စက္႐ံု၊ အလုပ္႐ံုေတြ စစ္ေဆး ျပန္ဖြင့္ေရး အခက္္အခဲၾကံဳေန


(Zawgyi/Unicode)

စက္႐ုံေတြ ျပန္ဖြင့္ႏိုင္ဖို႔ ျပင္ဆင္ေနတဲ့ကာလမွာ ေတြ႕ႀကဳံရတဲ့ အခက္အခဲေတြကို ႏိုင္ငံေတာ္အတိုင္ပင္ခံ၊ အစိုးရ၊ အလုပ္ရွင္၊ အလုပ္သမားသမဂၢ ဒီေန႔မနက္ေတြ႔ဆုံၾကတဲ့အေပၚ အလုပ္ရွင္နဲ႔ အလုပ္သမားတခ်ိဳ႕ရဲ႕ အျမင္ကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က တင္ျပေပးပါမယ္။

အစိုးရတာဝန္ရွိသူေတြနဲ႔ အလုပ္ရွင္၊ အလုပ္သမား အျပန္အလွန္ ေဆြးေႏြးၾကတဲ့ ဒီေန႔ ဧၿပီလ ၂၁ ရက္ မနက္မွာ အစိုးရဘက္ကေတာ့ စက္႐ုံေတြမွာ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ COVID-19 ကာကြယ္ေရး လမ္းၫႊန္ခ်က္ေတြအတိုင္း လိုက္နာထားတာ ရွိ၊ မရွိ စစ္ေဆးေနၿပီလို႔ ဆိုပါတယ္။ လိုက္နာတဲ့ စက္႐ုံေတြကိုပဲ ဧၿပီလ ၃၀ ေနာက္ပိုင္း လုပ္ငန္းျပန္လည္ပတ္ခြင့္ေပးသြားမွာပါ။

သက္ဆိုင္ရာကေတာ့ ဦးစားေပး စစ္သြားမယ့္ စက္႐ုံအမ်ိဳးအစားေတြကို သတ္မွတ္ထားပါတယ္။ ဒါေပမဲ့ စစ္ေဆးခ်ိန္က ၾကာႏိုင္လို႔ ဒီအေပၚမွာ လုပ္ငန္းရွင္ေတြက သေဘာမက်ၾကပါဘူး။ လႈိင္သာယာ ဇုန္ ၆ ခုရဲ႕ ဥကၠ႒ ဦးအုန္းဆိုင္က သူ႔အျမင္ကို အခုလိုေျပာပါတယ္။

“အခက္အခဲေတြအမ်ားႀကီး ရွိတယ္။ အဲဒီေတာ့ က်ေနာ္တို႔ လုပ္ငန္းရွင္ေတြ ေတာ္ေတာ္မ်ားမ်ားေျပာတာက တဘက္ကလည္း က်န္းမာေရးဝန္ႀကီးဌာနက guideline အတိုင္း က်ေနာ္တို႔ ေဆာင္႐ြက္ပါ့မယ္၊ အလုပ္လည္း ဖြင့္ၿပီးေတာ့ စစ္ေဆးဖို႔လည္း၊ လုပ္ေနတဲ့အခ်ိန္မွာ လာစစ္ပါ၊ တကယ္လို႔ guideline အတိုင္း မညီၫႊတ္ရင္ ၫႊန္ၾကားပါ ဘယ္လိုထပ္လုပ္ရမလဲ။ အဲဒါဆိုရင္လုပ္ငန္းလုပ္တဲ့သူလည္း အဆင္ေျပသြားမယ္၊ အလုပ္လည္း လုပ္လို႔ရသြားတယ္၊ အလုပ္ရွင္ေရာ အလုပ္သမားေရာ အဆင္ေျပတာေပါ့ဗ်ာ။"

