ညမထြက္ရအမိန႔္ထုတ္ထားတဲ့ ေဒသေတြမွာ လုံၿခဳံေရးတိုးျမႇင့္

(Zawgyi)⤵⤵⤵

ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္တားဆီးေရး လုပ္ေဆာင္ေနတဲ့ ကာလအတြင္း ေဒသတခ်ိဳ႕မွာ ညမထြက္ရ သတ္မွတ္ထားၿပီး ရဲတပ္ဖြဲ႕က လုံၿခဳံေရးလုပ္ငန္းေတြ ပိုမို ေဆာင္႐ြက္ေနပါတယ္။

ရန္ကုန္တိုင္း၊ မႏၲေလးတိုင္း၊ စစ္ကိုင္းတိုင္း၊ ကခ်င္ျပည္နယ္၊ ကရင္ျပည္နယ္နဲ႔ ေနျပည္ေတာ္ေကာင္စီနယ္ေျမ ၿမိဳ႕နယ္ ရွစ္ခုမွာ ညမထြက္ရအမိန႔္ေတြ ထုတ္ျပန္ထားသလို မႏၲေလးတိုင္းမွာလည္း  ည ၁၀ နာရီကေန မနက္ ၄ နာရီအတြင္း  အျပင္ထြက္သူေတြမရွိေစေရး ရဲတပ္ဖြဲ႕က လုံၿခဳံေရးလွည့္ကင္း ေဆာင္႐ြက္ေနပါတယ္။

ျပည္သူေတြအေနနဲ႔ ထုတ္ျပန္ထားတဲ့ စည္းကမ္းေတြကို လိုက္နာတာကို ေတြ႕ရတယ္လို႔ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ရဲမႉးေနမ်ိဳးေအာင္က ေျပာပါတယ္။

“ညဘက္ျပည္သူေတြ သိပ္မထြက္ၾကဘူး၊ ရွိခဲ့ရင္ ပညာေပးၿပီး ျပန္လႊတ္ပါတယ္။ ထုတ္ထားတဲ့စည္းကမ္းကို မႏၲေလးျပည္သူေတြ လိုက္နာၾကပါတယ္”

ညမထြက္ရအမိန႔္ ထုတ္ထားတဲ့အျပင္ မႏၲေလးၿမိဳ႕အဝင္ တိုးဂိတ္မွာ ၿမိဳ႕တြင္းဝင္မယ့္ ေမာ္ေတာ္ယာဥ္ေတြကို စစ္ေဆးေနပါတယ္။

ၿမိဳ႕ကိုဝင္ေရာက္လာသူေတြကို ကိုယ္အပူခ်ိန္တိုင္းတာအျပင္ အခ်က္အလက္ေတြ ေကာက္ယူေနေၾကာင္း ရာအိမ္မႉး တစ္ေယာက္ျဖစ္တဲ့ ဦးဟန္ေငြထြန္းက ေျပာပါတယ္။

“အဝင္အထြက္ စားရင္းေတြမွတ္တယ္။ အပူခ်ိန္တိုင္းတယ္။ ကားအမ်ိဳးtစား၊ ဖုန္းနံပါတ္ေတြ မွတ္တယ္။ ညေနပိုင္းမွာ ကားအဝင္အထြက္က ေတာ္ေတာ္ေလးမ်ားတယ္"

မႏၲေလးၿမိဳ႕တြင္း ၿမိဳ႕ျပင္ လုံၿခဳံေရးေဆာင္႐ြက္ေနတဲ့ အဖြဲ႕ ၁၂ ဖြဲ႕ ဖြဲ႕ထားၿပီး အဖြဲ႕တစ္ခုစီမွာ က်န္းမာေရး ဝန္ထမ္းေတြ၊ ၾကက္ေျခနီအဖြဲ႕ေတြ၊ ရပ္ေက်း အုပ္ခ်ဳပ္ေရးမႉးေတြနဲ႔ အရန္မီးသတ္တပ္ဖြဲ႕ဝင္ေတြ ပါဝင္ပါတယ္။

လုံၿခဳံေရးေဆာင္႐ြက္ရတာ ေရရွည္ျဖစ္လာမယ္ဆိုရင္ ရဲတပ္ဖြဲ႕ဝင္ေတြအတြက္ လိုအပ္ခ်က္ေတြ ရွိလာႏိုင္ေၾကာင္း ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ရဲမႉး ေနမ်ိဳးေအာင္က ေျပာပါတယ္။

