႐ုရွားက ဗိုင္းရပ္စ္တိုက္ဖ်က္ေရးဝန္ထမ္းေတြ ေဒၚလာ ၁၃၂ သန္း အပိုဆုေၾကး ရရွိမည္


 ျမန္မာစံေတာ္ခ်ိန္ ၾကာသပေတးေန႔ မနက္ ၃ နာရီ ရရွိတဲ့စာရင္းေတြအရ ကမၻာတဝန္း ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၁၄၉ဝဝဝဝ ေက်ာ္နဲ႔ ေသဆုံးသူ ၈၇ဝဝဝ ေက်ာ္ ရွိၿပီး အမ်ားဆုံး ကူးစက္ေနတဲ့ အေမရိကန္ ျပည္ေထာင္စုမွာေတာ့ ကူးစက္ခံရသူ ၄၂ဝဝဝဝ ခန႔္ နဲ႔ ေသဆုံးသူ ၁၄ဝဝဝ ေက်ာ္ ရွိပါၿပီ။

စပိန္နိုင္ငံမွာ ကူးစက္ခံရသူ ၁၄၆ဝဝဝ ေက်ာ္နဲ႔ ေသဆုံးသူ ၁၄၆ဝဝ ေက်ာ္ရွိပါၿပီ။ ေသဆုံးသူ မ်ားေနဆဲျဖစ္ေပမယ့္ ျပန႔္ပြားကူးစက္မွုႏွုန္းတျဖည္းျဖည္း က်ဆင္းလာေနတယ္လို႔ စပိန္ က်န္းမာေရးဌာနကေျပာပါတယ္။

အီတလီနိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၁၄ဝဝဝဝ နဲ႔ ေသဆုံးသူ ၁၇ဝဝဝ ေက်ာ္ရွိတဲ့အနက္ ဆရာဝန္ ၇ဝ နဲ႔ သူနာျပဳဝန္ထမ္း ၂ဝ ပါဝင္ပါတယ္။
ၿဗိတိန္မွာ မေန႔က ၇၈၆ ဦးထပ္မံေသဆုံးလို႔ စုစုေပါင္းေသဆုံးသူ ၆၂ဝဝ ခန႔္ ရွိပါတယ္။ ဗိုင္းရပ္စ္ကူးစက္ခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ ေဘာရစ္ ဂၽြန္ဆင္ကေတာ့ အထူးၾကပ္မတ္ကုသခန္းမွာ ဆက္လက္ေနထိုင္ရဆဲျဖစ္ပါတယ္။ ျပင္သစ္နိုင္ငံမွာေတာ့ ေသဆုံးသူ ၁ဝ၃ဝဝ ေက်ာ္ရွိပါတယ္။

ဥေရာပေကာ္မရွင္အႀကီးအကဲ Ursula von der Leyen က ဥေရာပအဖြဲ႕ဝင္နိုင္ငံေတြအေနနဲ႔ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္တားဆီးေရးေဆာင္ရြက္ေနတဲ့ ကာလအတြင္း ေဆးဝါးေတြျပည္ပေရာင္းခ်မွု ပိတ္ပင္ထားတာေတြကို ပယ္ဖ်က္ေပးပါလို႔ မေန႔က ေျပာၾကားလိုက္ပါတယ္။ အခုလို ပိတ္ပင္ျခင္းအားျဖင့္ တျခားနိုင္ငံေတြမွာ အဲဒီေဆးဝါးေတြ ျပတ္ေတာက္မွုအႏၲရာယ္နဲ႔ ၾကဳံေတြ႕နိုင္ပါတယ္လို႔ သူက ေျပာပါတယ္။ တဆက္တည္းမွာပဲ အဖြဲ႕ဝင္နိုင္ငံေတြအေနနဲ႔ ေဆးဝါးေတြကို အႀကီးအက်ယ္သိုေလွာင္စုေဆာင္းမွုကိုလည္း ေရွာင္ၾကဥ္ဖို႔ သူမရဲ့ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဥေရာပနိုင္ငံအမ်ားအျပားက ကိုရိုနာဗိုင္းရပ္စ္ျဖစ္ပြားကာလ အေရးေပၚအျဖစ္သတ္မွတ္ၿပီး ျပည္ပေရာင္းခြင့္ပိတ္ပင္ထားတဲ့ ေဆးဝါးေတြထဲမွာ ကိုရိုနာဗိုင္းရပ္စ္လူနာေတြအတြက္ သုံးစြဲေနတဲ့ ဟိုင္ဒေရာ့စီကလိုရိုကြင္း၊ အကိုက္အခဲဖ်ားနာသက္သာေဆး နဲ႔ ႂကြက္သားေပ်ာ့ေျပာင္းေဆး စတာေတြ ပါဝင္ေနပါတယ္။