က်န္းမာေရးဝန္ႀကီးဌာန သတ္မွတ္ထားတဲ့ စနစ္ေတြအတိုင္း ျပင္ဆင္ထားတဲ့ စက္႐ုံေတြက အစစ္ခံဖို႔အရင္ဦးဆုံး စာတင္ရမွာပါ။ အဲဒီေနာက္ ဌာနဆိုင္ရာစစ္ေဆးေရးအဖြဲ႕ေတြနဲ႔ စစ္ေဆးၿပီး ဖြင့္ႏိုင္၊ မဖြင့္ႏိုင္ဆိုတာ ဆုံးျဖတ္ေပးရမွာပါ။ ဧၿပီ ၂၁ မွာ လႈိင္သာယာဇုန္ ၆ ခုက စက္႐ုံ ၄၉ ႐ုံ စာတင္ခဲ့ၿပီး ၅ ႐ုံပဲ စစ္ေဆးႏိုင္ခဲ့ပါတယ္။ ဒီေန႔ ဧၿပီ ၂၂ မွာ စက္႐ုံ ၇၀ စာတင္ထားပါတယ္။ ဦးအုန္းဆိုင္က အခုလိုဆက္ေျပာပါတယ္။

“အဓိက ျပႆနာက ဘာလဲဆိုေတာ့ သူတို႔လာစစ္ေသာ္ျငားလည္း လုပ္ခြင့္ေပးတယ္ဆိုတဲ့အေျဖ သူတို႔ကို မေပးသြားဘူး။ အဲဒီအခါက်ေတာ့ ဆက္လုပ္ရမွာလား၊ ပိတ္ရမွာလား။ လုပ္ငန္းရွင္ေတြဘက္ကလည္း အကုန္လာတင္မွာလား၊ ႏိုင္ငံေတာ္ကလည္း တင္ေပးတဲ့ဟာကို ၁၀ရက္အတြင္း စစ္ႏိုင္မွာလားဆိုတာ သူတို႔လုပ္ေဆာင္တဲ့သူမွပဲ သိမွာ။ လက္ရွိေျမျပင္မွာ ျဖစ္ေနတဲ့ ပုံစံဆိုရင္ေတာ့ မၿပီးႏိုင္ဘူး။ ဒါက်ေနာ္တို႔ဇုံအေနနဲ႔ေျပာတာ မၿပီးႏိုင္ဘူး။ တရက္ ၁၀၀ စစ္ႏိုင္မွ ႐ုံ ၇၀၀ ၿပီးမွာကိုး။”

ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ စက္႐ုံလုပ္သားေတြ တေယာက္နဲ႔တေယာက္ က်န္းမာေရးအရ ၆ ေပခြာရမယ္ဆိုေပမဲ့ တခ်ိဳ႕စက္႐ုံမွာ ဒီသတ္မွတ္ခ်က္က ေနရာအခက္အခဲ ရွိႏိုင္တယ္လို႔ ေဆြးေႏြးသြားပါတယ္။ တခ်ိဳ႕စက္႐ုံေတြက အလွည့္က်အလုပ္ဆင္းခိုင္းၿပီး လူ ၾကပ္တည္းတာကို ေလွ်ာ့ခ်ဖို႔ ႀကိဳးစားေနပါတယ္။

လူဦးေရ အမ်ားဆုံးျဖစ္တဲ့ လႈိင္သာယာမွာ စက္မႈဇုန္ ၁၀ ခုေလာက္ရွိပါတယ္။ လူေထာင္ခ်ီရွိတဲ့ အထည္ခ်ဳပ္စက္႐ုံေတြက လုပ္သားေတြရဲ႕ က်န္းမာေရးဟာ အေရးႀကီးလို႔ စက္႐ုံတာဝန္ရွိသူေတြက ဒါကို စနစ္တက်လုပ္ေပးဖို႔ ေမွ်ာ္လင့္ေၾကာင္းလည္း အလုပ္သမားေတြကေျပာပါတယ္။

