ပလက္ဝအနီး ေလေၾကာင္းပစ္ခတ္မႈေၾကာင့္ ေသဆုံးခဲ့သူအရပ္သားေတြကို ခ်င္းျပည္နယ္ အစိုးရ ေလ်ာ္ေၾကးေပး

ပလက္ၿမိဳ႕အနီးက ႐ြာေတြမွာ တိုက္ပြဲေတြျပင္းထန္ေန
(Zawgyi)⤵⤵⤵
ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕အနီးမွာ ဧၿပီ ၇ ရက္က တိုက္ပြဲေတြ ျဖစ္ပြားခဲ့ၿပီး တပ္မေတာ္က ေလေၾကာင္းပစ္ခတ္မႈေၾကာင့္ အရပ္သား ၇ ဉီး ေသဆုံး၊ ၈ ဉီးထိခိုက္ ဒဏ္ရာရရွိခဲ့သလို ေနအိမ္ေတြလည္း မီးေလာင္ခဲ့တယ္လို႔ ခူမီးခ်င္းမ်ိဳးႏြယ္စုမ်ားေရးရာ ေပါင္းစပ္ ညႇိႏႈိင္းေရးေကာင္စီ(KACC)ဥကၠ႒ ဦးေက်ာ္ၿငိမ္းက ေျပာပါတယ္။

ဒီတိုက္ခိုက္မႈေၾကာင့္ ေသဆုံးခဲ့သူေတြဟာ ပလက္ဝၿမိဳ႕ရဲ႕ အေရွ႕ေတာင္ဘက္၊ ေက်ာက္ေတာ္-ပလက္ဝ ကားလမ္းေဘး ႐ြာေတြက ျဖစ္ၿပီး အဲဒီေနရာမွာ ခ်င္း႐ြာေတြနဲ႔ ရခိုင္႐ြာေတြ တည္ရွိပါတယ္။

ေအေအ လက္နက္ကိုင္အဖြဲ႕ဟာ ဟာ ခ်င္း႐ြာကို ဝင္လိုက္၊ ရခိုင္႐ြာကို ဝင္လိုက္နဲ႔ ခိုလႈံတိုက္ေနတာျဖစ္ၿပီး တပ္မေတာ္က ဂ်က္တိုက္ေလယဥ္ သုံးၿပီးဗုံးႀကဲတိုက္ခိုက္ရာမွာ အခုလိုထိခိုက္ေသဆုံးခဲ့တာျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။

ၿပီးခဲ့တဲ့ မတ္လကလည္း တပ္မေတာ္က ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ပလက္ဝၿမိဳ႕နယ္ထဲမွာ အရပ္သား ေသဆုံးထိခိုက္တာေတြ ရွိခဲ့ပါတယ္။

ပလက္ဝၿမိဳ႕အနီး နန္းေခ်ာင္းဝေက်း႐ြာဘက္မွာ တပ္မေတာ္ ေလေၾကာင္းပစ္ခတ္မႈေၾကာင့္ ေသဆုံးရသူေတြကို တစ္ဉီးကို က်ပ္သုံးသိန္း၊ ဒဏ္ရာရ သူကို က်ပ္တစ္သိန္းနဲ႔ ေနအိမ္မီးေလာင္ခံ ရသူေတြကို တစ္အိမ္ေထာင္ကို က်ပ္သုံးသိန္း ခ်င္းျပည္နယ္ အစိုးရဘက္ က ေထာက္ပံ့ေပးခဲ့တယ္လို႔လည္း ဦးေက်ာ္ၿငိမ္းက ေျပာပါတယ္။
တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးခဲ့တဲ့ ပလက္ဝၿမိဳ႕နယ္ထဲက ႐ြာသားေတြ
တပ္မေတာ္နဲ႔ ေအေအလက္နက္ကိုင္တို႔ ပလက္ဝၿမိဳ႕အနီးက နန္းေခ်ာင္းဝေက်း႐ြာဘက္မွာ ဧၿပီ ၇ ရက္က မြန္းလြဲ ၃ နာရီႏွင့္ ၅ နာရီၾကား တြင္ တိုက္ပြဲ အျပင္းအထန္ ျဖစ္ပြားခဲ့တာပါ။

