ျမန္မာအစုိးရရဲ႕ ၁၄ ရက္ သီးျခားခြဲထားေရးအစီအစဥ္အေပၚ ျပည္ပက ျပန္လာသူေတြအျမင္

ျမန္မာအစုိးရရဲ႕ ၁၄ ရက္ သီးျခားခြဲထားေရးအစီအစဥ္အေပၚ ျပည္ပက ျပန္လာသူေတြအျမင္
(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈအႏၱရာယ္ အရွိန္မ ေလ်ာ့ေသးတာေၾကာင့္ ႏိုင္ငံျခားကျပန္လာသူေတြကို ၂ ပတ္ၾကာ သီးျခားခြဲနေေစတဲ့ ျမန္မာအစိုးရက လုပ္ေဆာင္ေနတဲ့ အစီအစဥ္ဟာ စိတ္ေၾကနပ္စရာ ေကာင္းေပမဲ့ လိုအပ္ခ်က္တခ်ဳိ႕ ရွိေနေသးတယ္လို႔ ၿပီးခဲ့တဲ့ ရက္ပိုင္းကမွ အေမရိကန္ျပည္ေထာင္စုကေန ရန္ကုန္ေလဆိပ္ကို ျပန္ေရာက္သြားသူ တခ်ဳိ႕က VOA ကိုေျပာပါတယ္။ မတ္လကုန္မွာ နယူးေယာက္နဲ႔ နယူးဂ်ာစီ ျပည္နယ္ေတြကေန ရန္ကုန္ကိုျပန္သြားၿပီး အခုအခါ အစိုးရက စီစဥ္ေပးထားတဲ့ လႈိင္တကၠသိုလ္ဝင္းအတြင္းက Quarantine Center မွာ ၂ ပတ္ၾကာ ေနေနရသူ ႏွစ္ဦးရဲ႕ အေတြ႔အႀကဳံနဲ႔ ပတ္သက္လို႔ကို ဥာဏ္ဝင္းေအာင္ဆက္သြယ္ေမးျမန္းထားပါတယ္။

အေမရိကန္ ျပည္ေထာင္စုက ထြက္ခြာခါနီး ေလယာဥ္ေပၚမတက္ခင္ က်န္းမာေရး ေထာက္ခံစာ ျပဖို႔ လိုအပ္တယ္လို႔ နယူးေယာက္ၿမဳိ႕ကေန ရန္ကုန္ၿမဳိ့ကို ေလယာဥ္စီး ျပန္လာတဲ့ ကိုေအာင္ထက္က ေျပာပါတယ္။ ေလဆိပ္အေရာက္မွာ တာဝန္ရွိသူေတြနဲ႔ က်န္းမာေရးဆုိင္ရာ ဝန္ထမ္းေတြ လာေရာက္ႀကဳိဆို စစ္ေဆးၿပီး ၂ ပတ္ၾကာေနရမယ့္ လႈိင္တကၠသိုလ္ဝင္းအတြင္းက Quarantine Center ကို ေခၚသြားေၾကာင္း သူက ရွင္းျပပါတယ္။

