ျမန္မာအလုပ္သမားေတြ ထိုင္းမွာ ေနထိုင္စားေသာက္ေရး ခက္ခဲႏိုင္


(Zawgyi)⤵⤵⤵

ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားေတြ  ဧၿပီလကုန္မွသာ ျပန္လည္ဝင္ေရာက္ၾကဖို႔ အစိုးရက တိုက္တြန္း ထားေပမယ့္ အမ်ားအျပားက အလုပ္ျပဳတ္တာေၾကာင့္ ေနထိုင္စားေသာက္စရိတ္ အခက္အခဲနဲ႔ ရင္ဆိုင္ ရႏိုင္တယ္လို႔ အလုပ္သမားေတြနဲ႔ အလုပ္သမားအေရး ေဆာင္႐ြက္ေနသူေတြက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလကုန္ပိုင္းကေန ဧၿပီလဆန္းအထိ ထိုင္းကေန ျပည္တြင္း ျပန္လည္ဝင္ေရာက္လာသူ တစ္သိန္းခြဲနီးပါးရွိတယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာဆိုထားပါတယ္။

ျပန္လည္ဝင္ေရာက္လာသူေတြ မ်ားတာေၾကာင့္ သူတို႔ကို ထိန္းခ်ဳပ္ကန႔္သတ္ ေစာင့္ၾကည့္ရမယ့္ေနရာ ခက္ခဲတာေၾကာင့္ ဧၿပီလကုန္ေလာက္မွ ျပန္လာဖို႔ ေမတၱာရပ္ခံထားပါတယ္။

အခုလိုေနာက္ဆုတ္တာဟာ Quarantine လုပ္ဖို႔ ေနရာ ျပင္ဆင္ခ်ိန္ရေအာင္ျဖစ္ေၾကာင္း ကရင္ျပည္နယ္ အစိုးရအဖြဲ႕  လူမႈေရးဝန္ႀကီး ဦးဘိုဘိုေဝေမာင္က ေျပာပါတယ္။

“က်ေနာ္တို႔က ျပင္ဆင္ခ်ိန္ ပိုရေအာင္ေပ့ါေနာ္၊ ျပင္ေတာ့ ျပင္ဆင္ေနပါတယ္၊ အေသးစိတ္ေတာ့ က်ေနာ္ မေျဖႏိုင္ေသးဘူး၊ လက္ရွိ က်ေနာ္ အလုပ္ရႈပ္ေနေသးလို႔”

ထိုင္းေရာက္ ျမန္မာအလုပ္သမားေတြ ဧၿပီ ၁၅ ရက္ေနာက္ပိုင္း ျပန္လာဖို႔ ျပင္ဆင္ထားေပမယ့္ အစိုးရက လကုန္ပိုင္းေရာက္မွ ျပန္လာဖို႔ေျပာတာေၾကာင့္ အခက္အခဲေတြနဲ႔ ရင္ဆိုင္ရေတာ့မယ္လို႔ အလုပ္သမားအေရး ေဆာင္႐ြက္ေနသူေတြက ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ လုပ္ငန္းအမ်ားအျပား ပိတ္လိုက္တဲ့ ထိုင္းမွာ အလုပ္သမားေတြဟာ အလုပ္ျပဳတ္ေနတာေၾကာင့္ ေနရပ္ ျပန္ဖို႔ႀကိဳးစားေနၾကၿပီလို႔  ထိုင္းေရာက္ျမန္မာအလုပ္သမားအေရး ေဆာင္႐ြက္ေနတဲ့ AAC မဟာမိတ္အဖြဲ႕က ကိုရဲမင္းက ေျပာပါတယ္။

“အားလုံးဟာ အလုပ္ေတြျပဳတ္ကုန္ၿပီး အလုပ္လက္မဲ့ေတြ ျဖစ္ကုန္တယ္၊ ထိုင္းမွာဆိုေတာ့ စားဖို႔ ေသာက္ဖို႔လည္း အခက္အခဲျဖစ္တယ္၊ အခန္းခေတြ၊ ေရခ၊ မီးခေတြေပးဖို႔လည္း အခက္အခဲျဖစ္တယ္၊ အဲလိုလူေတြက သိန္းနဲ႔ခ်ီ ရွိေနတယ္၊ အဲေတာ့ ၁၅ ရက္ကို ျပန္ဖို႔အားခဲထားတယ္၊ ဒါေပမဲ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္က ဒီဘက္မွာလည္း အခက္အခဲေတြနဲ႔ အားလုံး စနစ္တက်မျဖစ္တဲ့ အေနအထားမွာ လကုန္ၿပီးမွျပန္ဖို႔ ပန္ၾကားထားတယ္ဆိုေတာ့ အလုပ္သမားေတြက ေတာ္ေတာ္ေလးကို အခက္အခဲ ျဖစ္မယ့္ အေနအထားပါ”

