ျမန္မာအစုိးရရဲ႕ လူမႈဖူလုံေရးအစီအစဥ္ အလုပ္သမားေတြ ေမးခြန္းထုတ္

လိႈင္သာယာအထည္ခ်ဳပ္စက္ရံုက အလုပ္သမားမ်ား

(Zawgyi/Unicode)

စက္႐ုံ၊ အလုပ္႐ုံေတြ ပိတ္ခံရတာေၾကာင့္ အလုပ္မဆင္းႏိုင္တဲ့ အလုပ္သမားေတြအတြက္ အစိုးရရဲ႕ လူမႈဖူလုံေၾကး ေထာက္ပံ့မယ္ဆိုတဲ့ သတင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က တင္ဆက္ေပးပါမယ္။

အစိုးရက ပိတ္ရက္ထပ္ၿပီး သက္တမ္းတိုးလိုက္တဲ့ စက္႐ုံ၊ အလုပ္႐ုံေတြက အလုပ္သမားေတြကို လူမႈဖူလုံေၾကး ေထာက္ပံ့ေပးဖို႔ ျပင္ဆင္ေနၿပီလို႔ အလုပ္သမားဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္က ေျပာပါတယ္။

အလုပ္သမားဝန္ႀကီးဌာနဟာ အခုျဖစ္ပြားေနတဲ့ COVID-19 ေရာဂါကို ထိန္းခ်ဳပ္ဖို႔ ဦးစားေပးအဆင့္ သတ္မွတ္ထားတဲ့ စက္႐ုံ၊ အလုပ္႐ုံေတြကို က်န္းမာေရးဝန္ႀကီးဌာနရဲ႕သတ္မွတ္ခ်က္ေတြအတိုင္း စစ္ေဆးၿပီးမွ ဖြင့္ခြင့္ေပးမယ္လို႔ ဧၿပီလ ၁၉ ရက္က သတင္းထုတ္ျပန္ခဲ့တာပါ။ အဲဒီထုတ္ျပန္ခ်က္ဟာ သၾကၤန္ပိတ္ရက္အၿပီး အလုပ္ဆင္းဖို႔ ျပန္ေရာက္လာတဲ့ အလုပ္သမားေတြအတြက္ အခက္အခဲေတြျဖစ္ခဲ့ရေၾကာင္း အလုပ္သမားေတြက ေျပာပါတယ္။

ဝန္ႀကီးဌာနဟာ အနားနီးမွ ေၾကညာခ်က္ကို ထုတ္ျပန္မိတဲ့အေၾကာင္း အၿမဲတမ္းအတြင္းဝန္ ဦးမ်ိဳးေအာင္က ဧၿပီလ ၂၀ ရက္က ေနျပည္ေတာ္မွာ သတင္းသမားေတြကို ရွင္းျပခဲ့ပါတယ္။ ဒါေၾကာင့္ လူမႈဖူလုံေၾကးေပးထားတဲ့ အလုပ္သမားေတြကို ထပ္တိုးပိတ္ရက္အတြက္ လုပ္ထုံးလုပ္နည္းအတိုင္း ခံစားခြင့္ေပးသြားမယ္လို႔ သူက အခုလို ေျပာခဲ့တာပါ။

“အမိန႔္ကေတာ့ နည္းနည္းေလးေတာ့ ကပ္သြားတာေပါ့ေလ၊ နည္းနည္းအခ်ိန္ကပ္သြားေတာ့၊ အဲဒီေတာ့ တို႔ဝန္ႀကီးဌာနအေနနဲ႔ လုပ္ေပးႏိုင္တာက လူမႈဖူလုံေၾကး အႀကဳံးဝင္တဲ့ ဝန္ထမ္းေတြကိုက်ေတာ့ ေဆာင္႐ြက္ေပးဖို႔ ျပင္ဆင္ေနတာေပါ့။ ဥပေဒရွိတယ္၊ လုပ္ထုံးလုပ္နည္း ရွိတဲ့အတြက္ေၾကာင့္မို႔ ေရာ့အင့္ဆိုၿပီး မရဘူး၊ ဘ႑ာေရးလုပ္ထုံးလုပ္နည္း ညီၫႊတ္ေအာင္ လုပ္ၿပီးေတာ့မွ ေဆာင္႐ြက္ေပးဖို႔ေတာ့ ျပင္ဆင္ေနတာေပါ့။”