“ က်ေနာ္တို႔ ေလဆိပ္ကို ဆင္းၿပီဆိုတာနဲ႔ သူတို႔က နံပတ္ ၁ က ကိုယ္အပူခ်ိန္ တိုင္းၿပီးတဲ့အခါက်ေတာ့ က်ေနာ္တို႔ ေလယာဥ္ေပၚမွာ ပါတဲ့ လူေတြအကုန္လံုးကို သူတို႔က အခန္းေလး တခန္းထဲထည့္ၿပီးေတာ့ က်ေနာ္တို႔ ေလယာဥ္ေပၚမွာ ျဖည့္ထားတဲ့ Data စာရြက္ေတြကို ေကာက္တယ္။ ၿပီးေတာ့ Passport ေတြအကုန္လံုးကို သိမ္းတယ္၊ ၿပီးေတာ့ အတံုးထုေပးတယ္ခင္ဗ်။ ၿပီးေတာ့ သူတို႔ က်န္းမာေရးဌာနကေနၿပီးေတာ့ လာၿပီးေတာ့ ရွင္းျပတယ္ခင္ဗ်။ က်ေနာ္တို႔အကုန္လံုးကို ေစာင့္ၾကည့္တဲ့အေနနဲ႔ ၁၄ ရက္ ေနရမယ္။ ေနတဲ့အခါက်ေတာ့ အစိုးရကေန စီစဥ္ေပးထားတဲ့ ေနရာေတြမွာ ေနလို႔ရတယ္ ဒါမွမဟုတ္ ဟိုတယ္ေတြမွာ ေနလို႔ရတယ္လို႔ သူတို႔ option ေပးတယ္ခင္ဗ်။ ၿပီးေတာ့ သူတို႔ အစိုးရကေန သတ္မွတ္ထားတဲ့ေနရာကလည္း က်ေနာ္တို႔ ေနတဲ့ အိမ္နဲ႔ နီးတဲ့အတြက္ေၾကာင့္ က်ေနာ္တို႔ ကေတာ့ ဒီေနရာကို ေရြးလိုက္တာေပါ့ေနာ္။ တခ်ိဳ႕ကေတာ့ ဟိုတယ္မွာ သြားေနတယ္၊ ဟုိတယ္ ဆိုတာလည္း သူတုိ႔ အစုိးရနဲ႔ ခ်ိတ္ထားတဲ့ ဟုိတယ္ေတြ ေပါ့၊ သူတို႔ သတ္မွတ္ထားတဲ့ ဟိုတယ္ခေတာ့ ေပးရတယ္ ခင္ဗ်။"

အဲဒီ လႈိင္ Quarantine Center မွာ ေနေနရသူ ေနာက္တဦးက မပူးေလးပါ ။ အစိုးရက စီစဥ္ေပးထားတဲ့ တုိက္ခန္းမွာ အသုံးအေဆာင္ေတြက အစ ျပည့္ျပည့္စုံစုံ ျဖည့္ဆည္းေပးထားတယ္လို႔ သူကဆိုပါတယ္။

“Quarantine ထားဖို႔ လိုတယ္ဆိုတဲ့အေၾကာင္းကို သူတို႔ အရင္ဆံုးရွင္းျပတယ္။ သူတို႔က ဘာတာ၀န္ေတြယူထားတယ္၊ ညီမတို႔က ဘာစည္းကမ္းေတြ လုိက္နာရမယ္ဆိုတာ ရွင္းျပတယ္။ ၿပီးေတာ့ ကိုယ္ေနမယ့္အခန္းေတြေပါ့ေနာ္ အဲဒါေတြ စီစဥ္ေပးတယ္။ ေနာက္ၿပီး ကိုယ္နဲ႔ အတူတူေနမယ့္လူ ၊ ၂ ေယာက္တတြဲ ပဲ ေပးဆင္းတယ္။ ေတာက္ေလွ်ာက္ service ေတြကေတာ့ အျပည့္ပဲ။ ၿပီးေတာ့ ဖုန္းကဒ္ လို မလုိ ေမးတယ္၊ လိုတဲ့ လူေတြကိုေပးတယ္။ ညီမတို႔ အခန္းထဲေရာက္တဲ့အခ်ိန္မွာ တေယာက္ခ်င္းစီအတြက္ကို လိုအပ္တဲ့ပစၥည္းေတြ ခ်ထားေပးတယ္။ ကုတင္၊ ေမြ႔ရာ၊ ေစာင္၊ ျခင္ေထာင္ ၊ ေခါင္းအုံး၊ အိပ္ရာခင္း ၊ ပန္ကာ၊ ေရခ်ိဳးခန္းသံုး ပစၥည္းေပါ့ အကုန္လံုး အ၀တ္ေလွ်ာ္ဆပ္ျပာေတြကအစ ၊ တေယာက္ တခုစီ သီးသန္႔အကုန္လံုး ေပးထားတာေပါ့။”

