ကို႐ိုနာဗိုင္းရပ္စ္ပိုးရွိ၊ မရွိ လူဦးေရ ေထာင္ခ်ီ ေန႔စဥ္ စစ္ေဆးႏိုင္ေတာ့မည္

(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ ပိုးရွိ၊ မရွိ တစ္ရက္ကို လူ ၁၃၀၀ ေက်ာ္ ဓာတ္ခြဲစစ္ေဆးႏိုင္တဲ့ Cobas 6800 စက္အသစ္ကို မၾကာခင္ရက္ပိုင္းအတြင္း အသုံးျပဳႏိုင္ေတာ့မယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္ ထားပါတယ္။

ေနျပည္ေတာ္နဲ႔ ရန္ကုန္က တပ္မေတာ္ေဆး႐ုံေတြမွာလည္း  အဲဒီအမ်ိဳးစား စက္ႏွစ္လုံး ရွိၿပီး ဓာတ္ခြဲစစ္ေဆးေပးဖို႔ အသင့္ရွိေနပါၿပီ။

ျပည္တြင္းေဆးကုမၸဏီတစ္ခုက အစိုးရကို လႉဒါန္းထားတဲ့ Cobas 6800 ေရာဂါရွာေဖြေရးစက္နဲ႔  ဓာတ္ခြဲနမူနာ ၁၃၀၀ ေက်ာ္ကို လာမယ့္ရက္ပိုင္းအတြင္း ေန႔စဥ္စစ္ေဆးႏိုင္ေတာ့မွာပါ။

က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းအတြက္ အေရးတႀကီး လိုအပ္ခ်က္ျဖစ္တာေၾကာင့္ ဝယ္ယူလႉဒါန္းခဲ့တာ ျဖစ္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ (ေခၚ) Covid 19 ဓာတ္ခြဲႏိုင္တဲ့ အတည္ျပဳခ်က္ရကတည္းက ဝယ္ယူဖို႔ ႀကိဳးပမ္းခဲ့တာလို႔ ရန္ကုန္ၿမိဳ႕ AA Medical Products လီမိတက္ရဲ႕ မန္ေနးဂ်င္းဒါ႐ိုက္တာ ဦးေဇာ္မိုးခိုင္က ေျပာပါတယ္။

“ေသြးလႉဘဏ္မွာ ရွိေနတဲ့ စက္က ေန႔စဥ္နဲ႔အမွ် ေသြးလႉတဲ့လူေတြကို HIV တို႔ ဘီပိုးတို႔ စစ္ေနရတဲ့အတြက္ ဒီကိုဗစ္အတြက္ကို သူတို႔က NHL ကို ေ႐ႊ႕ဖို႔ကလည္း အဆင္မေျပဘူးေပါ့ေလ။ အဲဒါဆိုလည္း ကြၽန္ေတာ္တို႔ အေနနဲ႔ တစ္လုံးထပ္လႉလိုက္မယ္ေပါ့။ ႏိုင္ငံမွာလည္း အေရးတႀကီးလိုအပ္တဲ့ ျပည္သူေတြရဲ႕ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းအတြက္လည္း အေရးတႀကီးလိုအပ္လို႔ ကြၽန္ေတာ္တို႔က လႉပါတယ္။ လႉဖို႔ စလုပ္တဲ့အခ်ိန္ကေတာ့ မတ္လဆန္းေလာက္ကေပါ့။ US FDA က Covid 19 Reagent ကို အသိမွတ္ျပဳ ခြင့္ျပဳကတည္းက စၿပီး ႀကိဳးပမ္းခဲ့တာပါ။”

အဲဒီစက္ေတြနဲ႔ ကို႐ိုနာဗိုင္းရပ္စ္စစ္ေဆးရာမွာ အသုံးျပဳတဲ့ အေထာက္အကူျပဳပစၥည္း Reagent ေတြကိုလည္း က်န္းမာေရးဝန္ႀကီးဌာနကိုသာမက မဂၤလာဒုံစစ္ေဆး႐ုံ၊ ေနျပည္ေတာ္စစ္ေဆး႐ုံေတြကိုလည္း လႉဒါန္း ထားတယ္လို႔ ဦးေဇာ္မိုးခိုင္က ေျပာပါတယ္။

