

(Zawgyi)⤵⤵⤵

ကျောက်မဲ ဧပြီလ ၇ ရက် ၊





-------------------------------------------------------------

(Unicode)⤵⤵⤵
ခင်ပွန်းက ငွေကျပ် ၅၀၀၀ မပေးလို့ဇနီးဖြစ်သူ မိမိကိုယ်မိမိ ဓါတ်ဆီလောင်းမီးရှို့ မှုဖြစ်ပွား
မိမိကိုယ်မိမိ ဓါတ်ဆီလောင်းမီးရှို့ မှုဖြစ်ပွား

ကျောက်မဲ ဧပြီလ ၇ ရက် ၊

ကျောက်မဲမြို့တွင် အသက် ၂၄ နှစ်အရွယ်အမျိုးသမီးတစ်ဦး မိမိကိုယ်မိမိဓါတ်ဆီလောင်းမီးရှို့မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ကျောက်မဲမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်၊

ဖြစ်စဉ်မှာ ဧပြီလ ၇ ရက်နေ့ ညနေ ၃နာရီကျော်အချိန်ခန့်က ကျောက်မဲမြို့ ၂ ရပ်ကွက် ကျောက်တောင်ကွက်သစ်ရပ်နေ မောင် × × × ၏ဇနီးဖြစ်သူ မ × × × ( ၂၄ နှစ် )က ခင်ပွန်းထံအပြင်သွားရန်အတွက် ငွေကျပ် ၅၀၀၀ တောင်းခံခဲ့ရာ ခင်ပွန်းဖြစ်သူက အင်္ကျီလဲနေသဖြင့် ခဏနေမှယူရန်ပြောဆိုခဲ့သဖြင့် ဇနီးဖြစ်သူကအိမ်အပြင်ထွက်သွားပြီးဓါတ်ဆီတစ်ဗူးသွားရောက်ဝယ်ယူကာ မိမိကိုယ်မိမိဓါတ်ဆီဖြင့်လောင်း၍မီးရှို့ခဲ့သဖြင့် ခင်ပွန်းဖြစ်သူမှစောင်ဖြင့်မီးငြိမ်းသတ်ပေးခဲ့ရကြောင်းသိရသည်။

မီးလောင်ကျွမ်းမှုကြောင့် မ××× ၏ခန္ဓကိုယ်တစ်ခုလုံးမီးလောင်ကျွမ်းခဲ့ပြီးမီးလောင်မှုဖြစ်ပွားခဲ့သော မ × × × ကို နာရေးကူညီမှုအသင်း ( ကျောက်မဲ )မှ ခရိုင်ဆေးရုံကြီးသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရသည် ၊

သို့ဖြစ်ပါ၍ မိမိကိုယ်ကိုသေစေန်ရန်အလို့ငှာ ဓါတ်ဆီလောင်းမီးရှို့ခဲ့သူ မ × × × ( ၂၄ နှစ် )ကို ကျောက်မဲမြို့မရဲစခန်းမှ ( ပ ) ၃၂/၂၀၂၀ ၊ ရာဇသတ်ကြီးပုဒ်မ - ၃၀၉ ဖြင့်အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည် ။

မင်္ဂလာထွန်း ( ကျောက်မဲ ) - facebook

ခင်ပွန်းက ငွေကျပ် ၅၀၀၀ မပေးလို့ ဇနီးဖြစ်သူ မိမိကိုယ်မိမိ ဓါတ်ဆီလောင်းမီးရှို့ မှုဖြစ်ပွား ခင်ပွန်းက ငွေကျပ် ၅၀၀၀ မပေးလို့ ဇနီးဖြစ်သူ မိမိကိုယ်မိမိ ဓါတ်ဆီလောင်းမီးရှို့ မှုဖြစ်ပွား Reviewed by THITHTOOLWIN on 04:24 Rating: 5
Powered by Blogger.