ႏိုင္ငံျခားကေန ျပန္ဝင္လာသူေတြအတြက္ ရန္ကုန္ၿမဳိ႕မွာ Quarantine Center (၂၃) ခုေလာက္ရွိတယ္ဆိုေပမယ့္ က်န္တဲ့ေနရာေတြမွာ ေနရာခ်ထားေပး သူေတြနဲ႔ ျပည့္ေနတယ္လို႔ ေျပာပါတယ္။ Quarantine Center မွာ ေစတနာ့ဝန္ထမ္း လုပ္အားေပးေနသူေတြအတြက္ အသုံးအေဆာင္တခ်ဳိ႕ လိုအပ္ေနတာကို သတိထားမိတယ္လို႔ ကိုေအာင္ထက္ ေျပာပါတယ္။

“သူတို႔ အခက္အခဲေတြကေတာ့ သူတို႔ေတြက အရမ္းပင္ပန္းတယ္ခင္ဗ်။ ၿပီးေတာ့ သူတို႔မွာက လက္အိတ္ေတြ၊ ႏွာေခါင္းစည္း လည္း မလံုေလာက္ဘူးလို႔ ၾကားတယ္ခင္ဗ်။”

ျမန္မာႏိုင္ငံကိုဝင္လာတဲ့ ႏိုင္ငံျခားက ျပန္လာသူေတြဆီမွာ Covid-19 ေရာဂါပိုး စ ေတြ႔လာရတယ္ဆိုၿပီး ျပည္သူေတြၾကား စိုးရိမ္မႈေတြကို လူမႈကြန္ယက္ေတြမွာ ေရးသားေျပာဆို ေနၾကတာပါ ။ အခုလို ျပည္ေတာ္ျပန္လာရတာနဲ႔ ပတ္သက္ၿပီး ကိုေအာင္ထက္နဲ႔ မပူးေလးတို႔က သူတို႔အျမင္ကို ေျပာျပပါတယ္။

“က်ေနာ္တို႔က Virus ပါလာတာ မဟုတ္တဲ့အတြက္ေၾကာင့္ က်ေနာ္ျပန္လာခဲ့တယ္။ ၿပီးေတာ့ ဒီကိုေရာက္တဲ့အခါမွာလည္း က်ေနာ္က Virus သယ္လာတာမဟုတ္ဘူး။ က်ေနာ္ ဒီလိုမ်ိဳး ၁၄ ရက္ ၀င္ရတယ္ဆိုတာကလည္း Virus ရွိလို႔ မဟုတ္ဘူး။ဒီလို ၁၄ ရက္ ေနလိုက္တဲ့အတြက္ေၾကာင့္ က်ေနာ့္ကိုယ္ က်ေနာ္ သံသယ ကင္းတယ္ ၊ ကုိယ့္ ပတ္၀န္းက်င္ကလည္း သံသယ ကင္းတယ္လို႔ ခံယူထားပါတယ္။”

“ ေရာဂါပိုးက ျပည္ပကေန သယ္လာတာဆိုတာကေတာ့ မွန္တယ္။ ဘယ္ ႏုိင္ငံမွာပဲ ျဖစ္ျဖစ္ ျပည္ပကေန သယ္လာတာေပါ့ေနာ္။ ဒါေပမယ့္ သူတို႔ စိတ္ထဲမွာ စြဲသြားတာက ျပည္ပက ၀င္လာတဲ့ လူေတြ ကေနၿပီးေတာ့ ဒီေရာဂါက ပါလာတဲ့အတြက္ေၾကာင့္ ဒီလိုလူေတြကို ေစာင့္ၾကည့္ရမယ္၊ အလိုအေလ်ာက္ မုန္းတီးတဲ့ စိတ္မ်ိဳးျဖစ္သြားတယ္။ အဲဒါကို မွန္ကန္တဲ့နည္းနဲ႔ အသိပညာေပးတာမ်ိဳး မလုပ္ႏိုင္ဘူးေပါ့ေနာ္။”

