ျမစ္ႀကီးနားမွာ စားေသာက္ကုန္ ေဝတဲ့အစီအစဥ္ လူစုလူေဝးေၾကာင့္ ေ႐ႊ႕ဆိုင္း


ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕မွာ ဦးလဆန္ေအာင္ (ၿငိမ္းခ်မ္းေရးအဖြဲ႕)က လူထုကို ဆန္၊ ဆီ နဲ႔ ႏွာေခါင္းစည္းေတြ ဒီေန႔လႉဒါန္းဖို႔ ျပင္ဆင္ခဲ့ေပမယ့္ လူတစ္ေထာင္ခန႔္ စုေဝးလာခဲ့တာေၾကာင့္ လႉဒါန္းမႈကို ရပ္နားလိုက္ပါတယ္။

ျမစ္ႀကီးနားၿမိဳ႕၊ ဗလမင္းထင္ တံတားနားမွာ ဒီမနက္ ခုႏွစ္နာရီကစၿပီး ျမစ္ႀကီးနားနဲ႔ ဝိုင္းေမာ္ၿမိဳ႕နယ္က ေဒသခံေတြက အေျခခံစားေသာက္ကုန္ေတြ ေဝမွာကို လာေရာက္တန္းစီခဲ့ၾကတာပါ။

တျဖည္းျဖည္းလူမ်ားလာၿပီး လူစုလူေဝးျဖစ္လာတဲ့အတြက္ လႉဒါန္းမယ့္ အစီအစဥ္ကို ေ႐ႊ႕ဆိုင္းလိုက္ၿပီး ရပ္ကြက္အလိုက္ ေနထိုင္သူစာရင္း ေကာက္ယူမႈကို အရင္ ျပဳလုပ္မယ္လို႔ အလႉမွာ ကူညီေပးေနတဲ့ ဦးခင္ေမာင္ၿပဳံးက ေျပာပါတယ္။

မအားတဲ့ၾကားကေန အခ်ိန္ေပးၿပီး လာေရာက္တန္းစီခဲ့ေပမယ့္ မရခဲ့တဲ့အတြက္ မေက်မနပ္ ျဖစ္မိတယ္လို႔ ရမ္ပူကြက္(၁) က လာထုတ္တဲ့ ေဒၚျမင့္ျမင့္က ေျပာပါတယ္။

ဒီေန႔မနက္က ေပးေဝမယ့္ အစီအစဥ္မွာ အလႉရွင္က ျပည္သူ႔စစ္အဖြဲ႕ တစ္ခုျဖစ္တဲ့ ဦးလဆန္ေအာင္ (ၿငိမ္းခ်မ္းေရးအဖြဲ႕) ျဖစ္ပါတယ္။ လူတစ္ဦးကို ဆန္ သုံးျပည္၊ ဆီတစ္ဗူးနဲ႔ ႏွာေခါင္းစည္းငါးခု ေပးဖို႔စီစဥ္ခဲ့တာပါ။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အလုပ္ေတြနားထားရလို႔ ဝင္ေငြမရွိတဲ့အခ်ိန္ လႉဒါန္းေပးတယ္ဆိုေတာ့ ဝမ္းသာၿပီး လာတန္းစီခဲ့ေပမယ့္ မရတဲ့အတြက္ စိတ္မေကာင္းျဖစ္ရေၾကာင္း ဦးစိုးထြန္းက ေျပာပါတယ္။

ဆယ္နာရီေက်ာ္ေလာက္မွာေတာ့ အလႉရွင္ဘက္က  ေဝမယ့္ ဆန္၊ ဆီနဲ႔ ႏွာေခါင္းစီး ေတြကို ကားနဲ႔ ျပန္သယ္သြားပါတယ္။

အလႉရွင္ေတြအေနနဲ႔ လႉဒါန္းမယ္ဆိုရင္ အခုလို လူစုလူေဝးမလုပ္ဘဲ အုပ္ခ်ဳပ္ေရးမႉးေတြကေနတစ္ဆင့္ စနစ္တက် စီစဥ္သင့္တယ္လို႔ အရပ္ဘက္အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ ထြယ္ဂ်န္ဒါ အဖြဲ႕က ဒါ႐ိုက္တာ ေဒၚနန္ပူက ေထာက္ျပပါတယ္။

အစိုးရအေနနဲ႔လည္း ပုံမွန္ဝင္ေငြမရွိတဲ့ အိမ္ေထာင္စုေတြကို ဆန္၊ ဆီ၊ ဆား၊ ၾကက္သြန္၊ ပဲေတြကို ေထာက္ပံ့ေနသလို တခ်ိဳ႕ အရပ္ဘက္လူမႈအဖြဲ႕အစည္း၊ ႏိုင္ငံေရးပါတီနဲ႔ ပရဟိတ အဖြဲ႕အစည္းေတြ ကလည္း စားေသာက္ကုန္နဲ႔ က်န္းမာေရးပစၥည္းေတြကို လႉဒါန္းေပးေနတာပါ။

အစိုးရကလည္း ေရာဂါကာကြယ္ တားဆီးႏိုင္ဖို႔ လူစုလူေဝးေတြမလုပ္ၾကဖို႔နဲ႔ အတတ္ႏိုင္ဆုံး အိမ္အျပင္ မထြက္ၾကဖို႔ သတိေပးထားပါတယ္။

