ဗီယက္နမ္ငါးဖမ္းသေဘၤာ တရုတ္ရဲ႕ တုိက္ခုိက္ခံရမႈမွာ ဖိလစ္ပုိင္က ဗီယက္နမ္ဘက္ကရပ္တည္

တ႐ုတ္ကမ္းေျခေစာင့္ သေဘၤာကို ေတြ႔ရစဥ္

(Zawgyi/Unicode)

အျငင္းပြားေနတဲ့ ေတာင္တ႐ုတ္ပင္လယ္ျပင္ထဲ တ႐ုတ္ကမ္းေျခေစာင့္ သေဘၤာက ဗီယက္နမ္ ငါးဖမ္းေလွတစင္းကို တိုက္ခိုက္ နစ္ျမဳပ္ လိုက္တဲ့ကိစၥမွာ ဗီယက္နမ္ႏိုင္ငံကိုေထာက္ခံေၾကာင္း ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေၾကညာခဲ့ပါတယ္။ ငါးဖမ္းေလွ တိုက္ခိုက္ ခံရတဲ့ကိစၥ ဗီယက္နမ္ႏိုင္ငံက တ႐ုတ္ႏိုင္ငံကိုကန္႔ကြက္အၿပီးမွာ ဖိလစ္ပိုင္ႏိုင္ငံက အခုလို ေျပာဆို ေထာက္ခံလိုက္တာပါ ။

Paracel ကြၽန္းစုေတြအနား ဧၿပီလ ၃ ရက္ေန႔က နစ္ျမဳပ္ခဲ့တဲ့ ဗီယက္နမ္ငါးဖမ္းေလွမွာ ငါးဖမ္းသမား ၈ ဦးလိုက္ပါသြားခဲ့တာပါ။ အခုျဖစ္ရပ္အတြက္ အထူးေၾကကြဲဝမ္းနည္းရသလို ဗီယက္နမ္ ႏိုင္ငံနဲ႔ တသားတည္းရွိေၾကာင္း၊ အခု ျဖစ္ရပ္ေၾကာင့္ ႏိုင္ငံ ၁၀ ႏိုင္ငံ ပါဝင္တဲ့ အာဆီယံ အဖြဲ႕နဲ႔ တ႐ုတ္ႏိုင္ငံအၾကား အျပန္အလွန္ ယုံၾကည္မႈရွိတဲ့ ဆက္ဆံေရး တည္ေဆာက္ဖို႔ အလားအလာကို အားနည္း သြားေစေၾကာင္းလည္း ဖိလစ္ပိုင္က ေျပာပါတယ္။

ေတာင္တ႐ုတ္ပင္လယ္ျပင္တခုလုံးကို တ႐ုတ္က ပိုင္နက္အျဖစ္သတ္မွတ္ခြင့္ရွိ တယ္လို႔ ေျပာဆိုေနၿပီး တကမာၻလုံး ေရေၾကာင္းသြားလာမႈမ်ားတဲ့ ဒီဧရိယာတဝိုက္ ကြၽန္းေတြမွာ စစ္လက္နက္ေတြ တပ္ဆင္ထားတဲ့ ကြၽန္းေတြကို တည္ေဆာက္ထားတာပါ။

ၿပီးခဲ့တဲ့ ဇြန္လတုန္းကလည္း ဖိလစ္ပိုင္ငါးဖမ္းသေဘၤာကို တ႐ုတ္က Reed ကမ္းေျခအနီး တိုက္ခိုက္ နစ္ျမဳပ္ခဲ့တဲ့ အတြက္ ငါးဖမ္းသမား ၂၂ ဦး ပင္လယ္ထဲေမ်ာပါေနခဲ့တာကို ဗီယက္နမ္ ငါးဖမ္းသေဘၤာတစီးက ကယ္တင္ခဲ့ရပါတယ္။

အေမရိကန္ႏိုင္ငံ ကလည္း အခုျဖစ္ရပ္အေပၚ အထူးစိုးရိမ္မိသလို တ႐ုတ္ႏိုင္ငံအေနနဲ႔ တရားမဝင္နယ္ေျမခ်ဲ႕ထြင္ဖို႔ ႀကိဳးပမ္းေနမဲ့ အစား လက္ရွိကူးစက္ေရာဂါ အႏၲရာယ္ အေရးကို သာ အာ႐ုံစိုက္သင့္ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Morgan Ortagus ေၾကညာခ်က္ထုတ္ျပန္ သတိေပးလိုက္ပါတယ္။

.................