ထိုင္းႏိုင္ငံ အက်ဥ္းေထာင္ေတြကေန ျပန္လြတ္လာၿပီး ျမန္မာျပည္ ျပန္ပို႔ခံရတဲ့အတြက္ တနသၤာရီတိုင္း ေမာေတာင္နယ္စပ္ ထိုင္းဘက္ျခမ္းမွာ ေရာက္ေနသူ ၁၃ ဦး ရွိပါတယ္။

သူတို႔ကို ဒီဘက္ျပန္ပို႔ဖို႔ ထိုင္းဘက္က လုပ္ေနေပမယ့္ ျမန္မာျပည္ဘက္က ပိတ္ထားတာေၾကာင့္ ေထာင္ထဲမွာ တစ္လေလာက္ ေနေနရတယ္လို႔ ကိုရန္ႏိုင္က ေျပာပါတယ္။

“က်ေနာ္တို႔ ျမန္မာျပည္ ျပန္အထြက္မွာ ပတ္စ္ပို႔ ပ်က္တဲ့လူေတြ၊ လမ္းမွာ သြားရင္းလာရင္းနဲ႔ ဖမ္းမိတဲ့လူေတြလည္း ရွိတာေပါ့၊ အဲလိုဖမ္းမိတဲ့လူေတြကို ေထာင္မွာ ၄၅ ရက္ေလာက္ ခ်ထားၿပီးေတာ့ ေထာင္ကလြတ္ေတာ့ နယ္စပ္ကို ပို႔မယ့္႐ုံးကို လာထားတယ္၊ ထိုင္းဘက္က အကုန္ဖြင့္လိုက္ၿပီး ဗမာဂိတ္က ပိတ္ထားတာေၾကာင့္ က်ေနာ္တို႔ ေထာင္ထဲမွာ တစ္လေလာက္ရွိၿပီ ထပ္ေနရတာ"

ထိုင္းႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ခရီးသြားလုပ္ငန္းေတြအပါအဝင္ စက္႐ုံအလုပ္႐ုံ အေတာ္မ်ားမ်ားဟာ ပိတ္သိမ္းတာ၊ လူေလွ်ာ့တာေတြ လုပ္ေနပါတယ္။

လကုန္ပိုင္းမွ ေနရပ္ျပန္ရမယ္ဆိုတဲ့အတြက္ ေနထိုင္စားေသာက္ဖို႔ ပိုမို ခက္ခဲလာတယ္လို႔ ဘန္ေကာက္မွာရွိတဲ့ ျမန္မာအလုပ္သမား  ကိုေက်ာ္ထက္က ေျပာပါတယ္။

“စက္႐ုံကလည္း က်ေနာ္တို႔ကို ျဖဳတ္လိုက္တဲ့သေဘာ ျဖစ္ေနတယ္၊ က်ေနာ္တို႔ကလည္း ျပန္ဖို႔ အစီအစဥ္ ရွိၾကတယ္၊ ျပန္ဖို႔ၾကေတာ့ လက္ရွိ တံတားက ပိတ္ထားတယ္လို႔ ၾကားတယ္၊ ဆက္ေနဖို႔ အတြက္လည္း အခက္အခဲရွိတယ္၊ ျပန္ဖို႔အတြက္လည္း အခက္အခဲရွိေနတယ္၊ အဲလိုျဖစ္ေနတယ္၊ ဆက္ေနမယ္ဆိုရင္လည္း က်ေနာ္တို႔က အလုပ္မရွိေတာ့တဲ့အတြက္ အခန္းခ၊ ေရခ၊ မီးခ စားဝတ္ ေနေရးအတြက္ အခက္အခဲရွိသြားျပန္ေရာ၊ ျပန္ဖို႔က်ေတာ့လည္း လမ္းက ပိတ္ထား ဆို႔ထားေတာ့ က်ေနာ္တို႔က ျပန္လို႔မရဘူး၊ က်ေနာ္တို႔ ဘန္ေကာက္ၿမိဳ႕ထဲမွာ အခက္အခဲျဖစ္ေနတယ္"

