ႏွာေခါင္းစည္း ေဈးတင္ေရာင္းသူေတြကို တိုင္ၾကားဖို႔ ေဒၚေဆာင္ဆန္းစုၾကည္ေျပာ


(Zawgyi)⤵⤵⤵
ႏွာေခါင္းစည္းေတြကို ေဈးတင္ၿပီး ကိုယ္က်ိဳးအျမတ္ထုတ္ ေရာင္းခ်ေနတာကို သည္းခံၿပီးလႊတ္ထားရမွာမဟုတ္ဘဲ ျပည္သူေတြအေနနဲ႔ တိုင္ၾကားၾကဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ေျပာပါတယ္။

ကို႐ိုနာကိုဗစ္ႏိုင္တီး ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းေတြမွာ ပါဝင္ေဆာင္႐ြက္ေနတဲ့ ပဲခူးတိုင္း က ျပည္သူေတြနဲ႔ ဧၿပီလ ၆ ရက္ေန႔ ဒီကေန႔ အြန္လိုင္းကေန အျပန္အလွန္ေဆြးေႏြးပြဲမွာ ေျပာလိုက္တာျဖစ္ပါတယ္။

ႏွာေခါင္းစည္းအေရအတြက္ ‌‌ေျခာက္ဒသမ သုံးသန္းရွိေနၿပီး ေနာက္ထပ္မွာထားတာလည္း ရွိတဲ့အေၾကာင္း၊ တျခားျပည္ပႏိုင္ငံေတြကေန မွာယူတာရွိသလို ျပည္တြင္းမွာ ထုတ္လုပ္ႏိုင္ဖို႔ ၾကည့္ေနေၾကာင္း၊ အခုခ်ိန္မွာ ႏွာေခါင္းစည္းေတြ၊ ပိုးသတ္ေဆးေတြကို ေဈးႏုန္းအဆမတန္တင္ၿပီးေရာင္းေနတာဟာ ျပည္သူေတြ ဒုကၡေရာက္ခ်ိန္ အက်ိဳးအျမတ္ထုတ္တာ လုံးဝမလုပ္သင့္တဲ့အေၾကာင္း၊ ျပည္သူေတြရဲ႕အသက္နဲ႔ မကစားသင့္တဲ့အျပင္ ဥပေဒနဲ႔ လုံးဝမညီဘူးလို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ေျပာၾကားခဲ့ပါတယ္။

အိမ္နီးခ်င္းႏိုင္ငံေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူေတြရွိတဲ့အခ်ိန္မွာ ႏွာေခါင္းစည္းတစ္ခု က်ပ္ ၅၀ ကေန ၂၀၀ အထိ ရွိခဲ့ၿပီး ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ စတင္ေတြ႕ရွိခ်ိန္မွာေတာ့ က်ပ္ ၁၀၀၀ အထိ ျမင့္တက္ခဲ့ပါတယ္။

အခုခ်ိန္မွာေတာ့ ႏွာေခါင္းစည္းတစ္ခုကို က်ပ္ ၄၀၀ ကေန ၅၀၀ ၾကား အင္တာနက္ကေန ေရာင္းခ်ေနတာေတြရွိပါတယ္။

ကို႐ိုနာဗိုင္းရပ္ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာ အေထာက္ကူျပဳပစၥည္းေတြ၊ ေဆးဝါးေတြ၊ စားသုံးကုန္ပစၥည္းေတြကို ေဈးတင္ေရာင္းခ် ၊ ျဖန႔္ျဖဴးတာ၊ ဒါမွမဟုတ္ ေဈးကစားဖို႔ ရည္႐ြယ္ခ်က္နဲ႔ သိုေလွာင္တာေတြကို အေရးႀကီးကုန္စည္နဲ႔ဝန္ေဆာင္မႈဥပေဒနဲ႔ အေရးယူခံရမွာျဖစ္တယ္လို႔ စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနက မတ္ ၃၀ ရက္က ထုတ္ျပန္ထားပါတယ္။

