ကို႐ိုနာကာလမွာ အေျခခံလူတန္းစား အမ်ားအျပား အျပင္ထြက္ အလုပ္လုပ္ေနရ


ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံရသူ အေရအတြက္ မ်ားျပားလာေပမယ့္ အေျခခံလူတန္းစား အမ်ားအျပားကေတာ့ ဝမ္းေရးအတြက္ အျပင္ထြက္ၿပီး အလုပ္လုပ္ေနရဆဲပါ။

မလိုအပ္ဘဲအျပင္မထြက္ဖို႔ သတိေပးထားခ်က္ကို သိရွိၿပီး ဗိုင္းရပ္စ္ပိုး ကူးစက္မွာကို ေၾကာက္ေပမယ့္လည္း မိသားစု စားဝတ္ေနေရးကလည္း အေရးႀကီးတယ္လို႔ သူတို႔က ေျပာၾကပါတယ္။

ဧၿပီလကုန္အထိ သၾကၤန္ပြဲေတာ္အပါအဝင္  လူစုလူေဝး၊ အခမ္းအနားေတြကို တားျမစ္ေၾကာင္း ႏိုင္ငံေတာ္သမၼတ႐ုံးက အမိန႔္ထုတ္ထားသလို ရန္ကုန္တိုင္းအစိုးရကလည္း  အစားအေသာက္နဲ႔ ေဆးဝါးဝယ္ဖို႔ကလြဲၿပီး အျပင္မထြက္ၾကဖို႔  ရပ္ကြက္ေတြထဲအထိ လိုက္လံေၾကညာေနပါတယ္။

ဒီအေျခအေနမွာ တစ္ေန႔လုပ္ တစ္ေန႔စား အေျခခံလူတန္းစား အမ်ားအျပားကေတာ့ မိသားစု စားဝတ္ေနေရးက ပိုအေရးႀကီးေနပါတယ္။

အုန္းသီးေရာင္းတဲ့ ဦးေက်ာ္မင္းက မိသားစုေတြစားဖို႔နဲ႔ အိမ္လခေပးစရာ ရွိေနလို႔ ေရာဂါမေၾကာက္ဘဲ ငတ္မွာပဲေၾကာက္တယ္လို႔ ေျပာပါတယ္။

ေရာဂါကူးစက္မႈ ဟန႔္တားဖို႔ လူတိုင္း လူတိုင္းကို အိမ္ထဲမွာေနေစခ်င္တဲ့ အစိုးရက ႏွစ္စဥ္က်င္းပေနက် ႐ိုးရာသၾကၤန္ပြဲေတာ္လည္း ဒီႏွစ္ ရပ္နားထားပါတယ္။

နာေရးကူညီအမႈအသင္း ဥကၠ႒ ဦးေက်ာ္သူ ဓာတ္ပုံမွာ “အိမ္မွာေနမလား၊ ငါလာေခၚရမလား” ဆိုတဲ့ စာတန္းထိုးထားတဲ့ ပုံေတြကို  လူမႈကြန္ရက္ မီဒီယာမွာ ျဖန႔္ေဝ သတိေပးသူ အမ်ားအျပား ရွိေနပါတယ္။

ရန္ကုန္ၿမိဳ႕ေတာ္ခန္းမေရွ႕မွာ သစ္သီးေရာင္းတဲ့ ေဒၚခ်ိခ်ိဳမာကေတာ့ ဦးေက်ာ္သူပဲ လာေခၚပါေစေတာ့လို႔ ေျပာပါတယ္။

ဗဟိုလမ္းမေပၚမွာ ေန႔စဥ္ ၾကက္သားကင္ေရာင္းတဲ့ ဦးစိုးမင္းကလည္း ဗိုင္းရပ္စ္ကူးမွာကို စိုးရိမ္သလို စားဝတ္ေနေရး အဆင္မေျပမွာကိုလည္း စိုးရိမ္တယ္လို႔ ေျပာပါတယ္။