ဆြစ္ဇာလန္ႏိုင္ငံထုတ္ Cobas 6800 ေရာဂါရွာေဖြေရးစက္ဟာ တစ္ရက္ကို ကို႐ိုနာဗိုင္းရပ္စ္ ဓာတ္ခြဲနမူနာ ၁၃၄၄ ခုေလာက္ စစ္ေဆးႏိုင္တဲ့စက္ ျဖစ္ပါတယ္။

ဒီစက္ဟာ HIV၊ အသည္းေရာင္အသားဝါ ဘီပိုး၊ စီပိုး စတာေတြကို အလိုအေလ်ာက္ စနစ္သုံးၿပီး ဓာတ္ခြဲ ရွာႏိုင္တာေၾကာင့္ စက္ကိုင္တြယ္သူေတြလည္း ကူးစက္မႈ ရာခိုင္ႏႈန္းနည္းပါးပါတယ္။


ကို႐ိုနာဗိုင္းရပ္စ္ စစ္ေဆးဖို႔ ဓာတ္ခြဲအေထာက္အကူျပဳပစၥည္း Reagent ရွိမွ ေရာဂါပိုးရွာေဖြစစ္ေဆးႏိုင္တာ ျဖစ္ပါတယ္။

အေမရိကန္အပါအဝင္ ကမာၻ႔ႏိုင္ငံေတြက ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုး ရွာေဖြရာမွာ လက္ရွိသုံးစြဲေနၿပီး အရည္အေသြးဆိုင္ရာ အသိအမွတ္ျပဳခ်က္ ရရွိထားပါတယ္။

တပ္မေတာ္က Cobas 6800 စက္ ႏွစ္လုံးကို   ၂၀၁၉ ခုႏွစ္ကတည္းက တပ္ဆင္ခဲ့တာျဖစ္တယ္လို႔ ဧၿပီလ ၂၃ ရက္ေန႔က သတင္းထုတ္ျပန္ထားပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ပိုး စစ္ေဆးဖို႔ စပ္သပ္ေအာင္ျမင့္ခဲ့တာေၾကာင့္ စစ္ေဆး အတည္ျပဳေပးတာေတြကို လုပ္ေဆာင္ေပးဖို႔ အသင့္ရွိတယ္လို႔  ဆိုပါတယ္။

အဲဒီလို သတင္းထုတ္ျပန္ၿပီးေနာက္ လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ တပ္မေတာ္ကို ေဝဖန္မႈေတြ ျမင့္တက္ခဲ့ပါတယ္။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက လူမႈကြန္ရက္က ေဝဖန္မႈေတြနဲ႔ ပတ္သက္ၿပီး ဧၿပီလ ၂၅ ရက္ မေန႔က သတင္းေထာက္ေတြကို အခုလို ရွင္းျပခဲ့ပါတယ္။

“တပ္မေတာ္အေနနဲ႔ ဒီစက္ႀကီးအရင္ကတည္းက ရွိရဲ႕သားနဲ႔ မလုပ္ဘူးတို႔ ဘာတို႔ ညာတို႔ ေလွ်ာက္ေရးထားတာ ေတြ႕တယ္။ ဒါကေတာ့ သူ႔အယူအဆပါပဲ။ အမွန္တကယ္ကေတာ့ ဒီစက္ဟာ ၂၀၁၉ ကတည္းက တပ္မေတာ္မွာ ရွိတယ္။ ဒါေပမဲ့ အဲဒီ Covid 19 ေရာဂါအတြက္ မဟုတ္ဘူး အဲဒီစက္က ေသြးလႉတဲ့လူေတြကို HIV တို႔ ဘီပိုး၊ စီပိုးေရာဂါ ရွိမရွိ စစ္တဲ့ စက္ႀကီးျဖစ္တယ္။ ဒီဟာကလည္း အဲဒီကုမၸဏီက Covid 19 စစ္ႏိုင္တယ္ဆိုတဲ့ ေတြ႕ရွိခ်က္ေပါ့ ကြၽန္ေတာ္တို႔က အဲဒီ Reagent ေတြ ဝယ္ရတယ္။ ဒီေရာဂါေတြက ကြၽန္ေတာ္တို႔ တစ္ႏိုင္ငံထဲ ျဖစ္ေနတဲ့ ေရာဂါလည္း မဟုတ္ဘူး။ အကုန္လုံးမွာ ျဖစ္ေနတဲ့အတြက္ေၾကာင့္ ဝယ္ရတဲ့အခါ ဝယ္ဖို႔ ေတာ္ေတာ္ခက္ခဲပါတယ္။”

