စကၤာပူမွာ ကုိဗစ္ကူးေနတဲ့ ျမန္မာႏုိင္ငံသား ၂၀ ေက်ာ္ရွိ


[ ZAWGYI ]

စကၤာပူႏိုင္ငံမွာ ျပည္သူေတြ တတ္ႏိုင္သမွ် ေနအိမ္အျပင္မထြက္ၾကဖို႔ အမိန္႔ထုတ္ျပန္ ကန္႔သတ္ထားတဲ့ၾကားကပဲ ဒီရက္ပိုင္းအတြင္း ကုိရိုနာဗုိင္းရပ္စ္ ကူးစက္မႈ အေရအတြက္ သိသိသာသာ တုိးလာတဲ့အထဲမွာ ျမန္မာႏိုင္ငံသား (၂၀)ေက်ာ္လည္း ကူးစက္ခံ ထားရေၾကာင္း ကူးစက္ခံ လူနာေတြနဲ႔ နီးစပ္သူတခ်ဳိ႕က VOA ကိုေျပာပါတယ္။ ဧၿပီ(၇)ရက္ကေန ေမလ(၄)ရက္ေန႔ထိ မလုိအပ္ပဲ ေနအိမ္အျပင္ မထြက္ၾကဖို႔ဆိုတဲ့ စကၤာပူအစိုးရရဲ႕အမိန္႔ ေၾကာင့္ လာမယ့္ အနာဂတ္ကာလမွာ အလုပ္အကိုင္နဲ႔ စီးပြားေရး ထိခိုက္လာမွာကို စိုးရိမ္ေနၾကပါတယ္။ ဒီအေၾကာင္း ကိုဉာဏ္ဝင္းေအာင္က ဆက္ၿပီး တင္ျပထားပါတယ္။

ဧၿပီလ(၁၀)ရက္ ေသာၾကာေန႔ တရက္ထဲမွာတင္ စကၤာပူႏိုင္ငံတြင္း ကုိရိုနာဗုိင္းရပ္စ္ ကူးစက္တဲ့ လူနာအသစ္ (၂၀၀)နီးပါး ရုတ္တရက္ တိုးလာၿပီး၊ ေသဆုံးသူ ေနာက္တဦး ရွိလာတာေၾကာင့္ အာဏာပုိင္ေတြ ေရာ စကၤာပူက လူထုၾကားမွာပါ စုိးရိမ္မႈ ပိုတုိး လာေနတာပါ။

အခုလို Covid-19 ေရာဂါပိုး ကူးစက္ခံရသူေတြထဲမွာ အခုခ်ိန္ထိ စကၤာပူေရာက္ ျမန္မာႏိုင္ငံသား အေယာက္(၂၀)ေက်ာ္ ရွိေနၿပီလို႔ ေဝဒနာရွင္တဦးကို အကူအညီေပးေနတဲ့ ကမ္းလြန္ေရနံရွာေဖြေရးလုပ္ငန္း အင္ဂ်င္နီယာ ဦးဝင္းထိန္က ေျပာပါတယ္။

" အခု ဒီေန႔ထိ ဆိုလို႔ရွိရင္ ၂၂ ေယာက္ကူးစက္ထားတယ္ ျမန္မာေတြထဲက ။ အဲဒီထဲမွာ ၃ ေယာက္ကေတာ့ ျပန္ေကာင္းသ ြားတယ္။ ၁၉ ေယာက္ကေတာ့ ခုထိ ေဆးရုံေပၚမွာ ရွိတုန္းပဲ။ "