ဒီအေတာအတြင္း အိႏၵိယအစိုးရက ကိုရိုနာတိုက္ဖ်က္ေရးအတြက္ အေမရိကန္ျပည္ေထာင္စုက လိုခ်င္ေနတဲ့ ဌက္ဖ်ားေရာဂါတိုက္ဖ်က္ေရးမွာ သုံးစြဲတဲ့ Hydroxychloroquine ဟိုင္ဒေရာ့စီကလိုရိုကြင္း ေဆးတခ်ိဳ႕ တင္ပို႔ေရာင္းခ်ခြင့္ ျပဳမယ္လို႔ ေၾကညာခဲ့တဲ့အတြက္ သမၼတ ထရမ့္က ေက်းဇူးတင္ေၾကာင္း မေန႔က ေျပာပါတယ္။ အဲဒီ ငွက္ဖ်ားေရာဂါေဆးဟာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္သူေတြကို ကုသရာမွာ အေရးပါထိေရာက္မွုရွိတယ္လို႔ သမၼတ ထရမ့္က ေျပာဆိုထာားပါတယ္။

႐ုရွား သမၼတ ပူတင္က ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ကုသေရး လုပ္ငန္းေတြမွာ စြမ္းစြမ္းတမံ စြန႔္စြားလုပ္ကိုင္ေနၾကတဲ့ က်န္းမာေရးဝန္ထမ္းေတြကို လစာအျပင္ လစဥ္ဆုေၾကးအျဖစ္ ကန္ ေဒၚလာ ၁၃၂ သန္းနဲ႔ ညီမၽွတဲ့ ႐ုရွား႐ူဘယ္လ္ေငြ ၁ဝ ဘီလီယံ ဂုဏ္ျပဳခ်ီးျမႇင့္မယ္လို႔ မေန႔က ေၾကညာလိုက္ပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ေနသူေတြကို ကုသေပးေနတဲ့ ဆရာဝန္ေတြကို လစဥ္ ႐ူဘယ္လ္ေငြ ရွစ္ေသာင္းစီနဲ႔ သူနာျပဳေတြဝန္ထမ္း၊ အေရးေပၚလူနာတင္ကားနဲ႔ လိုက္ပါတဲ့ ေဆးဝန္ထမ္းနဲ႔ ကားေမာင္းသမား စသူေတြကိုေတာ့ ႐ူဘယ္လ္ေငြ ၂၅ဝဝဝ ကေန ၅ဝဝဝဝ အထိ ဆုေၾကးေပးမွာျဖစ္ၿပီး ၊ ဒီလူေတြဟာ ေရွ႕တန္းက ပါဝင္လုပ္ကိုင္ေနတဲ့ အထူးအေရးပါသူေတြျဖစ္တယ္လို႔ လည္း သမၼတ ပူတင္ကေျပာပါတယ္။ ဒါ့အျပင္ သူက ႐ုရွားျပည္သူေတြအေနနဲ႔ လက္ရွိကန႔္သတ္ခ်ဳပ္ခ်ယ္မွုေတြနဲ႔ ေနထိုင္ရတာကို သီးခံၾကပါ၊ အခုကိစၥဟာ ျပည္သူတရပ္လုံးအတြက္ ေသေရးရွင္ေရးတိုက္ပြဲျဖစ္တယ္၊ ျပည္သူေတြရဲ့ စည္းကမ္းလိုက္နာမွုနဲ႔ တာဝန္သိမွုက ေအာင္နိုင္ေရးအတြက္ အဆုံးအျဖတ္ျဖစ္လိမ့္မယ္လို႔လည္း ေျပာပါတယ္။ ႐ုရွားနိုင္ငံမွာ အခု အခ်ိန္အထိ ကူးစက္သူ ၉ဝဝဝ နီးပါး ရွိေပမယ့္ ေသဆုံးသူ ၆၃ ဦးပဲ ရွိပါတယ္။


