မႏၲေလးမွာ ညဘက္အျပင္ထြက္သူကို ရဲက႐ိုက္ႏွက္မႈ ေဝဖန္ခံေနရ

(Zawgyi)⤵⤵⤵
ညမထြက္ရအမိန႔္ ထုတ္ျပန္ထားတဲ့ မႏၲေလးၿမိဳ႕မွာ မေန႔ညက လမ္းေပၚထြက္မိတဲ့ အမ်ိဳးသားတစ္ေယာက္ကို လုံၿခဳံေရး တာဝန္က် ရဲတစ္ဦးက တုတ္နဲ႔႐ိုက္ႏွက္ အျပစ္ေပးခဲ့ပါတယ္။ ရဲတပ္ဖြဲ႕ဝင္ရဲ႕ လုပ္ရပ္နဲ႔ပတ္သက္ၿပီး  အမ်ားျပည္သူၾကားမွာ သေဘာထားအျမင္ မတူညီတာေတြ ရွိေနပါတယ္။

ညမထြက္ရအမိန႔္ကို ဆန႔္က်င္ၿပီး မေန႔ည ၁၁ နာရီေက်ာ္ေလာက္မွာ မႏၲေလးၿမိဳ႕ ၆၂ လမ္းေပၚမွာ အမ်ိဳးသား တစ္ဦး ဆိုင္ကယ္နဲ႔ သြားလာတာကို လုံၿခဳံေရးတာဝန္က် ရဲတစ္ဦးက တုတ္နဲ႔႐ိုက္ႏွက္ခဲ့ပါတယ္။

ေအာင္ျမတ္ဟိန္း ဆိုသူက သူ႔ရဲ႕ေဖ့ဘြတ္ခ္မွာ အဲဒီျဖစ္ရပ္ကို ႐ုပ္သံ႐ိုက္ကူးၿပီး တိုက္႐ိုက္လႊင့္ခဲ့ရာမွာ ၾကည့္ရႈသူ သိန္းဂဏန္းထိရွိေနၿပီး ျပန္လည္မွ်ေဝသူ အမ်ားအျပား ရွိခဲ့ပါတယ္။

ဒီျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး ႐ိုက္ႏွက္သင့္တယ္လို႔ တခ်ိဳ႕ကမွတ္ခ်က္ေပးၾကသလို ႐ိုက္ႏွက္ႏိုင္ေၾကာင္း ဥပေဒက ခြင့္ျပဳျပဌာန္းထားတာမရွိလို႔  တျခားျပ႒ာန္းထားတဲ့ ဥပေဒအရသာ အေရးယူသင့္ၿပီး မ႐ိုက္သင့္ဘူးလို႔ မွတ္ခ်က္ ေပးသူေတြ ရွိပါတယ္။

မႏၲေလးၿမိဳ႕ အထက ၁၆  ေက်ာင္းအနီး၊ ညေနခင္းအခ်ိန္မွာ အမ်ိဳးသမီးတစ္ေယာက္ ပိုက္ဆံအိတ္ လုယက္ခံရ တာကို ဝင္ေရာက္ကူညီေပးခဲ့ဖူးတဲ့ ကိုမင္းထက္သွ်ားကလည္း သူ႔အျမင္ကို  အခုလို ေျပာပါတယ္။

“ဥပေဒအရေတာ့ မႏၲေလးၿမိဳ႕မွာ ႐ိုက္မယ္ဆိုတာေတာ့ မရွိေသးဘူး၊ ႐ိုက္ဖို႔ ဥပေဒမရွိဘူး၊ ေဒသႏၲရ ဥပေဒ ရွိသင့္တယ္ ထင္တယ္။ လုယက္မႈေတြရွိတယ္၊ ေဖာက္ထြင္းမႈေတြ ရွိတယ္။ လူေကာင္းသူေကာင္းေတြကေတာ့ ညပိုင္းေတြ ေတာ္ေတာ္မ်ားမ်ား မထြက္ၾကဘူးလို႔ ယူဆတယ္၊ ေဖာက္ထြင္းမႈေတြ ျဖစ္လာမွာစိုးတဲ့အတြက္ ႀကိမ္ဒဏ္ေတာ့ ရွိသင့္တယ္၊ အရမ္းဆိုးဆိုးဝါးဝါးႀကီးေတာ့ မျဖစ္ေစခ်င္ဘူး”

အခုလို အျပစ္ေပးတာက အေျခခံဥပေဒကို ခ်ိဳးေဖာက္ရာေရာက္ေနတယ္လို႔ မႏၲေလးၿမိဳ႕က ေဒသခံ ကိုစန္းယုေက်ာ္က ေျပာပါတယ္။