တ႐ုတ္ႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ စတင္ျဖစ္ပ ြားျပန္႔ႏွံ႔လာၿပီးေနာက္ စကၤာပူႏိုင္ငံမွာ ဝူဟန္က ျပန္လာတဲ့ ခရီးသည္တဦးဆီမွာ ဇန္နဝါရီ ၂၃ ရက္ေန႔က ေရာဂါ စ ေတြ႔လာတာပါ။ ဒါဟာ အေရွ႕ေတာင္အာရွႏိုင္ငံေတြထဲ အေစာဆုံး ကူးစက္ခံရမႈလို႔ ဆိုႏိုင္ေပမဲ့ စကၤာပူအစိုးရရဲ႕ ကိုင္တြယ္ ထိန္းခ်ဳပ္မႈ ေကာင္းမြန္တာေၾကာင့္ ေရာဂါကူးစက္မႈ အေတာ္ ေႏွးသြားပါတယ္။ မတ္လကုန္ပိုင္း စကၤာပူက ႏိုင္ငံျခားသား အလုပ္သမားေတြၾကားမွာ ေရာဂါကူးစက္မႈ ၅၀၀ ေက်ာ္ရွိၿပီး တေၾကာ့ျပန္ ပိုမ်ားလာတဲ့အတြက္ အခုဆိုရင္ အလုပ္သမား ေဂဟာေတြကို တခုၿပီးတခု Quarantine သီးသန္႔ ခြဲျခားေနထိုင္ေစတဲ့ အမိန္႔ ထုတ္လာရတယ္လို႔ စကၤာပူမွာ ဘူမိေဗဒပညာရွင္အျဖစ္ လုပ္ေနတဲ့ ဦးတင္ေမာင္ဝင္းက ေျပာျပပါတယ္။

" အခု အဓိက ျပသနာက ဘဂၤလားေရာ အိႏၵိယ ေရာ ျမန္မာေတြ ေရာ၊ သူတို႔ေတြက ဘယ္မွာ ေနရလဲဆိုရင္ dormitories ဆိုတာ အဲဒါေတြက အလုပ္သမားေဂဟာေတြေပါ့ ၁၀ ေပ ၁၅ ေပေလာက္ အခန္းမွာကို ႏွစ္ထပ္အိပ္ ကုတင္ေတြနဲ႔ ၇ ေယာက္ ၈ ေယာက္ေလာက္ ေနရတယ္။ အခုဒီလို lockdown လုပ္ရတဲ့ ျပသနာ အဓိကက ဘာလဲဆိုေတာ့ အလုပ္သမားေဂဟာ ေတြမွာ ကူးစက္မႈေတြ ေတြ႔တယ္။ အဲဒီခါက်ေတာ့ သူတို႔ေတြ ေစ်းဝယ္ေနက် ျဖစ္တဲ့ မူစတာဖာ ဆိုတဲ့ကုန္တုိက္ ကေန ျပန္႔လာတယ္ဆိုၿပီးေတာ့ အဲဒီကုန္တုိက္ႀကီးကိုပါ အခု ပိတ္ထားလုိက္တယ္။"

စကၤာပူဝန္ႀကီးခ်ဳပ္ Lee Hsien Loong ကေတာ့ ႏုိင္ငံျခားသား အလုုပ္သမားေတြရဲ႕ လူမႈဖူလုံေရးအတြက္ အနီးကပ္ အေလးထား ေဆာင္ရြက္ေနေၾကာင္း ေသာၾကာေန႔ မိန္႔ခြန္းမွာ ေျပာသြားပါတယ္။

စကၤာပူအစိုးရက လက္ရွိထုတ္ျပန္ထားတဲ့ အမိန္႔ဟာ အျခားႏိုင္ငံေတြမွာလို Lockdown အမိန္႔မ်ဳိး မဟုတ္ပဲ Circuit Breaker လို႔ေခၚတဲ့ က႑အလိုက္ ျဖတ္ေတာက္ ပိတ္ပင္မႈမ်ဳိးျဖစ္တယ္လို႔ ဦးဝင္းထိန္က ရွင္းျပပါတယ္။