တ႐ုတ္အစိုးရက ကိုရိုနာဗိုင္းရပ္စ္အဓိက ျဖစ္ပြားခဲ့တဲ့ ဟူေဘးျပည္နယ္ ဝူဟန္ၿမိဳ႕မွာ ထုတ္ျပန္ထားတဲ့ ပိတ္ဆို႔ ကန႔္သတ္မွုေတြကို မေန႔က ပယ္ဖ်က္႐ုပ္သိမ္းလိုက္ပါတယ္။ ရထားေတြ၊ ေလယာဥ္ေတြ၊ ဘတ္စ္ကားေတြ ပုံမွန္ျပန္လည္ ေျပးဆြဲေနၿပီျဖစ္ၿပီး အလုပ္သမားေတြလည္း အလုပ္ခြင္ျပန္ဝင္ေနၾကၿပီလို႔ ဆိုပါတယ္။ ခရီးသြားေတြကို သက္ဆိုင္ရာက ကိုယ္အပူခ်ိန္တိုင္းတာမွုေတြကိုေတာ့ ဆက္လက္ ျပဳလုပ္ေနပါတယ္။

ဗီယက္နမ္နိုင္ငံက အေမရိကန္ျပည္ေထာင္စုကို ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေရး လုပ္ကိုင္ေနတဲ့ က်န္းမာေရးဝန္ထမ္းေတြအတြက္ ကာကြယ္ေရးဝတ္စုံ ၄၅ဝဝဝဝ အျမန္တင္ပို႔ေပးေနၿပီလို႔ ဟႏြိဳင္းၿမိဳ႕ရွိ အေမရိကန္သံ႐ုံးကေျပာပါတယ္။ ဒါဟာ ကန္ ဗီယက္နမ္ ဆက္ဆံေရးတိုးတက္မွုကို ျပသလိုက္တာပဲလို႔လည္း သံ႐ုံးရဲ့ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။ ဥေရာပနိုင္ငံေတြကိုလည္း ဗီယက္နမ္က ႏွာေခါင္းစည္း ၅၅ဝဝဝဝ လွူဒါန္းခဲ့တယ္လို႔ သိရပါတယ္။ ဗီယက္နမ္မွာ အခုထိ ကူးစက္သူ ၂၅ဝ ရွိေပမယ့္ ေသဆုံးသူေတာ့ မရွိေသးပါဘူး။

ထိုင္းအစိုးရက သူတို႔နိုင္ငံကို တရားဝင္ေရာက္ရွိေနတဲ့ နိုင္ငံျခားသားေတြကို ေနထိုင္ခြင့္သက္တမ္းတိုးဖို႔အတြက္ လူဝင္မွုႀကီးၾကပ္ေရး ႐ုံးေတြမွာ တန္းစီစရာမလိုပဲ ဒီလ ၃ဝ ရက္ေန႔အထိ အလိုအေလ်ာက္ သက္တမ္းတိုးေနထိုင္ခြင့္ ျပဳလိုက္ေၾကာင္း မေန႔က ေၾကညာပါတယ္။ သြားေရာက္တန္းစီသူေတြေၾကာင့္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မွုတိုးပြားမွာကို ကာကြယ္တဲ့အေနနဲ႔ အခုလို ခြင့္ျပဳတာျဖစ္တယ္လို႔ဆိုပါတယ္။ ထိုင္းမွာ ကူးစက္ခံရသူ ၂၃၇ဝ နဲ႔ ေသဆုံးသူ ၃ဝ ရွိေနပါတယ္။