ထိုင္းဘက္က မတ္လကုန္ကေန ျပည္ဝင္ခြင့္ဗီဇာနဲ႔ ေနထိုင္ခြင့္သက္တမ္းကုန္တဲ့ ႏိုင္ငံျခားသားေတြအားလုံးကို ဧၿပီလကုန္အထိ သက္တမ္းကင္းလႊတ္ခြင့္ ေပးထားတဲ့အတြက္ အဖမ္းအဆီးမခံရဘဲ ဆက္လက္ ေနထိုင္ႏိုင္ပါတယ္။

နယ္စပ္ျဖတ္ေက်ာ္ခြင့္ လက္မွတ္ကိုင္ေဆာင္ခြင့္ရသူေတြကိုလည္း ထိုင္းႏိုင္ငံအတြင္း ဆက္လက္ ေနထိုင္ခြင့္ ေပးထားၿပီး နယ္စပ္ဂိတ္ေတြ ျပန္လည္ ဖြင့္လွစ္မွသာ ခုႏွစ္ရက္အတြင္း ျပန္လည္ ထြက္ခြာႏိုင္ေၾကာင္းလည္း ထိုင္းအစိုးရက ထုတ္ျပန္ထားပါတယ္။

ထိုင္းႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ေန႔စဥ္ တစ္ရာနီးပါး ရွိတာေၾကာင့္  တစ္ေနရာနဲ႔တစ္ေနရာ ကူးသန္းသြားလာခြင့္ေတြ ပိတ္ထားပါတယ္။

ထိုင္းႏိုင္ငံကေန လမ္းေတြဖြင့္ေပးရင္ေတာ့ ေ႐ြ႕ေျပာင္းျမန္မာအလုပ္သမားေတြအေနနဲ႔ ျပည္ေတာ္ ျပန္လာမွာျဖစ္ၿပီး အစိုးရအေနနဲ႔ အဆင္သင့္ျပင္ဆင္ထားသင့္တယ္လို႔ ထိုင္းျမန္မာနယ္စပ္မွာ ေ႐ႊ႕ေျပာင္း လုပ္သားအေရး ေဆာင္႐ြက္ေနတဲ့ ပညာေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးေဖာင္ေဒးရွင္း (FED) အဖြဲ႕က ဦးထူးခ်စ္က ေျပာပါတယ္။

“ထိုင္းအစိုးရကလမ္းဖြင့္လို႔ရွိရင္ေတာ့ က်ေနာ္တို႔ လက္ခံရမွာဘဲေလ၊ ေ႐ြ႕ေျပာင္းလုပ္သမားေတြက ရပ္တည္မရဘူးထင္ ျပန္လာမွာဘဲ၊ အဆင့္သင့္မျဖစ္ေသးပါဘူးတို႔ ျပန္မလာနဲ႔လို႔ ေျပာလို႔မရဘူး၊ အစိုးရတရပ္အေနနဲ႔ တာဝန္ယူမႈအားနည္းတယ္လို႔ဘဲ ေျပာခ်င္တယ္၊ ဘယ္လို႔အေျခအေနျဖစ္ျဖစ္ အလုပ္သမားေတြကို စနစ္က်တဲ့ ျပင္ဆင္မႈေတြ၊ ပူးေပါင္းမႈေတြနဲ႔ လက္ကိုခံကိုခံရမယ္၊ စနစ္မက်ဘူး လက္မခံဘူးဆိုရင္ က်ေနာ္ေျပာသလို႔ တိက်ရွင္းလင္းတဲ့ သတင္းအခ်က္အလက္ေတြ မေပးဘူးဆိုရင္ သူတို႔က ခိုးၿပီးျပန္လာလို႔ရွိရင္ က်ေနာ္တို႔လူအဖြဲ႕အစည္းအတြက္ အႏၲရာယ္ႀကီးတယ္။”

