မကၠဆီကိုႏိုင္ငံ၌ ၿပိဳင္ဘက္ဂိုဏ္းအုပ္စုအၾကား ပစ္ခတ္မႈျဖစ္ပြားရာမွ အနည္းဆုံး ၁၉ ဦးေသဆုံး

မကၠဆီကိုႏိုင္ငံ Chihuahua ျပည္နယ္၌ ၂၀၁၇ ခုႏွစ္ စက္တင္ဘာတြင္ျဖစ္ပြားခဲ့ေသာ ပစ္ခတ္မႈျမင္ကြင္းတစ္ခုအားေတြ႕ရစဥ္(ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    မကၠဆီကိုစီးတီး ၊ ဧၿပီ ၅ ရက္(ဆင္ဟြာ)

    မကၠဆီကိုႏိုင္ငံ ေျမာက္ပိုင္း Chihuahua ျပည္နယ္တြင္ ရာဇဝတ္ဂိုဏ္းအုပ္စုမ်ားအၾကား ထိပ္တိုက္ရင္ဆိုင္မႈတစ္ခုျဖစ္ပြားခဲ့ရာ အနည္းဆုံး လူ ၁၉ ဦးေသဆုံးၿပီး ၁ ဦးဒဏ္ရာရခဲ့ေၾကာင္း ျပည္နယ္ေရွ႕ေနခ်ဳပ္႐ုံးက ဧၿပီ ၄ ရက္တြင္ သတင္းထုတ္ျပန္ခဲ့သည္။

Chihuahua ျပည္နယ္ အေနာက္ဘက္ Madera ျမဴနီစီပယ္ေဒသ Chuhuichupa ၿမိဳ႕တြင္ ဧၿပီ ၃ ရက္ ညေန ၆ နာရီ ၃၅ မိနစ္တြင္ ပစ္ခတ္မႈစတင္ျဖစ္ပြားခဲ့သည္ကို ပထမသတင္းေပးပို႔ခ်က္ ရရွိခဲ့ေၾကာင္း ေရွ႕ေနခ်ဳပ္႐ုံး၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ေဒသဆိုင္ရာရဲတပ္ဖြဲ႕ ႏွင့္ စစ္သားမ်ားက အခင္းျဖစ္ေနရာ၌ ႐ုပ္အေလာင္း ၁၈ ေလာင္း ႏွင့္ ဒဏ္ရာရသူ ၂ ဦးကို ရွာေဖြေတြ႕ရွိခဲ့ၿပီး ဒဏ္ရာရသူ ႏွစ္ဦး အနက္တစ္ဦးမွာ ေဆး႐ုံေရာက္ၿပီးေနာက္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com/world/north-america/26993-2020-04-05-04-33-19
--------------
(Unicode)⤵⤵⤵
မက္ကဆီကိုနိုင်ငံ၌ ပြိုင်ဘက်ဂိုဏ်းအုပ်စုအကြား ပစ်ခတ်မှုဖြစ်ပွားရာမှ အနည်းဆုံး ၁၉ ဦးသေဆုံး

မက္ကဆီကိုနိုင်ငံ Chihuahua ပြည်နယ်၌ ၂၀၁၇ ခုနှစ် စက်တင်ဘာတွင်ဖြစ်ပွားခဲ့သော ပစ်ခတ်မှုမြင်ကွင်းတစ်ခုအားတွေ့ရစဉ်(ဆင်ဟွာ)

    မက္ကဆီကိုစီးတီး ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)

    မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း Chihuahua ပြည်နယ်တွင် ရာဇဝတ်ဂိုဏ်းအုပ်စုများအကြား ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၉ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့ကြောင်း ပြည်နယ်ရှေ့နေချုပ်ရုံးက ဧပြီ ၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

Chihuahua ပြည်နယ် အနောက်ဘက် Madera မြူနီစီပယ်ဒေသ Chuhuichupa မြို့တွင် ဧပြီ ၃ ရက် ညနေ ၆ နာရီ ၃၅ မိနစ်တွင် ပစ်ခတ်မှုစတင်ဖြစ်ပွားခဲ့သည်ကို ပထမသတင်းပေးပို့ချက် ရရှိခဲ့ကြောင်း ရှေ့နေချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ဒေသဆိုင်ရာရဲတပ်ဖွဲ့ နှင့် စစ်သားများက အခင်းဖြစ်နေရာ၌ ရုပ်အလောင်း ၁၈ လောင်း နှင့် ဒဏ်ရာရသူ ၂ ဦးကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒဏ်ရာရသူ နှစ်ဦး အနက်တစ်ဦးမှာ ဆေးရုံရောက်ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com/world/north-america/26993-2020-04-05-04-33-19
မကၠဆီကိုႏိုင္ငံ၌ ၿပိဳင္ဘက္ဂိုဏ္းအုပ္စုအၾကား ပစ္ခတ္မႈျဖစ္ပြားရာမွ အနည္းဆုံး ၁၉ ဦးေသဆုံး မကၠဆီကိုႏိုင္ငံ၌ ၿပိဳင္ဘက္ဂိုဏ္းအုပ္စုအၾကား ပစ္ခတ္မႈျဖစ္ပြားရာမွ အနည္းဆုံး ၁၉ ဦးေသဆုံး Reviewed by THITHTOOLWIN on 19:10 Rating: 5
Powered by Blogger.