က်ဴဘားနိုင္ငံမွာ အစိုးရက အိမ္ျပင္မထြက္ဖို႔နဲ႔ တဦးနဲ႔တဦး အနီးမကပ္ၾကဖို႔ ထုတ္ျပန္ထားေပမယ့္ အစားအစာ မရွိတဲ့ ျပည္သူေတြဟာ စားေသာက္ကုန္ေရာင္းတဲ့ဆိုင္ေတြမွာ လူေတြရာနဲ႔ခ်ီၿပီး တန္းစီေနၾကပါတယ္။ ၾကက္သားေရာင္းတဲ့ဆိုင္တခုမွာ လူေတြ ေပ ၃ဝဝ ေက်ာ္တန္းစီေနၾကတယ္လို႔ ဟာဗားနား ၿမိဳ႕ခံတဦးက ေျပာပါတယ္။ က်ဴဘားနိုင္ငံဟာ အစားအစာ ၆ဝ ရာခိုင္ႏွုန္း ကိုျပည္ပက တင္သြင္းရၿပီး ကိုရိုနာဗိုင္းရပ္စ္ကူးစက္မွု တားဆီးတဲ့အေနနဲ႔ အစိုးရက နယ္စပ္ေတြကို ပိတ္ထားတဲ့အတြက္ အစားအစာ ရွားပါးေနပါတယ္။ က်ဴဘားမွာ အခုအခ်ိန္ထိ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၄ဝဝ ခန႔္နဲ႔ ေသဆုံးသူ ၁၁ ဦး ရွိပါတယ္။

ကမၻာ့ကုန္သြယ္ေရးအဖြဲ႕ WTO က ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ လက္ရွိလူသားေတြရဲ့ ဘဝမွာ မၾကဳံစဖူး ဆိုးဝါးတဲ့ စီးပြားပ်က္ကပ္ႀကီး ဆိုက္ေရာက္မယ့္ အလားအလာရွိၿပီး ဒီႏွစ္အတြက္ ကမၻာ့ကုန္သြယ္ေရးပမာဏဟာ အရင္ႏွစ္ကထက္ ၃ ပုံ ၁ ပုံ က်ဆင္းနိုင္တယ္လို႔ မေန႔က ေၾကညာလိုက္ပါတယ္။ အစိုးရေတြ မူဝါဒခ်မွတ္မွု ညံ့ဖ်င္းရင္ အဲဒီ ပမာဏထက္ ဆိုးဝါးနိုင္တယ္လို႔လည္း WTO က သတိေပးလိုက္ပါတယ္။ လက္ရွိမွာ ကမၻာ့ကန္သြယ္မွု ၃ ရာခိုင္ႏွုန္း က်ဆင္းေနၿပီလို႔လည္း ဆိုပါတယ္။

အေမရိကန္ သမၼတ ထရမ့္က WHO ကမၻာ့က်န္းမာေရးအဖြဲ႕ကို အေမရိကန္ျပည္ေထာင္စုက ထည့္ဝင္လွူဒါန္းေငြ ေလၽွာ့ခ်ျဖတ္ေတာက္မယ္လို႔ ေျပာၾကားခဲ့တာနဲ႔ ပတ္သက္ၿပီး ကုလသမဂၢ အတြင္းေရးမွူးခ်ဳုပ္ အန္တိုနီယို ဂြတ္တားရက္ဇ္က ကိုရိုနာဗိုင္းရပ္စ္ကူးစက္ျပန႔္ပြားမွုကို အေရးတႀကီး ဝိုင္းဝန္းတိုက္ဖ်က္ရမယ့္ ကာလျဖစ္တဲ့အတြက္ နိုင္ငံအားလုံး တညီတညြတ္ ပါဝင္ေဆာင္ရြက္ၾကပါလို႔ မေန႔က တိုက္တြန္းလိုက္ပါတယ္။

RFA Burmese
----------------------------------------
ရုရှားက ဗိုင်းရပ်စ်တိုက်ဖျက်ရေးဝန်ထမ်းတွေ ဒေါ်လာ ၁၃၂ သန်း အပိုဆုကြေး ရရှိမည်

 မြန်မာစံတော်ချိန် ကြာသပတေးနေ့ မနက် ၃ နာရီ ရရှိတဲ့စာရင်းတွေအရ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၄၉ဝဝဝဝ ကျော်နဲ့ သေဆုံးသူ ၈၇ဝဝဝ ကျော် ရှိပြီး အများဆုံး ကူးစက်နေတဲ့ အမေရိကန် ပြည်ထောင်စုမှာတော့ ကူးစက်ခံရသူ ၄၂ဝဝဝဝ ခန့် နဲ့ သေဆုံးသူ ၁၄ဝဝဝ ကျော် ရှိပါပြီ။

