စစ္ကိုင္းတိုင္းအစိုးရက မနက္ျဖန္ကစၿပီး ၂၁ ရက္ေန႔အထိ အျပင္မထြက္ရ အမိန႔္ထုတ္ျပန္


ဧၿပီ ၇ ရက္ေန႔ မနက္ျဖန္ကစၿပီး ၂၁ ရက္ေန႔အထိ မလိုအပ္ဘဲ အိမ္အျပင္မထြက္ၾကဖို႔နဲ႔ စားေသာက္ကုန္၊ စက္သုံးဆီနဲ႔ ေဆး႐ုံေဆးခန္းေတြကလြဲၿပီး က်န္တာေတြအကုန္ပိတ္ဖို႔ စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရအဖြဲ႕က ၫႊန္ၾကားခ်က္ ထုတ္ျပန္လိုက္ပါတယ္။

ဧၿပီ ၇ ရက္ေန႔ မနက္ ၀၀:၀၁ နာရီကေနစၿပီး ၂၁ ရက္ေန႔ ည ၂၄:၀၀ နာရီအထိ မလိုအပ္ဘဲ အိမ္ထဲကေန အိမ္ျပင္မထြက္ၾကဖို႔ စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရအဖြဲ႕က ဧၿပီ ၅ ရက္ေန႔မွာ ေၾကညာခ်က္ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။

အျပင္မထြက္ရတဲ့ ရက္ေတြအတြင္း စားေသာက္ေရးအဆင္ေျပေအာင္ စစ္ကိုင္းတိုင္းအတြင္းက ၿမိဳ႕နယ္ႀကီး ေလးခုကို က်ပ္သိန္း ၈၀ နဲ႔ က်န္တဲ့ၿမိဳ႕နယ္ေတြကို က်ပ္သိန္း ၅၀ ႏႈန္းေထာက္ပံ့ဖို႔ စီစဥ္ထားတယ္လို႔ စစ္ကိုင္းတိုင္း အစိုးရအဖြဲ႕ ခ်င္းတိုင္းရင္းသားေရးရာ ဝန္ႀကီး ဦးလာလ္ေထာင္ထန္း ကဆိုပါတယ္။

“စားေရးေသာက္ေရး စီစဥ္ထားတယ္ ၿမိဳ႕နယ္ တစ္ၿမိဳ႕နယ္ကို သိန္း ၅၀ နဲ႔ ၿမိဳ႕ႀကီးေတြကို သိန္း ၈၀ စီစဥ္ထားတယ္။ အလႉခံဌာနကိုလည္း ၿမိဳ႕နယ္ေတြမွာ တစ္ေနရာတည္း သတ္သတ္မွတ္မွတ္လုပ္မယ္။ ၿမိဳ႕နယ္အလိုက္ သူတို႔ဘာသာ စီစဥ္လိမ့္မယ္”

စစ္ကိုင္း၊ မုံ႐ြာ၊ ေ႐ႊဘို၊ ကေလး စတဲ့ၿမိဳ႕နယ္ ေလးခုကို က်ပ္သိန္း ၈၀ ေထာက္ပံ့မွာျဖစ္ပါတယ္။

စစ္ကိုင္းတိုင္းအတြင္း စက္သုံးဆီအေရာင္းဆိုင္၊ ပုဂၢလိက ေဆး႐ုံေဆးခန္း၊ ဘဏ္၊ လွ်ပ္စစ္ဓါတ္အားေပးလုပ္ငန္း၊ အစားအေသာက္နဲ႔ ေဆးဝါးထုတ္လုပ္ေရာင္းခ်တဲ့ လုပ္ငန္းေတြကို ပုံမွန္အတိုင္း လည္ပတ္သြားမွာျဖစ္ၿပီး ခရီးသည္ပို႔ေဆာင္ေရး ေမာ္ေတာ္ယာဥ္လိုင္း၊ ေရယာဥ္လိုင္းေတြ၊ ဟိုတယ္၊ မိုတယ္နဲ႔ အင္းေတြ၊ ပန္းၿခံ၊ ကစားကြင္းေတြကို ယာယီပိတ္သြားမွာျဖစ္တယ္လို႔ ထုတ္ျပန္ထားတာပါ။

မနက္ျဖန္ကစၿပီး ကားလိုင္းေျပးဆြဲတာရပ္လိုက္ၿပီး ေရာင္းထားၿပီးသား လက္မွတ္ေရာင္းထားၿပီးသားေတြကို ေငြျပန္အမ္းသြားမယ္လို႔ ေ႐ႊစင္စက္ျာ မုံ႐ြာဂိတ္တာဝန္ခံ ဦးဟန္လင္းေအာင္က ေျပာပါတယ္။