တစ္ႀကိမ္ကို အေရအတြက္ ၉၄ ခု စစ္ေဆးႏိုင္တဲ့ စက္တစ္လုံးကိုလည္း က်ိဳင္းတုံက အမွတ္ ၃ တပ္မေတာ္ေဆး႐ုံကို ပို႔ေဆာင္ၿပီး စစ္ေဆးႏိုင္ေအာင္ ေဆာင္႐ြက္ေနတယ္လို႔လည္း ဆိုပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေရာဂါနဲ႔ ပတ္သက္ၿပီး ႀကိဳတင္ကာကြယ္ ထိန္းခ်ဳပ္ေရးဆိုင္ရာေတြကို အျမင္ခ်င္းဖလွယ္ ေဆြးေႏြးႏိုင္ဖို႔ တ႐ုတ္ႏိုင္ငံက ေဆးကုသေရးကြၽမ္းက်င္ပညာရွင္ ေျခာက္ဦးအဖြဲ႕ ဧၿပီလ ၂၅ ရက္ေန႔က ေရာက္ရွိေနေၾကာင္း ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

အဆင့္ျမင့္ ဓာတ္ခြဲခန္းေတြမွာ အဲလိုစက္မ်ိဳးရွိသင့္ၿပီး ေရအတြက္မ်ားမ်ား စစ္ႏိုင္တဲ့အတြက္ ေကာင္းက်ိဳး ပိုမ်ားတယ္လို႔ ေဒါက္တာဥကၠာၾကည္ဝင္းက သုံးသပ္ပါတယ္။

“ကြၽန္ေတာ္တို႔ အဆင့္ျမင့္ဓာတ္ခြဲခန္းမွာ အဲလိုမ်ိဳး စက္တစ္လုံးေတာ့ အနည္းဆုံးရွိရမွာ ျဖစ္ပါတယ္။ သူက တျခားေရာဂါပိုးေတြ ေတာ္ေတာ္မ်ားကို စစ္ႏိုင္တဲ့စက္ျဖစ္ပါတယ္။ ျဖစ္ေနတာက ျဖစ္ေနတဲ့သတင္းေတြ၊ နားလည္မႈလြဲေနတာက အဲဒီ Reagent ကလည္း အဓိက ျပႆနာေပါ့ေလ။ စက္ရွိေပမယ့္လည္း အဲဒီ Reagent မရွိရင္ စစ္လို႔မရဘူး။ စစ္ႏိုင္တဲ့ အေရအတြက္ကို လူေတြက ေမ့ေနၾကတယ္။ ဒါေပမဲ့ ပိုၿပီးေတာ့ စစ္ႏိုင္လာတဲ့အခါက်ေတာ့ Positive အေရအတြက္ကလည္း ပိုၿပီးေတြ႕လာတာေပါ့။ ဒါကို လူေတြက ပိုၿပီးေၾကာက္လာၾကတယ္။ အမွန္တကယ္က မ်ားမ်ားစစ္ႏိုင္လို႔ မ်ားမ်ားေတြ႕ႏိုင္ရင္ေတာ့ ေကာင္းက်ိဳးပိုမ်ားတာေပါ့။”

ျမန္မာႏိုင္ငံမွာ Cobas ဓာတ္ခြဲေရာဂါရွာေဖြေရးစက္ အမ်ိဳးသားေသြးဌာနမွာ စက္ တစ္လုံး၊ တပ္မေတာ္က ဝယ္ယူတဲ့ စက္ ႏွစ္လုံးနဲ႔ မၾကာခင္က အလႉရွင္တစ္ဦး လႉဒါန္းထားတဲ့ စက္ တစ္လုံး ရွိပါတယ္။