စပိန်နိုင်ငံမှာ ကူးစက်ခံရသူ ၁၄၆ဝဝဝ ကျော်နဲ့ သေဆုံးသူ ၁၄၆ဝဝ ကျော်ရှိပါပြီ။ သေဆုံးသူ များနေဆဲဖြစ်ပေမယ့် ပြန့်ပွားကူးစက်မှုနှုန်းတဖြည်းဖြည်း ကျဆင်းလာနေတယ်လို့ စပိန် ကျန်းမာရေးဌာနကပြောပါတယ်။

အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၄ဝဝဝဝ နဲ့ သေဆုံးသူ ၁၇ဝဝဝ ကျော်ရှိတဲ့အနက် ဆရာဝန် ၇ဝ နဲ့ သူနာပြုဝန်ထမ်း ၂ဝ ပါဝင်ပါတယ်။
ဗြိတိန်မှာ မနေ့က ၇၈၆ ဦးထပ်မံသေဆုံးလို့ စုစုပေါင်းသေဆုံးသူ ၆၂ဝဝ ခန့် ရှိပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခဲ့တဲ့ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ကတော့ အထူးကြပ်မတ်ကုသခန်းမှာ ဆက်လက်နေထိုင်ရဆဲဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံမှာတော့ သေဆုံးသူ ၁ဝ၃ဝဝ ကျော်ရှိပါတယ်။

ဥရောပကော်မရှင်အကြီးအကဲ Ursula von der Leyen က ဥရောပအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေးဆောင်ရွက်နေတဲ့ ကာလအတွင်း ဆေးဝါးတွေပြည်ပရောင်းချမှု ပိတ်ပင်ထားတာတွေကို ပယ်ဖျက်ပေးပါလို့ မနေ့က ပြောကြားလိုက်ပါတယ်။ အခုလို ပိတ်ပင်ခြင်းအားဖြင့် တခြားနိုင်ငံတွေမှာ အဲဒီဆေးဝါးတွေ ပြတ်တောက်မှုအန္တရာယ်နဲ့ ကြုံတွေ့နိုင်ပါတယ်လို့ သူက ပြောပါတယ်။ တဆက်တည်းမှာပဲ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဆေးဝါးတွေကို အကြီးအကျယ်သိုလှောင်စုဆောင်းမှုကိုလည်း ရှောင်ကြဉ်ဖို့ သူမရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဥရောပနိုင်ငံအများအပြားက ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားကာလ အရေးပေါ်အဖြစ်သတ်မှတ်ပြီး ပြည်ပရောင်းခွင့်ပိတ်ပင်ထားတဲ့ ဆေးဝါးတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်လူနာတွေအတွက် သုံးစွဲနေတဲ့ ဟိုင်ဒရော့စီကလိုရိုကွင်း၊ အကိုက်အခဲဖျားနာသက်သာဆေး နဲ့ ကြွက်သားပျော့ပြောင်းဆေး စတာတွေ ပါဝင်နေပါတယ်။

ဒီအတောအတွင်း အိန္ဒိယအစိုးရက ကိုရိုနာတိုက်ဖျက်ရေးအတွက် အမေရိကန်ပြည်ထောင်စုက လိုချင်နေတဲ့ ဌက်ဖျားရောဂါတိုက်ဖျက်ရေးမှာ သုံးစွဲတဲ့ Hydroxychloroquine ဟိုင်ဒရော့စီကလိုရိုကွင်း ဆေးတချို့ တင်ပို့ရောင်းချခွင့် ပြုမယ်လို့ ကြေညာခဲ့တဲ့အတွက် သမ္မတ ထရမ့်က ကျေးဇူးတင်ကြောင်း မနေ့က ပြောပါတယ်။ အဲဒီ ငှက်ဖျားရောဂါဆေးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူတွေကို ကုသရာမှာ အရေးပါထိရောက်မှုရှိတယ်လို့ သမ္မတ ထရမ့်က ပြောဆိုထာားပါတယ်။