" ဒီကိစၥက Lockdown ေတာ့ မဟုတ္ေသးဘူးဗ် ၊ ဒီဥစၥာက Circuit Breaker ေပါ့ဗ်ာ ၊ သူက က႑အလိုက္ ျဖဳတ္ခ်ပစ္ဖို႔ ႀကဳိးစားတာပါပဲ။ သိပ္အေရး မႀကီးတဲ့ ဆုံး႐ႈံးမႈ မႀကီးမားတဲ့ လုပ္ငန္းေတြကို ရပ္ဆိုင္းပစ္မယ္ မရွိမျဖစ္လိုအပ္တဲ့ အလုပ္ေတြ ႏိုင္ငံျခား ရင္းႏွီးျမွဳပ္ႏွံမႈ ႀကီးမားတဲ့ အလုပ္ေတြကို ကန္႔သတ္ခ်က္ေတြနဲ႔ ဆက္ၿပီး လုပ္မွာေပါ့ဗ်ာ ဒါကို သူတို႔က Circuit Breaker လို႔ေခၚတာပါ။ "

ကုိရိုနာဗုိင္းရပ္စ္ အႏၱရာယ္ကို ကိုင္တြယ္ဖို႔ စကၤာပူအစိုးရကထုတ္လုိက္တဲ့ ဒီ ကန္႔သတ္ခ်က္ေတြ ေၾကာင့္ ကပ္ေရာဂါအလြန္ ကာလမွာ အလုပ္အကိုင္နဲ႔ စီးပြားေရး လည္ပတ္မႈ ထိခိုက္လာမွာကိုေတာ့ စုိးရိမ္ေနၾက ေၾကာင္း ဦးတင္ေမာင္ဝင္းက သုံးသပ္ပါတယ္။

" ဒီဟာၿပီးလို႔ရွိရင္ အလုပ္အကိုင္ အေျခအေန ဘာျဖစ္လာမလဲ ဆိုတာကေတာ့ စိုးရိမ္ရတယ္။ အခ်ဳိ႕ ကုမၸဏီေတြဆုိရင္ အခု အလုပ္ပိတ္ထားတဲ့ဟာကို ကုိယ့္မွာရွိတဲ့ ခ ြင့္ေတြ ယူခုိင္းလိုက္တယ္။ ခြင့္ကုန္ရင္ unpaid လစာ ေပးခ်င္မွ ေပးမယ္။ ဒါက မေသခ်ာ မေရရာဘူး၊ အဲ့ဒီအတြက္ပဲ လူေတြက စီးပြားေရးအတြက္ အလုပ္အကိုင္အတြက္ နည္းနည္းစုိးရိမ္မႈ ရွိၾကတယ္။ ဒါေပမဲ့ အစိုးရကလည္း အလုပ္ရွင္ေတြကုိ ဒီပိတ္ထားတဲ့ တလမွာ တတ္ႏိုင္ရင္ အလုပ္သမားေတြကို မျဖဳတ္ပါနဲ႔ .. ဒီတလစာအတြက္ လစာရဲ႕ ၇၅% ကို သူတို႔အစိုးရက စိုက္ေပးမယ္ ေျပာတယ္။ က်န္တဲ့ ၂၅%ကို အလုပ္ရွင္ ကုမၸဏီေတြဘက္က စိုက္ၿပီး ဝန္ထမ္းေတြရဲ႕ အေျခခံလစာကို ေပးထားဖို႔ အစုိးရက တုိက္တြန္းထားတယ္။"

စကၤာပူအစိုးရက ေလဆိပ္ေတြမွာ ဆိုက္ေရာက္ဗီဇာေတြ ထုတ္မေပးပဲ ကန္႔သတ္ ထားၿပီးသားျဖစ္ေပမဲ့ စားနပ္ရိကၡာ သည္ေဆာင္တဲ့ ကုန္တင္ေလယာဥ္ေတြ အဝင္အထြက္ ရွိေနေသးတဲ့အထဲမွာ ျမန္မာႏိုင္ငံက လာတဲ့ေလယာဥ္ေတြလည္း ပါဝင္တယ္လို႔ စကၤာပူေရာက္ ျမန္မာအသိုင္းအဝုိင္ငးက ေျပာပါတယ္။ လတ္တေလာ မွာေတာ့ စကၤာပူႏိုင္ငံကို မျဖစ္မ ေန ေလ ေၾကာင္းနဲ႔ ဝင္လာသူေတြဟာ ဘယ္သူမဆို အစိုးရသတ္မွတ္ထားတဲ့ ေနရာေတြမွာ (၁၄)ရက္ၾကာ Quarantine သီးျခားခြဲေနရမွာ ျဖစ္ပါတယ္။

