ေဈးထဲ ႏွာေခါင္းစည္းတပ္ၾကဖို႔ ေနျပည္ေတာ္မွာ ၫႊန္ၾကား


(Zawgyi)⤵⤵⤵
ေနျပည္ေတာ္ ေကာင္စီနယ္ေျမက စည္ပင္သာယာေရး ေကာ္မတီေဈးေတြမွာ ေဈးေရာင္းသူ၊ ဝယ္သူအားလုံး ႏွာေခါင္းစည္း Mask တပ္ဖို႔နဲ႔ ႏွာေခါင္းစည္းမပါရင္ ေဈးထဲကို မဝင္ဖို႔ ၫႊန္ၾကားထားပါတယ္။

မွ်ေဝေသာလက္မ်ား ပရဟိတအဖြဲ႕က ပ်ဥ္းမနားၿမိဳ႕နယ္မွာ အႀကီးဆုံးေဈးတစ္ခုျဖစ္တဲ့ အဟာရသုခေဈးမွာ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရး အိမ္တြင္းလက္လုပ္ အဝတ္ႏွာေခါင္းစည္း တစ္ေထာင္ကို ဒီေန႔ အခမဲ့ လိုက္လံေဝငွခဲ့ပါတယ္။

ရန္ကုန္နဲ႔ မႏၲေလးၿမိဳ႕ႀကီးေတြမွာလို သၾကၤန္ကာလအတြင္း မလိုအပ္ဘဲ အျပင္မထြက္ဖို႔၊ လူစုလူေဝးမလုပ္ဖို႔ ေနျပည္ေတာ္မွာ ၫႊန္ၾကားထားတာမရွိေပမယ့္ ေဈးေတြမွာ ေဈးသည္ ေဈးဝယ္ အားလုံးႏွာေခါင္းစည္းတပ္ၾကဖို႔္ စည္ပင္သာယာေရးေကာ္မတီက မေန႔ကစၿပီး ၫႊန္ၾကားခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

အဟာရသုခေဈး တာဝန္ခံ ဦးေက်ာ္ႏိုင္ဦးက ႏွာေခါင္းစည္းမပါဘဲ ဘယ္သူမွ ေဈးထဲကို ဝင္ေရာက္ခြင့္မရွိဘူးလို႔ ေျပာပါတယ္။

“ဒီေန႔ လူႀကီးေတြရဲ႕ လမ္းၫႊန္ၾကားခ်က္၊ အထက္က လမ္းၫႊန္မႈနဲ႔ပါ။ က်ေတာ္တို႔ ေဈးဝယ္ အထဲကို ဝင္တဲ့သူေတြကို ေဈးဝယ္လာတဲ့သူမ်ား မည္သူမဆို ႏွာေခါင္းစည္း Mask မပါရင္ ဝင္ေရာက္ခြင့္ မရွိပါဘူး။ က်န္းမာေရးအရ ေဈးသူ၊ ေဈးသားေတြေရာ၊ ဝယ္တဲ့သူေတြေရာ Mask တပ္ၿပီးမွ ေရာင္းမယ္။ Mask တပ္ၿပီးမွ ေဈးဝယ္ခြင့္ျပဳပါတယ္”

ေဈးဆိုင္ခန္းေတြကိုလည္း ၆ ေပျခားၿပီး ေရာင္းခ်ႏိုင္ဖို႔ စီစဥ္ေနတယ္လို႔ ေျပာပါတယ္။

ေနျပည္ေတာ္ ပ်ဥ္းမနားၿမိဳ႕က အဟာရသုခေဈးဟာ ေနျပည္ေတာ္နယ္ေျမမွာရွိတဲ့ ေဈးေတြကို ကုန္စိမ္း၊ ကုန္ေျခာက္ေတြ ျပန္လည္ျဖန႔္ေဝတဲ့ လက္ကားေဈးႀကီးတစ္ခုျဖစ္ပါတယ္။

