ကို႐ိုနာဗိုင္းရပ္စ္ လူနာအမွတ္ ၁၇ ကြယ္လြန္

(Zawgyi)⤵⤵⤵

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရ လူနာ အမွတ္ ၁၇ ျဖစ္တဲ့ ပဲခူးတိုင္း ျပည္ခ႐ိုင္ ေပါက္ေခါင္းၿမိဳ႕နယ္ ဒုတိယ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဒီမနက္ ေသဆုံးသြားၿပီလို႔ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးဝင္းႏိုင္က ေျပာပါတယ္။

က်န္းမာေရးဌာန အရာရွိတစ္ဦးကလည္း လူနာဟာ ဒီေန႔မနက္ ၃:၄၀ အခ်ိန္က ျပည္ေဆး႐ုံမွာ ကြယ္လြန္ခဲ့တာလို႔ ေျပာပါတယ္။

“ကိုဗစ္19 ေၾကာင့္ ေသြးဆိပ္တက္ျခင္းႏွင့္ ျပင္းထန္ အသက္ရႉလမ္းေၾကာင္းေရာဂါေၾကာင့္ ေသဆုံးရျခင္းျဖစ္ပါသည္” လို႔ ျပည္သူ႔က်န္းမာေရး ဦးစီးဌာန ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာေဒၚခင္ခင္ႀကီးက သူ႔ Facebook စာမ်က္ႏွာမွာ ေရးထားပါတယ္။

လူနာအမွတ္ ၁၇ ဟာ ေရာဂါအေျခအေနဆိုးတာေၾကာင့္ ျပည္ေဆး႐ုံ အထူးၾကပ္မတ္ေဆာင္မွာ ႏွစ္ရက္ေလာက္ ကုသမႈခံယူခဲ့သူပါ။

သူဟာ လူနာအမွတ္ ၁၅ ျဖစ္တဲ့ သူ႔ဇနီးသည္ဆီကေန ကူးစက္ခံရတာလို႔ သိရပါတယ္။

အခုဆိုရင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ႏွစ္ဦး ရွိလာပါၿပီ။

ပထမဆုံး ေသဆုံးသူကေတာ့ ရန္ကုန္ မဂၤလာေတာင္ၫႊန္ၿမိဳ႕နယ္က အသက္ ၆၉ႏွစ္အ႐ြယ္ လူနာအမွတ္ ၅ ျဖစ္ၿပီး ေဝဘာဂီေဆး႐ုံမွာ ကုသမႈခံယူစဥ္ မတ္လ ၃၁ ရက္ေန႔က ကြယ္လြန္ခဲ့ပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese/?epa=SEARCH_BOX
-------------
(Unicode)⤵⤵⤵

ကိုရိုနာဗိုင်းရပ်စ် လူနာအမှတ် ၁၇ ကွယ်လွန်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ လူနာ အမှတ် ၁၇ ဖြစ်တဲ့ ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဒီမနက် သေဆုံးသွားပြီလို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က ပြောပါတယ်။

ကျန်းမာရေးဌာန အရာရှိတစ်ဦးကလည်း လူနာဟာ ဒီနေ့မနက် ၃:၄၀ အချိန်က ပြည်ဆေးရုံမှာ ကွယ်လွန်ခဲ့တာလို့ ပြောပါတယ်။

“ကိုဗစ်19 ကြောင့် သွေးဆိပ်တက်ခြင်းနှင့် ပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါကြောင့် သေဆုံးရခြင်းဖြစ်ပါသည်” လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ခင်ခင်ကြီးက သူ့ Facebook စာမျက်နှာမှာ ရေးထားပါတယ်။

လူနာအမှတ် ၁၇ ဟာ ရောဂါအခြေအနေဆိုးတာကြောင့် ပြည်ဆေးရုံ အထူးကြပ်မတ်ဆောင်မှာ နှစ်ရက်လောက် ကုသမှုခံယူခဲ့သူပါ။

သူဟာ လူနာအမှတ် ၁၅ ဖြစ်တဲ့ သူ့ဇနီးသည်ဆီကနေ ကူးစက်ခံရတာလို့ သိရပါတယ်။

အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နှစ်ဦး ရှိလာပါပြီ။

ပထမဆုံး သေဆုံးသူကတော့ ရန်ကုန် မင်္ဂလာတောင်ညွှန်မြို့နယ်က အသက် ၆၉နှစ်အရွယ် လူနာအမှတ် ၅ ဖြစ်ပြီး ဝေဘာဂီဆေးရုံမှာ ကုသမှုခံယူစဉ် မတ်လ ၃၁ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/?epa=SEARCH_BOX
ကို႐ိုနာဗိုင္းရပ္စ္ လူနာအမွတ္ ၁၇ ကြယ္လြန္ ကို႐ိုနာဗိုင္းရပ္စ္ လူနာအမွတ္ ၁၇ ကြယ္လြန္ Reviewed by THITHTOOLWIN on 09:14 Rating: 5
Powered by Blogger.