"အဲဒီေန႔ မနက္ကတည္းက ေျမျပင္တိုက္ပြဲေတြျဖစ္ေနတာ။ ေန႔လယ္ေလာက္မွာေတာ့ ေလေၾကာင္းက လာပစ္သြားတယ္" လို႔လည္း ဦးေက်ာ္ၿငိမ္းက ေျပာပါတယ္။

" အဲဒီ တိုက္ပြဲပစ္ခတ္မႈအၿပီး နန္းေခ်ာင္းဝထဲမွာ လူ ခုႏွစ္ ဦး ေသတယ္ဗ်ာ။ ရွစ္ဉီးဒဏ္ရာရတယ္။ အိမ္ရွစ္လုံးမီးေလာင္တယ္။ ႐ြာထဲကို ဒီလို ပစ္တာေတာ့ မေကာင္းဘူးေပါ့။ ေအေအကလည္း ႐ြာထဲမွာ ခိုေနေတာ့ အပစ္ခံရေတာ့ ႐ြာသားေတြနာတာေပါ့၊ ကြၽန္ေတာ္တို႔က ႏွစ္ဦး ႏွစ္ဘက္ အပစ္ခတ္ရပ္စဲဖို႔ အားလုံးညႇိႏႈိင္းတာ ေကာင္းမယ္လို႔ ထင္ပါတယ္" လို႔သူက ေျပာပါတယ္။

တပ္မေတာ္နဲ႔ ေအေအလက္နက္ကိုင္တို႔ တိုက္ပြဲေၾကာင့္ ေသဆုံးခဲ့ရသူေတြထဲမွာ အမ်ိဳးသမီး ၃ ဉီး၊ အမ်ိဳးသား၃ ဉီးနဲ႔ ကေလးတစ္ဉီးတို႔ ပါဝင္ပါတယ္။
ပလက္ဝက စစ္ေရွာင္စခန္းတစ္ခု
အဲဒီေန႔က ဒဏ္ရာရခဲ့ သူေတြကို ပလက္ဝေဆး႐ုံကိုပို႔ထားၿပီး ဒဏ္ရာအေျခအေန ဆိုးလာရင္ေတာ့ မင္းတပ္ေဆး႐ုံကို ဆက္ပို႔ဖို႔ရွိတယ္လို႔လည္း ပလက္ဝေဒသခံ အကူညီေပးေရးအဖြဲ႕ေတြက ေျပာပါတယ္။

တပ္မေတာ္ နဲ႔ေအေအလက္နက္ကိုင္တို႔ အၾကား၊ ရခိုင္နဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ အတြင္းမွာ ၂၀၁၈ ႏိုဝင္ဘာလ ကေန ၂၀၂၀ ဧၿပီလ အထိ တိုက္ပြဲေတြ ျဖစ္ပြားေနခဲ့တာပါ။

မတ္လ အတြင္းကေတာ့ မီးဝေက်း႐ႊာ အနီးမွာ တိုက္ပြဲေတြ အျပင္းအထန္ျဖစ္ပြားခဲ့ၿပီး တပ္မေတာ္စစ္ေၾကာင္းကို ေအေအက တိုက္ခိုက္ခဲ့ၿပီး တပ္ရင္းမႉးအပါအဝင္ ရာရွိစစ္သည္ အေယာက္ ၂၀ကို ဖမ္းဆီးႏိုင္ခဲ့တာအျပင္ လက္နက္ခဲယမ္း အေျမာက္အျမားကိုလည္း သိမ္းဆည္းခဲ့တယ္လို႔ ေအေအက မတ္လ ၁၁ရက္ေန႔မွာ ထုတ္ျပန္ခဲ့ပါတယ္။

အဲ့ဒီတိုက္ပြဲေတြေၾကာင့္ ရခိုင္ျပည္နယ္မွာ တိုက္ပြဲေရွာင္ တစ္သိန္းခြဲေက်ာ္ရွိၿပီး ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ထဲမွာ တိုက္ပြဲေရွာင္ ၅၀၀၀ ေက်ာ္ရွိတယ္လို႔ အရပ္ဘက္ အဖြဲ႕အစည္းေတြထံက သိရပါတယ္။

