အလုပ္ဆင္းရင္ လူေတြခပ္ခြာခြာေနလို႔ ျဖစ္ႏိုင္မလား

ပုံမွန္အေျခအေနတုန္းက အထည္ခ်ဳပ္လုပ္ငန္းခြင္
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံမွာ အခုႏွစ္သစ္ရက္အားရက္ရွည္အတြက္ေရာ၊ ကို႐ိုနာဗိုင္းရပ္စ္ျပန႔္ပြားမႈ တားဆီးေရးအတြက္ေရာ အလုပ္ေတြပိတ္ထားတာက မၾကာခင္ကုန္ဆုံးေတာ့မွာျဖစ္ၿပီး ဧၿပီလ ၂၀ ရက္ တနလၤာေန႔က စလို႔ အလုပ္ေတြ ျပန္ဆင္းၾကရေတာ့မွာပါ။ ကို႐ိုနာဗိုင္းရပ္စ္ျပန႔္ပြားမႈ ထိန္းခ်ဳပ္တားဆီးႏိုင္ေရးအတြက္ လူေတြခပ္ခြာခြာေနၾကဖို႔ (Social Distancing) ကို ျမန္မာႏိုင္ငံ အပါအဝင္ ကမာၻ႔ႏိုင္ငံအသီးသီးမွာ တိုက္တြန္းေနၾကပါတယ္။

လူေတြ ခပ္ခြာခြာေနေစတာကို အခ်ိန္ေစာေစာကတည္းက စည္းမ်ဥ္းခ်လိုက္ႏိုင္တဲ့ ႏိုင္ငံေတြမွာ ကိုဗစ္-၁၉ ေရာဂါထိန္းခ်ဳပ္ေရးအတြက္ ေကာင္းက်ိဳးမ်ားစြာျဖစ္ခဲ့ေၾကာင္း က်န္းမာေရးပညာရွင္ေတြက ေထာက္ျပၾကသလို ဒီလိုလူေတြ လိုက္နာေနထိုင္ေစၾကရတာက ေရာဂါထိန္းခ်ဳပ္ေရးအတြက္ အစိုးရတရပ္အဖို႔ အဓိကလုပ္ရတဲ့ လုပ္ငန္းတခုပါ။

ျမန္မာအစိုးရအေနနဲ႔ မတ္လကုန္ေလာက္ကတည္းက စက္႐ုံ၊အလုပ္႐ုံေတြ အပါအဝင္ လုပ္ငန္းခြင္ေနရာေတြအတြက္ ထုတ္ျပန္ထားတဲ့ လမ္းၫႊန္ခ်က္ေတြထဲမွာ လူေတြခပ္ခြာခြာေနၾကဖို႔ (Social Distancing)အတြက္ လမ္းၫႊန္ထားခ်က္ေတြလည္း ပါဝင္ပါတယ္။

အလုပ္ရွင္ေတြအေနနဲ႔ အလုပ္သမားေတြအတြက္ အလုပ္သြား၊ အလုပ္ျပန္ ဖယ္ရီကားေတြ စီစဥ္ေပးဖို႔၊ အလုပ္ခြင္အတြင္းမွာလည္း တေယာက္နဲ႔ တေယာက္ ၃ ေပကြာေအာင္ ေနၾက၊ အလုပ္လုပ္ၾကေစဖို႔ စည္းမ်ဥ္းေတြခ်ထားပါလို႔ အစိုးရအေနနဲ႔ လမ္းၫႊန္ထားပါတယ္။
 ေဈးထဲမွာ လူေတြခပ္ခြာခြာေနၾကဖို႔ အဆင္မေျပေသး
ရန္ကုန္ၿမိဳ႕ လွည္းတန္းမွာေနတဲ့ အိမ္ရွင္မတေယာက္ကေတာ့ အလုပ္ေတြျပန္ဆင္းရမယ့္ အခ်ိန္ဆိုရင္ ရန္ကုန္က YBS ဘတ္စ္ကားေတြ လူေတြမ်ားလာမွာ စိုးရိမ္တယ္၊ အခုေဈးထဲမွာလည္း လူေတြ အမ်ားႀကီး သြားလာေနၾကတာက စိုးရိမ္စရာလို႔ ဘီဘီစီကို ေျပာပါတယ္။