လႈိင္ Quarantine Center မွာ ၂ ပတ္ၾကာေနေနရသူေတြကို စိတ္ဓါတ္ပုိင္းဆုိင္ရာအရ အားေပးဖို႔ ညဘက္ေတြမွာ ေဆးတကၠသိုလ္ေက်ာင္းသားေတြနဲ႔ ၿဖဳိးျပည့္စုံ ၊ ဂ်ဴဝယ္လ္ တို႔လို အဆိုေတာ္ေတြက လာေရာက္ေဖ်ာ္ေျဖၾကတယ္လို႔ ဆိုပါတယ္။

ကိုဉာဏ္ဝင္းေအာင္ / ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------------------

မြန်မာအစိုးရရဲ့ ၁၄ ရက် သီးခြားခွဲထားရေးအစီအစဉ်အပေါ် ပြည်ပက ပြန်လာသူတွေအမြင်

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ် အရှိန်မ လျော့သေးတာကြောင့် နိုင်ငံခြားကပြန်လာသူတွေကို ၂ ပတ်ကြာ သီးခြားခွဲနေစေတဲ့ မြန်မာအစိုးရက လုပ်ဆောင်နေတဲ့ အစီအစဉ်ဟာ စိတ်ကြေနပ်စရာ ကောင်းပေမဲ့ လိုအပ်ချက်တချို့ ရှိနေသေးတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အမေရိကန်ပြည်ထောင်စုကနေ ရန်ကုန်လေဆိပ်ကို ပြန်ရောက်သွားသူ တချို့က VOA ကိုပြောပါတယ်။ မတ်လကုန်မှာ နယူးယောက်နဲ့ နယူးဂျာစီ ပြည်နယ်တွေကနေ ရန်ကုန်ကိုပြန်သွားပြီး အခုအခါ အစိုးရက စီစဉ်ပေးထားတဲ့ လှိုင်တက္ကသိုလ်ဝင်းအတွင်းက Quarantine Center မှာ ၂ ပတ်ကြာ နေနေရသူ နှစ်ဦးရဲ့ အတွေ့အကြုံနဲ့ ပတ်သက်လို့ကို ဉာဏ်ဝင်းအောင်ဆက်သွယ်မေးမြန်းထားပါတယ်။

အမေရိကန် ပြည်ထောင်စုက ထွက်ခွာခါနီး လေယာဉ်ပေါ်မတက်ခင် ကျန်းမာရေး ထောက်ခံစာ ပြဖို့ လိုအပ်တယ်လို့ နယူးယောက်မြို့ကနေ ရန်ကုန်မြို့ကို လေယာဉ်စီး ပြန်လာတဲ့ ကိုအောင်ထက်က ပြောပါတယ်။ လေဆိပ်အရောက်မှာ တာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းတွေ လာရောက်ကြိုဆို စစ်ဆေးပြီး ၂ ပတ်ကြာနေရမယ့် လှိုင်တက္ကသိုလ်ဝင်းအတွင်းက Quarantine Center ကို ခေါ်သွားကြောင်း သူက ရှင်းပြပါတယ်။