“ဒါက အႏၲရာယ္အရမ္းႀကီးတဲ့ စိန္ေခၚမႈျဖစ္ပါတယ္ဗ်။ ဘာလို႔ဆို လႈိင္သာယာမွာ အထည္ခ်ဳပ္လုပ္သားက ၅၀၀,၀၀၀ ေလာက္ရွိတယ္၊ က်န္တဲ့လုပ္သားေတြ ေပါင္းရင္ လုပ္သား ၈သိန္းေလာက္ရွိတယ္၊ guideline နဲ႔ ညီၫြတ္တယ္ဆိုရင္ေတာင္ တခုခုျဖစ္မွာ စိတ္ပူရတဲ့အေနအထားရွိတယ္၊ ၆၀ x ၄၉ ေျမတကြက္မွာ လူ ၃၀ နဲ႔ ၄၀ ၾကားေနေနရတာ၊ တခုခုျဖစ္ရင္ ထိန္းေၾကာင္းဖို႔ တအားခက္ခဲပါတယ္။ လုံၿခဳံမႈကို safe ျဖစ္ေအာင္ တတ္ႏိုင္သေလာက္ guideline နဲ႔ အညီ လုပ္သင့္တယ္လို႔ေတာ့ ထင္ပါတယ္ဗ်။”

တို႔မ်ိဳးဆက္ကြန္ရက္က ဦးနႏၵာစစ္ေအာင္ ေျပာသြားတာပါ။

အလုပ္ရွင္ေတြဘက္ကေတာ့ အခုလိုကာလမ်ိဳးမွာ အစိုးရရဲ႕ သတင္းထုတ္ျပန္ခ်က္ေတြ အခ်ိန္မီထုတ္ျပန္ေပးဖို႔နဲ႔ ရွင္းရွင္းလင္းလင္း မျဖစ္ခဲ့ဘူးဖို႔ ေျပာဆိုခဲ့သလို အလုပ္သမားသမဂၢဘက္ကေတာ့ အလုပ္သမားအေဆာင္ေတြမွာ က်န္းမာေရးနဲ႔အညီျဖစ္ဖို႔၊ ဒီေရာဂါအတြက္ စိုးရိမ္မႈေတြ ေလွ်ာ့ခ်ႏိုင္မယ့္ နည္းလမ္းေတြကို ထည့္သြင္းေဆြးေႏြးသြားတာ ျဖစ္ပါတယ္။

ေဇာ္ထက္   / ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------------------------
[Unicode Version]

စက်ရုံအလုပ်ရုံတွေ စစ်ဆေး ပြန်ဖွင့်ရေး အခက်အခဲကြုံနေရ

စက်ရုံတွေ ပြန်ဖွင့်နိုင်ဖို့ ပြင်ဆင်နေတဲ့ကာလမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို နိုင်ငံတော်အတိုင်ပင်ခံ၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသမဂ္ဂ ဒီနေ့မနက်တွေ့ဆုံကြတဲ့အပေါ် အလုပ်ရှင်နဲ့ အလုပ်သမားတချို့ရဲ့ အမြင်ကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးပါမယ်။

အစိုးရတာဝန်ရှိသူတွေနဲ့ အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန် ဆွေးနွေးကြတဲ့ ဒီနေ့ ဧပြီလ ၂၁ ရက် မနက်မှာ အစိုးရဘက်ကတော့ စက်ရုံတွေမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ COVID-19 ကာကွယ်ရေး လမ်းညွှန်ချက်တွေအတိုင်း လိုက်နာထားတာ ရှိ၊ မရှိ စစ်ဆေးနေပြီလို့ ဆိုပါတယ်။ လိုက်နာတဲ့ စက်ရုံတွေကိုပဲ ဧပြီလ ၃၀ နောက်ပိုင်း လုပ်ငန်းပြန်လည်ပတ်ခွင့်ပေးသွားမှာပါ။