သူတို႔လိုပဲ မိသားစုငတ္မွာေၾကာက္လို႔ ေန႔စဥ္ပုံမွန္ ေဈးေရာင္းေနတဲ့သူက ဂြေဈးနားက ကိုေဇာ္ျမင့္လြင္ပါ။

သူတို႔အားလုံးဟာ တစ္ေန႔လုပ္တစ္ေန႔စား အေျခခံလူတန္းစားေတြ ျဖစ္တဲ့အတြက္ ဗိုင္းရပ္စ္ကူးစက္မႈ မ်ားျပားလာေနတဲ့ ဒီေန႔ ကာလမွာ အိမ္လခ၊ မိသားစု စားဝတ္ေနေရးတို႔က ေန႔စဥ္ဘဝမွာ အေရးႀကီးေနတာပါ။

စမ္းေခ်ာင္းၿမိဳ႕နယ္ က်ိဳက္လတ္လမ္းထိပ္မွာ ဆိုက္ကားနင္းေနတဲ့ ဦးမ်ိဳးသိန္းတို႔ သားအဖႏွစ္ေယာက္ရဲ႕ေနာက္မွာ သားသမီးနဲ႔ေျမး စတဲ့ မိသားစုဝင္ ၁၅ ေယာက္ေလာက္ရွိတဲ့အတြက္ ေနာက္ရက္ေတြ ဘယ္လိုျဖစ္လာမယ္ဆိုတာ သူလည္း ေသခ်ာမသိပါဘူး။

ဧၿပီလ ၁၀ ရက္ေန႔ ကေန ၁၉ ရက္ေန႔အတြင္း ေနအိမ္ေတြမွာပဲ ေနၾကတဲ့ ကာလမွာ အေျခခံလူတန္းစားေတြကို  အေျခခံ စားေသာက္ကုန္တခ်ိဳ႕ ေထာက္ပံ့ေပးမယ္လို႔ အစိုးရက ေၾကညာထားပါတယ္။  ႏိုင္ငံအႏွံ႔မွာ ဒီလို အေရးေပၚေထာက္ပံ့ျခင္းဟာ အာဏာပိုင္ေတြအတြက္ ပထမဆုံး အေတြ႕အႀကဳံ ျဖစ္ေနပါတယ္။ အခုခ်ိန္အထိေတာ့ ဝင္ေငြနည္းမိသားစုေတြဆီ အကူအညီေရာက္ဖို႔ ႀကိဳးစားေနဆဲျဖစ္ပါတယ္။

အေျခအေနေၾကာင့္ အိမ္တြင္းေအာင္းေနၾကရမယ့္ ကာလမွာ အေျခခံ စားေသာက္ကုန္ပစၥည္းေတြကို အိမ္တိုင္ရာေရာက္ လိုက္လံေရာင္းခ် ေပးသူတခ်ိဳ႕ ရွိသလို ေစတနာရွင္ေတြ စုေပါင္းၿပီး စားေသာက္ကုန္ လိုက္လံလႉေပးေနတာေတြလည္း ရွိပါတယ္။

ေရာဂါကူးစက္မွာလည္း ေၾကာက္တယ္၊ သူမ်ားေတြနားသလို ဆိုင္ပိတ္ၿပီး နားခ်င္ေပမယ့္ မနားႏိုင္ေသးတဲ့ ေနာက္တစ္ေယာက္ကေတာ့ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ဖ်ာပုံလမ္းထိပ္မွာ ကြမ္းယာေရာင္းေနတဲ့ ကိုလတ္ပါ။

ေအာက္ေျခက တကယ့္အစစ္အမွန္ အေျခခံလူတန္းစား အမ်ားအျပားကေတာ့ မိသားစုစားဝတ္ေနေရး၊ အိမ္လခ၊ မီတာခ၊ ေရခ အစရွိတဲ့ အေျခခံလိုအပ္ခ်က္ေတြအတြက္ ေသမွာေၾကာက္တဲ့ၾကားကပဲ ေန႔စဥ္ လုပ္ေနဆဲျဖစ္ပါတယ္။