ေရာဂါအတည္ျပဳလူနာေတြနဲ႔ အနီးကပ္ ထိေတြ႕ခဲ့သူအားလုံး၊ သံသယေရာဂါလကၡဏာ ရွိသူေတြနဲ႔ အသြားအလာ ကန႔္သတ္ ေစာင့္ၾကည့္သူေတြထဲက အနည္းဆုံး ၁၀ ရာခိုင္ႏႈန္းေလာက္ ဓာတ္ခြဲစစ္ေဆးတာေတြ လုပ္ေဆာင္ေနၿပီး လႉဒါန္းထားတဲ့ စက္သစ္ႀကီးနဲ႔ မၾကာခင္ပိုမိုစစ္ေဆးႏိုင္မွာ ျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီကေန႔ ဧၿပီ ၂၆ ရက္ေန႔မွာ ထုတ္ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံမွာ လူဦး ၅၂ သန္းေလာက္ရွိၿပီး လက္ရွိအခ်ိန္အထိ ဓာတ္ခြဲစစ္ေဆးခဲ့သူ ၆၅၃၈ ဦးထဲက ၁၄၆ ဦးဟာ ေရာဂါျဖစ္ပြားေနတာ ေတြ႕ရတာေၾကာင့္ ဓာတ္ခြဲစစ္ေဆးမႈရဲ႕ ၂ ရာခိုင္ႏႈန္းေက်ာ္ဟာ ေရာဂါျဖစ္ပြားေနတယ္လို႔ အဲဒီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေနမ်ိဳးထြန္း / RFA Burmese
------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ပိုးရှိ၊ မရှိ လူဦးရေ ထောင်ချီ နေ့စဉ် စစ်ဆေးနိုင်တော့မည်

ကိုရိုနာဗိုင်းရပ်စ် ပိုးရှိ၊ မရှိ တစ်ရက်ကို လူ ၁၃၀၀ ကျော် ဓာတ်ခွဲစစ်ဆေးနိုင်တဲ့ Cobas 6800 စက်အသစ်ကို မကြာခင်ရက်ပိုင်းအတွင်း အသုံးပြုနိုင်တော့မယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။

နေပြည်တော်နဲ့ ရန်ကုန်က တပ်မတော်ဆေးရုံတွေမှာလည်း  အဲဒီအမျိုးစား စက်နှစ်လုံး ရှိပြီး ဓာတ်ခွဲစစ်ဆေးပေးဖို့ အသင့်ရှိနေပါပြီ။

ပြည်တွင်းဆေးကုမ္ပဏီတစ်ခုက အစိုးရကို လှူဒါန်းထားတဲ့ Cobas 6800 ရောဂါရှာဖွေရေးစက်နဲ့  ဓာတ်ခွဲနမူနာ ၁၃၀၀ ကျော်ကို လာမယ့်ရက်ပိုင်းအတွင်း နေ့စဉ်စစ်ဆေးနိုင်တော့မှာပါ။

ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းအတွက် အရေးတကြီး လိုအပ်ချက်ဖြစ်တာကြောင့် ဝယ်ယူလှူဒါန်းခဲ့တာ ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် (ခေါ်) Covid 19 ဓာတ်ခွဲနိုင်တဲ့ အတည်ပြုချက်ရကတည်းက ဝယ်ယူဖို့ ကြိုးပမ်းခဲ့တာလို့ ရန်ကုန်မြို့ AA Medical Products လီမိတက်ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးဇော်မိုးခိုင်က ပြောပါတယ်။

“သွေးလှူဘဏ်မှာ ရှိနေတဲ့ စက်က နေ့စဉ်နဲ့အမျှ သွေးလှူတဲ့လူတွေကို HIV တို့ ဘီပိုးတို့ စစ်နေရတဲ့အတွက် ဒီကိုဗစ်အတွက်ကို သူတို့က NHL ကို ရွှေ့ဖို့ကလည်း အဆင်မပြေဘူးပေါ့လေ။ အဲဒါဆိုလည်း ကျွန်တော်တို့ အနေနဲ့ တစ်လုံးထပ်လှူလိုက်မယ်ပေါ့။ နိုင်ငံမှာလည်း အရေးတကြီးလိုအပ်တဲ့ ပြည်သူတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းအတွက်လည်း အရေးတကြီးလိုအပ်လို့ ကျွန်တော်တို့က လှူပါတယ်။ လှူဖို့ စလုပ်တဲ့အချိန်ကတော့ မတ်လဆန်းလောက်ကပေါ့။ US FDA က Covid 19 Reagent ကို အသိမှတ်ပြု ခွင့်ပြုကတည်းက စပြီး ကြိုးပမ်းခဲ့တာပါ။”