အလုပ္ရွင္ေတြအတြက္ လမ္းၫႊန္ထားေပမယ့္လည္း တကယ္ၫႊန္ၾကားတဲ့အတိုင္း လိုက္နာၿပီး အလုပ္သမားေတြ တေယာက္နဲ႔ တေယာက္ ခပ္ခြာခြာနဲ႔ ခရီးသြားႏိုင္၊ အလုပ္ခြင္ထဲ ေနႏိုင္၊ အလုပ္လုပ္ႏိုင္ေလာက္ေအာင္ အတြက္ စီစဥ္လုပ္ကိုင္ႏိုင္မလား ဆိုတာကလည္း ေမးခြန္းထုတ္စရာပါ။

ရန္ကုန္အလုပ္သမားေဆး႐ုံႀကီးက အထူးကုဆရာဝန္ႀကီးတေယာက္က စက္႐ုံ၊ အလုပ္႐ုံေတြထဲမွာ တေယာက္ေယာက္ကေန ကူးစက္တာျဖစ္ရင္ ႐ုတ္တရက္ လူအမ်ားကို ပ်ံ႕ႏွံ႔သြားမွာကို စိုးရိမ္တယ္လို႔ ဆိုပါတယ္။

ေဒါက္တာ တင္မင္းထြန္းက “စက္႐ုံ၊ အလုပ္႐ုံေတြဖြင့္ထားလို႔ အလုပ္ေတြဆင္းၾကရရင္ ေရာဂါ႐ုတ္တရက္အမ်ားအျပားထျဖစ္သြားတဲ့ (Outbreak) ျဖစ္ႏိုင္ေျခက ပိုမ်ားသြားတယ္၊ ကြၽန္ေတာ္တို႔ ႏိုင္ငံမွာရွိတဲ့ က်န္းမာေရးေစာင့္ေရွာက္မႈေပးတဲ့ အင္အားစုက ႐ုတ္တရက္အဲဒီလို ဝုန္းကနဲ ထျဖစ္ရင္ ေတာင့္ခံႏိုင္မွာ မဟုတ္ဘူး” လို႔ ေျပာပါတယ္။

“သူတို႔ဟာအေျခခံ လူတန္းစားေတြျဖစ္ၿပီး တအိမ္ထဲ၊ တေဆာင္ထဲမွာ စုၿပဳံေနၾကရတာ” လို႔လည္း သူက ေျပာပါတယ္။

ဒါေပမဲ့ စက္႐ုံအလုပ္႐ုံေတြ ပိတ္ထားရရင္ေရာ။ အဲဒီေ႐ြးခ်ယ္စရာကလည္း သိပ္မေကာင္းလွပါဘူး၊ လူေတြရဲ႕ ဝင္ေငြထိခိုက္လာသလို၊ ႏိုင္ငံ့စီးပြားေရးလည္း ထိခိုက္လာမွာပါ။

“စက္႐ုံေတြဖြင့္လို႔ Outbreak ျဖစ္ရင္ လူေတြကို ကုသရလို႔ ကုန္သြားမယ့္ကုန္က်စရိတ္က ပိတ္ထားလို႔ျဖစ္တဲ့ ကုန္က်စရိတ္ထက္မ်ားမွာ၊ လူ႔အသက္ေတြေပးရမွာ” စတာေတြကိုလည္း ထည့္တြက္ရမွာလို႔ အထူးကုဆရာဝန္ႀကီးက ဆက္ေျပာျပပါတယ္။

အိႏၵိယမွာ အလုပ္႐ုံ၊စက္႐ုံေတြ အပါအဝင္ႏိုင္ငံကို ပိတ္ခ်လိုက္တဲ့အခါ အလုပ္လက္မဲ့ သန္းနဲ႔ခ်ီျဖစ္ခဲ့ၿပီး၊ တရားဝင္မွတ္ပုံတင္အလုပ္သမားစာရင္းျပင္ပက အလုပ္သမား (Informal Workers) ေတြလည္း စားဝတ္ေနေရးအတြက္ အခက္အခဲေတြ ေတြ႕ကုန္ပါတယ္။

ဒါေတာင္ အိႏၵိယအစိုးရက အေျခခံအလုပ္သမားေတြအတြက္ အခ်ိန္ကာလ ၃ လ တိုင္ အစားအစာေထာက္ပံ့ေရးအပါအဝင္ သူ႔ႏိုင္ငံ စီးပြားေရးကို ေထာက္ကူဖို႔အတြက္ အေမရိကန္ ေဒၚလာ ၂၂ ဘီလီယံ ကို သုံးမယ္လို႔ ေၾကညာထားတာပါ။

ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးေအာင္ႏိုင္ဦးကေတာ့ "ျမန္မာႏိုင္ငံသားအမ်ားစုဟာ (လူေတြ ခပ္ခြာခြာေနရမယ္ဆိုတဲ့) Social/Phycial Distancing ကို သိပ္ၿပီးေတာ့နားမလည္ၾကေသးဘူး၊ အဲဒီလို လုပ္ရတာ အေရးႀကီးတယ္ဆိုတာနဲ႔ (ကိုဗစ္-၁၉) ေရာဂါကာကြယ္ေရးအတြက္ ထိေရာက္မႈရွိတယ္ဆိုတာ မသိျမင္ၾကေသးဘူး"၊ "သိျမင္လာေအာင္ လုပ္ေပးဖို႔၊ ပညာေပးဖို႔ လိုအပ္ေနတယ္၊ အခုထက္ ပိုၿပီးအရွိန္ျမင့္ေဆာင္႐ြက္ဖို႔လိုတယ္" လို႔ သူ႔အျမင္ကို ဘီဘီစီ ကို ေျပာပါတယ္။

လုပ္ငန္းခြင္ေတြထဲမွာ လူေတြခပ္ခြာခြာေနဖို႔ လုပ္ထားၾကတယ္ဆိုတာ တကယ္အလုပ္ျဖစ္ေနလားဆိုတာ ေစာင့္ၾကပ္ၾကည့္ရႈတဲ့အဖြဲ႕မ်ိဳး သက္ဆိုင္ရာအႀကီးအကဲေတြက စီစဥ္ထားဖို႔ လိုသလို၊ အလုပ္ခြင္ေတြထဲမွာ လူေတြခပ္ခြာခြာေနႏိုင္ဖို႔ မစီစဥ္ထားဘူး၊ မျဖစ္ေနဘူးဆိုရင္ "ထိေရာက္တဲ့အေရးယူေဆာင္႐ြက္မႈကို ၾကပ္ၾကပ္မတ္မတ္လုပ္ေဆာင္ဖို႔ အေရးႀကီးတယ္" လို႔ သူက ေျပာပါတယ္။

ျမန္မာႏိုင္ငံအဖို႔ ကို႐ိုနာဗိုင္းရပ္စ္ျပန႔္ပြားမႈ တားဆီးေရးနဲ႔အတူ ပါလာတဲ့ စိန္ေခၚခ်က္ေတြက အမ်ားအျပားပါ။

အဲဒီထဲမွာ လူေတြကို ခပ္ခြာခြာေနေစတဲ့ လမ္းၫႊန္ခ်က္နဲ႔ အညီ စက္႐ုံ၊ အလုပ္႐ုံေတြ ဘယ္လို လည္ပတ္ေစမလဲဆိုတဲ့ အစိုးရအတြက္ စိမ္ေခၚခ်က္ကလည္း အႀကီးအမားပါ။

BBC Burmese
--------------------------------------------
(Unicode)⤵⤵⤵
အလုပ်ဆင်းရင် လူတွေခပ်ခွာခွာနေလို့ ဖြစ်နိုင်မလား

မြန်မာနိုင်ငံမှာ အခုနှစ်သစ်ရက်အားရက်ရှည်အတွက်ရော၊ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု တားဆီးရေးအတွက်ရော အလုပ်တွေပိတ်ထားတာက မကြာခင်ကုန်ဆုံးတော့မှာဖြစ်ပြီး ဧပြီလ ၂၀ ရက် တနင်္လာနေ့က စလို့ အလုပ်တွေ ပြန်ဆင်းကြရတော့မှာပါ။ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ထိန်းချုပ်တားဆီးနိုင်ရေးအတွက် လူတွေခပ်ခွာခွာနေကြဖို့ (Social Distancing) ကို မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ တိုက်တွန်းနေကြပါတယ်။

လူတွေ ခပ်ခွာခွာနေစေတာကို အချိန်စောစောကတည်းက စည်းမျဉ်းချလိုက်နိုင်တဲ့ နိုင်ငံတွေမှာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးအတွက် ကောင်းကျိုးများစွာဖြစ်ခဲ့ကြောင်း ကျန်းမာရေးပညာရှင်တွေက ထောက်ပြကြသလို ဒီလိုလူတွေ လိုက်နာနေထိုင်စေကြရတာက ရောဂါထိန်းချုပ်ရေးအတွက် အစိုးရတရပ်အဖို့ အဓိကလုပ်ရတဲ့ လုပ်ငန်းတခုပါ။