ရုရှား သမ္မတ ပူတင်က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ကုသရေး လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ စွန့်စွားလုပ်ကိုင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို လစာအပြင် လစဉ်ဆုကြေးအဖြစ် ကန် ဒေါ်လာ ၁၃၂ သန်းနဲ့ ညီမျှတဲ့ ရုရှားရူဘယ်လ်ငွေ ၁ဝ ဘီလီယံ ဂုဏ်ပြုချီးမြှင့်မယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေသူတွေကို ကုသပေးနေတဲ့ ဆရာဝန်တွေကို လစဉ် ရူဘယ်လ်ငွေ ရှစ်သောင်းစီနဲ့ သူနာပြုတွေဝန်ထမ်း၊ အရေးပေါ်လူနာတင်ကားနဲ့ လိုက်ပါတဲ့ ဆေးဝန်ထမ်းနဲ့ ကားမောင်းသမား စသူတွေကိုတော့ ရူဘယ်လ်ငွေ ၂၅ဝဝဝ ကနေ ၅ဝဝဝဝ အထိ ဆုကြေးပေးမှာဖြစ်ပြီး ၊ ဒီလူတွေဟာ ရှေ့တန်းက ပါဝင်လုပ်ကိုင်နေတဲ့ အထူးအရေးပါသူတွေဖြစ်တယ်လို့ လည်း သမ္မတ ပူတင်ကပြောပါတယ်။ ဒါ့အပြင် သူက ရုရှားပြည်သူတွေအနေနဲ့ လက်ရှိကန့်သတ်ချုပ်ချယ်မှုတွေနဲ့ နေထိုင်ရတာကို သီးခံကြပါ၊ အခုကိစ္စဟာ ပြည်သူတရပ်လုံးအတွက် သေရေးရှင်ရေးတိုက်ပွဲဖြစ်တယ်၊ ပြည်သူတွေရဲ့ စည်းကမ်းလိုက်နာမှုနဲ့ တာဝန်သိမှုက အောင်နိုင်ရေးအတွက် အဆုံးအဖြတ်ဖြစ်လိမ့်မယ်လို့လည်း ပြောပါတယ်။ ရုရှားနိုင်ငံမှာ အခု အချိန်အထိ ကူးစက်သူ ၉ဝဝဝ နီးပါး ရှိပေမယ့် သေဆုံးသူ ၆၃ ဦးပဲ ရှိပါတယ်။


တရုတ်အစိုးရက ကိုရိုနာဗိုင်းရပ်စ်အဓိက ဖြစ်ပွားခဲ့တဲ့ ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ ထုတ်ပြန်ထားတဲ့ ပိတ်ဆို့ ကန့်သတ်မှုတွေကို မနေ့က ပယ်ဖျက်ရုပ်သိမ်းလိုက်ပါတယ်။ ရထားတွေ၊ လေယာဉ်တွေ၊ ဘတ်စ်ကားတွေ ပုံမှန်ပြန်လည် ပြေးဆွဲနေပြီဖြစ်ပြီး အလုပ်သမားတွေလည်း အလုပ်ခွင်ပြန်ဝင်နေကြပြီလို့ ဆိုပါတယ်။ ခရီးသွားတွေကို သက်ဆိုင်ရာက ကိုယ်အပူချိန်တိုင်းတာမှုတွေကိုတော့ ဆက်လက် ပြုလုပ်နေပါတယ်။

ဗီယက်နမ်နိုင်ငံက အမေရိကန်ပြည်ထောင်စုကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး လုပ်ကိုင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကာကွယ်ရေးဝတ်စုံ ၄၅ဝဝဝဝ အမြန်တင်ပို့ပေးနေပြီလို့ ဟနွိုင်းမြို့ရှိ အမေရိကန်သံရုံးကပြောပါတယ်။ ဒါဟာ ကန် ဗီယက်နမ် ဆက်ဆံရေးတိုးတက်မှုကို ပြသလိုက်တာပဲလို့လည်း သံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဥရောပနိုင်ငံတွေကိုလည်း ဗီယက်နမ်က နှာခေါင်းစည်း ၅၅ဝဝဝဝ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဗီယက်နမ်မှာ အခုထိ ကူးစက်သူ ၂၅ဝ ရှိပေမယ့် သေဆုံးသူတော့ မရှိသေးပါဘူး။