ထိုင္းႏိုင္ငံမွာ တရားဝင္ေရာက္ရွိသူေတြနဲ႔ တရားမဝင္ေရာက္ရွိေနသူေတြ အပါအဝင္ ျမန္မာေ႐ြ႕ေျပာင္းလုပ္သား ၃ သန္းေက်ာ္ရွိတယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

ဒီအလုပ္သမားေတြဟာ ထိုင္းႏိုင္ငံမွာအလုပ္ေတြ ေနာက္ ၃ လေလာက္အထိ ပိတ္ထားမယ္ဆိုရင္ အားလုံး ျပည္ေတာ္ျပန္ၾကမွာျဖစ္ၿပီး အစိုးရဘက္က အဆင့္သင့္မျပင္ဆင္ထားရင္ မလိုလားအပ္တဲ့ ျပႆနာေတြ ျဖစ္ႏိုင္တယ္လို႔ အလုပ္သမားအေရး ေဆာင္႐ြက္ေနသူေတြက ေျပာပါတယ္။

RFA Burmese
https://www.rfa.org/burmese/news/difficulty-of-myanmar-workers-in-thai-04122020081241.html
--------------
(Unicode)⤵⤵⤵
မြန်မာအလုပ်သမားတွေ ထိုင်းမှာ နေထိုင်စားသောက်ရေး ခက်ခဲနိုင်

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ  ဧပြီလကုန်မှသာ ပြန်လည်ဝင်ရောက်ကြဖို့ အစိုးရက တိုက်တွန်း ထားပေမယ့် အများအပြားက အလုပ်ပြုတ်တာကြောင့် နေထိုင်စားသောက်စရိတ် အခက်အခဲနဲ့ ရင်ဆိုင် ရနိုင်တယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကနေ ဧပြီလဆန်းအထိ ထိုင်းကနေ ပြည်တွင်း ပြန်လည်ဝင်ရောက်လာသူ တစ်သိန်းခွဲနီးပါးရှိတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားပါတယ်။

ပြန်လည်ဝင်ရောက်လာသူတွေ များတာကြောင့် သူတို့ကို ထိန်းချုပ်ကန့်သတ် စောင့်ကြည့်ရမယ့်နေရာ ခက်ခဲတာကြောင့် ဧပြီလကုန်လောက်မှ ပြန်လာဖို့ မေတ္တာရပ်ခံထားပါတယ်။

အခုလိုနောက်ဆုတ်တာဟာ Quarantine လုပ်ဖို့ နေရာ ပြင်ဆင်ချိန်ရအောင်ဖြစ်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့  လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ပြောပါတယ်။

“ကျနော်တို့က ပြင်ဆင်ချိန် ပိုရအောင်ပေ့ါနော်၊ ပြင်တော့ ပြင်ဆင်နေပါတယ်၊ အသေးစိတ်တော့ ကျနော် မဖြေနိုင်သေးဘူး၊ လက်ရှိ ကျနော် အလုပ်ရှုပ်နေသေးလို့”

ထိုင်းရောက် မြန်မာအလုပ်သမားတွေ ဧပြီ ၁၅ ရက်နောက်ပိုင်း ပြန်လာဖို့ ပြင်ဆင်ထားပေမယ့် အစိုးရက လကုန်ပိုင်းရောက်မှ ပြန်လာဖို့ပြောတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ရတော့မယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် လုပ်ငန်းအများအပြား ပိတ်လိုက်တဲ့ ထိုင်းမှာ အလုပ်သမားတွေဟာ အလုပ်ပြုတ်နေတာကြောင့် နေရပ် ပြန်ဖို့ကြိုးစားနေကြပြီလို့  ထိုင်းရောက်မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ AAC မဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။

“အားလုံးဟာ အလုပ်တွေပြုတ်ကုန်ပြီး အလုပ်လက်မဲ့တွေ ဖြစ်ကုန်တယ်၊ ထိုင်းမှာဆိုတော့ စားဖို့ သောက်ဖို့လည်း အခက်အခဲဖြစ်တယ်၊ အခန်းခတွေ၊ ရေခ၊ မီးခတွေပေးဖို့လည်း အခက်အခဲဖြစ်တယ်၊ အဲလိုလူတွေက သိန်းနဲ့ချီ ရှိနေတယ်၊ အဲတော့ ၁၅ ရက်ကို ပြန်ဖို့အားခဲထားတယ်၊ ဒါပေမဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီဘက်မှာလည်း အခက်အခဲတွေနဲ့ အားလုံး စနစ်တကျမဖြစ်တဲ့ အနေအထားမှာ လကုန်ပြီးမှပြန်ဖို့ ပန်ကြားထားတယ်ဆိုတော့ အလုပ်သမားတွေက တော်တော်လေးကို အခက်အခဲ ဖြစ်မယ့် အနေအထားပါ”