ေနျပည္ေတာ္ ပ်ဥ္းမနားၿမိဳ႕အေျခစိုက္ မွ်ေဝေသာလက္မ်ား ပရဟိတအဖြဲ႕က ေလွ်ာ္ဖြတ္ႏိုင္တဲ့ အိမ္တြင္းခ်ဳပ္ အဝတ္ႏွာေခါင္းစည္း အခု တစ္ေထာင္ကို အဟာရသုခေဈးက ေဈးသည္ေတြကို ဒီေန႔ လိုက္လံေဝငွပါတယ္။

မွ်ေဝေသာလက္မ်ား ပရဟိတအဖြဲ႕က ဦးေက်ာ္သူရက တစ္ခုကို ေငြက်ပ္ ေလး၊ ငါးရာအထိရွိတဲ့ တစ္ခါသုံး ႏွာေခါင္းစည္း Maskေတြ ဝယ္မသုံးႏိုင္တဲ့ ေဈးသည္ေတြကို အခမဲ့ျဖန႔္ေဝတာလို႔ ေျပာပါတယ္။

“အဝတ္ Mask ေတြ ေပးတဲ့အခါမွာ တစ္ဦးကို ဒီအထုတ္ေလးထဲမွာ ႏွစ္ခုပါပါတယ္။ အဲေတာ့ အဲဒီ ႏွစ္ခုထဲမွာ က်ေတာ္တို႔က ရည္႐ြယ္တာက ဒီေန႔ တစ္ခုသုံး၊ ျပန္လာလို႔ရွိရင္ ေလ်ာ္ထား၊ ေနာက္ေန႔က် ေနာက္တစ္ခုတပ္၊ အလဲအလွယ္နဲ႔ လုပ္လို႔ရေအာင္ ႏွစ္ခုပါတဲ့ အေၾကာင္းကို ေဈးသည္ေတြကို ေသခ်ာရွင္းျပပါတယ္။ ဒါေလးက လဲလွယ္ၿပီး သုံးလို႔ရတယ္။ ၿပီးေတာ့ သူတို႔ တစ္ခါသုံး Mask ေတြကို သုံးမယ္ဆိုရင္ ေန႔စဥ္ဝင္ေငြထဲက ထိခိုက္ မွာစိုးတဲ့အတြက္ ဒီအဝတ္ Mask ႏွာေခါင္းစည္းေတြကို ေပးတယ္ဆိုတဲ့အေၾကာင္း ေသခ်ာရွင္းျပပါတယ္”

မွ်ေဝေသာလက္မ်ား ပရဟိတအဖြဲ႕က ေလွ်ာ္ဖြတ္ ေနပူလွန္း၊ မီးပူတိုက္၊ ပိုးသတ္ထားတဲ့ အိမ္တြင္းခ်ဳပ္ အဝတ္ႏွာေခါင္းစည္း အခု တစ္ေသာင္းကို အခမဲ့ျဖန႔္ေဝဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

ေဈးသည္ တစ္ဦးျဖစ္တဲ့ မေအးေအးခိုင္က ဗိုင္းရပ္စ္ျပန႔္ႏွံ႔မႈအေပၚ အလြန္အကြၽံ စိုရိမ္ပူပန္တာမ်ိဳး မရွိဘူးလို႔ ေျပာပါတယ္။

“အရမ္းႀကီးေတာ့ မစိုးရိမ္ပါဘူး၊ ဒါေပမဲ့ စိုးရိမ္တဲ့ အတိုင္းအတာအထိေတာ့ စိုးရိမ္တာေပါ့။ အလြန္အကြၽံ ႀကီးေတာ့ မစိုးရိမ္ပါဘူး။ ေဈးမွာက ဘယ္လိုေျပာရမလဲဆိုရင္ ေဈးေရာင္းတဲ့သူ ေတာ္ေတာ္မ်ားမ်ားက ကိုယ္ခံအားလည္း ေကာင္းၾကတယ္ေလ။ ဘာပဲေျပာေျပာ ေလဝင္ေလထြက္လည္း ေကာင္းတယ္။ အစားအေသာက္ဆိုရင္လည္း အဟာရျဖစ္တဲ့ အစာေတြပဲ စားတာဆိုေတာ့၊ လက္ဆတ္တဲ့ သီးႏွံေတြပဲ စားတာဆိုေတာ့ေလ”