အဲဒီစက်တွေနဲ့ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရာမှာ အသုံးပြုတဲ့ အထောက်အကူပြုပစ္စည်း Reagent တွေကိုလည်း ကျန်းမာရေးဝန်ကြီးဌာနကိုသာမက မင်္ဂလာဒုံစစ်ဆေးရုံ၊ နေပြည်တော်စစ်ဆေးရုံတွေကိုလည်း လှူဒါန်း ထားတယ်လို့ ဦးဇော်မိုးခိုင်က ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံထုတ် Cobas 6800 ရောဂါရှာဖွေရေးစက်ဟာ တစ်ရက်ကို ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲနမူနာ ၁၃၄၄ ခုလောက် စစ်ဆေးနိုင်တဲ့စက် ဖြစ်ပါတယ်။

ဒီစက်ဟာ HIV၊ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး စတာတွေကို အလိုအလျောက် စနစ်သုံးပြီး ဓာတ်ခွဲ ရှာနိုင်တာကြောင့် စက်ကိုင်တွယ်သူတွေလည်း ကူးစက်မှု ရာခိုင်နှုန်းနည်းပါးပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးဖို့ ဓာတ်ခွဲအထောက်အကူပြုပစ္စည်း Reagent ရှိမှ ရောဂါပိုးရှာဖွေစစ်ဆေးနိုင်တာ ဖြစ်ပါတယ်။

အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံတွေက ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ရှာဖွေရာမှာ လက်ရှိသုံးစွဲနေပြီး အရည်အသွေးဆိုင်ရာ အသိအမှတ်ပြုချက် ရရှိထားပါတယ်။

တပ်မတော်က Cobas 6800 စက် နှစ်လုံးကို   ၂၀၁၉ ခုနှစ်ကတည်းက တပ်ဆင်ခဲ့တာဖြစ်တယ်လို့ ဧပြီလ ၂၃ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးဖို့ စပ်သပ်အောင်မြင့်ခဲ့တာကြောင့် စစ်ဆေး အတည်ပြုပေးတာတွေကို လုပ်ဆောင်ပေးဖို့ အသင့်ရှိတယ်လို့  ဆိုပါတယ်။

အဲဒီလို သတင်းထုတ်ပြန်ပြီးနောက် လူမှုကွန်ရက်စာမျက်နှာတွေမှာ တပ်မတော်ကို ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက လူမှုကွန်ရက်က ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ဧပြီလ ၂၅ ရက် မနေ့က သတင်းထောက်တွေကို အခုလို ရှင်းပြခဲ့ပါတယ်။

“တပ်မတော်အနေနဲ့ ဒီစက်ကြီးအရင်ကတည်းက ရှိရဲ့သားနဲ့ မလုပ်ဘူးတို့ ဘာတို့ ညာတို့ လျှောက်ရေးထားတာ တွေ့တယ်။ ဒါကတော့ သူ့အယူအဆပါပဲ။ အမှန်တကယ်ကတော့ ဒီစက်ဟာ ၂၀၁၉ ကတည်းက တပ်မတော်မှာ ရှိတယ်။ ဒါပေမဲ့ အဲဒီ Covid 19 ရောဂါအတွက် မဟုတ်ဘူး အဲဒီစက်က သွေးလှူတဲ့လူတွေကို HIV တို့ ဘီပိုး၊ စီပိုးရောဂါ ရှိမရှိ စစ်တဲ့ စက်ကြီးဖြစ်တယ်။ ဒီဟာကလည်း အဲဒီကုမ္ပဏီက Covid 19 စစ်နိုင်တယ်ဆိုတဲ့ တွေ့ရှိချက်ပေါ့ ကျွန်တော်တို့က အဲဒီ Reagent တွေ ဝယ်ရတယ်။ ဒီရောဂါတွေက ကျွန်တော်တို့ တစ်နိုင်ငံထဲ ဖြစ်နေတဲ့ ရောဂါလည်း မဟုတ်ဘူး။ အကုန်လုံးမှာ ဖြစ်နေတဲ့အတွက်ကြောင့် ဝယ်ရတဲ့အခါ ဝယ်ဖို့ တော်တော်ခက်ခဲပါတယ်။”

တစ်ကြိမ်ကို အရေအတွက် ၉၄ ခု စစ်ဆေးနိုင်တဲ့ စက်တစ်လုံးကိုလည်း ကျိုင်းတုံက အမှတ် ၃ တပ်မတော်ဆေးရုံကို ပို့ဆောင်ပြီး စစ်ဆေးနိုင်အောင် ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာတွေကို အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ဖို့ တရုတ်နိုင်ငံက ဆေးကုသရေးကျွမ်းကျင်ပညာရှင် ခြောက်ဦးအဖွဲ့ ဧပြီလ ၂၅ ရက်နေ့က ရောက်ရှိနေကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အဆင့်မြင့် ဓာတ်ခွဲခန်းတွေမှာ အဲလိုစက်မျိုးရှိသင့်ပြီး ရေအတွက်များများ စစ်နိုင်တဲ့အတွက် ကောင်းကျိုး ပိုများတယ်လို့ ဒေါက်တာဥက္ကာကြည်ဝင်းက သုံးသပ်ပါတယ်။