ဥပေဒအရဆိုရင္ က်န္းမာေရးေၾကာင့္ ျဖစ္လာတဲ့ကိစၥေတြအတြက္ လူမႈဖူလုံ ထည့္ဝင္ေၾကးရဲ႕ ၆၀ ရာခိုင္ႏႈန္းကို အလုပ္သမားေတြ ခံစားခြင့္ရွိပါတယ္။ လတ္တေလာမွာ လူမႈဖူလုံေၾကးခံစားခြင့္ရမယ့္ အလုပ္သမား ျမန္မာတႏိုင္ငံလုံးမွာ စုစုေပါင္း ၁,၅၀၀,၀၀၀ ရွိတယ္လို႔ အၿမဲတမ္းအတြင္းဝန္ ဦးမ်ိဳးေအာင္က ေျပာပါတယ္။ ဒါေပမဲ့ ဒီခံစားခြင့္ကို အလုပ္သမားေတြက ဘယ္လို ထုတ္ယူႏိုင္တယ္ဆိုတာကိုေတာ့ အေသးစိတ္ ေျပာဆိုသြားျခင္းမရွိေသးပါဘူး။

လူမႈဖူလုံေၾကးေပးသြင္းထားတဲ့ အလုပ္သမား တဦးကေတာ့ အစိုးရက ေထာက္ပံ့မယ့္အစီအစဥ္ဆိုတာကို သံသယရွိေနပါတယ္။

“ဘယ္လိုေပးမလဲ ညီမအဲဒါေတာ့ ေသခ်ာနားမလည္ဘူး၊ အခုက ၆၀ ရာခိုင္ႏႈန္းေတာ့ ရလိမ့္မယ္ေပါ့ေနာ္၊ ဟိုေန႔က အစ္မ တေယာက္ကေတာ့ ေျပာတယ္။ မရေလာက္ဖို႔မ်ားတယ္ အကုန္၊ ဝန္ထမ္းေတြအေနနဲ႔ကလည္း အဲဒါကို သူတို႔ေတာ္ေတာ္ႀကီးကို စိတ္က ဟိုဟာျဖစ္ေနၾကတာေပါ့ေနာ္။”

အလုပ္သမားအေရးေဆာင္႐ြက္သူ အနာဂတ္ အလင္းတန္းဆုံမွတ္က ေဒၚသက္သက္ေအာင္ကေတာ့ အစိုးရဘက္က ေထာက္ပံမယ့္အစီအစဥ္က ရွင္းရွင္းလင္းလင္း မရွိေသးဘူးလို႔ ေျပာပါတယ္။

“အခုအထိက ၆၀ ရာခိုင္ႏႈန္းရမယ္လို႔ လက္ရွိသိထားေသာ္ျငားလည္း ဘယ္လိုပုံစံနဲ႔ သြားရမယ္၊ ဘယ္လိုမ်ိဳး ထုတ္ယူလို႔ရတယ္ဆိုတဲ့ဟာမ်ိဳး အစိုးရကေန ဒါတရားဝင္ ဘာမွ မေျပာေသးတာျဖစ္တဲ့အတြက္ေတာ့ က်မေျပာခ်င္တာက ဒီလိုအေျခအေနမ်ိဳး ဒီ ၁၁ ရက္စာကိုေပါ့ လြယ္လင့္တကူ ရႏိုင္ဖို႔အတြက္ကို အစိုးရက လက္လွမ္းမီေအာင္ လုပ္ေပးႏိုင္ရင္ အေကာင္းဆုံးျဖစ္တယ္လို႔ ျမင္တယ္။”

အစိုးရဦးစားေပး စစ္ေဆးသြားမယ့္ စက္႐ုံေတြထဲမွာ ေဆးဝါး၊ စားေသာက္ကုန္နဲ႔ လုပ္သား ၁၀၀၀ အထက္ရွိတဲ့ စက္႐ုံေတြပါ ပါတယ္။ အလုပ္သမား တခ်ိဳ႕ကေတာ့ အခုထိ ဒီေထာက္ပံ့ေငြကို ဘယ္လိုရႏိုင္မယ္ဆိုတာ ေသခ်ာ မသိရေသးေၾကာင္းေျပာပါတယ္။

ရန္ကုန္မွာတခုတည္းမွာတင္ စက္႐ုံ အလုပ္႐ုံေပါင္း ၆,၀၀၀ ေက်ာ္နဲ႔ လုပ္သားအင္အား ၆၀၀,၀၀၀ ေက်ာ္ရွိပါတယ္။ ဧရာဝတီတိုင္း ပုသိမ္ၿမိဳ႕က အထည္ခ်ဳပ္ စက္႐ုံေတြကေတာ့ ဒီေန႔ ဧၿပီလ ၂၁ ရက္ကစၿပီး ရပ္နားပါတယ္။ ပဲခူးတိုင္းစက္မႈဇုန္ စီမံခန႔္ခြဲေရးကေတာ့ ေၾကညာခ်က္ထုတ္ျပန္တဲ့ ၿမိဳ႕ေတြထဲမွာ အေစာဆုံး ျဖစ္ၿပီး ေရာဂါကာကြယ္ဖို႔ ႏိုင္ငံေတာ္ရဲ႕ လိုအပ္ခ်က္အရ လည္ပတ္ေနတဲ့ စက္႐ုံေတြကလြဲၿပီး က်န္တာေတြအားလုံး ဧၿပီလ ၃၀ အထိပိတ္ထားရမယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။

