ကိုဗစ္၁၉-ကိုယ္က်ိဳးအတြက္ လူထုရဲ႕အသက္ေတြနဲ႔ ကစားတာကို ဘယ္လိုမွသည္းမခံႏိုင္ လို႔ ေဒၚေအာင္ဆန္းစုၾကည္ေျပာ

ကိုယ္က်ိဳးအတြက္ လူထုရဲ႕အသက္ေတြနဲ႔ ကစားတာကို ဘယ္လိုမွသည္းမခံႏိုင္
ကိုဗစ္၁၉ ေရာဂါ ကာကြယ္ေရးအတြက္ ျပည္သူေတြလိုအပ္ေနတဲ့ ႏွာေခါင္းစည္း mask ေတြကို အဆမတန္ေဈးတင္ေရာင္းသူေတြဟာ လုံးဝမလုပ္သင့္တဲ့ကိစၥျဖစ္ၿပီး ဥပေဒအရ အေရးယူမယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က သတိေပးလိုက္ပါတယ္။

ဧၿပီ ၆ ရက္မနက္က ပဲခူးတိုင္းေဒသႀကီးက တာဝန္ရွိသူသုံးဦးနဲ႔ အင္တာနက္ကတစ္ဆင့္ တိုက္႐ိုက္ဆက္သြယ္ေဆြးေႏြးရာမွာ ေပါက္ေခါင္းျပည္သူ႔ ေဆး႐ုံအုပ္ႀကီး ေဒါက္တာေအးၿငိမ္းရဲ႕ တင္ျပခ်က္ကို ေဒၚေအာင္ဆန္းစုၾကည္က အခုလိုေျပာၾကားခဲ့တာျဖစ္ပါတယ္။

ႏိုင္ငံမွာ ႏွာေခါင္းစည္းေတြ ဧၿပီတစ္လစာအတြက္ ၆ ဒသမ ၃ သန္းရွိတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ဧၿပီ ၅ ရက္က ေဖာ္ျပခဲ့ ပါတယ္။ အဲဒီေဖာ္ျပခ်က္နဲ႔ ဆက္စပ္ၿပီး ေဒါက္တာေအးၿငိမ္းက တင္ျပခဲ့ရာမွာ ပဲခူးတိုင္းတစ္ခုတည္းမွာတင္ လူထု ၅ ဒသမ ၂ သန္းရွိၿပီး လူတိုင္းကို ႏွာေခါင္းစည္းေတြ ပံ့ပိုးေပးဖို႔ ေလာေလာဆယ္ မျဖစ္ႏိုင္ေၾကာင္း၊ လိုအပ္တဲ့ႏွာေခါင္းစည္းေတြကို အျပင္ကေန ဝယ္တဲ့အခါ တစ္ခုကို ငါးဆယ္ တန္ေလာက္ကို ငါးရာတစ္ေထာင္ ေပးဝယ္ေနရၿပီး အရည္အေသြးလည္း မေကာင္းေၾကာင္း တင္ျပခဲ့တာျဖစ္ပါတယ္။
လိုအပ္ေနတဲ့အခ်ိန္မွာ ေဈးတင္ေရာင္းတာဟာ သည္းခံၿပီးေတာ့ လႊတ္ထားလို႔ရမယ့္ကိစၥမဟုတ္
ေဒၚေအာင္ဆန္းစုၾကည္က ႏွာေခါင္းစည္းေတြကို အမ်ားႀကီး ထပ္မွာထားေၾကာင္းနဲ႔ ေန႔စဥ္ထုတ္လုပ္မႈ တိုးလာတဲ့အတြက္ အစိုးရအေနနဲ႔လည္း တက္ႏိုင္သမွ် တိုးမွာေနေၾကာင္း၊ ျပည္တြင္းမွာ ထုတ္ႏိုင္မလားဆိုတာလည္း ၾကည့္ေနေၾကာင္းနဲ႔ ျပည္တြင္းမွာ ထုတ္ႏိုင္ရင္ေတာင္မွ ျပည္ပကေနလည္း ဆက္မွာရဦးမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အဲဒါနဲ႔တစ္ဆက္တည္းမွာပဲ ႏွာေခါင္းစည္း ေဈးတင္ေရာင္းသူေတြကို အေရးယူမယ့္ ဥပေဒလည္းထုတ္ထားၿပီးျဖစ္လို႔ ဥေပဒအရ အေရးယူမယ္လို႔ ေျပာၾကားသြားပါတယ္။