မြန်မာအစိုးရအနေနဲ့ မတ်လကုန်လောက်ကတည်းက စက်ရုံ၊အလုပ်ရုံတွေ အပါအဝင် လုပ်ငန်းခွင်နေရာတွေအတွက် ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေထဲမှာ လူတွေခပ်ခွာခွာနေကြဖို့ (Social Distancing)အတွက် လမ်းညွှန်ထားချက်တွေလည်း ပါဝင်ပါတယ်။

အလုပ်ရှင်တွေအနေနဲ့ အလုပ်သမားတွေအတွက် အလုပ်သွား၊ အလုပ်ပြန် ဖယ်ရီကားတွေ စီစဉ်ပေးဖို့၊ အလုပ်ခွင်အတွင်းမှာလည်း တယောက်နဲ့ တယောက် ၃ ပေကွာအောင် နေကြ၊ အလုပ်လုပ်ကြစေဖို့ စည်းမျဉ်းတွေချထားပါလို့ အစိုးရအနေနဲ့ လမ်းညွှန်ထားပါတယ်။

ရန်ကုန်မြို့ လှည်းတန်းမှာနေတဲ့ အိမ်ရှင်မတယောက်ကတော့ အလုပ်တွေပြန်ဆင်းရမယ့် အချိန်ဆိုရင် ရန်ကုန်က YBS ဘတ်စ်ကားတွေ လူတွေများလာမှာ စိုးရိမ်တယ်၊ အခုဈေးထဲမှာလည်း လူတွေ အများကြီး သွားလာနေကြတာက စိုးရိမ်စရာလို့ ဘီဘီစီကို ပြောပါတယ်။

အလုပ်ရှင်တွေအတွက် လမ်းညွှန်ထားပေမယ့်လည်း တကယ်ညွှန်ကြားတဲ့အတိုင်း လိုက်နာပြီး အလုပ်သမားတွေ တယောက်နဲ့ တယောက် ခပ်ခွာခွာနဲ့ ခရီးသွားနိုင်၊ အလုပ်ခွင်ထဲ နေနိုင်၊ အလုပ်လုပ်နိုင်လောက်အောင် အတွက် စီစဉ်လုပ်ကိုင်နိုင်မလား ဆိုတာကလည်း မေးခွန်းထုတ်စရာပါ။

ရန်ကုန်အလုပ်သမားဆေးရုံကြီးက အထူးကုဆရာဝန်ကြီးတယောက်က စက်ရုံ၊ အလုပ်ရုံတွေထဲမှာ တယောက်ယောက်ကနေ ကူးစက်တာဖြစ်ရင် ရုတ်တရက် လူအများကို ပျံ့နှံ့သွားမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။

ဒေါက်တာ တင်မင်းထွန်းက “စက်ရုံ၊ အလုပ်ရုံတွေဖွင့်ထားလို့ အလုပ်တွေဆင်းကြရရင် ရောဂါရုတ်တရက်အများအပြားထဖြစ်သွားတဲ့ (Outbreak) ဖြစ်နိုင်ခြေက ပိုများသွားတယ်၊ ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ အင်အားစုက ရုတ်တရက်အဲဒီလို ဝုန်းကနဲ ထဖြစ်ရင် တောင့်ခံနိုင်မှာ မဟုတ်ဘူး” လို့ ပြောပါတယ်။

“သူတို့ဟာအခြေခံ လူတန်းစားတွေဖြစ်ပြီး တအိမ်ထဲ၊ တဆောင်ထဲမှာ စုပြုံနေကြရတာ” လို့လည်း သူက ပြောပါတယ်။

ဒါပေမဲ့ စက်ရုံအလုပ်ရုံတွေ ပိတ်ထားရရင်ရော။ အဲဒီရွေးချယ်စရာကလည်း သိပ်မကောင်းလှပါဘူး၊ လူတွေရဲ့ ဝင်ငွေထိခိုက်လာသလို၊ နိုင်ငံ့စီးပွားရေးလည်း ထိခိုက်လာမှာပါ။