အဲလိဇဘက္ဂ်န္မာ / RFA Burmese
-----------------------------------------------
မြစ်ကြီးနားမှာ စားသောက်ကုန် ဝေတဲ့အစီအစဉ် လူစုလူဝေးကြောင့် ရွှေ့ဆိုင်း

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဦးလဆန်အောင် (ငြိမ်းချမ်းရေးအဖွဲ့)က လူထုကို ဆန်၊ ဆီ နဲ့ နှာခေါင်းစည်းတွေ ဒီနေ့လှူဒါန်းဖို့ ပြင်ဆင်ခဲ့ပေမယ့် လူတစ်ထောင်ခန့် စုဝေးလာခဲ့တာကြောင့် လှူဒါန်းမှုကို ရပ်နားလိုက်ပါတယ်။

မြစ်ကြီးနားမြို့၊ ဗလမင်းထင် တံတားနားမှာ ဒီမနက် ခုနှစ်နာရီကစပြီး မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က ဒေသခံတွေက အခြေခံစားသောက်ကုန်တွေ ဝေမှာကို လာရောက်တန်းစီခဲ့ကြတာပါ။

တဖြည်းဖြည်းလူများလာပြီး လူစုလူဝေးဖြစ်လာတဲ့အတွက် လှူဒါန်းမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီး ရပ်ကွက်အလိုက် နေထိုင်သူစာရင်း ကောက်ယူမှုကို အရင် ပြုလုပ်မယ်လို့ အလှူမှာ ကူညီပေးနေတဲ့ ဦးခင်မောင်ပြုံးက ပြောပါတယ်။

မအားတဲ့ကြားကနေ အချိန်ပေးပြီး လာရောက်တန်းစီခဲ့ပေမယ့် မရခဲ့တဲ့အတွက် မကျေမနပ် ဖြစ်မိတယ်လို့ ရမ်ပူကွက်(၁) က လာထုတ်တဲ့ ဒေါ်မြင့်မြင့်က ပြောပါတယ်။

ဒီနေ့မနက်က ပေးဝေမယ့် အစီအစဉ်မှာ အလှူရှင်က ပြည်သူ့စစ်အဖွဲ့ တစ်ခုဖြစ်တဲ့ ဦးလဆန်အောင် (ငြိမ်းချမ်းရေးအဖွဲ့) ဖြစ်ပါတယ်။ လူတစ်ဦးကို ဆန် သုံးပြည်၊ ဆီတစ်ဗူးနဲ့ နှာခေါင်းစည်းငါးခု ပေးဖို့စီစဉ်ခဲ့တာပါ။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုပ်တွေနားထားရလို့ ဝင်ငွေမရှိတဲ့အချိန် လှူဒါန်းပေးတယ်ဆိုတော့ ဝမ်းသာပြီး လာတန်းစီခဲ့ပေမယ့် မရတဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း ဦးစိုးထွန်းက ပြောပါတယ်။

ဆယ်နာရီကျော်လောက်မှာတော့ အလှူရှင်ဘက်က  ဝေမယ့် ဆန်၊ ဆီနဲ့ နှာခေါင်းစီး တွေကို ကားနဲ့ ပြန်သယ်သွားပါတယ်။

အလှူရှင်တွေအနေနဲ့ လှူဒါန်းမယ်ဆိုရင် အခုလို လူစုလူဝေးမလုပ်ဘဲ အုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် စနစ်တကျ စီစဉ်သင့်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ထွယ်ဂျန်ဒါ အဖွဲ့က ဒါရိုက်တာ ဒေါ်နန်ပူက ထောက်ပြပါတယ်။

အစိုးရအနေနဲ့လည်း ပုံမှန်ဝင်ငွေမရှိတဲ့ အိမ်ထောင်စုတွေကို ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲတွေကို ထောက်ပံ့နေသလို တချို့ အရပ်ဘက်လူမှုအဖွဲ့အစည်း၊ နိုင်ငံရေးပါတီနဲ့ ပရဟိတ အဖွဲ့အစည်းတွေ ကလည်း စားသောက်ကုန်နဲ့ ကျန်းမာရေးပစ္စည်းတွေကို လှူဒါန်းပေးနေတာပါ။

အစိုးရကလည်း ရောဂါကာကွယ် တားဆီးနိုင်ဖို့ လူစုလူဝေးတွေမလုပ်ကြဖို့နဲ့ အတတ်နိုင်ဆုံး အိမ်အပြင် မထွက်ကြဖို့ သတိပေးထားပါတယ်။

အဲလိဇဘက်ဂျန်မာ / RFA Burmese
https://www.rfa.org/burmese/news/myitkyina-food-disrtibution-postpone--04142020071519.html
ျမစ္ႀကီးနားမွာ စားေသာက္ကုန္ ေဝတဲ့အစီအစဥ္ လူစုလူေဝးေၾကာင့္ ေ႐ႊ႕ဆိုင္း ျမစ္ႀကီးနားမွာ စားေသာက္ကုန္ ေဝတဲ့အစီအစဥ္ လူစုလူေဝးေၾကာင့္ ေ႐ႊ႕ဆိုင္း Reviewed by THITHTOOLWIN on 19:56 Rating: 5
Powered by Blogger.