အခုဆုိရင္ စကၤာပူႏိုင္ငံမွာ ကုိရိုနာဗုိင္းရပ္စ္ ကူးစက္ခံထားရသူေပါင္း (၂၁၁၀) ဝန္းက်င္ ရွိၿပီး ေသဆုံးသူ (၈) ဦး ရွိေနပါတယ္။


[ UNICODE ]

စင်္ကာပူနိုင်ငံမှာ ပြည်သူတွေ တတ်နိုင်သမျှ နေအိမ်အပြင်မထွက်ကြဖို့ အမိန့်ထုတ်ပြန် ကန့်သတ်ထားတဲ့ကြားကပဲ ဒီရက်ပိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အရေအတွက် သိသိသာသာ တိုးလာတဲ့အထဲမှာ မြန်မာနိုင်ငံသား (၂၀)ကျော်လည်း ကူးစက်ခံ ထားရကြောင်း ကူးစက်ခံ လူနာတွေနဲ့ နီးစပ်သူတချို့က VOA ကိုပြောပါတယ်။ ဧပြီ(၇)ရက်ကနေ မေလ(၄)ရက်နေ့ထိ မလိုအပ်ပဲ နေအိမ်အပြင် မထွက်ကြဖို့ဆိုတဲ့ စင်္ကာပူအစိုးရရဲ့အမိန့် ကြောင့် လာမယ့် အနာဂတ်ကာလမှာ အလုပ်အကိုင်နဲ့ စီးပွားရေး ထိခိုက်လာမှာကို စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က ဆက်ပြီး တင်ပြထားပါတယ်။

ဧပြီလ(၁၀)ရက် သောကြာနေ့ တရက်ထဲမှာတင် စင်္ကာပူနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်တဲ့ လူနာအသစ် (၂၀၀)နီးပါး ရုတ်တရက် တိုးလာပြီး၊ သေဆုံးသူ နောက်တဦး ရှိလာတာကြောင့် အာဏာပိုင်တွေ ရော စင်္ကာပူက လူထုကြားမှာပါ စိုးရိမ်မှု ပိုတိုး လာနေတာပါ။

အခုလို Covid-19 ရောဂါပိုး ကူးစက်ခံရသူတွေထဲမှာ အခုချိန်ထိ စင်္ကာပူရောက် မြန်မာနိုင်ငံသား အယောက်(၂၀)ကျော် ရှိနေပြီလို့ ဝေဒနာရှင်တဦးကို အကူအညီပေးနေတဲ့ ကမ်းလွန်ရေနံရှာဖွေရေးလုပ်ငန်း အင်ဂျင်နီယာ ဦးဝင်းထိန်က ပြောပါတယ်။

" အခု ဒီနေ့ထိ ဆိုလို့ရှိရင် ၂၂ ယောက်ကူးစက်ထားတယ် မြန်မာတွေထဲက ။ အဲဒီထဲမှာ ၃ ယောက်ကတော့ ပြန်ကောင်းသ ွားတယ်။ ၁၉ ယောက်ကတော့ ခုထိ ဆေးရုံပေါ်မှာ ရှိတုန်းပဲ။ "