ေဈးသည္ေနာက္တစ္ဦးျဖစ္သူ မေကေက ကေတာ့ ေနျပည္ေတာ္ကို လူေတြအမ်ားအျပား ေ႐ႊ႕ေျပာင္းလာတယ္လို႔ သတင္းေတြၾကားရတဲ့အတြက္ ေရာဂါကူးစက္မွာကို စိုးရိမ္တယ္လို႔ ေျပာပါတယ္။

“ေၾကာက္ေတာ့ ေၾကာက္တယ္၊ ေနျပည္ေတာ္ဘက္ ကူးလာမွာကို။ ေနစရာမရွိဘူး အဲလို လူဦးေရ တစ္ေန႔တျခား တိုးတိုးလာဆိုတဲ့ အသံၾကားေတာ့ စိုးရိမ္တယ္။ လူေတြကို ကူးစက္လာမွာ စိုးရိမ္တယ္”

ေနျပည္ေတာ္ေကာင္စီ ဒုတိယၿမိဳ႕ေတာ္ဝင္ ဦးရဲမင္းဦးက စည္ပင္သာယာေရး ေကာ္မတီေဈးေတြကို ပိတ္ဖို႔မရွိေသးဘဲ အေျခအေနကို ေစာင့္ၾကည့္ ေလ့လာေနတယ္လို႔ ၿပီးခဲ့တဲ့ ဧၿပီလ ၆ ရက္ေန႔က သတင္းေထာက္ေတြကို ေျပာထားပါတယ္။
ေနျပည္ေတာ္မွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ေတြ႕ရွိခဲ့တဲ့ ကုလသမဂၢဝန္ထမ္း ဆြစ္ဇာလန္ႏိုင္ငံသူ အမ်ိဳးသမီးဟာ က်န္းမာေရးေကာင္းမြန္လာတဲ့အတြက္ ေဆး႐ုံကဆင္းၿပီး ဟိုတယ္မွာပဲ သီးျခားေစာင့္ၾကည့္သူအျဖစ္ ေနထိုင္ေနရပါတယ္။

လက္ရွိအခ်ိန္အထိ ေနျပည္ေတာ္ အမွတ္ ၁ စည္ပင္ဧည့္ရိပ္သာ၊ တပ္မေတာ္ အမွတ္ ၃ စစ္ေၾကာေရးနဲ႔ တည္းခိုေရးစခန္းမွာ ျပည္ပနဲ႔ နယ္စပ္က ျပန္လာသူ ၈၀၀ ေက်ာ္ ေစာင့္ၾကည့္သူေတြအျဖစ္ ရွိေနပါတယ္။

သီဟထြန္း / RFA Burmese
------------------------------------------------
(Unicode)⤵⤵⤵
ဈေးထဲ နှာခေါင်းစည်းတပ်ကြဖို့ နေပြည်တော်မှာ ညွှန်ကြား

နေပြည်တော် ကောင်စီနယ်မြေက စည်ပင်သာယာရေး ကော်မတီဈေးတွေမှာ ဈေးရောင်းသူ၊ ဝယ်သူအားလုံး နှာခေါင်းစည်း Mask တပ်ဖို့နဲ့ နှာခေါင်းစည်းမပါရင် ဈေးထဲကို မဝင်ဖို့ ညွှန်ကြားထားပါတယ်။

မျှဝေသောလက်များ ပရဟိတအဖွဲ့က ပျဉ်းမနားမြို့နယ်မှာ အကြီးဆုံးဈေးတစ်ခုဖြစ်တဲ့ အဟာရသုခဈေးမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အိမ်တွင်းလက်လုပ် အဝတ်နှာခေါင်းစည်း တစ်ထောင်ကို ဒီနေ့ အခမဲ့ လိုက်လံဝေငှခဲ့ပါတယ်။

ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာလို သင်္ကြန်ကာလအတွင်း မလိုအပ်ဘဲ အပြင်မထွက်ဖို့၊ လူစုလူဝေးမလုပ်ဖို့ နေပြည်တော်မှာ ညွှန်ကြားထားတာမရှိပေမယ့် ဈေးတွေမှာ ဈေးသည် ဈေးဝယ် အားလုံးနှာခေါင်းစည်းတပ်ကြဖို့် စည်ပင်သာယာရေးကော်မတီက မနေ့ကစပြီး ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။