"ဒီဟာက ဥပေဒနဲ႔လည္း မကိုက္ညီဘူးေနာ္။ ဥပေဒအရလည္း ကြၽန္မတို႔ အေရးယူလို႔ရတယ္။ ဒီလိုဟာမ်ိဳးေတြ မလုပ္ရဘူးဆိုတာ ဥပေဒထုတ္ထားတယ္။ ကြၽန္မတို႔သိလို႔ရွိရင္လည္း အေရးယူမယ္။ ဒါဟာ ကိုယ္တစ္ဦးခ်င္းရဲ႕ အက်ိဳးအျမတ္အတြက္ ျပည္သူလူထုရဲ႕ အသက္ေတြနဲ႔ ကစားတဲ့သေဘာပဲ။ အဲဒါ ေတာ့ ကြၽန္မတို႔ ဘယ္လိုမွ သည္းညည္းမခံႏိုင္ဘူး" လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့ပါတယ္။

ကိုဗစ္၁၉ ေရာဂါ ကာကြယ္ကုသေရးနဲ႔ပတ္သက္တဲ့ က်န္းမာေရးအေထာက္အကူျပဳပစၥည္းေတြ၊ ေဆးဝါးေတြနဲ႔ စားသုံးကုန္ေတြကို အေရးႀကီး ကုန္စည္ အျဖစ္ သတ္မွတ္ထားၿပီး ဒီကုန္စည္ေတြကို ေဈးတင္ေရာင္းတာ၊ ျဖန႔္ျဖဴးတာ၊ ေဈးကစားဖို႔ ရည္႐ြယ္ခ်က္ရွိရွိ သိုေလွာင္တာေတြကို တားျမစ္ေၾကာင္း စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက မတ္ ၃၀ မွာ ေၾကညာခ်က္ ထုတ္ထားပါတယ္။

အဲဒီတားျမစ္ခ်က္ကို ေဖာက္ဖ်က္ရင္ အေရးႀကီးကုန္စည္နဲ႔ ဝန္ေဆာင္မႈဥပေဒပုဒ္မ ၅ အရ အေရးယူခံရမယ္လို႔လည္း ဆိုပါတယ္။

ဥပေဒအရ အေရးယူမွာျဖစ္သလို တစ္ဖက္မွာ ဒီလိုလုပ္ရက္သူေတြအေနနဲ႔ ဒီေလာက္ေတာင္မွ ကိုယ့္ႏိုင္ငံ၊ ကိုယ့္ျပည္သူလုထု ဒုကၡေရာက္ေနတဲ့အခ်ိန္၊ အခက္အခဲေတြ႕ေနတဲ့အခ်ိန္မွာ ကိုယ့္အတြက္ အက်ိဳးအျမတ္ ထုတ္မယ္ဆိုတာ စဥ္းစားေနၾကမွာလား လို႔ သူက ဆက္ေျပာပါတယ္။

"အဲဒီလိုလူေတြကို အားမေပးပါနဲ႔။ ဒီလိုပုဂၢိဳလ္ေတြဆီက ဝယ္ျခင္းဟာ ကိုယ့္ရဲ႕က်န္းမာေရးအတြက္ တဒဂၤ မက္စ္ ဘယ္ႏွခုဝယ္ႏိုင္မလဲ သူတို႔ေရာင္း တဲ့ေဈးနဲ႔။ ကိုဗစ္ အားလုံးၿပီးသြားတဲ့အထိ ဒီမက္စ္ေတြက ခံမွာလား။ ဒီလိုလူေတြကို အားမေပးပါနဲ႔လို႔ ျပည္သူေတြကို ကြၽန္မ ေမတၱာရပ္ခံခ်င္ပါတယ္။ ဒီလိုလူေတြကိုသိရင္လည္း သက္ဆိုင္ရာကို အေၾကာင္းၾကားပါ။ ကြၽန္မတို႔ အေရးယူမယ္။ ဒါက တိုင္တာေတာတာ ၊ သူမ်ားဒုကၡေရာက္ေအာင္ လုပ္တာမဟုတ္ပါဘူး။ အမ်ားဒုကၡမေရာက္ေအာင္လို႔ ကာကြယ္တာျဖစ္ပါတယ္" လို႔ ဆိုပါတယ္။