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပ ွားပြန့်နှံ့လာပြီးနောက် စင်္ကာပူနိုင်ငံမှာ ဝူဟန်က ပြန်လာတဲ့ ခရီးသည်တဦးဆီမှာ ဇန်နဝါရီ ၂၃ ရက်နေ့က ရောဂါ စ တွေ့လာတာပါ။ ဒါဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲ အစောဆုံး ကူးစက်ခံရမှုလို့ ဆိုနိုင်ပေမဲ့ စင်္ကာပူအစိုးရရဲ့ ကိုင်တွယ် ထိန်းချုပ်မှု ကောင်းမွန်တာကြောင့် ရောဂါကူးစက်မှု အတော် နှေးသွားပါတယ်။ မတ်လကုန်ပိုင်း စင်္ကာပူက နိုင်ငံခြားသား အလုပ်သမားတွေကြားမှာ ရောဂါကူးစက်မှု ၅၀၀ ကျော်ရှိပြီး တကြော့ပြန် ပိုများလာတဲ့အတွက် အခုဆိုရင် အလုပ်သမား ဂေဟာတွေကို တခုပြီးတခု Quarantine သီးသန့် ခွဲခြားနေထိုင်စေတဲ့ အမိန့် ထုတ်လာရတယ်လို့ စင်္ကာပူမှာ ဘူမိဗေဒပညာရှင်အဖြစ် လုပ်နေတဲ့ ဦးတင်မောင်ဝင်းက ပြောပြပါတယ်။

" အခု အဓိက ပြသနာက ဘင်္ဂလားရော အိန္ဒိယ ရော မြန်မာတွေ ရော၊ သူတို့တွေက ဘယ်မှာ နေရလဲဆိုရင် dormitories ဆိုတာ အဲဒါတွေက အလုပ်သမားဂေဟာတွေပေါ့ ၁၀ ပေ ၁၅ ပေလောက် အခန်းမှာကို နှစ်ထပ်အိပ် ကုတင်တွေနဲ့ ရ ယောက် ၈ ယောက်လောက် နေရတယ်။ အခုဒီလို lockdown လုပ်ရတဲ့ ပြသနာ အဓိကက ဘာလဲဆိုတော့ အလုပ်သမားဂေဟာ တွေမှာ ကူးစက်မှုတွေ တွေ့တယ်။ အဲဒီခါကျတော့ သူတို့တွေ စျေးဝယ်နေကျ ဖြစ်တဲ့ မူစတာဖာ ဆိုတဲ့ကုန်တိုက် ကနေ ပြန့်လာတယ်ဆိုပြီးတော့ အဲဒီကုန်တိုက်ကြီးကိုပါ အခု ပိတ်ထားလိုက်တယ်။"

စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong ကတော့ နိုင်ငံခြားသား အလုုပ်သမားတွေရဲ့ လူမှုဖူလုံရေးအတွက် အနီးကပ် အလေးထား ဆောင်ရွက်နေကြောင်း သောကြာနေ့ မိန့်ခွန်းမှာ ပြောသွားပါတယ်။

စင်္ကာပူအစိုးရက လက်ရှိထုတ်ပြန်ထားတဲ့ အမိန့်ဟာ အခြားနိုင်ငံတွေမှာလို Lockdown အမိန့်မျိုး မဟုတ်ပဲ Circuit Breaker လို့ခေါ်တဲ့ ကဏ္ဍအလိုက် ဖြတ်တောက် ပိတ်ပင်မှုမျိုးဖြစ်တယ်လို့ ဦးဝင်းထိန်က ရှင်းပြပါတယ်။

" ဒီကိစ္စက Lockdown တော့ မဟုတ်သေးဘူးဗျ ၊ ဒီဥစ္စာက Circuit Breaker ပေါ့ဗျာ ၊ သူက ကဏ္ဍအလိုက် ဖြုတ်ချပစ်ဖို့ ကြိုးစားတာပါပဲ။ သိပ်အရေး မကြီးတဲ့ ဆုံးရှုံးမှု မကြီးမားတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းပစ်မယ် မရှိမဖြစ်လိုအပ်တဲ့ အလုပ်တွေ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကြီးမားတဲ့ အလုပ်တွေကို ကန့်သတ်ချက်တွေနဲ့ ဆက်ပြီး လုပ်မှာပေါ့ဗျာ ဒါကို သူတို့က Circuit Breaker လို့ခေါ်တာပါ။ "

