အေမရိကန္ေရတပ္က ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံမႈျဖစ္ပြားေနသည့္ ေလယာဥ္သေဘၤာေပၚမွ ဝန္ထမ္းမ်ားအား ေျပာင္းေ႐ႊ႕ေပးေန

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရေသာ အေမရိကန္ႏိုင္ငံ USS သီအိုဒို႐ုဒ္စ္ဗဲ့ ေလယာဥ္တင္သေဘၤာအားေတြ႕ရစဥ္(ဆင္ဟြာ)
(Zawgyi)⤵⤵⤵

    ဝါရွင္တန္ ၊ ဧၿပီ ၂ ရက္(ဆင္ဟြာ)

    သေဘၤာေပၚတြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈအား တားဆီးရန္ အေမရိကန္ေလယာဥ္တင္သေဘၤာ သီအိုဒို႐ုဒ္စ္ဗဲ့ ( USS Theodore Roosevelt) ေပၚရွိ အေရအတြက္ ေထာင္ခ်ီေသာ သေဘၤာသားမ်ားကို အေမရိကန္ေရတပ္က ေျပာင္းေ႐ႊ႕ေပးေနေၾကာင္း ယာယီေရတပ္ဝန္ႀကီး Thomas Modly က ဧၿပီ ၁ ရက္တြင္ ေျပာၾကားခဲ့သည္။

ပင္တဂြန္စစ္ဌာနခ်ဳပ္မွေန၍ သတင္းသမားမ်ားအား တယ္လီဖုန္းျဖင့္ေျပာၾကားရာတြင္ Modly က သေဘၤာသား ၁,၀၀၀ နီးပါးသည္ အဆိုပါ န်ဴကလီယားစြမ္းအင္သုံး ေလယာဥ္တင္သေဘၤာေပၚမွ ဆင္းသြားၾကၿပီျဖစ္ေၾကာင္း ၊ ယခုအခါ ၎သေဘၤာကို ဂူအမ္တြင္ ေက်ာက္ခ်ထားေၾကာင္း ႏွင့္ လာမည့္ ႏွစ္ရက္တြင္ သေဘၤာေပၚပါ ဝန္ထမ္း ၂,၇၀၀ ေက်ာ္ကို ေအာက္ဆင္းႏိုင္ရန္ ေမွ်ာ္လင့္ေၾကာင္း ဆိုသည္။
ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရေသာ အေမရိကန္ႏိုင္ငံ USS သီအိုဒို႐ုဒ္စ္ဗဲ့ ေလယာဥ္တင္သေဘၤာအားေတြ႕ရစဥ္(ဆင္ဟြာ)

လက္ရွိအခ်ိန္ထိ ေလယာဥ္သေဘၤာ ႐ုဒ္စ္ဖဲ့ေပၚလိုက္ပါလာေသာ သေဘၤာသားမ်ားအနက္ ၉၃ ဦးတြင္ COVID-19 ေရာဂါကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႕ရွိထားၿပီး ၎တို႔အနက္ ၈၆ ဦးမွာ ေရာဂါလကၡဏာေဖာ္ျပေသာ္လည္း က်န္ ခုႏွစ္ဦးမွာ ေရာဂါလကၡဏာမျပေၾကာင္း Modly ကရွင္းလင္းေျပာၾကားခဲ့သည္။ ထို႔ျပင္ လက္ရွိတြင္ သေဘၤာသား ၅၉၃ ဦးတြင္ ေရာဂါပိုးကူးစက္ခံထားရျခင္းမရွိေၾကာင္း စမ္းသပ္ေတြ႕ရွိခဲ့သည္ဟု ၎ကဆိုသည္။ သေဘၤာသား ၁,၃၀၀ နီးပါးကို ေရာဂါပိုးရွိမရွိ စမ္းသပ္စစ္ေဆးခဲ့ၿပီးျဖစ္ေၾကာင္း ႏွင့္ အခ်ိဳ႕မွာ ရလဒ္ကို ေစာင့္ဆိုင္းေနဆဲျဖစ္ေၾကာင္း သိရသည္။
ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရေသာ အေမရိကန္ႏိုင္ငံ USS သီအိုဒို႐ုဒ္စ္ဗဲ့ ေလယာဥ္တင္သေဘၤာအားေတြ႕ရစဥ္(ဆင္ဟြာ)

“ သေဘၤာသားအားလုံးကို သေဘၤာေပၚကဆင္းသြားဖို႔ ကြၽန္ေတာ္တို႔မလုပ္ႏိုင္ပါဘူး” ဟု Modly က ေျပာၾကားခဲ့ၿပီး ႐ုဒ္စ္ဗဲ့ေလယာဥ္တင္သေဘၤာ၏ အႀကီးအကဲေရာ သေဘၤာေဆးတပ္ဖြဲ႕ဝင္မ်ားကပါ ဝန္ထမ္းအားလုံးကို ေျပာင္းေ႐ႊ႕ေပးရန္ ေတာင္းဆိုထားျခင္းမရွိေၾကာင္းလည္း ၎က ဆက္လက္ေျပာၾကားခဲ့သည္။