ျပည္သူေတြလိုအပ္ေနတဲ့ပစၥည္းကို လိုအပ္ေနတဲ့အခ်ိန္မွာ ေဈးတင္ေရာင္းတာဟာ သည္းခံၿပီးေတာ့ လႊတ္ထားလို႔ရမယ့္ကိစၥ မဟုတ္ဘူးလို႔လည္း ဆိုပါတယ္။

BBC Burmese
----------------------------------------------------
ကိုဗစ်၁၉-ကိုယ်ကျိုးအတွက် လူထုရဲ့အသက်တွေနဲ့ ကစားတာကို ဘယ်လိုမှသည်းမခံနိုင် လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ကိုဗစ်၁၉ ရောဂါ ကာကွယ်ရေးအတွက် ပြည်သူတွေလိုအပ်နေတဲ့ နှာခေါင်းစည်း mask တွေကို အဆမတန်ဈေးတင်ရောင်းသူတွေဟာ လုံးဝမလုပ်သင့်တဲ့ကိစ္စဖြစ်ပြီး ဥပဒေအရ အရေးယူမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်ပါတယ်။

ဧပြီ ၆ ရက်မနက်က ပဲခူးတိုင်းဒေသကြီးက တာဝန်ရှိသူသုံးဦးနဲ့ အင်တာနက်ကတစ်ဆင့် တိုက်ရိုက်ဆက်သွယ်ဆွေးနွေးရာမှာ ပေါက်ခေါင်းပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာအေးငြိမ်းရဲ့ တင်ပြချက်ကို ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံမှာ နှာခေါင်းစည်းတွေ ဧပြီတစ်လစာအတွက် ၆ ဒသမ ၃ သန်းရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဧပြီ ၅ ရက်က ဖော်ပြခဲ့ ပါတယ်။ အဲဒီဖော်ပြချက်နဲ့ ဆက်စပ်ပြီး ဒေါက်တာအေးငြိမ်းက တင်ပြခဲ့ရာမှာ ပဲခူးတိုင်းတစ်ခုတည်းမှာတင် လူထု ၅ ဒသမ ၂ သန်းရှိပြီး လူတိုင်းကို နှာခေါင်းစည်းတွေ ပံ့ပိုးပေးဖို့ လောလောဆယ် မဖြစ်နိုင်ကြောင်း၊ လိုအပ်တဲ့နှာခေါင်းစည်းတွေကို အပြင်ကနေ ဝယ်တဲ့အခါ တစ်ခုကို ငါးဆယ် တန်လောက်ကို ငါးရာတစ်ထောင် ပေးဝယ်နေရပြီး အရည်အသွေးလည်း မကောင်းကြောင်း တင်ပြခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က နှာခေါင်းစည်းတွေကို အများကြီး ထပ်မှာထားကြောင်းနဲ့ နေ့စဉ်ထုတ်လုပ်မှု တိုးလာတဲ့အတွက် အစိုးရအနေနဲ့လည်း တက်နိုင်သမျှ တိုးမှာနေကြောင်း၊ ပြည်တွင်းမှာ ထုတ်နိုင်မလားဆိုတာလည်း ကြည့်နေကြောင်းနဲ့ ပြည်တွင်းမှာ ထုတ်နိုင်ရင်တောင်မှ ပြည်ပကနေလည်း ဆက်မှာရဦးမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အဲဒါနဲ့တစ်ဆက်တည်းမှာပဲ နှာခေါင်းစည်း ဈေးတင်ရောင်းသူတွေကို အရေးယူမယ့် ဥပဒေလည်းထုတ်ထားပြီးဖြစ်လို့ ဥပေဒအရ အရေးယူမယ်လို့ ပြောကြားသွားပါတယ်။