သက်ဆိုင်ရာကတော့ ဦးစားပေး စစ်သွားမယ့် စက်ရုံအမျိုးအစားတွေကို သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ စစ်ဆေးချိန်က ကြာနိုင်လို့ ဒီအပေါ်မှာ လုပ်ငန်းရှင်တွေက သဘောမကျကြပါဘူး။ လှိုင်သာယာ ဇုန် ၆ ခုရဲ့ ဥက္ကဋ္ဌ ဦးအုန်းဆိုင်က သူ့အမြင်ကို အခုလိုပြောပါတယ်။

“အခက်အခဲတွေအများကြီး ရှိတယ်။ အဲဒီတော့ ကျနော်တို့ လုပ်ငန်းရှင်တွေ တော်တော်များများပြောတာက တဘက်ကလည်း ကျန်းမာရေးဝန်ကြီးဌာနက guideline အတိုင်း ကျနော်တို့ ဆောင်ရွက်ပါ့မယ်၊ အလုပ်လည်း ဖွင့်ပြီးတော့ စစ်ဆေးဖို့လည်း၊ လုပ်နေတဲ့အချိန်မှာ လာစစ်ပါ၊ တကယ်လို့ guideline အတိုင်း မညီညွှတ်ရင် ညွှန်ကြားပါ ဘယ်လိုထပ်လုပ်ရမလဲ။ အဲဒါဆိုရင်လုပ်ငန်းလုပ်တဲ့သူလည်း အဆင်ပြေသွားမယ်၊ အလုပ်လည်း လုပ်လို့ရသွားတယ်၊ အလုပ်ရှင်ရော အလုပ်သမားရော အဆင်ပြေတာပေါ့ဗျာ။"

ကျန်းမာရေးဝန်ကြီးဌာန သတ်မှတ်ထားတဲ့ စနစ်တွေအတိုင်း ပြင်ဆင်ထားတဲ့ စက်ရုံတွေက အစစ်ခံဖို့အရင်ဦးဆုံး စာတင်ရမှာပါ။ အဲဒီနောက် ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့တွေနဲ့ စစ်ဆေးပြီး ဖွင့်နိုင်၊ မဖွင့်နိုင်ဆိုတာ ဆုံးဖြတ်ပေးရမှာပါ။ ဧပြီ ၂၁ မှာ လှိုင်သာယာဇုန် ၆ ခုက စက်ရုံ ၄၉ ရုံ စာတင်ခဲ့ပြီး ၅ ရုံပဲ စစ်ဆေးနိုင်ခဲ့ပါတယ်။ ဒီနေ့ ဧပြီ ၂၂ မှာ စက်ရုံ ၇၀ စာတင်ထားပါတယ်။ ဦးအုန်းဆိုင်က အခုလိုဆက်ပြောပါတယ်။

“အဓိက ပြဿနာက ဘာလဲဆိုတော့ သူတို့လာစစ်သော်ငြားလည်း လုပ်ခွင့်ပေးတယ်ဆိုတဲ့အဖြေ သူတို့ကို မပေးသွားဘူး။ အဲဒီအခါကျတော့ ဆက်လုပ်ရမှာလား၊ ပိတ်ရမှာလား။ လုပ်ငန်းရှင်တွေဘက်ကလည်း အကုန်လာတင်မှာလား၊ နိုင်ငံတော်ကလည်း တင်ပေးတဲ့ဟာကို ၁၀ရက်အတွင်း စစ်နိုင်မှာလားဆိုတာ သူတို့လုပ်ဆောင်တဲ့သူမှပဲ သိမှာ။ လက်ရှိမြေပြင်မှာ ဖြစ်နေတဲ့ ပုံစံဆိုရင်တော့ မပြီးနိုင်ဘူး။ ဒါကျနော်တို့ဇုံအနေနဲ့ပြောတာ မပြီးနိုင်ဘူး။ တရက် ၁၀၀ စစ်နိုင်မှ ရုံ ၇၀၀ ပြီးမှာကိုး။”