အစိုးရကေတာ့ ေအေအလက္နက္ကိုင္ အဖြဲ႕ကို အၾကမ္းဖက္ အုပ္စုနဲ႔ မတရားအသင္းအျဖစ္ ၂၀၂၀ ခုႏွစ္၊မတ္လ ၂၃ ရက္က ေၾကညာထား ပါတယ္။
၂၀၁၉ မွာ လုံး၀ ပိတ္ထားရတဲ့ ေက်ာင္းေတြ ရွိလာ
အခုလိုတိုက္ပြဲၾကားမွာ ဓားစာခံျဖစ္ေနတဲ့ ခ်င္းတိုင္းရင္းသား အပါအဝင္ ေဒသခံ႐ြာသားေတြကို စာနာေထာက္ထားတဲ့အေန နဲ႔ တိုက္ပြဲေတြကို ရပ္ေပးဖို႔ ကိုလည္း ခူမီးခ်င္းမ်ိဳးႏြယ္စုမ်ားေရးရာ ေပါင္းစပ္ ညႇိႏႈိင္းေရးေကာင္စီ(KACC)ဥကၠ႒ ဦးေက်ာ္ၿငိမ္းကေျပာပါတယ္။

ဧၿပီလ ၉ရက္ေန႔ မနက္မွာ အဲဒီ့တိုက္ခိုက္မႈေတြ ျဖစ္ပြားခဲ့တဲ့ေဒသ ႐ြာ၄ ႐ြာက အိမ္ေထာင္စု ၁၀၀ ေက်ာ္ ၿမိဳ႕ေပၚကို ေရာက္လာၿပီလို႔လည္း ပလက္ဝေဒသခံေတြက ေျပာပါတယ္။

အခု ဆိုရင္ ၿမိဳ႕ကို ေအေအက ဝိုင္းထားၿပီး အင္မတန္ စိုးရိမ္ရတဲ့ အေနအထားျဖစ္ေနပါတယ္။ စားဝတ္ေနေရးပါ အခက္အခဲရွိေနတယ္၊ ဒါေၾကာင့္ ႏိုင္ငံတကာ အကူညီေပးေရးအဖြဲ႕ေတြ လာေရာက္ အကူညီေပးဖို႔ကိုလည္း ေတာင္းဆိုတယ္လို႔လည္း ဦးေက်ာ္ၿငိမ္းက ေျပာပါတယ္။

ဒီအေျခအေနေတြနဲ႔ ပတ္သက္လို႔ အစိုးရနဲ႔ တပ္မေတာ္က တစ္စုံတစ္ရာ ထုတ္ျပန္ထားတာေတာ့ မရွိေသးပါဘူး။

ပလက္ဝၿမိဳ႕ဟာ ခ်င္းျပည္နယ္၊ ေတာင္ပိုင္း မင္းတပ္ခ႐ိုင္မွာ ပါဝင္ၿပီးေတာ့ ရခိုင္ျပည္နယ္အထိ စီးဆင္းသြားတဲ့ ကုလားတန္ျမစ္ အေနာက္ဘက္ကမ္းမွာတည္ရွိပါတယ္။

ကုလားတန္ျမစ္ေၾကာင္းအတိုင္း စစ္ေတြၿမိဳ႕ကေန ၉၆ မိုင္ ေဝးၿပီးေတာ့၂၀၁၄ ခုႏွစ္ သန္းေခါင္စာရင္းအရ ပလက္ဝၿမိဳ႕နယ္ တစ္ခုလုံး လူဦးေရ ၆ ေသာင္းေက်ာ္ရွိပါတယ္။

ခမီခ်င္းလူမ်ိဳး အမ်ားဆုံး ေနထိုင္ၾကၿပီးေတာ့ ရခိုင္လူမ်ိဳးေတြလည္းေနထိုင္ၾကပါတယ္။

BBC Burmese
---------------------------------------------
(Unicode)⤵⤵⤵
ပလက်ဝအနီး လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူအရပ်သားတွေကို ချင်းပြည်နယ် အစိုးရ လျော်ကြေးပေး

ချင်းပြည်နယ် ပလက်ဝမြို့အနီးမှာ ဧပြီ ၇ ရက်က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး တပ်မတော်က လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ၇ ဉီး သေဆုံး၊ ၈ ဉီးထိခိုက် ဒဏ်ရာရရှိခဲ့သလို နေအိမ်တွေလည်း မီးလောင်ခဲ့တယ်လို့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ် ညှိနှိုင်းရေးကောင်စီ(KACC)ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူတွေဟာ ပလက်ဝမြို့ရဲ့ အရှေ့တောင်ဘက်၊ ကျောက်တော်-ပလက်ဝ ကားလမ်းဘေး ရွာတွေက ဖြစ်ပြီး အဲဒီနေရာမှာ ချင်းရွာတွေနဲ့ ရခိုင်ရွာတွေ တည်ရှိပါတယ်။