အဟာရသုခဈေး တာဝန်ခံ ဦးကျော်နိုင်ဦးက နှာခေါင်းစည်းမပါဘဲ ဘယ်သူမှ ဈေးထဲကို ဝင်ရောက်ခွင့်မရှိဘူးလို့ ပြောပါတယ်။

“ဒီနေ့ လူကြီးတွေရဲ့ လမ်းညွှန်ကြားချက်၊ အထက်က လမ်းညွှန်မှုနဲ့ပါ။ ကျတော်တို့ ဈေးဝယ် အထဲကို ဝင်တဲ့သူတွေကို ဈေးဝယ်လာတဲ့သူများ မည်သူမဆို နှာခေါင်းစည်း Mask မပါရင် ဝင်ရောက်ခွင့် မရှိပါဘူး။ ကျန်းမာရေးအရ ဈေးသူ၊ ဈေးသားတွေရော၊ ဝယ်တဲ့သူတွေရော Mask တပ်ပြီးမှ ရောင်းမယ်။ Mask တပ်ပြီးမှ ဈေးဝယ်ခွင့်ပြုပါတယ်”

ဈေးဆိုင်ခန်းတွေကိုလည်း ၆ ပေခြားပြီး ရောင်းချနိုင်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

နေပြည်တော် ပျဉ်းမနားမြို့က အဟာရသုခဈေးဟာ နေပြည်တော်နယ်မြေမှာရှိတဲ့ ဈေးတွေကို ကုန်စိမ်း၊ ကုန်ခြောက်တွေ ပြန်လည်ဖြန့်ဝေတဲ့ လက်ကားဈေးကြီးတစ်ခုဖြစ်ပါတယ်။

နေပြည်တော် ပျဉ်းမနားမြို့အခြေစိုက် မျှဝေသောလက်များ ပရဟိတအဖွဲ့က လျှော်ဖွတ်နိုင်တဲ့ အိမ်တွင်းချုပ် အဝတ်နှာခေါင်းစည်း အခု တစ်ထောင်ကို အဟာရသုခဈေးက ဈေးသည်တွေကို ဒီနေ့ လိုက်လံဝေငှပါတယ်။

မျှဝေသောလက်များ ပရဟိတအဖွဲ့က ဦးကျော်သူရက တစ်ခုကို ငွေကျပ် လေး၊ ငါးရာအထိရှိတဲ့ တစ်ခါသုံး နှာခေါင်းစည်း Maskတွေ ဝယ်မသုံးနိုင်တဲ့ ဈေးသည်တွေကို အခမဲ့ဖြန့်ဝေတာလို့ ပြောပါတယ်။

“အဝတ် Mask တွေ ပေးတဲ့အခါမှာ တစ်ဦးကို ဒီအထုတ်လေးထဲမှာ နှစ်ခုပါပါတယ်။ အဲတော့ အဲဒီ နှစ်ခုထဲမှာ ကျတော်တို့က ရည်ရွယ်တာက ဒီနေ့ တစ်ခုသုံး၊ ပြန်လာလို့ရှိရင် လျော်ထား၊ နောက်နေ့ကျ နောက်တစ်ခုတပ်၊ အလဲအလှယ်နဲ့ လုပ်လို့ရအောင် နှစ်ခုပါတဲ့ အကြောင်းကို ဈေးသည်တွေကို သေချာရှင်းပြပါတယ်။ ဒါလေးက လဲလှယ်ပြီး သုံးလို့ရတယ်။ ပြီးတော့ သူတို့ တစ်ခါသုံး Mask တွေကို သုံးမယ်ဆိုရင် နေ့စဉ်ဝင်ငွေထဲက ထိခိုက် မှာစိုးတဲ့အတွက် ဒီအဝတ် Mask နှာခေါင်းစည်းတွေကို ပေးတယ်ဆိုတဲ့အကြောင်း သေချာရှင်းပြပါတယ်”