RFA Burmese
------------------------------------------------------

- Unicode

နှာခေါင်းစည်း ဈေးတင်ရောင်းသူတွေကို တိုင်ကြားဖို့ ဒေါ်ဆောင်ဆန်းစုကြည်ပြော

နှာခေါင်းစည်းတွေကို ဈေးတင်ပြီး ကိုယ်ကျိုးအမြတ်ထုတ် ရောင်းချနေတာကို သည်းခံပြီးလွှတ်ထားရမှာမဟုတ်ဘဲ ပြည်သူတွေအနေနဲ့ တိုင်ကြားကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ကိုရိုနာကိုဗစ်နိုင်တီး ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ ပဲခူးတိုင်း က ပြည်သူတွေနဲ့ ဧပြီလ ၆ ရက်နေ့ ဒီကနေ့ အွန်လိုင်းကနေ အပြန်အလှန်ဆွေးနွေးပွဲမှာ ပြောလိုက်တာဖြစ်ပါတယ်။

နှာခေါင်းစည်းအရေအတွက် ‌‌ခြောက်ဒသမ သုံးသန်းရှိနေပြီး နောက်ထပ်မှာထားတာလည်း ရှိတဲ့အကြောင်း၊ တခြားပြည်ပနိုင်ငံတွေကနေ မှာယူတာရှိသလို ပြည်တွင်းမှာ ထုတ်လုပ်နိုင်ဖို့ ကြည့်နေကြောင်း၊ အခုချိန်မှာ နှာခေါင်းစည်းတွေ၊ ပိုးသတ်ဆေးတွေကို ဈေးနုန်းအဆမတန်တင်ပြီးရောင်းနေတာဟာ ပြည်သူတွေ ဒုက္ခရောက်ချိန် အကျိုးအမြတ်ထုတ်တာ လုံးဝမလုပ်သင့်တဲ့အကြောင်း၊ ပြည်သူတွေရဲ့အသက်နဲ့ မကစားသင့်တဲ့အပြင် ဥပဒေနဲ့ လုံးဝမညီဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ပါတယ်။

အိမ်နီးချင်းနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေရှိတဲ့အချိန်မှာ နှာခေါင်းစည်းတစ်ခု ကျပ် ၅၀ ကနေ ၂၀၀ အထိ ရှိခဲ့ပြီး မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စတင်တွေ့ရှိချိန်မှာတော့ ကျပ် ၁၀၀၀ အထိ မြင့်တက်ခဲ့ပါတယ်။

အခုချိန်မှာတော့ နှာခေါင်းစည်းတစ်ခုကို ကျပ် ၄၀၀ ကနေ ၅၀၀ ကြား အင်တာနက်ကနေ ရောင်းချနေတာတွေရှိပါတယ်။

ကိုရိုနာဗိုင်းရပ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အထောက်ကူပြုပစ္စည်းတွေ၊ ဆေးဝါးတွေ၊ စားသုံးကုန်ပစ္စည်းတွေကို ဈေးတင်ရောင်းချ ၊ ဖြန့်ဖြူးတာ၊ ဒါမှမဟုတ် ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာတွေကို အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှုဥပဒေနဲ့ အရေးယူခံရမှာဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မတ် ၃၀ ရက်က ထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ႏွာေခါင္းစည္း ေဈးတင္ေရာင္းသူေတြကို တိုင္ၾကားဖို႔ ေဒၚေဆာင္ဆန္းစုၾကည္ေျပာ ႏွာေခါင္းစည္း ေဈးတင္ေရာင္းသူေတြကို တိုင္ၾကားဖို႔ ေဒၚေဆာင္ဆန္းစုၾကည္ေျပာ Reviewed by THITHTOOLWIN on 20:08 Rating: 5
Powered by Blogger.