“ ကျနော်တို့ လေဆိပ်ကို ဆင်းပြီဆိုတာနဲ့ သူတို့က နံပတ် ၁ က ကိုယ်အပူချိန် တိုင်းပြီးတဲ့အခါကျတော့ ကျနော်တို့ လေယာဉ်ပေါ်မှာ ပါတဲ့ လူတွေအကုန်လုံးကို သူတို့က အခန်းလေး တခန်းထဲထည့်ပြီးတော့ ကျနော်တို့ လေယာဉ်ပေါ်မှာ ဖြည့်ထားတဲ့ Data စာရွက်တွေကို ကောက်တယ်။ ပြီးတော့ Passport တွေအကုန်လုံးကို သိမ်းတယ်၊ ပြီးတော့ အတုံးထုပေးတယ်ခင်ဗျ။ ပြီးတော့ သူတို့ ကျန်းမာရေးဌာနကနေပြီးတော့ လာပြီးတော့ ရှင်းပြတယ်ခင်ဗျ။ ကျနော်တို့အကုန်လုံးကို စောင့်ကြည့်တဲ့အနေနဲ့ ၁၄ ရက် နေရမယ်။ နေတဲ့အခါကျတော့ အစိုးရကနေ စီစဉ်ပေးထားတဲ့ နေရာတွေမှာ နေလို့ရတယ် ဒါမှမဟုတ် ဟိုတယ်တွေမှာ နေလို့ရတယ်လို့ သူတို့ option ပေးတယ်ခင်ဗျ။ ပြီးတော့ သူတို့ အစိုးရကနေ သတ်မှတ်ထားတဲ့နေရာကလည်း ကျနော်တို့ နေတဲ့ အိမ်နဲ့ နီးတဲ့အတွက်ကြောင့် ကျနော်တို့ ကတော့ ဒီနေရာကို ရွေးလိုက်တာပေါ့နော်။ တချို့ကတော့ ဟိုတယ်မှာ သွားနေတယ်၊ ဟိုတယ် ဆိုတာလည်း သူတို့ အစိုးရနဲ့ ချိတ်ထားတဲ့ ဟိုတယ်တွေ ပေါ့၊ သူတို့ သတ်မှတ်ထားတဲ့ ဟိုတယ်ခတော့ ပေးရတယ် ခင်ဗျ။"

အဲဒီ လှိုင် Quarantine Center မှာ နေနေရသူ နောက်တဦးက မပူးလေးပါ ။ အစိုးရက စီစဉ်ပေးထားတဲ့ တိုက်ခန်းမှာ အသုံးအဆောင်တွေက အစ ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းပေးထားတယ်လို့ သူကဆိုပါတယ်။

“Quarantine ထားဖို့ လိုတယ်ဆိုတဲ့အကြောင်းကို သူတို့ အရင်ဆုံးရှင်းပြတယ်။ သူတို့က ဘာတာဝန်တွေယူထားတယ်၊ ညီမတို့က ဘာစည်းကမ်းတွေ လိုက်နာရမယ်ဆိုတာ ရှင်းပြတယ်။ ပြီးတော့ ကိုယ်နေမယ့်အခန်းတွေပေါ့နော် အဲဒါတွေ စီစဉ်ပေးတယ်။ နောက်ပြီး ကိုယ်နဲ့ အတူတူနေမယ့်လူ ၊ ၂ ယောက်တတွဲ ပဲ ပေးဆင်းတယ်။ တောက်လျှောက် service တွေကတော့ အပြည့်ပဲ။ ပြီးတော့ ဖုန်းကဒ် လို မလို မေးတယ်၊ လိုတဲ့ လူတွေကိုပေးတယ်။ ညီမတို့ အခန်းထဲရောက်တဲ့အချိန်မှာ တယောက်ချင်းစီအတွက်ကို လိုအပ်တဲ့ပစ္စည်းတွေ ချထားပေးတယ်။ ကုတင်၊ မွေ့ရာ၊ စောင်၊ ခြင်ထောင် ၊ ခေါင်းအုံး၊ အိပ်ရာခင်း ၊ ပန်ကာ၊ ရေချိုးခန်းသုံး ပစ္စည်းပေါ့ အကုန်လုံး အဝတ်လျှော်ဆပ်ပြာတွေကအစ ၊ တယောက် တခုစီ သီးသန့်အကုန်လုံး ပေးထားတာပေါ့။”

နိုင်ငံခြားကနေ ပြန်ဝင်လာသူတွေအတွက် ရန်ကုန်မြို့မှာ Quarantine Center (၂၃) ခုလောက်ရှိတယ်ဆိုပေမယ့် ကျန်တဲ့နေရာတွေမှာ နေရာချထားပေး သူတွေနဲ့ ပြည့်နေတယ်လို့ ပြောပါတယ်။ Quarantine Center မှာ စေတနာ့ဝန်ထမ်း လုပ်အားပေးနေသူတွေအတွက် အသုံးအဆောင်တချို့ လိုအပ်နေတာကို သတိထားမိတယ်လို့ ကိုအောင်ထက် ပြောပါတယ်။