အေအေ လက်နက်ကိုင်အဖွဲ့ဟာ ဟာ ချင်းရွာကို ဝင်လိုက်၊ ရခိုင်ရွာကို ဝင်လိုက်နဲ့ ခိုလှုံတိုက်နေတာဖြစ်ပြီး တပ်မတော်က ဂျက်တိုက်လေယဉ် သုံးပြီးဗုံးကြဲတိုက်ခိုက်ရာမှာ အခုလိုထိခိုက်သေဆုံးခဲ့တာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လကလည်း တပ်မတော်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပလက်ဝမြို့နယ်ထဲမှာ အရပ်သား သေဆုံးထိခိုက်တာတွေ ရှိခဲ့ပါတယ်။

ပလက်ဝမြို့အနီး နန်းချောင်းဝကျေးရွာဘက်မှာ တပ်မတော် လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးရသူတွေကို တစ်ဉီးကို ကျပ်သုံးသိန်း၊ ဒဏ်ရာရ သူကို ကျပ်တစ်သိန်းနဲ့ နေအိမ်မီးလောင်ခံ ရသူတွေကို တစ်အိမ်ထောင်ကို ကျပ်သုံးသိန်း ချင်းပြည်နယ် အစိုးရဘက် က ထောက်ပံ့ပေးခဲ့တယ်လို့လည်း ဦးကျော်ငြိမ်းက ပြောပါတယ်။

တပ်မတော်နဲ့ အေအေလက်နက်ကိုင်တို့ ပလက်ဝမြို့အနီးက နန်းချောင်းဝကျေးရွာဘက်မှာ ဧပြီ ၇ ရက်က မွန်းလွဲ ၃ နာရီနှင့် ၅ နာရီကြား တွင် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တာပါ။

"အဲဒီနေ့ မနက်ကတည်းက မြေပြင်တိုက်ပွဲတွေဖြစ်နေတာ။ နေ့လယ်လောက်မှာတော့ လေကြောင်းက လာပစ်သွားတယ်" လို့လည်း ဦးကျော်ငြိမ်းက ပြောပါတယ်။

" အဲဒီ တိုက်ပွဲပစ်ခတ်မှုအပြီး နန်းချောင်းဝထဲမှာ လူ ခုနှစ် ဦး သေတယ်ဗျာ။ ရှစ်ဉီးဒဏ်ရာရတယ်။ အိမ်ရှစ်လုံးမီးလောင်တယ်။ ရွာထဲကို ဒီလို ပစ်တာတော့ မကောင်းဘူးပေါ့။ အေအေကလည်း ရွာထဲမှာ ခိုနေတော့ အပစ်ခံရတော့ ရွာသားတွေနာတာပေါ့၊ ကျွန်တော်တို့က နှစ်ဦး နှစ်ဘက် အပစ်ခတ်ရပ်စဲဖို့ အားလုံးညှိနှိုင်းတာ ကောင်းမယ်လို့ ထင်ပါတယ်" လို့သူက ပြောပါတယ်။

တပ်မတော်နဲ့ အေအေလက်နက်ကိုင်တို့ တိုက်ပွဲကြောင့် သေဆုံးခဲ့ရသူတွေထဲမှာ အမျိုးသမီး ၃ ဉီး၊ အမျိုးသား၃ ဉီးနဲ့ ကလေးတစ်ဉီးတို့ ပါဝင်ပါတယ်။

အဲဒီနေ့က ဒဏ်ရာရခဲ့ သူတွေကို ပလက်ဝဆေးရုံကိုပို့ထားပြီး ဒဏ်ရာအခြေအနေ ဆိုးလာရင်တော့ မင်းတပ်ဆေးရုံကို ဆက်ပို့ဖို့ရှိတယ်လို့လည်း ပလက်ဝဒေသခံ အကူညီပေးရေးအဖွဲ့တွေက ပြောပါတယ်။

တပ်မတော် နဲ့အေအေလက်နက်ကိုင်တို့ အကြား၊ ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်းမှာ ၂၀၁၈ နိုဝင်ဘာလ ကနေ ၂၀၂၀ ဧပြီလ အထိ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာပါ။