ထိုင်းအစိုးရက သူတို့နိုင်ငံကို တရားဝင်ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေကို နေထိုင်ခွင့်သက်တမ်းတိုးဖို့အတွက် လူဝင်မှုကြီးကြပ်ရေး ရုံးတွေမှာ တန်းစီစရာမလိုပဲ ဒီလ ၃ဝ ရက်နေ့အထိ အလိုအလျောက် သက်တမ်းတိုးနေထိုင်ခွင့် ပြုလိုက်ကြောင်း မနေ့က ကြေညာပါတယ်။ သွားရောက်တန်းစီသူတွေကြောင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတိုးပွားမှာကို ကာကွယ်တဲ့အနေနဲ့ အခုလို ခွင့်ပြုတာဖြစ်တယ်လို့ဆိုပါတယ်။ ထိုင်းမှာ ကူးစက်ခံရသူ ၂၃၇ဝ နဲ့ သေဆုံးသူ ၃ဝ ရှိနေပါတယ်။

ကျူဘားနိုင်ငံမှာ အစိုးရက အိမ်ပြင်မထွက်ဖို့နဲ့ တဦးနဲ့တဦး အနီးမကပ်ကြဖို့ ထုတ်ပြန်ထားပေမယ့် အစားအစာ မရှိတဲ့ ပြည်သူတွေဟာ စားသောက်ကုန်ရောင်းတဲ့ဆိုင်တွေမှာ လူတွေရာနဲ့ချီပြီး တန်းစီနေကြပါတယ်။ ကြက်သားရောင်းတဲ့ဆိုင်တခုမှာ လူတွေ ပေ ၃ဝဝ ကျော်တန်းစီနေကြတယ်လို့ ဟာဗားနား မြို့ခံတဦးက ပြောပါတယ်။ ကျူဘားနိုင်ငံဟာ အစားအစာ ၆ဝ ရာခိုင်နှုန်း ကိုပြည်ပက တင်သွင်းရပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တားဆီးတဲ့အနေနဲ့ အစိုးရက နယ်စပ်တွေကို ပိတ်ထားတဲ့အတွက် အစားအစာ ရှားပါးနေပါတယ်။ ကျူဘားမှာ အခုအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄ဝဝ ခန့်နဲ့ သေဆုံးသူ ၁၁ ဦး ရှိပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO က ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ရှိလူသားတွေရဲ့ ဘဝမှာ မကြုံစဖူး ဆိုးဝါးတဲ့ စီးပွားပျက်ကပ်ကြီး ဆိုက်ရောက်မယ့် အလားအလာရှိပြီး ဒီနှစ်အတွက် ကမ္ဘာ့ကုန်သွယ်ရေးပမာဏဟာ အရင်နှစ်ကထက် ၃ ပုံ ၁ ပုံ ကျဆင်းနိုင်တယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။ အစိုးရတွေ မူဝါဒချမှတ်မှု ညံ့ဖျင်းရင် အဲဒီ ပမာဏထက် ဆိုးဝါးနိုင်တယ်လို့လည်း WTO က သတိပေးလိုက်ပါတယ်။ လက်ရှိမှာ ကမ္ဘာ့ကန်သွယ်မှု ၃ ရာခိုင်နှုန်း ကျဆင်းနေပြီလို့လည်း ဆိုပါတယ်။

အမေရိကန် သမ္မတ ထရမ့်က WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို အမေရိကန်ပြည်ထောင်စုက ထည့်ဝင်လှူဒါန်းငွေ လျှော့ချဖြတ်တောက်မယ်လို့ ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုုပ် အန်တိုနီယို ဂွတ်တားရက်ဇ်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို အရေးတကြီး ဝိုင်းဝန်းတိုက်ဖျက်ရမယ့် ကာလဖြစ်တဲ့အတွက် နိုင်ငံအားလုံး တညီတညွတ် ပါဝင်ဆောင်ရွက်ကြပါလို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
႐ုရွားက ဗိုင္းရပ္စ္တိုက္ဖ်က္ေရးဝန္ထမ္းေတြ ေဒၚလာ ၁၃၂ သန္း အပိုဆုေၾကး ရရွိမည္ ႐ုရွားက ဗိုင္းရပ္စ္တိုက္ဖ်က္ေရးဝန္ထမ္းေတြ ေဒၚလာ ၁၃၂ သန္း အပိုဆုေၾကး ရရွိမည္ Reviewed by THITHTOOLWIN on 10:04 Rating: 5
Powered by Blogger.