“ျပည္သူလူထုက ပညာေပးေဆာင္႐ြက္တာေတြလည္းရွိတယ္။ ရက္ရွည္လာရင္ေတာ့ ရဲတပ္ဖြဲ႕ေတြအတြက္ ႏွာေခါင္းစည္းေတြ၊ လက္ေဆးဂ်ယ္ေတြ လိုအပ္တာေတြ ရွိပါတယ္။ က်န္တဲ့ အခက္အခဲေတာ့မရွိပါဘူး၊ တရား႐ုံးေတြကိုလည္း လုံၿခဳံေရးေဆာင္႐ြက္ေပးတာေတြ နားေနရတဲ့အတြက္ လုံၿခဳံေရးေဆာင္႐ြက္တာ အဆင္ေျပတယ္”

အျပင္ လုံး၀မထြက္ဖို႔ ကန႔္သတ္ထားတဲ့အခ်ိန္မွာ မျဖစ္မေနထြက္ဖို႔ လိုအပ္လာမယ္ဆိုရင္ တိုင္းေဒသႀကီးအစိုးရ ထုတ္ေပးထားတဲ့ ညအျပင္ထြက္ခြင့္လက္မွတ္ ကိုင္ေဆာင္ၿပီး ထြက္ရမွာျဖစ္ပါတယ္။

ထုတ္ျပန္ထားတဲ့ စည္းကမ္းေတြကို မလိုက္နာဘူးဆိုရင္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္ခြဲမႈ ဥပေဒနဲ႔ အေရးယူေနပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းက ျပည္ႀကီးတံခြန္ၿမိဳ႕နယ္အတြင္းက (စ) ေဈးမွာ ေဈးေရာင္းခ်သူေတြ ႏွာေခါင္းစည္းတပ္ဖို႔ အသိပညာေပးရာမွာ သစ္သီးေရာင္းခ်သူ အမ်ိဳးသားတစ္ဦးက လိုက္နာမႈမရွိဘဲ အသိပညာေပးသူေတြကို ဓားနဲ႔ၿခိမ္းေျခာက္ခဲ့တဲ့အတြက္ သဘာဝေဘး အႏၲရာယ္ဆိုင္ရာ စီမံခန္ခြဲမႈ ဥပေဒ ပုဒ္မ ၂၆ နဲ႔ အေရးယူလိုက္ ပါတယ္။

ဒီပုဒ္မဟာဆိုရင္ ေထာင္ဒဏ္ ႏွစ္ႏွစ္၊ ဒါမွမဟုတ္ ေငြဒဏ္၊ ဒါမွမဟုတ္ ေထာင္ဒဏ္နဲ႔ ေငြဒဏ္ ႏွစ္ခုလုံး ခ်မွတ္ႏိုင္ ပါတယ္။

ေနျပည္ေတာ္၊ စစ္ကိုင္းနဲ႔ ရန္ကုန္ စတဲ့ တစ္ျခား ျပည္နယ္၊ တိုင္းေဒသေတြမွာလည္း အလားတူ ညမထြက္ရ တားျမစ္မိန႔္ ထုတ္ျပန္ထားၿပီး ရပ္ကြက္ လမ္းတိုင္းလိုလိုမွာ လုံၿခဳံေရးေတြ ခ်ထားပါတယ္။

RFA Burmese
https://www.rfa.org/burmese/news/increased-security-in-cities-04202020042624.html
------------
(Unicode)⤵⤵⤵

ညမထွက်ရအမိန့်ထုတ်ထားတဲ့ ဒေသတွေမှာ လုံခြုံရေးတိုးမြှင့်

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေး လုပ်ဆောင်နေတဲ့ ကာလအတွင်း ဒေသတချို့မှာ ညမထွက်ရ သတ်မှတ်ထားပြီး ရဲတပ်ဖွဲ့က လုံခြုံရေးလုပ်ငန်းတွေ ပိုမို ဆောင်ရွက်နေပါတယ်။

ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ နေပြည်တော်ကောင်စီနယ်မြေ မြို့နယ် ရှစ်ခုမှာ ညမထွက်ရအမိန့်တွေ ထုတ်ပြန်ထားသလို မန္တလေးတိုင်းမှာလည်း  ည ၁၀ နာရီကနေ မနက် ၄ နာရီအတွင်း  အပြင်ထွက်သူတွေမရှိစေရေး ရဲတပ်ဖွဲ့က လုံခြုံရေးလှည့်ကင်း ဆောင်ရွက်နေပါတယ်။

ပြည်သူတွေအနေနဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာတာကို တွေ့ရတယ်လို့ ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးနေမျိုးအောင်က ပြောပါတယ်။

“ညဘက်ပြည်သူတွေ သိပ်မထွက်ကြဘူး၊ ရှိခဲ့ရင် ပညာပေးပြီး ပြန်လွှတ်ပါတယ်။ ထုတ်ထားတဲ့စည်းကမ်းကို မန္တလေးပြည်သူတွေ လိုက်နာကြပါတယ်”

ညမထွက်ရအမိန့် ထုတ်ထားတဲ့အပြင် မန္တလေးမြို့အဝင် တိုးဂိတ်မှာ မြို့တွင်းဝင်မယ့် မော်တော်ယာဉ်တွေကို စစ်ဆေးနေပါတယ်။