“တည္ဆဲဥပေဒအရ အေရးယူခံရမယ္လို႔ ပါေပမယ့္ ႐ိုက္ႏွက္အျပစ္ေပးရမယ္လို႔ မပါဘူး၊ အေျခခံဥပေဒရဲ႕ ပုဒ္မမွာ လူသိကၡာ ညႇိဳးႏြမ္းေစတဲ့ ျပစ္ဒဏ္မ်ိဳး မေပးရဘူး“

ဒီလို႐ိုက္ႏွက္အျပစ္ေပးတာဟာ အြန္လိုင္းမွာ လူၾကည့္မ်ားတဲ့ အိႏၵိယႏိုင္ငံက ရဲေတြရဲ႕ ႐ိုက္ႏွက္မႈ ပုံစံကို အတုခိုးထားသလို ျဖစ္ေနတယ္လို႔ မႏၲေလးၿမိဳ႕က ကိုေက်ာ္ႀကီးက ေျပာပါတယ္။

“အိႏၵိယက အျပင္ထြက္ရင္ ႐ိုက္တယ္။ သူတို႔ဥပေဒမွာ  ဘယ္လိုျပ႒ာန္းထားသလဲမသိေပမယ့္ ကြၽန္ေတာ္တို႔ ဥေပဒမွာက ရဲဥပေဒမွာေရာ ျပည္သူကို ႐ိုက္ပိုင္ခြင့္မရွိဘူး၊ အခုလိုလုပ္တာက ဥပေဒေဘာင္ ေက်ာ္သြားတယ္လို႔ ျမင္တယ္“

တရားလႊတ္ေတာ္ ေရွ႕ေနတစ္ေယာက္ျဖစ္တဲ့ ကိုစည္သူက

“ျပည္သူေတြအေနနဲ႔ အျပင္ထြက္ခြင့္မရွိတာ ထုတ္ျပန္ထားတယ္။ ရဲတပ္ဖြဲ႕ဝင္အေနနဲ႔ ခိုင္မာလုံေလာက္တဲ့ အေၾကာင္း ေမးျမန္းရမယ္။ ခိုင္မာရင္ သူသြားခ်င္တဲ့ခရီးကို ဆက္သြားခြင့္ေပးရမယ္။ အခုလို  ကိုယ္ထိလက္ ေရာက္ လုပ္ပိုင္ခြင့္မရွိဘူး၊ ျပဳလုပ္မယ္ဆိုရင္ ရဲစည္းကမ္းဥပေဒအရ အေရးယူခံရမယ္။ ရဲလက္စြဲမွာလည္း အတိအလင္း ျပဌာန္းထားၿပီးသားပါ“

မႏၲေလးၿမိဳ႕မွာ ဧၿပီလ ၁၈ ရက္ေန႔ကစၿပီး ည ၁၀ နာရီကေန မနက္ ၄ နာရီအတြင္း ညမထြက္ရအမိန႔္ ထုတ္ျပန္ ထားၿပီး တိက်စြာလိုက္နာေဆာင္႐ြက္ဖို႔နဲ႔ ပ်က္ကြက္မယ္ဆိုရင္ တည္ဆဲဥပေဒနဲ႔ အေရးယူခံရမယ္လို႔ တိုင္းအစိုးရ အဖြဲ႕က ေျပာထားပါတယ္။

ညဘက္ အျပင္ထြက္သူကို ႐ိုက္ႏွက္မႈနဲ႔ ပတ္သက္ၿပီး ခ႐ိုင္အုပ္ခ်ဳပ္ေရးအေနနဲ႔လည္း တိုင္းအစိုးရကို တင္ျပ ထားတယ္လို႔ မႏၲေလးခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးက တာဝန္ရွိသူတစ္ေယာက္က ေျပာပါတယ္။

လက္တေလာမွာတာ့ မႏၲေလးမွာ အခုရက္ပိုင္းအထိေတာ့ ညမထြက္ရ စည္းကမ္းခ်ိဳးေဖာက္လို႔ အေရးယူတာမ်ိဳး မရွိေသးဘူးလို႔ မႏၲေလးခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉး႐ုံးက သိရပါတယ္။

ထုတ္ျပန္ထားတဲ့ စည္းကမ္းေတြကို မလိုက္နာဘူးဆိုရင္ ျပည္သူ႔ဝန္ထမ္းက နည္းလမ္းတက် ထုတ္ျပန္ထားတဲ့ အမိန႔္ကို ဖီဆန္ျခင္းဆိုတဲ့ ပုဒ္မ ၁၈၈ နဲ႔ အေရးယူခံရမွာျဖစ္ၿပီး ျပစ္မႈထင္ရွားခဲ့ရင္ေတာ့ ေထာင္ဒဏ္ တစ္လ ျဖစ္ေစ ဒဏ္ေငြ ႏွစ္ရာ ျဖစ္ေစ၊ ဒဏ္ ႏွစ္ခုလုံးကိုျဖစ္ေစ ခ်မွတ္ႏိုင္တယ္လို႔ ရာဇသတ္ႀကီးဥပေဒမွာ ျပဌာန္း ထားပါတယ္။