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကို ကိုင်တွယ်ဖို့ စင်္ကာပူအစိုးရကထုတ်လိုက်တဲ့ ဒီ ကန့်သတ်ချက်တွေ ကြောင့် ကပ်ရောဂါအလွန် ကာလမှာ အလုပ်အကိုင်နဲ့ စီးပွားရေး လည်ပတ်မှု ထိခိုက်လာမှာကိုတော့ စိုးရိမ်နေကြ ကြောင်း ဦးတင်မောင်ဝင်းက သုံးသပ်ပါတယ်။

" ဒီဟာပြီးလို့ရှိရင် အလုပ်အကိုင် အခြေအနေ ဘာဖြစ်လာမလဲ ဆိုတာကတော့ စိုးရိမ်ရတယ်။ အချို့ ကုမ္ပဏီတွေဆိုရင် အခု အလုပ်ပိတ်ထားတဲ့ဟာကို ကိုယ့်မှာရှိတဲ့ ခ ွင့်တွေ ယူခိုင်းလိုက်တယ်။ ခွင့်ကုန်ရင် unpaid လစာ ပေးချင်မှ ပေးမယ်။ ဒါက မသေချာ မရေရာဘူး၊ အဲ့ဒီအတွက်ပဲ လူတွေက စီးပွားရေးအတွက် အလုပ်အကိုင်အတွက် နည်းနည်းစိုးရိမ်မှု ရှိကြတယ်။ ဒါပေမဲ့ အစိုးရကလည်း အလုပ်ရှင်တွေကို ဒီပိတ်ထားတဲ့ တလမှာ တတ်နိုင်ရင် အလုပ်သမားတွေကို မဖြုတ်ပါနဲ့ .. ဒီတလစာအတွက် လစာရဲ့ ရ၅% ကို သူတို့အစိုးရက စိုက်ပေးမယ် ပြောတယ်။ ကျန်တဲ့ ၂၅%ကို အလုပ်ရှင် ကုမ္ပဏီတွေဘက်က စိုက်ပြီး ဝန်ထမ်းတွေရဲ့ အခြေခံလစာကို ပေးထားဖို့ အစိုးရက တိုက်တွန်းထားတယ်။"

စင်္ကာပူအစိုးရက လေဆိပ်တွေမှာ ဆိုက်ရောက်ဗီဇာတွေ ထုတ်မပေးပဲ ကန့်သတ် ထားပြီးသားဖြစ်ပေမဲ့ စားနပ်ရိက္ခာ သည်ဆောင်တဲ့ ကုန်တင်လေယာဉ်တွေ အဝင်အထွက် ရှိနေသေးတဲ့အထဲမှာ မြန်မာနိုင်ငံက လာတဲ့လေယာဉ်တွေလည်း ပါဝင်တယ်လို့ စင်္ကာပူရောက် မြန်မာအသိုင်းအဝိုင်ငးက ပြောပါတယ်။ လတ်တလော မှာတော့ စင်္ကာပူနိုင်ငံကို မဖြစ်မ နေ လေ ကြောင်းနဲ့ ဝင်လာသူတွေဟာ ဘယ်သူမဆို အစိုးရသတ်မှတ်ထားတဲ့ နေရာတွေမှာ (၁၄)ရက်ကြာ Quarantine သီးခြားခွဲနေရမှာ ဖြစ်ပါတယ်။

အခုဆိုရင် စင်္ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူပေါင်း (၂၁၁၀) ဝန်းကျင် ရှိပြီး သေဆုံးသူ (၈) ဦး ရှိနေပါတယ်။

ကိုဉာဏ္ဝင္းေအာင္/VOA (Burmese)
https://burmese.voanews.com/a/singapore-covid-19-myanmar-cases/5368124.html
စကၤာပူမွာ ကုိဗစ္ကူးေနတဲ့ ျမန္မာႏုိင္ငံသား ၂၀ ေက်ာ္ရွိ စကၤာပူမွာ ကုိဗစ္ကူးေနတဲ့ ျမန္မာႏုိင္ငံသား ၂၀ ေက်ာ္ရွိ Reviewed by THITHTOOLWIN on 09:38 Rating: 5
Powered by Blogger.