မတ်လ အတွင်းကတော့ မီးဝကျေးရွှာ အနီးမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး တပ်မတော်စစ်ကြောင်းကို အေအေက တိုက်ခိုက်ခဲ့ပြီး တပ်ရင်းမှူးအပါအဝင် ရာရှိစစ်သည် အယောက် ၂၀ကို ဖမ်းဆီးနိုင်ခဲ့တာအပြင် လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းဆည်းခဲ့တယ်လို့ အေအေက မတ်လ ၁၁ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ တိုက်ပွဲရှောင် တစ်သိန်းခွဲကျော်ရှိပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲမှာ တိုက်ပွဲရှောင် ၅၀၀၀ ကျော်ရှိတယ်လို့ အရပ်ဘက် အဖွဲ့အစည်းတွေထံက သိရပါတယ်။

အစိုးရကတော့ အေအေလက်နက်ကိုင် အဖွဲ့ကို အကြမ်းဖက် အုပ်စုနဲ့ မတရားအသင်းအဖြစ် ၂၀၂၀ ခုနှစ်၊မတ်လ ၂၃ ရက်က ကြေညာထား ပါတယ်။

အခုလိုတိုက်ပွဲကြားမှာ ဓားစာခံဖြစ်နေတဲ့ ချင်းတိုင်းရင်းသား အပါအဝင် ဒေသခံရွာသားတွေကို စာနာထောက်ထားတဲ့အနေ နဲ့ တိုက်ပွဲတွေကို ရပ်ပေးဖို့ ကိုလည်း ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ် ညှိနှိုင်းရေးကောင်စီ(KACC)ဥက္ကဋ္ဌ ဦးကျော်ငြိမ်းကပြောပါတယ်။

ဧပြီလ ၉ရက်နေ့ မနက်မှာ အဲဒီ့တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ဒေသ ရွာ၄ ရွာက အိမ်ထောင်စု ၁၀၀ ကျော် မြို့ပေါ်ကို ရောက်လာပြီလို့လည်း ပလက်ဝဒေသခံတွေက ပြောပါတယ်။

အခု ဆိုရင် မြို့ကို အေအေက ဝိုင်းထားပြီး အင်မတန် စိုးရိမ်ရတဲ့ အနေအထားဖြစ်နေပါတယ်။ စားဝတ်နေရေးပါ အခက်အခဲရှိနေတယ်၊ ဒါကြောင့် နိုင်ငံတကာ အကူညီပေးရေးအဖွဲ့တွေ လာရောက် အကူညီပေးဖို့ကိုလည်း တောင်းဆိုတယ်လို့လည်း ဦးကျော်ငြိမ်းက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အစိုးရနဲ့ တပ်မတော်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။

ပလက်ဝမြို့ဟာ ချင်းပြည်နယ်၊ တောင်ပိုင်း မင်းတပ်ခရိုင်မှာ ပါဝင်ပြီးတော့ ရခိုင်ပြည်နယ်အထိ စီးဆင်းသွားတဲ့ ကုလားတန်မြစ် အနောက်ဘက်ကမ်းမှာတည်ရှိပါတယ်။

ကုလားတန်မြစ်ကြောင်းအတိုင်း စစ်တွေမြို့ကနေ ၉၆ မိုင် ဝေးပြီးတော့၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ပလက်ဝမြို့နယ် တစ်ခုလုံး လူဦးရေ ၆ သောင်းကျော်ရှိပါတယ်။

ခမီချင်းလူမျိုး အများဆုံး နေထိုင်ကြပြီးတော့ ရခိုင်လူမျိုးတွေလည်းနေထိုင်ကြပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52232301
ပလက္ဝအနီး ေလေၾကာင္းပစ္ခတ္မႈေၾကာင့္ ေသဆုံးခဲ့သူအရပ္သားေတြကို ခ်င္းျပည္နယ္ အစိုးရ ေလ်ာ္ေၾကးေပး ပလက္ဝအနီး ေလေၾကာင္းပစ္ခတ္မႈေၾကာင့္ ေသဆုံးခဲ့သူအရပ္သားေတြကို ခ်င္းျပည္နယ္ အစိုးရ ေလ်ာ္ေၾကးေပး Reviewed by THITHTOOLWIN on 21:48 Rating: 5
Powered by Blogger.