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/world-covid19/26963-2020-04-02-07-58-11
------------
(Unicode)⤵⤵⤵
အမေရိကန်ရေတပ်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံမှုဖြစ်ပွားနေသည့် လေယာဉ်သင်္ဘောပေါ်မှ ဝန်ထမ်းများအား ပြောင်းရွှေ့ပေးနေ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသော အမေရိကန်နိုင်ငံ USS သီအိုဒိုရုဒ်စ်ဗဲ့ လေယာဉ်တင်သင်္ဘောအားတွေ့ရစဉ်(ဆင်ဟွာ)

    ဝါရှင်တန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

    သင်္ဘောပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအား တားဆီးရန် အမေရိကန်လေယာဉ်တင်သင်္ဘော သီအိုဒိုရုဒ်စ်ဗဲ့ ( USS Theodore Roosevelt) ပေါ်ရှိ အရေအတွက် ထောင်ချီသော သင်္ဘောသားများကို အမေရိကန်ရေတပ်က ပြောင်းရွှေ့ပေးနေကြောင်း ယာယီရေတပ်ဝန်ကြီး Thomas Modly က ဧပြီ ၁ ရက်တွင် ပြောကြားခဲ့သည်။

ပင်တဂွန်စစ်ဌာနချုပ်မှနေ၍ သတင်းသမားများအား တယ်လီဖုန်းဖြင့်ပြောကြားရာတွင် Modly က သင်္ဘောသား ၁,၀၀၀ နီးပါးသည် အဆိုပါ နျူကလီယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောပေါ်မှ ဆင်းသွားကြပြီဖြစ်ကြောင်း ၊ ယခုအခါ ၎င်းသင်္ဘောကို ဂူအမ်တွင် ကျောက်ချထားကြောင်း နှင့် လာမည့် နှစ်ရက်တွင် သင်္ဘောပေါ်ပါ ဝန်ထမ်း ၂,၇၀၀ ကျော်ကို အောက်ဆင်းနိုင်ရန် မျှော်လင့်ကြောင်း ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသော အမေရိကန်နိုင်ငံ USS သီအိုဒိုရုဒ်စ်ဗဲ့ လေယာဉ်တင်သင်္ဘောအားတွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိအချိန်ထိ လေယာဉ်သင်္ဘော ရုဒ်စ်ဖဲ့ပေါ်လိုက်ပါလာသော သင်္ဘောသားများအနက် ၉၃ ဦးတွင် COVID-19 ရောဂါကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိထားပြီး ၎င်းတို့အနက် ၈၆ ဦးမှာ ရောဂါလက္ခဏာဖော်ပြသော်လည်း ကျန် ခုနှစ်ဦးမှာ ရောဂါလက္ခဏာမပြကြောင်း Modly ကရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် လက်ရှိတွင် သင်္ဘောသား ၅၉၃ ဦးတွင် ရောဂါပိုးကူးစက်ခံထားရခြင်းမရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်ဟု ၎င်းကဆိုသည်။ သင်္ဘောသား ၁,၃၀၀ နီးပါးကို ရောဂါပိုးရှိမရှိ စမ်းသပ်စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း နှင့် အချို့မှာ ရလဒ်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသော အမေရိကန်နိုင်ငံ USS သီအိုဒိုရုဒ်စ်ဗဲ့ လေယာဉ်တင်သင်္ဘောအားတွေ့ရစဉ်(ဆင်ဟွာ)

“ သင်္ဘောသားအားလုံးကို သင်္ဘောပေါ်ကဆင်းသွားဖို့ ကျွန်တော်တို့မလုပ်နိုင်ပါဘူး” ဟု Modly က ပြောကြားခဲ့ပြီး ရုဒ်စ်ဗဲ့လေယာဉ်တင်သင်္ဘော၏ အကြီးအကဲရော သင်္ဘောဆေးတပ်ဖွဲ့ဝင်များကပါ ဝန်ထမ်းအားလုံးကို ပြောင်းရွှေ့ပေးရန် တောင်းဆိုထားခြင်းမရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/world-covid19/26963-2020-04-02-07-58-11
အေမရိကန္ေရတပ္က ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံမႈျဖစ္ပြားေနသည့္ ေလယာဥ္သေဘၤာေပၚမွ ဝန္ထမ္းမ်ားအား ေျပာင္းေ႐ႊ႕ေပးေန အေမရိကန္ေရတပ္က ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံမႈျဖစ္ပြားေနသည့္ ေလယာဥ္သေဘၤာေပၚမွ ဝန္ထမ္းမ်ားအား ေျပာင္းေ႐ႊ႕ေပးေန Reviewed by THITHTOOLWIN on 08:43 Rating: 5
Powered by Blogger.