[Unicode Version]

မြန်မာအစိုးရရဲ့ လူမှုဖူလုံရေးအစီအစဉ် အလုပ်သမားတွေ မေးခွန်းထုတ်

စက်ရုံ၊ အလုပ်ရုံတွေ ပိတ်ခံရတာကြောင့် အလုပ်မဆင်းနိုင်တဲ့ အလုပ်သမားတွေအတွက် အစိုးရရဲ့ လူမှုဖူလုံကြေး ထောက်ပံ့မယ်ဆိုတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က တင်ဆက်ပေးပါမယ်။

အစိုးရက ပိတ်ရက်ထပ်ပြီး သက်တမ်းတိုးလိုက်တဲ့ စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားတွေကို လူမှုဖူလုံကြေး ထောက်ပံ့ပေးဖို့ ပြင်ဆင်နေပြီလို့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။

အလုပ်သမားဝန်ကြီးဌာနဟာ အခုဖြစ်ပွားနေတဲ့ COVID-19 ရောဂါကို ထိန်းချုပ်ဖို့ ဦးစားပေးအဆင့် သတ်မှတ်ထားတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့သတ်မှတ်ချက်တွေအတိုင်း စစ်ဆေးပြီးမှ ဖွင့်ခွင့်ပေးမယ်လို့ ဧပြီလ ၁၉ ရက်က သတင်းထုတ်ပြန်ခဲ့တာပါ။ အဲဒီထုတ်ပြန်ချက်ဟာ သင်္ကြန်ပိတ်ရက်အပြီး အလုပ်ဆင်းဖို့ ပြန်ရောက်လာတဲ့ အလုပ်သမားတွေအတွက် အခက်အခဲတွေဖြစ်ခဲ့ရကြောင်း အလုပ်သမားတွေက ပြောပါတယ်။

ဝန်ကြီးဌာနဟာ အနားနီးမှ ကြေညာချက်ကို ထုတ်ပြန်မိတဲ့အကြောင်း အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ဧပြီလ ၂၀ ရက်က နေပြည်တော်မှာ သတင်းသမားတွေကို ရှင်းပြခဲ့ပါတယ်။ ဒါကြောင့် လူမှုဖူလုံကြေးပေးထားတဲ့ အလုပ်သမားတွေကို ထပ်တိုးပိတ်ရက်အတွက် လုပ်ထုံးလုပ်နည်းအတိုင်း ခံစားခွင့်ပေးသွားမယ်လို့ သူက အခုလို ပြောခဲ့တာပါ။

“အမိန့်ကတော့ နည်းနည်းလေးတော့ ကပ်သွားတာပေါ့လေ၊ နည်းနည်းအချိန်ကပ်သွားတော့၊ အဲဒီတော့ တို့ဝန်ကြီးဌာနအနေနဲ့ လုပ်ပေးနိုင်တာက လူမှုဖူလုံကြေး အကြုံးဝင်တဲ့ ဝန်ထမ်းတွေကိုကျတော့ ဆောင်ရွက်ပေးဖို့ ပြင်ဆင်နေတာပေါ့။ ဥပဒေရှိတယ်၊ လုပ်ထုံးလုပ်နည်း ရှိတဲ့အတွက်ကြောင့်မို့ ရော့အင့်ဆိုပြီး မရဘူး၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း ညီညွှတ်အောင် လုပ်ပြီးတော့မှ ဆောင်ရွက်ပေးဖို့တော့ ပြင်ဆင်နေတာပေါ့။”

ဥပဒေအရဆိုရင် ကျန်းမာရေးကြောင့် ဖြစ်လာတဲ့ကိစ္စတွေအတွက် လူမှုဖူလုံ ထည့်ဝင်ကြေးရဲ့ ၆၀ ရာခိုင်နှုန်းကို အလုပ်သမားတွေ ခံစားခွင့်ရှိပါတယ်။ လတ်တလောမှာ လူမှုဖူလုံကြေးခံစားခွင့်ရမယ့် အလုပ်သမား မြန်မာတနိုင်ငံလုံးမှာ စုစုပေါင်း ၁,၅၀၀,၀၀၀ ရှိတယ်လို့ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။ ဒါပေမဲ့ ဒီခံစားခွင့်ကို အလုပ်သမားတွေက ဘယ်လို ထုတ်ယူနိုင်တယ်ဆိုတာကိုတော့ အသေးစိတ် ပြောဆိုသွားခြင်းမရှိသေးပါဘူး။