မြို့ကိုဝင်ရောက်လာသူတွေကို ကိုယ်အပူချိန်တိုင်းတာအပြင် အချက်အလက်တွေ ကောက်ယူနေကြောင်း ရာအိမ်မှူး တစ်ယောက်ဖြစ်တဲ့ ဦးဟန်ငွေထွန်းက ပြောပါတယ်။

“အဝင်အထွက် စားရင်းတွေမှတ်တယ်။ အပူချိန်တိုင်းတယ်။ ကားအမျိုးtစား၊ ဖုန်းနံပါတ်တွေ မှတ်တယ်။ ညနေပိုင်းမှာ ကားအဝင်အထွက်က တော်တော်လေးများတယ်"

မန္တလေးမြို့တွင်း မြို့ပြင် လုံခြုံရေးဆောင်ရွက်နေတဲ့ အဖွဲ့ ၁၂ ဖွဲ့ ဖွဲ့ထားပြီး အဖွဲ့တစ်ခုစီမှာ ကျန်းမာရေး ဝန်ထမ်းတွေ၊ ကြက်ခြေနီအဖွဲ့တွေ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ ပါဝင်ပါတယ်။

လုံခြုံရေးဆောင်ရွက်ရတာ ရေရှည်ဖြစ်လာမယ်ဆိုရင် ရဲတပ်ဖွဲ့ဝင်တွေအတွက် လိုအပ်ချက်တွေ ရှိလာနိုင်ကြောင်း ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး နေမျိုးအောင်က ပြောပါတယ်။

“ပြည်သူလူထုက ပညာပေးဆောင်ရွက်တာတွေလည်းရှိတယ်။ ရက်ရှည်လာရင်တော့ ရဲတပ်ဖွဲ့တွေအတွက် နှာခေါင်းစည်းတွေ၊ လက်ဆေးဂျယ်တွေ လိုအပ်တာတွေ ရှိပါတယ်။ ကျန်တဲ့ အခက်အခဲတော့မရှိပါဘူး၊ တရားရုံးတွေကိုလည်း လုံခြုံရေးဆောင်ရွက်ပေးတာတွေ နားနေရတဲ့အတွက် လုံခြုံရေးဆောင်ရွက်တာ အဆင်ပြေတယ်”

အပြင် လုံးဝမထွက်ဖို့ ကန့်သတ်ထားတဲ့အချိန်မှာ မဖြစ်မနေထွက်ဖို့ လိုအပ်လာမယ်ဆိုရင် တိုင်းဒေသကြီးအစိုးရ ထုတ်ပေးထားတဲ့ ညအပြင်ထွက်ခွင့်လက်မှတ် ကိုင်ဆောင်ပြီး ထွက်ရမှာဖြစ်ပါတယ်။

ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာဘူးဆိုရင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှု ဥပဒေနဲ့ အရေးယူနေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ်အတွင်းက (စ) ဈေးမှာ ဈေးရောင်းချသူတွေ နှာခေါင်းစည်းတပ်ဖို့ အသိပညာပေးရာမှာ သစ်သီးရောင်းချသူ အမျိုးသားတစ်ဦးက လိုက်နာမှုမရှိဘဲ အသိပညာပေးသူတွေကို ဓားနဲ့ခြိမ်းခြောက်ခဲ့တဲ့အတွက် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှု ဥပဒေ ပုဒ်မ ၂၆ နဲ့ အရေးယူလိုက် ပါတယ်။

ဒီပုဒ်မဟာဆိုရင် ထောင်ဒဏ် နှစ်နှစ်၊ ဒါမှမဟုတ် ငွေဒဏ်၊ ဒါမှမဟုတ် ထောင်ဒဏ်နဲ့ ငွေဒဏ် နှစ်ခုလုံး ချမှတ်နိုင် ပါတယ်။

နေပြည်တော်၊ စစ်ကိုင်းနဲ့ ရန်ကုန် စတဲ့ တစ်ခြား ပြည်နယ်၊ တိုင်းဒေသတွေမှာလည်း အလားတူ ညမထွက်ရ တားမြစ်မိန့် ထုတ်ပြန်ထားပြီး ရပ်ကွက် လမ်းတိုင်းလိုလိုမှာ လုံခြုံရေးတွေ ချထားပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/increased-security-in-cities-04202020042624.html
ညမထြက္ရအမိန႔္ထုတ္ထားတဲ့ ေဒသေတြမွာ လုံၿခဳံေရးတိုးျမႇင့္ ညမထြက္ရအမိန႔္ထုတ္ထားတဲ့ ေဒသေတြမွာ လုံၿခဳံေရးတိုးျမႇင့္ Reviewed by THITHTOOLWIN on 19:20 Rating: 5
Powered by Blogger.