သန႔္ဇင္ဦး / RFA Burmese
------------------------------------------------------------------
ကိုရိုနာကာလမှာ အခြေခံလူတန်းစား အများအပြား အပြင်ထွက် အလုပ်လုပ်နေရ

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အရေအတွက် များပြားလာပေမယ့် အခြေခံလူတန်းစား အများအပြားကတော့ ဝမ်းရေးအတွက် အပြင်ထွက်ပြီး အလုပ်လုပ်နေရဆဲပါ။

မလိုအပ်ဘဲအပြင်မထွက်ဖို့ သတိပေးထားချက်ကို သိရှိပြီး ဗိုင်းရပ်စ်ပိုး ကူးစက်မှာကို ကြောက်ပေမယ့်လည်း မိသားစု စားဝတ်နေရေးကလည်း အရေးကြီးတယ်လို့ သူတို့က ပြောကြပါတယ်။

ဧပြီလကုန်အထိ သင်္ကြန်ပွဲတော်အပါအဝင်  လူစုလူဝေး၊ အခမ်းအနားတွေကို တားမြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်ထုတ်ထားသလို ရန်ကုန်တိုင်းအစိုးရကလည်း  အစားအသောက်နဲ့ ဆေးဝါးဝယ်ဖို့ကလွဲပြီး အပြင်မထွက်ကြဖို့  ရပ်ကွက်တွေထဲအထိ လိုက်လံကြေညာနေပါတယ်။

ဒီအခြေအနေမှာ တစ်နေ့လုပ် တစ်နေ့စား အခြေခံလူတန်းစား အများအပြားကတော့ မိသားစု စားဝတ်နေရေးက ပိုအရေးကြီးနေပါတယ်။

အုန်းသီးရောင်းတဲ့ ဦးကျော်မင်းက မိသားစုတွေစားဖို့နဲ့ အိမ်လခပေးစရာ ရှိနေလို့ ရောဂါမကြောက်ဘဲ ငတ်မှာပဲကြောက်တယ်လို့ ပြောပါတယ်။

ရောဂါကူးစက်မှု ဟန့်တားဖို့ လူတိုင်း လူတိုင်းကို အိမ်ထဲမှာနေစေချင်တဲ့ အစိုးရက နှစ်စဉ်ကျင်းပနေကျ ရိုးရာသင်္ကြန်ပွဲတော်လည်း ဒီနှစ် ရပ်နားထားပါတယ်။

နာရေးကူညီအမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ ဓာတ်ပုံမှာ “အိမ်မှာနေမလား၊ ငါလာခေါ်ရမလား” ဆိုတဲ့ စာတန်းထိုးထားတဲ့ ပုံတွေကို  လူမှုကွန်ရက် မီဒီယာမှာ ဖြန့်ဝေ သတိပေးသူ အများအပြား ရှိနေပါတယ်။

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ သစ်သီးရောင်းတဲ့ ဒေါ်ချိချိုမာကတော့ ဦးကျော်သူပဲ လာခေါ်ပါစေတော့လို့ ပြောပါတယ်။

ဗဟိုလမ်းမပေါ်မှာ နေ့စဉ် ကြက်သားကင်ရောင်းတဲ့ ဦးစိုးမင်းကလည်း ဗိုင်းရပ်စ်ကူးမှာကို စိုးရိမ်သလို စားဝတ်နေရေး အဆင်မပြေမှာကိုလည်း စိုးရိမ်တယ်လို့ ပြောပါတယ်။

သူတို့လိုပဲ မိသားစုငတ်မှာကြောက်လို့ နေ့စဉ်ပုံမှန် ဈေးရောင်းနေတဲ့သူက ဂွဈေးနားက ကိုဇော်မြင့်လွင်ပါ။