ေခမဏီဝင္း / RFA Burmese
--------------------------------------------
(Unicode)⤵⤵⤵
မန္တလေးမှာ ညဘက်အပြင်ထွက်သူကို ရဲကရိုက်နှက်မှု ဝေဖန်ခံနေရ

ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ မန္တလေးမြို့မှာ မနေ့ညက လမ်းပေါ်ထွက်မိတဲ့ အမျိုးသားတစ်ယောက်ကို လုံခြုံရေး တာဝန်ကျ ရဲတစ်ဦးက တုတ်နဲ့ရိုက်နှက် အပြစ်ပေးခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်ရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး  အများပြည်သူကြားမှာ သဘောထားအမြင် မတူညီတာတွေ ရှိနေပါတယ်။

ညမထွက်ရအမိန့်ကို ဆန့်ကျင်ပြီး မနေ့ည ၁၁ နာရီကျော်လောက်မှာ မန္တလေးမြို့ ၆၂ လမ်းပေါ်မှာ အမျိုးသား တစ်ဦး ဆိုင်ကယ်နဲ့ သွားလာတာကို လုံခြုံရေးတာဝန်ကျ ရဲတစ်ဦးက တုတ်နဲ့ရိုက်နှက်ခဲ့ပါတယ်။

အောင်မြတ်ဟိန်း ဆိုသူက သူ့ရဲ့ဖေ့ဘွတ်ခ်မှာ အဲဒီဖြစ်ရပ်ကို ရုပ်သံရိုက်ကူးပြီး တိုက်ရိုက်လွှင့်ခဲ့ရာမှာ ကြည့်ရှုသူ သိန်းဂဏန်းထိရှိနေပြီး ပြန်လည်မျှဝေသူ အများအပြား ရှိခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရိုက်နှက်သင့်တယ်လို့ တချို့ကမှတ်ချက်ပေးကြသလို ရိုက်နှက်နိုင်ကြောင်း ဥပဒေက ခွင့်ပြုပြဌာန်းထားတာမရှိလို့  တခြားပြဋ္ဌာန်းထားတဲ့ ဥပဒေအရသာ အရေးယူသင့်ပြီး မရိုက်သင့်ဘူးလို့ မှတ်ချက် ပေးသူတွေ ရှိပါတယ်။

မန္တလေးမြို့ အထက ၁၆  ကျောင်းအနီး၊ ညနေခင်းအချိန်မှာ အမျိုးသမီးတစ်ယောက် ပိုက်ဆံအိတ် လုယက်ခံရ တာကို ဝင်ရောက်ကူညီပေးခဲ့ဖူးတဲ့ ကိုမင်းထက်သျှားကလည်း သူ့အမြင်ကို  အခုလို ပြောပါတယ်။

“ဥပဒေအရတော့ မန္တလေးမြို့မှာ ရိုက်မယ်ဆိုတာတော့ မရှိသေးဘူး၊ ရိုက်ဖို့ ဥပဒေမရှိဘူး၊ ဒေသန္တရ ဥပဒေ ရှိသင့်တယ် ထင်တယ်။ လုယက်မှုတွေရှိတယ်၊ ဖောက်ထွင်းမှုတွေ ရှိတယ်။ လူကောင်းသူကောင်းတွေကတော့ ညပိုင်းတွေ တော်တော်များများ မထွက်ကြဘူးလို့ ယူဆတယ်၊ ဖောက်ထွင်းမှုတွေ ဖြစ်လာမှာစိုးတဲ့အတွက် ကြိမ်ဒဏ်တော့ ရှိသင့်တယ်၊ အရမ်းဆိုးဆိုးဝါးဝါးကြီးတော့ မဖြစ်စေချင်ဘူး”

အခုလို အပြစ်ပေးတာက အခြေခံဥပဒေကို ချိုးဖောက်ရာရောက်နေတယ်လို့ မန္တလေးမြို့က ဒေသခံ ကိုစန်းယုကျော်က ပြောပါတယ်။