ထိုင်းနိုင်ငံ အကျဉ်းထောင်တွေကနေ ပြန်လွတ်လာပြီး မြန်မာပြည် ပြန်ပို့ခံရတဲ့အတွက် တနင်္သာရီတိုင်း မောတောင်နယ်စပ် ထိုင်းဘက်ခြမ်းမှာ ရောက်နေသူ ၁၃ ဦး ရှိပါတယ်။

သူတို့ကို ဒီဘက်ပြန်ပို့ဖို့ ထိုင်းဘက်က လုပ်နေပေမယ့် မြန်မာပြည်ဘက်က ပိတ်ထားတာကြောင့် ထောင်ထဲမှာ တစ်လလောက် နေနေရတယ်လို့ ကိုရန်နိုင်က ပြောပါတယ်။

“ကျနော်တို့ မြန်မာပြည် ပြန်အထွက်မှာ ပတ်စ်ပို့ ပျက်တဲ့လူတွေ၊ လမ်းမှာ သွားရင်းလာရင်းနဲ့ ဖမ်းမိတဲ့လူတွေလည်း ရှိတာပေါ့၊ အဲလိုဖမ်းမိတဲ့လူတွေကို ထောင်မှာ ၄၅ ရက်လောက် ချထားပြီးတော့ ထောင်ကလွတ်တော့ နယ်စပ်ကို ပို့မယ့်ရုံးကို လာထားတယ်၊ ထိုင်းဘက်က အကုန်ဖွင့်လိုက်ပြီး ဗမာဂိတ်က ပိတ်ထားတာကြောင့် ကျနော်တို့ ထောင်ထဲမှာ တစ်လလောက်ရှိပြီ ထပ်နေရတာ"

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားလုပ်ငန်းတွေအပါအဝင် စက်ရုံအလုပ်ရုံ အတော်များများဟာ ပိတ်သိမ်းတာ၊ လူလျှော့တာတွေ လုပ်နေပါတယ်။

လကုန်ပိုင်းမှ နေရပ်ပြန်ရမယ်ဆိုတဲ့အတွက် နေထိုင်စားသောက်ဖို့ ပိုမို ခက်ခဲလာတယ်လို့ ဘန်ကောက်မှာရှိတဲ့ မြန်မာအလုပ်သမား  ကိုကျော်ထက်က ပြောပါတယ်။

“စက်ရုံကလည်း ကျနော်တို့ကို ဖြုတ်လိုက်တဲ့သဘော ဖြစ်နေတယ်၊ ကျနော်တို့ကလည်း ပြန်ဖို့ အစီအစဉ် ရှိကြတယ်၊ ပြန်ဖို့ကြတော့ လက်ရှိ တံတားက ပိတ်ထားတယ်လို့ ကြားတယ်၊ ဆက်နေဖို့ အတွက်လည်း အခက်အခဲရှိတယ်၊ ပြန်ဖို့အတွက်လည်း အခက်အခဲရှိနေတယ်၊ အဲလိုဖြစ်နေတယ်၊ ဆက်နေမယ်ဆိုရင်လည်း ကျနော်တို့က အလုပ်မရှိတော့တဲ့အတွက် အခန်းခ၊ ရေခ၊ မီးခ စားဝတ် နေရေးအတွက် အခက်အခဲရှိသွားပြန်ရော၊ ပြန်ဖို့ကျတော့လည်း လမ်းက ပိတ်ထား ဆို့ထားတော့ ကျနော်တို့က ပြန်လို့မရဘူး၊ ကျနော်တို့ ဘန်ကောက်မြို့ထဲမှာ အခက်အခဲဖြစ်နေတယ်"