ဗီယက်နမ်ငါးဖမ်းသင်္ဘော တရုတ်ရဲ့ တိုက်ခိုက်ခံရမှုမှာ ဖိလစ်ပိုင်က ဗီယက်နမ်ဘက်ကရပ်တည်

(Unicode)

အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲ တရုတ်ကမ်းခြေစောင့် သင်္ဘောက ဗီယက်နမ် ငါးဖမ်းလှေတစင်းကို တိုက်ခိုက် နစ်မြုပ် လိုက်တဲ့ကိစ္စမှာ ဗီယက်နမ်နိုင်ငံကိုထောက်ခံကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ ငါးဖမ်းလှေ တိုက်ခိုက် ခံရတဲ့ကိစ္စ ဗီယက်နမ်နိုင်ငံက တရုတ်နိုင်ငံကိုကန့်ကွက်အပြီးမှာ ဖိလစ်ပိုင်နိုင်ငံက အခုလို ပြောဆို ထောက်ခံလိုက်တာပါ ။

Paracel ကျွန်းစုတွေအနား ဧပြီလ ၃ ရက်နေ့က နစ်မြုပ်ခဲ့တဲ့ ဗီယက်နမ်ငါးဖမ်းလှေမှာ ငါးဖမ်းသမား ၈ ဦးလိုက်ပါသွားခဲ့တာပါ။ အခုဖြစ်ရပ်အတွက် အထူးကြေကွဲဝမ်းနည်းရသလို ဗီယက်နမ် နိုင်ငံနဲ့ တသားတည်းရှိကြောင်း၊ အခု ဖြစ်ရပ်ကြောင့် နိုင်ငံ ၁၀ နိုင်ငံ ပါဝင်တဲ့ အာဆီယံ အဖွဲ့နဲ့ တရုတ်နိုင်ငံအကြား အပြန်အလှန် ယုံကြည်မှုရှိတဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ အလားအလာကို အားနည်း သွားစေကြောင်းလည်း ဖိလစ်ပိုင်က ပြောပါတယ်။

တောင်တရုတ်ပင်လယ်ပြင်တခုလုံးကို တရုတ်က ပိုင်နက်အဖြစ်သတ်မှတ်ခွင့်ရှိ တယ်လို့ ပြောဆိုနေပြီး တကမ္ဘာလုံး ရေကြောင်းသွားလာမှုများတဲ့ ဒီဧရိယာတဝိုက် ကျွန်းတွေမှာ စစ်လက်နက်တွေ တပ်ဆင်ထားတဲ့ ကျွန်းတွေကို တည်ဆောက်ထားတာပါ။

ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း ဖိလစ်ပိုင်ငါးဖမ်းသင်္ဘောကို တရုတ်က Reed ကမ်းခြေအနီး တိုက်ခိုက် နစ်မြုပ်ခဲ့တဲ့ အတွက် ငါးဖမ်းသမား ၂၂ ဦး ပင်လယ်ထဲမျောပါနေခဲ့တာကို ဗီယက်နမ် ငါးဖမ်းသင်္ဘောတစီးက ကယ်တင်ခဲ့ရပါတယ်။

အမေရိကန်နိုင်ငံ ကလည်း အခုဖြစ်ရပ်အပေါ် အထူးစိုးရိမ်မိသလို တရုတ်နိုင်ငံအနေနဲ့ တရားမဝင်နယ်မြေချဲ့ထွင်ဖို့ ကြိုးပမ်းနေမဲ့ အစား လက်ရှိကူးစက်ရောဂါ အန္တရာယ် အရေးကို သာ အာရုံစိုက်သင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Morgan Ortagus ကြေညာချက်ထုတ်ပြန် သတိပေးလိုက်ပါတယ်။

VOA (Burmese)
https://burmese.voanews.com/a/vietnam-south-china-sea-/5365399.html
ဗီယက္နမ္ငါးဖမ္းသေဘၤာ တရုတ္ရဲ႕ တုိက္ခုိက္ခံရမႈမွာ ဖိလစ္ပုိင္က ဗီယက္နမ္ဘက္ကရပ္တည္ ဗီယက္နမ္ငါးဖမ္းသေဘၤာ တရုတ္ရဲ႕ တုိက္ခုိက္ခံရမႈမွာ ဖိလစ္ပုိင္က ဗီယက္နမ္ဘက္ကရပ္တည္ Reviewed by THITHTOOLWIN on 18:54 Rating: 5
Powered by Blogger.