“တည်ဆဲဥပဒေအရ အရေးယူခံရမယ်လို့ ပါပေမယ့် ရိုက်နှက်အပြစ်ပေးရမယ်လို့ မပါဘူး၊ အခြေခံဥပဒေရဲ့ ပုဒ်မမှာ လူသိက္ခာ ညှိုးနွမ်းစေတဲ့ ပြစ်ဒဏ်မျိုး မပေးရဘူး“

ဒီလိုရိုက်နှက်အပြစ်ပေးတာဟာ အွန်လိုင်းမှာ လူကြည့်များတဲ့ အိန္ဒိယနိုင်ငံက ရဲတွေရဲ့ ရိုက်နှက်မှု ပုံစံကို အတုခိုးထားသလို ဖြစ်နေတယ်လို့ မန္တလေးမြို့က ကိုကျော်ကြီးက ပြောပါတယ်။

“အိန္ဒိယက အပြင်ထွက်ရင် ရိုက်တယ်။ သူတို့ဥပဒေမှာ  ဘယ်လိုပြဋ္ဌာန်းထားသလဲမသိပေမယ့် ကျွန်တော်တို့ ဥပေဒမှာက ရဲဥပဒေမှာရော ပြည်သူကို ရိုက်ပိုင်ခွင့်မရှိဘူး၊ အခုလိုလုပ်တာက ဥပဒေဘောင် ကျော်သွားတယ်လို့ မြင်တယ်“

တရားလွှတ်တော် ရှေ့နေတစ်ယောက်ဖြစ်တဲ့ ကိုစည်သူက

“ပြည်သူတွေအနေနဲ့ အပြင်ထွက်ခွင့်မရှိတာ ထုတ်ပြန်ထားတယ်။ ရဲတပ်ဖွဲ့ဝင်အနေနဲ့ ခိုင်မာလုံလောက်တဲ့ အကြောင်း မေးမြန်းရမယ်။ ခိုင်မာရင် သူသွားချင်တဲ့ခရီးကို ဆက်သွားခွင့်ပေးရမယ်။ အခုလို  ကိုယ်ထိလက် ရောက် လုပ်ပိုင်ခွင့်မရှိဘူး၊ ပြုလုပ်မယ်ဆိုရင် ရဲစည်းကမ်းဥပဒေအရ အရေးယူခံရမယ်။ ရဲလက်စွဲမှာလည်း အတိအလင်း ပြဌာန်းထားပြီးသားပါ“

မန္တလေးမြို့မှာ ဧပြီလ ၁၈ ရက်နေ့ကစပြီး ည ၁၀ နာရီကနေ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန် ထားပြီး တိကျစွာလိုက်နာဆောင်ရွက်ဖို့နဲ့ ပျက်ကွက်မယ်ဆိုရင် တည်ဆဲဥပဒေနဲ့ အရေးယူခံရမယ်လို့ တိုင်းအစိုးရ အဖွဲ့က ပြောထားပါတယ်။

ညဘက် အပြင်ထွက်သူကို ရိုက်နှက်မှုနဲ့ ပတ်သက်ပြီး ခရိုင်အုပ်ချုပ်ရေးအနေနဲ့လည်း တိုင်းအစိုးရကို တင်ပြ ထားတယ်လို့ မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

လက်တလောမှာတာ့ မန္တလေးမှာ အခုရက်ပိုင်းအထိတော့ ညမထွက်ရ စည်းကမ်းချိုးဖောက်လို့ အရေးယူတာမျိုး မရှိသေးဘူးလို့ မန္တလေးခရိုင် အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။

ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာဘူးဆိုရင် ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန်ထားတဲ့ အမိန့်ကို ဖီဆန်ခြင်းဆိုတဲ့ ပုဒ်မ ၁၈၈ နဲ့ အရေးယူခံရမှာဖြစ်ပြီး ပြစ်မှုထင်ရှားခဲ့ရင်တော့ ထောင်ဒဏ် တစ်လ ဖြစ်စေ ဒဏ်ငွေ နှစ်ရာ ဖြစ်စေ၊ ဒဏ် နှစ်ခုလုံးကိုဖြစ်စေ ချမှတ်နိုင်တယ်လို့ ရာဇသတ်ကြီးဥပဒေမှာ ပြဌာန်း ထားပါတယ်။

ခေမဏီဝင်း / RFA Burmese
https://www.rfa.org/burmese/news/mdy-police-security-04222020060352.html
မႏၲေလးမွာ ညဘက္အျပင္ထြက္သူကို ရဲက႐ိုက္ႏွက္မႈ ေဝဖန္ခံေနရ မႏၲေလးမွာ ညဘက္အျပင္ထြက္သူကို ရဲက႐ိုက္ႏွက္မႈ ေဝဖန္ခံေနရ Reviewed by THITHTOOLWIN on 21:05 Rating: 5
Powered by Blogger.