သူတို့အားလုံးဟာ တစ်နေ့လုပ်တစ်နေ့စား အခြေခံလူတန်းစားတွေ ဖြစ်တဲ့အတွက် ဗိုင်းရပ်စ်ကူးစက်မှု များပြားလာနေတဲ့ ဒီနေ့ ကာလမှာ အိမ်လခ၊ မိသားစု စားဝတ်နေရေးတို့က နေ့စဉ်ဘဝမှာ အရေးကြီးနေတာပါ။

စမ်းချောင်းမြို့နယ် ကျိုက်လတ်လမ်းထိပ်မှာ ဆိုက်ကားနင်းနေတဲ့ ဦးမျိုးသိန်းတို့ သားအဖနှစ်ယောက်ရဲ့နောက်မှာ သားသမီးနဲ့မြေး စတဲ့ မိသားစုဝင် ၁၅ ယောက်လောက်ရှိတဲ့အတွက် နောက်ရက်တွေ ဘယ်လိုဖြစ်လာမယ်ဆိုတာ သူလည်း သေချာမသိပါဘူး။

ဧပြီလ ၁၀ ရက်နေ့ ကနေ ၁၉ ရက်နေ့အတွင်း နေအိမ်တွေမှာပဲ နေကြတဲ့ ကာလမှာ အခြေခံလူတန်းစားတွေကို  အခြေခံ စားသောက်ကုန်တချို့ ထောက်ပံ့ပေးမယ်လို့ အစိုးရက ကြေညာထားပါတယ်။  နိုင်ငံအနှံ့မှာ ဒီလို အရေးပေါ်ထောက်ပံ့ခြင်းဟာ အာဏာပိုင်တွေအတွက် ပထမဆုံး အတွေ့အကြုံ ဖြစ်နေပါတယ်။ အခုချိန်အထိတော့ ဝင်ငွေနည်းမိသားစုတွေဆီ အကူအညီရောက်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

အခြေအနေကြောင့် အိမ်တွင်းအောင်းနေကြရမယ့် ကာလမှာ အခြေခံ စားသောက်ကုန်ပစ္စည်းတွေကို အိမ်တိုင်ရာရောက် လိုက်လံရောင်းချ ပေးသူတချို့ ရှိသလို စေတနာရှင်တွေ စုပေါင်းပြီး စားသောက်ကုန် လိုက်လံလှူပေးနေတာတွေလည်း ရှိပါတယ်။

ရောဂါကူးစက်မှာလည်း ကြောက်တယ်၊ သူများတွေနားသလို ဆိုင်ပိတ်ပြီး နားချင်ပေမယ့် မနားနိုင်သေးတဲ့ နောက်တစ်ယောက်ကတော့ စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်းထိပ်မှာ ကွမ်းယာရောင်းနေတဲ့ ကိုလတ်ပါ။

အောက်ခြေက တကယ့်အစစ်အမှန် အခြေခံလူတန်းစား အများအပြားကတော့ မိသားစုစားဝတ်နေရေး၊ အိမ်လခ၊ မီတာခ၊ ရေခ အစရှိတဲ့ အခြေခံလိုအပ်ချက်တွေအတွက် သေမှာကြောက်တဲ့ကြားကပဲ နေ့စဉ် လုပ်နေဆဲဖြစ်ပါတယ်။

သန့်ဇင်ဦး / RFA Burmese
https://www.rfa.org/burmese/news/basic-people-work-for-living-during-corona-period-04142020063105.html
ကို႐ိုနာကာလမွာ အေျခခံလူတန္းစား အမ်ားအျပား အျပင္ထြက္ အလုပ္လုပ္ေနရ ကို႐ိုနာကာလမွာ အေျခခံလူတန္းစား အမ်ားအျပား အျပင္ထြက္ အလုပ္လုပ္ေနရ Reviewed by THITHTOOLWIN on 20:03 Rating: 5
Powered by Blogger.