"ဒီဟာက ဥပဒေနဲ့လည်း မကိုက်ညီဘူးနော်။ ဥပဒေအရလည်း ကျွန်မတို့ အရေးယူလို့ရတယ်။ ဒီလိုဟာမျိုးတွေ မလုပ်ရဘူးဆိုတာ ဥပဒေထုတ်ထားတယ်။ ကျွန်မတို့သိလို့ရှိရင်လည်း အရေးယူမယ်။ ဒါဟာ ကိုယ်တစ်ဦးချင်းရဲ့ အကျိုးအမြတ်အတွက် ပြည်သူလူထုရဲ့ အသက်တွေနဲ့ ကစားတဲ့သဘောပဲ။ အဲဒါ တော့ ကျွန်မတို့ ဘယ်လိုမှ သည်းညည်းမခံနိုင်ဘူး" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ကိုဗစ်၁၉ ရောဂါ ကာကွယ်ကုသရေးနဲ့ပတ်သက်တဲ့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေ၊ ဆေးဝါးတွေနဲ့ စားသုံးကုန်တွေကို အရေးကြီး ကုန်စည် အဖြစ် သတ်မှတ်ထားပြီး ဒီကုန်စည်တွေကို ဈေးတင်ရောင်းတာ၊ ဖြန့်ဖြူးတာ၊ ဈေးကစားဖို့ ရည်ရွယ်ချက်ရှိရှိ သိုလှောင်တာတွေကို တားမြစ်ကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မတ် ၃၀ မှာ ကြေညာချက် ထုတ်ထားပါတယ်။

အဲဒီတားမြစ်ချက်ကို ဖောက်ဖျက်ရင် အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အရေးယူခံရမယ်လို့လည်း ဆိုပါတယ်။

ဥပဒေအရ အရေးယူမှာဖြစ်သလို တစ်ဖက်မှာ ဒီလိုလုပ်ရက်သူတွေအနေနဲ့ ဒီလောက်တောင်မှ ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်သူလုထု ဒုက္ခရောက်နေတဲ့အချိန်၊ အခက်အခဲတွေ့နေတဲ့အချိန်မှာ ကိုယ့်အတွက် အကျိုးအမြတ် ထုတ်မယ်ဆိုတာ စဉ်းစားနေကြမှာလား လို့ သူက ဆက်ပြောပါတယ်။

"အဲဒီလိုလူတွေကို အားမပေးပါနဲ့။ ဒီလိုပုဂ္ဂိုလ်တွေဆီက ဝယ်ခြင်းဟာ ကိုယ့်ရဲ့ကျန်းမာရေးအတွက် တဒင်္ဂ မက်စ် ဘယ်နှခုဝယ်နိုင်မလဲ သူတို့ရောင်း တဲ့ဈေးနဲ့။ ကိုဗစ် အားလုံးပြီးသွားတဲ့အထိ ဒီမက်စ်တွေက ခံမှာလား။ ဒီလိုလူတွေကို အားမပေးပါနဲ့လို့ ပြည်သူတွေကို ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။ ဒီလိုလူတွေကိုသိရင်လည်း သက်ဆိုင်ရာကို အကြောင်းကြားပါ။ ကျွန်မတို့ အရေးယူမယ်။ ဒါက တိုင်တာတောတာ ၊ သူများဒုက္ခရောက်အောင် လုပ်တာမဟုတ်ပါဘူး။ အများဒုက္ခမရောက်အောင်လို့ ကာကွယ်တာဖြစ်ပါတယ်" လို့ ဆိုပါတယ်။

ပြည်သူတွေလိုအပ်နေတဲ့ပစ္စည်းကို လိုအပ်နေတဲ့အချိန်မှာ ဈေးတင်ရောင်းတာဟာ သည်းခံပြီးတော့ လွှတ်ထားလို့ရမယ့်ကိစ္စ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52171089
ကိုဗစ္၁၉-ကိုယ္က်ိဳးအတြက္ လူထုရဲ႕အသက္ေတြနဲ႔ ကစားတာကို ဘယ္လိုမွသည္းမခံႏိုင္ လို႔ ေဒၚေအာင္ဆန္းစုၾကည္ေျပာ ကိုဗစ္၁၉-ကိုယ္က်ိဳးအတြက္ လူထုရဲ႕အသက္ေတြနဲ႔ ကစားတာကို ဘယ္လိုမွသည္းမခံႏိုင္ လို႔ ေဒၚေအာင္ဆန္းစုၾကည္ေျပာ Reviewed by THITHTOOLWIN on 20:53 Rating: 5
Powered by Blogger.