“သူတို့ အခက်အခဲတွေကတော့ သူတို့တွေက အရမ်းပင်ပန်းတယ်ခင်ဗျ။ ပြီးတော့ သူတို့မှာက လက်အိတ်တွေ၊ နှာခေါင်းစည်း လည်း မလုံလောက်ဘူးလို့ ကြားတယ်ခင်ဗျ။”

မြန်မာနိုင်ငံကိုဝင်လာတဲ့ နိုင်ငံခြားက ပြန်လာသူတွေဆီမှာ Covid-19 ရောဂါပိုး စ တွေ့လာရတယ်ဆိုပြီး ပြည်သူတွေကြား စိုးရိမ်မှုတွေကို လူမှုကွန်ယက်တွေမှာ ရေးသားပြောဆို နေကြတာပါ ။ အခုလို ပြည်တော်ပြန်လာရတာနဲ့ ပတ်သက်ပြီး ကိုအောင်ထက်နဲ့ မပူးလေးတို့က သူတို့အမြင်ကို ပြောပြပါတယ်။

“ကျနော်တို့က Virus ပါလာတာ မဟုတ်တဲ့အတွက်ကြောင့် ကျနော်ပြန်လာခဲ့တယ်။ ပြီးတော့ ဒီကိုရောက်တဲ့အခါမှာလည်း ကျနော်က Virus သယ်လာတာမဟုတ်ဘူး။ ကျနော် ဒီလိုမျိုး ၁၄ ရက် ဝင်ရတယ်ဆိုတာကလည်း Virus ရှိလို့ မဟုတ်ဘူး။ဒီလို ၁၄ ရက် နေလိုက်တဲ့အတွက်ကြောင့် ကျနော့်ကိုယ် ကျနော် သံသယ ကင်းတယ် ၊ ကိုယ့် ပတ်ဝန်းကျင်ကလည်း သံသယ ကင်းတယ်လို့ ခံယူထားပါတယ်။”

“ ရောဂါပိုးက ပြည်ပကနေ သယ်လာတာဆိုတာကတော့ မှန်တယ်။ ဘယ် နိုင်ငံမှာပဲ ဖြစ်ဖြစ် ပြည်ပကနေ သယ်လာတာပေါ့နော်။ ဒါပေမယ့် သူတို့ စိတ်ထဲမှာ စွဲသွားတာက ပြည်ပက ဝင်လာတဲ့ လူတွေ ကနေပြီးတော့ ဒီရောဂါက ပါလာတဲ့အတွက်ကြောင့် ဒီလိုလူတွေကို စောင့်ကြည့်ရမယ်၊ အလိုအလျောက် မုန်းတီးတဲ့ စိတ်မျိုးဖြစ်သွားတယ်။ အဲဒါကို မှန်ကန်တဲ့နည်းနဲ့ အသိပညာပေးတာမျိုး မလုပ်နိုင်ဘူးပေါ့နော်။”

လှိုင် Quarantine Center မှာ ၂ ပတ်ကြာနေနေရသူတွေကို စိတ်ဓါတ်ပိုင်းဆိုင်ရာအရ အားပေးဖို့ ညဘက်တွေမှာ ဆေးတက္ကသိုလ်ကျောင်းသားတွေနဲ့ ဖြိုးပြည့်စုံ ၊ ဂျူဝယ်လ် တို့လို အဆိုတော်တွေက လာရောက်ဖျော်ဖြေကြတယ်လို့ ဆိုပါတယ်။

ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-quarantine-/5359628.html
ျမန္မာအစုိးရရဲ႕ ၁၄ ရက္ သီးျခားခြဲထားေရးအစီအစဥ္အေပၚ ျပည္ပက ျပန္လာသူေတြအျမင္ ျမန္မာအစုိးရရဲ႕ ၁၄ ရက္ သီးျခားခြဲထားေရးအစီအစဥ္အေပၚ ျပည္ပက ျပန္လာသူေတြအျမင္ Reviewed by THITHTOOLWIN on 19:23 Rating: 5
Powered by Blogger.