လူမှုဖူလုံကြေးပေးသွင်းထားတဲ့ အလုပ်သမား တဦးကတော့ အစိုးရက ထောက်ပံ့မယ့်အစီအစဉ်ဆိုတာကို သံသယရှိနေပါတယ်။

“ဘယ်လိုပေးမလဲ ညီမအဲဒါတော့ သေချာနားမလည်ဘူး၊ အခုက ၆၀ ရာခိုင်နှုန်းတော့ ရလိမ့်မယ်ပေါ့နော်၊ ဟိုနေ့က အစ်မ တယောက်ကတော့ ပြောတယ်။ မရလောက်ဖို့များတယ် အကုန်၊ ဝန်ထမ်းတွေအနေနဲ့ကလည်း အဲဒါကို သူတို့တော်တော်ကြီးကို စိတ်က ဟိုဟာဖြစ်နေကြတာပေါ့နော်။”

အလုပ်သမားအရေးဆောင်ရွက်သူ အနာဂတ် အလင်းတန်းဆုံမှတ်က ဒေါ်သက်သက်အောင်ကတော့ အစိုးရဘက်က ထောက်ပံမယ့်အစီအစဉ်က ရှင်းရှင်းလင်းလင်း မရှိသေးဘူးလို့ ပြောပါတယ်။

“အခုအထိက ၆၀ ရာခိုင်နှုန်းရမယ်လို့ လက်ရှိသိထားသော်ငြားလည်း ဘယ်လိုပုံစံနဲ့ သွားရမယ်၊ ဘယ်လိုမျိုး ထုတ်ယူလို့ရတယ်ဆိုတဲ့ဟာမျိုး အစိုးရကနေ ဒါတရားဝင် ဘာမှ မပြောသေးတာဖြစ်တဲ့အတွက်တော့ ကျမပြောချင်တာက ဒီလိုအခြေအနေမျိုး ဒီ ၁၁ ရက်စာကိုပေါ့ လွယ်လင့်တကူ ရနိုင်ဖို့အတွက်ကို အစိုးရက လက်လှမ်းမီအောင် လုပ်ပေးနိုင်ရင် အကောင်းဆုံးဖြစ်တယ်လို့ မြင်တယ်။”

အစိုးရဦးစားပေး စစ်ဆေးသွားမယ့် စက်ရုံတွေထဲမှာ ဆေးဝါး၊ စားသောက်ကုန်နဲ့ လုပ်သား ၁၀၀၀ အထက်ရှိတဲ့ စက်ရုံတွေပါ ပါတယ်။ အလုပ်သမား တချို့ကတော့ အခုထိ ဒီထောက်ပံ့ငွေကို ဘယ်လိုရနိုင်မယ်ဆိုတာ သေချာ မသိရသေးကြောင်းပြောပါတယ်။

ရန်ကုန်မှာတခုတည်းမှာတင် စက်ရုံ အလုပ်ရုံပေါင်း ၆,၀၀၀ ကျော်နဲ့ လုပ်သားအင်အား ၆၀၀,၀၀၀ ကျော်ရှိပါတယ်။ ဧရာဝတီတိုင်း ပုသိမ်မြို့က အထည်ချုပ် စက်ရုံတွေကတော့ ဒီနေ့ ဧပြီလ ၂၁ ရက်ကစပြီး ရပ်နားပါတယ်။ ပဲခူးတိုင်းစက်မှုဇုန် စီမံခန့်ခွဲရေးကတော့ ကြေညာချက်ထုတ်ပြန်တဲ့ မြို့တွေထဲမှာ အစောဆုံး ဖြစ်ပြီး ရောဂါကာကွယ်ဖို့ နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ လည်ပတ်နေတဲ့ စက်ရုံတွေကလွဲပြီး ကျန်တာတွေအားလုံး ဧပြီလ ၃၀ အထိပိတ်ထားရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ေဇာ္ထက္/VOA (Burmese)
https://burmese.voanews.com/a/factory-workers-situation-myanmar/5383411.html
ျမန္မာအစုိးရရဲ႕ လူမႈဖူလုံေရးအစီအစဥ္ အလုပ္သမားေတြ ေမးခြန္းထုတ္ ျမန္မာအစုိးရရဲ႕ လူမႈဖူလုံေရးအစီအစဥ္ အလုပ္သမားေတြ ေမးခြန္းထုတ္ Reviewed by THITHTOOLWIN on 20:59 Rating: 5
Powered by Blogger.