္ေယာက္ပဲ ဝင္ခြင့္ျပဳရာကေန အခု ယာဥ္ေမာင္းေတြကိုပါ ဝင္ခြင့္မေပးေတာ့ဘူးလို႔ ကုန္တင္ယာဥ္ေမာင္း ကိုရဲမင္းေဇာ္က ေျပာပါတယ္။

တ႐ုတ္ဘက္ကေတာ့ ျမန္မာကုန္တင္ယာဥ္ေမာင္းေတြကို လက္မခံေတာ့ဘဲ တ႐ုတ္ႏိုင္ငံက ယာဥ္ေမာင္းေတြကို အစားထိုးဖို႔ဆိုေပမယ္ ကားသမားေတြနဲ႔ ကားပိုင္ရွင္ေတြကေတာ့ သူတို႔ရဲ႕ယာဥ္ေတြ ထိခိုက္ပ်က္စီးမွာကို စိုးရိမ္ေနၾကတယ္လို႔ ယာဥ္ေမာင္း ဦးကိုဦးက ေျပာပါတယ္။

အရင္အတိုင္း ျမန္မာယာဥ္ေမာင္းေတြ ဝင္လို႔ရေအာင္ (ဒါမွမဟုတ္) ဗန္ေမာ္၊ မိုးေမာက္ ကလာတဲ့ သစ္သီးကားေတြကို လြယ္ဂ်ယ္ဂိတ္မွာပဲ ခ်ဖို႔ဆိုၿပီး ႏွစ္ဘက္လုပ္ငန္းရွင္ေတြက ညႇိႏႈိင္းေနဆဲျဖစ္တယ္လို႔ ကခ်င္ျပည္နယ္ လဝက ဝန္ႀကီး ဦးေဇာ္ဝင္းက ေျပာပါတယ္။

ကန္ပိုင္တီ နယ္စပ္ကုန္သြယ္ေရးစခန္းကေန ျမန္မာယာဥ္ေမာင္းေတြ တ႐ုတ္ႏိုင္ငံထဲဝင္ခြင့္ ရ၊ မရဆိုတာကိုေတာ့ မသိရေသးဘူးလို႔လည္း ဝန္ႀကီးကေျပာပါတယ္။

လြယ္ဂ်ယ္ဂိတ္ကေန တစ္ရက္ကို တ႐ုတ္တစ္သ်ဴးငွက္ေပ်ာနဲ႔ ဖရဲသီး ကားအစီးေရ ၃၀၀ ေလာက္ တ႐ုတ္ျပည္ထဲဝင္ေနတာျဖစ္ၿပီး တ႐ုတ္ဘက္က ဝင္တာေတာ့မရွိဘူးလို႔ ကားသမားေတြက ေျပာပါတယ္။

အခုခုခ်ိန္ထိေတာ့ ကခ်င္ျပည္နယ္က တ႐ုတ္ကုန္သြယ္ေရး နယ္စပ္ဂိတ္ေတြကို တရားဝင္ ပိတ္လိုက္တာ မရွိေသးေပမယ့္ ခရီးသည္ အဝင္အထြက္ကိုေတာ့ ဧၿပီလဆန္းကစၿပီး ပိတ္လိုက္ၿပီျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါေတြ႕သူ ရွိလာတာနဲ႔ တ႐ုတ္-ျမန္မာ နယ္စပ္ဂိတ္ေတြကေန ျမန္မာႏိုင္ငံသား ယာဥ္ေမာင္းဝင္ေရာက္မႈကို တ႐ုတ္ဘက္က စတင္ ကန႔္သတ္လာတာပါ။

တ႐ုတ္ႏိုင္ငံမွာ ကို႐ိုနာေရာဂါ စတင္ျဖစ္ပြားခ်ိန္မွာေတာ့ တ႐ုတ္ဘက္က ကန႔္သတ္ပိတ္ခဲ့တာ မရွိခဲ့သလို ျမန္မာဘက္ကလည္း ကန႔္သတ္ပိတ္ခဲ့တာေတြ မရွိခဲ့ပါဘူး။

အဲလိဇဘက္ဂ်န္မာ / RFA Burmese
-----------------------------------------------
(Unicode)⤵⤵⤵
ကချင်ပြည်နယ်က တရုတ်-မြန်မာနယ်စပ်ဂိတ်မှာ ကုန်ကား ၃၀၀ ခန့် ပိတ်မိနေ