“စက်ရုံတွေဖွင့်လို့ Outbreak ဖြစ်ရင် လူတွေကို ကုသရလို့ ကုန်သွားမယ့်ကုန်ကျစရိတ်က ပိတ်ထားလို့ဖြစ်တဲ့ ကုန်ကျစရိတ်ထက်များမှာ၊ လူ့အသက်တွေပေးရမှာ” စတာတွေကိုလည်း ထည့်တွက်ရမှာလို့ အထူးကုဆရာဝန်ကြီးက ဆက်ပြောပြပါတယ်။

အိန္ဒိယမှာ အလုပ်ရုံ၊စက်ရုံတွေ အပါအဝင်နိုင်ငံကို ပိတ်ချလိုက်တဲ့အခါ အလုပ်လက်မဲ့ သန်းနဲ့ချီဖြစ်ခဲ့ပြီး၊ တရားဝင်မှတ်ပုံတင်အလုပ်သမားစာရင်းပြင်ပက အလုပ်သမား (Informal Workers) တွေလည်း စားဝတ်နေရေးအတွက် အခက်အခဲတွေ တွေ့ကုန်ပါတယ်။

ဒါတောင် အိန္ဒိယအစိုးရက အခြေခံအလုပ်သမားတွေအတွက် အချိန်ကာလ ၃ လ တိုင် အစားအစာထောက်ပံ့ရေးအပါအဝင် သူ့နိုင်ငံ စီးပွားရေးကို ထောက်ကူဖို့အတွက် အမေရိကန် ဒေါ်လာ ၂၂ ဘီလီယံ ကို သုံးမယ်လို့ ကြေညာထားတာပါ။

ရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးကတော့ "မြန်မာနိုင်ငံသားအများစုဟာ (လူတွေ ခပ်ခွာခွာနေရမယ်ဆိုတဲ့) Social/Phycial Distancing ကို သိပ်ပြီးတော့နားမလည်ကြသေးဘူး၊ အဲဒီလို လုပ်ရတာ အရေးကြီးတယ်ဆိုတာနဲ့ (ကိုဗစ်-၁၉) ရောဂါကာကွယ်ရေးအတွက် ထိရောက်မှုရှိတယ်ဆိုတာ မသိမြင်ကြသေးဘူး"၊ "သိမြင်လာအောင် လုပ်ပေးဖို့၊ ပညာပေးဖို့ လိုအပ်နေတယ်၊ အခုထက် ပိုပြီးအရှိန်မြင့်ဆောင်ရွက်ဖို့လိုတယ်" လို့ သူ့အမြင်ကို ဘီဘီစီ ကို ပြောပါတယ်။

လုပ်ငန်းခွင်တွေထဲမှာ လူတွေခပ်ခွာခွာနေဖို့ လုပ်ထားကြတယ်ဆိုတာ တကယ်အလုပ်ဖြစ်နေလားဆိုတာ စောင့်ကြပ်ကြည့်ရှုတဲ့အဖွဲ့မျိုး သက်ဆိုင်ရာအကြီးအကဲတွေက စီစဉ်ထားဖို့ လိုသလို၊ အလုပ်ခွင်တွေထဲမှာ လူတွေခပ်ခွာခွာနေနိုင်ဖို့ မစီစဉ်ထားဘူး၊ မဖြစ်နေဘူးဆိုရင် "ထိရောက်တဲ့အရေးယူဆောင်ရွက်မှုကို ကြပ်ကြပ်မတ်မတ်လုပ်ဆောင်ဖို့ အရေးကြီးတယ်" လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံအဖို့ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု တားဆီးရေးနဲ့အတူ ပါလာတဲ့ စိန်ခေါ်ချက်တွေက အများအပြားပါ။

အဲဒီထဲမှာ လူတွေကို ခပ်ခွာခွာနေစေတဲ့ လမ်းညွှန်ချက်နဲ့ အညီ စက်ရုံ၊ အလုပ်ရုံတွေ ဘယ်လို လည်ပတ်စေမလဲဆိုတဲ့ အစိုးရအတွက် စိမ်ခေါ်ချက်ကလည်း အကြီးအမားပါ။

BBC Burmese
https://www.bbc.com/burmese/world-52340315
အလုပ္ဆင္းရင္ လူေတြခပ္ခြာခြာေနလို႔ ျဖစ္ႏိုင္မလား အလုပ္ဆင္းရင္ လူေတြခပ္ခြာခြာေနလို႔ ျဖစ္ႏိုင္မလား Reviewed by THITHTOOLWIN on 20:48 Rating: 5
Powered by Blogger.