မျှဝေသောလက်များ ပရဟိတအဖွဲ့က လျှော်ဖွတ် နေပူလှန်း၊ မီးပူတိုက်၊ ပိုးသတ်ထားတဲ့ အိမ်တွင်းချုပ် အဝတ်နှာခေါင်းစည်း အခု တစ်သောင်းကို အခမဲ့ဖြန့်ဝေဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဈေးသည် တစ်ဦးဖြစ်တဲ့ မအေးအေးခိုင်က ဗိုင်းရပ်စ်ပြန့်နှံ့မှုအပေါ် အလွန်အကျွံ စိုရိမ်ပူပန်တာမျိုး မရှိဘူးလို့ ပြောပါတယ်။

“အရမ်းကြီးတော့ မစိုးရိမ်ပါဘူး၊ ဒါပေမဲ့ စိုးရိမ်တဲ့ အတိုင်းအတာအထိတော့ စိုးရိမ်တာပေါ့။ အလွန်အကျွံ ကြီးတော့ မစိုးရိမ်ပါဘူး။ ဈေးမှာက ဘယ်လိုပြောရမလဲဆိုရင် ဈေးရောင်းတဲ့သူ တော်တော်များများက ကိုယ်ခံအားလည်း ကောင်းကြတယ်လေ။ ဘာပဲပြောပြော လေဝင်လေထွက်လည်း ကောင်းတယ်။ အစားအသောက်ဆိုရင်လည်း အဟာရဖြစ်တဲ့ အစာတွေပဲ စားတာဆိုတော့၊ လက်ဆတ်တဲ့ သီးနှံတွေပဲ စားတာဆိုတော့လေ”

ဈေးသည်နောက်တစ်ဦးဖြစ်သူ မကေကေ ကတော့ နေပြည်တော်ကို လူတွေအများအပြား ရွှေ့ပြောင်းလာတယ်လို့ သတင်းတွေကြားရတဲ့အတွက် ရောဂါကူးစက်မှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။

“ကြောက်တော့ ကြောက်တယ်၊ နေပြည်တော်ဘက် ကူးလာမှာကို။ နေစရာမရှိဘူး အဲလို လူဦးရေ တစ်နေ့တခြား တိုးတိုးလာဆိုတဲ့ အသံကြားတော့ စိုးရိမ်တယ်။ လူတွေကို ကူးစက်လာမှာ စိုးရိမ်တယ်”

နေပြည်တော်ကောင်စီ ဒုတိယမြို့တော်ဝင် ဦးရဲမင်းဦးက စည်ပင်သာယာရေး ကော်မတီဈေးတွေကို ပိတ်ဖို့မရှိသေးဘဲ အခြေအနေကို စောင့်ကြည့် လေ့လာနေတယ်လို့ ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့က သတင်းထောက်တွေကို ပြောထားပါတယ်။
နေပြည်တော်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တဲ့ ကုလသမဂ္ဂဝန်ထမ်း ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးဟာ ကျန်းမာရေးကောင်းမွန်လာတဲ့အတွက် ဆေးရုံကဆင်းပြီး ဟိုတယ်မှာပဲ သီးခြားစောင့်ကြည့်သူအဖြစ် နေထိုင်နေရပါတယ်။

လက်ရှိအချိန်အထိ နေပြည်တော် အမှတ် ၁ စည်ပင်ဧည့်ရိပ်သာ၊ တပ်မတော် အမှတ် ၃ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ ပြည်ပနဲ့ နယ်စပ်က ပြန်လာသူ ၈၀၀ ကျော် စောင့်ကြည့်သူတွေအဖြစ် ရှိနေပါတယ်။

သီဟထွန်း / RFA Burmese
https://www.rfa.org/burmese/news/npt-market-mask-04152020090512.html
ေဈးထဲ ႏွာေခါင္းစည္းတပ္ၾကဖို႔ ေနျပည္ေတာ္မွာ ၫႊန္ၾကား ေဈးထဲ ႏွာေခါင္းစည္းတပ္ၾကဖို႔ ေနျပည္ေတာ္မွာ ၫႊန္ၾကား Reviewed by THITHTOOLWIN on 20:55 Rating: 5
Powered by Blogger.