“ကျွန်တော်တို့ အဆင့်မြင့်ဓာတ်ခွဲခန်းမှာ အဲလိုမျိုး စက်တစ်လုံးတော့ အနည်းဆုံးရှိရမှာ ဖြစ်ပါတယ်။ သူက တခြားရောဂါပိုးတွေ တော်တော်များကို စစ်နိုင်တဲ့စက်ဖြစ်ပါတယ်။ ဖြစ်နေတာက ဖြစ်နေတဲ့သတင်းတွေ၊ နားလည်မှုလွဲနေတာက အဲဒီ Reagent ကလည်း အဓိက ပြဿနာပေါ့လေ။ စက်ရှိပေမယ့်လည်း အဲဒီ Reagent မရှိရင် စစ်လို့မရဘူး။ စစ်နိုင်တဲ့ အရေအတွက်ကို လူတွေက မေ့နေကြတယ်။ ဒါပေမဲ့ ပိုပြီးတော့ စစ်နိုင်လာတဲ့အခါကျတော့ Positive အရေအတွက်ကလည်း ပိုပြီးတွေ့လာတာပေါ့။ ဒါကို လူတွေက ပိုပြီးကြောက်လာကြတယ်။ အမှန်တကယ်က များများစစ်နိုင်လို့ များများတွေ့နိုင်ရင်တော့ ကောင်းကျိုးပိုများတာပေါ့။”

မြန်မာနိုင်ငံမှာ Cobas ဓာတ်ခွဲရောဂါရှာဖွေရေးစက် အမျိုးသားသွေးဌာနမှာ စက် တစ်လုံး၊ တပ်မတော်က ဝယ်ယူတဲ့ စက် နှစ်လုံးနဲ့ မကြာခင်က အလှူရှင်တစ်ဦး လှူဒါန်းထားတဲ့ စက် တစ်လုံး ရှိပါတယ်။

ရောဂါအတည်ပြုလူနာတွေနဲ့ အနီးကပ် ထိတွေ့ခဲ့သူအားလုံး၊ သံသယရောဂါလက္ခဏာ ရှိသူတွေနဲ့ အသွားအလာ ကန့်သတ် စောင့်ကြည့်သူတွေထဲက အနည်းဆုံး ၁၀ ရာခိုင်နှုန်းလောက် ဓာတ်ခွဲစစ်ဆေးတာတွေ လုပ်ဆောင်နေပြီး လှူဒါန်းထားတဲ့ စက်သစ်ကြီးနဲ့ မကြာခင်ပိုမိုစစ်ဆေးနိုင်မှာ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ဧပြီ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ လူဦး ၅၂ သန်းလောက်ရှိပြီး လက်ရှိအချိန်အထိ ဓာတ်ခွဲစစ်ဆေးခဲ့သူ ၆၅၃၈ ဦးထဲက ၁၄၆ ဦးဟာ ရောဂါဖြစ်ပွားနေတာ တွေ့ရတာကြောင့် ဓာတ်ခွဲစစ်ဆေးမှုရဲ့ ၂ ရာခိုင်နှုန်းကျော်ဟာ ရောဂါဖြစ်ပွားနေတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နေမျိုးထွန်း / RFA Burmese
https://www.rfa.org/burmese/news/corona-test-can-be-done-in-myanmar-04262020074615.html
ကို႐ိုနာဗိုင္းရပ္စ္ပိုးရွိ၊ မရွိ လူဦးေရ ေထာင္ခ်ီ ေန႔စဥ္ စစ္ေဆးႏိုင္ေတာ့မည္ ကို႐ိုနာဗိုင္းရပ္စ္ပိုးရွိ၊ မရွိ လူဦးေရ ေထာင္ခ်ီ ေန႔စဥ္ စစ္ေဆးႏိုင္ေတာ့မည္ Reviewed by THITHTOOLWIN on 20:31 Rating: 5
Powered by Blogger.