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကတော့ စက်ရုံလုပ်သားတွေ တယောက်နဲ့တယောက် ကျန်းမာရေးအရ ၆ ပေခွာရမယ်ဆိုပေမဲ့ တချို့စက်ရုံမှာ ဒီသတ်မှတ်ချက်က နေရာအခက်အခဲ ရှိနိုင်တယ်လို့ ဆွေးနွေးသွားပါတယ်။ တချို့စက်ရုံတွေက အလှည့်ကျအလုပ်ဆင်းခိုင်းပြီး လူ ကြပ်တည်းတာကို လျှော့ချဖို့ ကြိုးစားနေပါတယ်။

လူဦးရေ အများဆုံးဖြစ်တဲ့ လှိုင်သာယာမှာ စက်မှုဇုန် ၁၀ ခုလောက်ရှိပါတယ်။ လူထောင်ချီရှိတဲ့ အထည်ချုပ်စက်ရုံတွေက လုပ်သားတွေရဲ့ ကျန်းမာရေးဟာ အရေးကြီးလို့ စက်ရုံတာဝန်ရှိသူတွေက ဒါကို စနစ်တကျလုပ်ပေးဖို့ မျှော်လင့်ကြောင်းလည်း အလုပ်သမားတွေကပြောပါတယ်။

“ဒါက အန္တရာယ်အရမ်းကြီးတဲ့ စိန်ခေါ်မှုဖြစ်ပါတယ်ဗျ။ ဘာလို့ဆို လှိုင်သာယာမှာ အထည်ချုပ်လုပ်သားက ၅၀၀,၀၀၀ လောက်ရှိတယ်၊ ကျန်တဲ့လုပ်သားတွေ ပေါင်းရင် လုပ်သား ၈သိန်းလောက်ရှိတယ်၊ guideline နဲ့ညီညွတ်တယ်ဆိုရင်တောင် တခုခုဖြစ်မှာ စိတ်ပူရတဲ့အနေအထားရှိတယ်၊ ၆၀ x ၄၉ မြေတကွက်မှာ လူ ၃၀ နဲ့ ၄၀ ကြားနေနေရတာ၊ တခုခုဖြစ်ရင် ထိန်းကြောင်းဖို့ တအားခက်ခဲပါတယ်။ လုံခြုံမှုကို safe ဖြစ်အောင် တတ်နိုင်သလောက် guideline နဲ့ အညီ လုပ်သင့်တယ်လို့တော့ ထင်ပါတယ်ဗျ။”

တို့မျိုးဆက်ကွန်ရက်က ဦးနန္ဒာစစ်အောင် ပြောသွားတာပါ။

အလုပ်ရှင်တွေဘက်ကတော့ အခုလိုကာလမျိုးမှာ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်တွေ အချိန်မီထုတ်ပြန်ပေးဖို့နဲ့ ရှင်းရှင်းလင်းလင်း မဖြစ်ခဲ့ဘူးဖို့ ပြောဆိုခဲ့သလို အလုပ်သမားသမဂ္ဂဘက်ကတော့ အလုပ်သမားအဆောင်တွေမှာ ကျန်းမာရေးနဲ့အညီဖြစ်ဖို့၊ ဒီရောဂါအတွက် စိုးရိမ်မှုတွေ လျှော့ချနိုင်မယ့် နည်းလမ်းတွေကို ထည့်သွင်းဆွေးနွေးသွားတာ ဖြစ်ပါတယ်။

ဇော်ထက်   / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/labor-issue-reaction/5385366.html
စက္႐ံု၊ အလုပ္႐ံုေတြ စစ္ေဆး ျပန္ဖြင့္ေရး အခက္္အခဲၾကံဳေန စက္႐ံု၊ အလုပ္႐ံုေတြ စစ္ေဆး ျပန္ဖြင့္ေရး အခက္္အခဲၾကံဳေန Reviewed by THITHTOOLWIN on 20:40 Rating: 5
Powered by Blogger.