ကချင်ပြည်နယ် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းကနေ တရုတ်နိုင်ငံထဲ ဝင်မယ့် မြန်မာနိုင်ငံသား ကုန်တင်ယာဉ်မောင်းတွေကို ဒီမနက်ကစပြီး တရုတ်ဘက်က ဝင်ခွင့်မပေးတော့ပါဘူး။ ဒါကြောင့် ဒီနေ့တင်ပို့မယ့် ကုန်တင်ယာဉ်အစီးရေ ၃၀၀ လောက် နယ်စပ်ဂိတ်မှာ ပိတ်မိနေပါတယ်။

တရုတ်အာဏာပိုင်တွေက ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့်ဆိုပြီး အရင်က ယာဉ်မောင်းတစ်ယောက်ပဲ ဝင်ခွင့်ပြုရာကနေ အခု ယာဉ်မောင်းတွေကိုပါ ဝင်ခွင့်မပေးတော့ဘူးလို့ ကုန်တင်ယာဉ်မောင်း ကိုရဲမင်းဇော်က ပြောပါတယ်။

တရုတ်ဘက်ကတော့ မြန်မာကုန်တင်ယာဉ်မောင်းတွေကို လက်မခံတော့ဘဲ တရုတ်နိုင်ငံက ယာဉ်မောင်းတွေကို အစားထိုးဖို့ဆိုပေမယ် ကားသမားတွေနဲ့ ကားပိုင်ရှင်တွေကတော့ သူတို့ရဲ့ယာဉ်တွေ ထိခိုက်ပျက်စီးမှာကို စိုးရိမ်နေကြတယ်လို့ ယာဉ်မောင်း ဦးကိုဦးက ပြောပါတယ်။

အရင်အတိုင်း မြန်မာယာဉ်မောင်းတွေ ဝင်လို့ရအောင် (ဒါမှမဟုတ်) ဗန်မော်၊ မိုးမောက် ကလာတဲ့ သစ်သီးကားတွေကို လွယ်ဂျယ်ဂိတ်မှာပဲ ချဖို့ဆိုပြီး နှစ်ဘက်လုပ်ငန်းရှင်တွေက ညှိနှိုင်းနေဆဲဖြစ်တယ်လို့ ကချင်ပြည်နယ် လဝက ဝန်ကြီး ဦးဇော်ဝင်းက ပြောပါတယ်။

ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေးစခန်းကနေ မြန်မာယာဉ်မောင်းတွေ တရုတ်နိုင်ငံထဲဝင်ခွင့် ရ၊ မရဆိုတာကိုတော့ မသိရသေးဘူးလို့လည်း ဝန်ကြီးကပြောပါတယ်။

လွယ်ဂျယ်ဂိတ်ကနေ တစ်ရက်ကို တရုတ်တစ်သျူးငှက်ပျောနဲ့ ဖရဲသီး ကားအစီးရေ ၃၀၀ လောက် တရုတ်ပြည်ထဲဝင်နေတာဖြစ်ပြီး တရုတ်ဘက်က ဝင်တာတော့မရှိဘူးလို့ ကားသမားတွေက ပြောပါတယ်။

အခုခုချိန်ထိတော့ ကချင်ပြည်နယ်က တရုတ်ကုန်သွယ်ရေး နယ်စပ်ဂိတ်တွေကို တရားဝင် ပိတ်လိုက်တာ မရှိသေးပေမယ့် ခရီးသည် အဝင်အထွက်ကိုတော့ ဧပြီလဆန်းကစပြီး ပိတ်လိုက်ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါတွေ့သူ ရှိလာတာနဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကနေ မြန်မာနိုင်ငံသား ယာဉ်မောင်းဝင်ရောက်မှုကို တရုတ်ဘက်က စတင် ကန့်သတ်လာတာပါ။

တရုတ်နိုင်ငံမှာ ကိုရိုနာရောဂါ စတင်ဖြစ်ပွားချိန်မှာတော့ တရုတ်ဘက်က ကန့်သတ်ပိတ်ခဲ့တာ မရှိခဲ့သလို မြန်မာဘက်ကလည်း ကန့်သတ်ပိတ်ခဲ့တာတွေ မရှိခဲ့ပါဘူး။

အဲလိဇဘက်ဂျန်မာ / RFA Burmese
https://www.rfa.org/burmese/news/trucks-are-blocked-in-kachin-border-04132020062032.html
ကခ်င္ျပည္နယ္က တ႐ုတ္-ျမန္မာနယ္စပ္ဂိတ္မွာ ကုန္ကား ၃၀၀ ခန႔္ ပိတ္မိေန ကခ်င္ျပည္နယ္က တ႐ုတ္-ျမန္မာနယ္စပ္ဂိတ္မွာ ကုန္ကား ၃၀၀ ခန႔္ ပိတ္မိေန Reviewed by THITHTOOLWIN on 17:34 Rating: 5
Powered by Blogger.