ထိုင်းဘက်က မတ်လကုန်ကနေ ပြည်ဝင်ခွင့်ဗီဇာနဲ့ နေထိုင်ခွင့်သက်တမ်းကုန်တဲ့ နိုင်ငံခြားသားတွေအားလုံးကို ဧပြီလကုန်အထိ သက်တမ်းကင်းလွှတ်ခွင့် ပေးထားတဲ့အတွက် အဖမ်းအဆီးမခံရဘဲ ဆက်လက် နေထိုင်နိုင်ပါတယ်။

နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ကိုင်ဆောင်ခွင့်ရသူတွေကိုလည်း ထိုင်းနိုင်ငံအတွင်း ဆက်လက် နေထိုင်ခွင့် ပေးထားပြီး နယ်စပ်ဂိတ်တွေ ပြန်လည် ဖွင့်လှစ်မှသာ ခုနှစ်ရက်အတွင်း ပြန်လည် ထွက်ခွာနိုင်ကြောင်းလည်း ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ နေ့စဉ် တစ်ရာနီးပါး ရှိတာကြောင့်  တစ်နေရာနဲ့တစ်နေရာ ကူးသန်းသွားလာခွင့်တွေ ပိတ်ထားပါတယ်။

ထိုင်းနိုင်ငံကနေ လမ်းတွေဖွင့်ပေးရင်တော့ ရွေ့ပြောင်းမြန်မာအလုပ်သမားတွေအနေနဲ့ ပြည်တော် ပြန်လာမှာဖြစ်ပြီး အစိုးရအနေနဲ့ အဆင်သင့်ပြင်ဆင်ထားသင့်တယ်လို့ ထိုင်းမြန်မာနယ်စပ်မှာ ရွှေ့ပြောင်း လုပ်သားအရေး ဆောင်ရွက်နေတဲ့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အဖွဲ့က ဦးထူးချစ်က ပြောပါတယ်။

“ထိုင်းအစိုးရကလမ်းဖွင့်လို့ရှိရင်တော့ ကျနော်တို့ လက်ခံရမှာဘဲလေ၊ ရွေ့ပြောင်းလုပ်သမားတွေက ရပ်တည်မရဘူးထင် ပြန်လာမှာဘဲ၊ အဆင့်သင့်မဖြစ်သေးပါဘူးတို့ ပြန်မလာနဲ့လို့ ပြောလို့မရဘူး၊ အစိုးရတရပ်အနေနဲ့ တာဝန်ယူမှုအားနည်းတယ်လို့ဘဲ ပြောချင်တယ်၊ ဘယ်လို့အခြေအနေဖြစ်ဖြစ် အလုပ်သမားတွေကို စနစ်ကျတဲ့ ပြင်ဆင်မှုတွေ၊ ပူးပေါင်းမှုတွေနဲ့ လက်ကိုခံကိုခံရမယ်၊ စနစ်မကျဘူး လက်မခံဘူးဆိုရင် ကျနော်ပြောသလို့ တိကျရှင်းလင်းတဲ့ သတင်းအချက်အလက်တွေ မပေးဘူးဆိုရင် သူတို့က ခိုးပြီးပြန်လာလို့ရှိရင် ကျနော်တို့လူအဖွဲ့အစည်းအတွက် အန္တရာယ်ကြီးတယ်။”

ထိုင်းနိုင်ငံမှာ တရားဝင်ရောက်ရှိသူတွေနဲ့ တရားမဝင်ရောက်ရှိနေသူတွေ အပါအဝင် မြန်မာရွေ့ပြောင်းလုပ်သား ၃ သန်းကျော်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒီအလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာအလုပ်တွေ နောက် ၃ လလောက်အထိ ပိတ်ထားမယ်ဆိုရင် အားလုံး ပြည်တော်ပြန်ကြမှာဖြစ်ပြီး အစိုးရဘက်က အဆင့်သင့်မပြင်ဆင်ထားရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်နိုင်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/difficulty-of-myanmar-workers-in-thai-04122020081241.htmla
ျမန္မာအလုပ္သမားေတြ ထိုင္းမွာ ေနထိုင္စားေသာက္ေရး ခက္ခဲႏိုင္ ျမန္မာအလုပ္သမားေတြ ထိုင္းမွာ ေနထိုင္စားေသာက္ေရး ခက္ခဲႏိုင္ Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.