“ဒီေန႔ ေနာက္ဆုံးပါ မနက္ျဖန္ စပိတ္ပါမယ္။ စစ္ကိုင္းတိုင္း စာထုတ္ထားတဲ့အတိုင္းပါ။ လက္မွတ္ဝယ္ထားတဲ့ သူေတြကိုေတာ့ ျပန္အမ္းပါမယ္။ သူတို႔ဝယ္ထားတဲ့ဂိတ္ေတြမွာ ေငြျပန္ထုတ္ႏိုင္ပါတယ္။ တစ္ေန႔ကို ငါးစီးဆြဲပါတယ္။ ရန္ကုန္ေလးစီး ေနျပည္ေတာ္တစ္စီးပါ”

အျခားျပည္နယ္နဲ႔ တိုင္းေတြကို က်န္းမာေရးကိစၥ၊ နာေရးကိစၥကလြဲၿပီး မျဖစ္မေနသြားရမယ္ဆိုရင္ သက္ဆိုင္ရာ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္၊ ထိန္းခ်ဳပ္ ၊ကုသေရး ၿမိဳ႕နယ္အဆင့္ လုပ္ငန္းေကာ္မတီေတြရဲ႕ ခြင့္ျပဳခ်က္နဲ႔သာ သြားလာဖို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အိမ္မွာပဲေနဖို႔ ၫႊန္ၾကားခ်က္အတြက္ စားေသာက္စရာေတြ ႀကိဳတင္စုေဆာင္းထားၿပီး ရက္ထပ္တိုးမွာေတာ့ စိုးရိမ္တယ္လို႔ စစ္ကိုင္းၿမိဳ႕ေဒသခံ ကိုေသာ္ဇင္ေအာင္ ကေျပာပါတယ္။

“တိုင္းေဒသႀကီး အစိုးရ ေလာ့ေဒါင္းမလုပ္ခင္ အိမ္မွာစားေရးေသာက္ေရး စီစဥ္ထားတယ္ အျပင္မထြက္ ရေအာင္။ ေလာ့ေဒါင္းလုပ္တဲ့ရက္က ဘယ္ေလာက္ၾကာမယ္ မသိေသးဘူးေလ။ အလုပ္ေတာ့နည္းနည္း ရႈတ္သြားတာေပါ့၊ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးေတြဆီက ခြင့္ျပဳခ်က္ ယူရမယ္ဆိုတာ။ မလြဲမေသြသြားမွ ရမယ္ဆိုရင္ေတာ့ လုပ္ရမွာေပါ့”

စစ္ကိုင္းတိုင္းနည္းတူ မႏၲေလးတိုင္းက ဧၿပီ ၆ ရက္ေန႔ ဒီေန႔ကေန စတင္ပိတ္လိုက္ၿပီး ၂၁ ရက္ေန႔အထိ ျဖစ္ပါတယ္။ ရန္ကုန္တိုင္းမွာေတာ့ ဧၿပီ ၁၀ ရက္ေန႔မွာ စတင္မွာျဖစ္ၿပီး ဧၿပီ ၁၉ ရက္ေန႔အထိ ထုတ္ျပန္ ထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ပိုး ပ်ံ႕ႏွံ႔မႈအေပၚမူတည္ၿပီး အစိုးရအဖြဲ႕အသီးသီးက ရက္အတိုးအေလွ်ာ့ လုပ္ေဆာင္သြားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ေဝယံမိုးျမင့္ / RFA Burmese
-------------------------------------------------
စစ်ကိုင်းတိုင်းအစိုးရက မနက်ဖြန်ကစပြီး ၂၁ ရက်နေ့အထိ အပြင်မထွက်ရ အမိန့်ထုတ်ပြန်

ဧပြီ ၇ ရက်နေ့ မနက်ဖြန်ကစပြီး ၂၁ ရက်နေ့အထိ မလိုအပ်ဘဲ အိမ်အပြင်မထွက်ကြဖို့နဲ့ စားသောက်ကုန်၊ စက်သုံးဆီနဲ့ ဆေးရုံဆေးခန်းတွေကလွဲပြီး ကျန်တာတွေအကုန်ပိတ်ဖို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

ဧပြီ ၇ ရက်နေ့ မနက် ၀၀:၀၁ နာရီကနေစပြီး ၂၁ ရက်နေ့ ည ၂၄:၀၀ နာရီအထိ မလိုအပ်ဘဲ အိမ်ထဲကနေ အိမ်ပြင်မထွက်ကြဖို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ဧပြီ ၅ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အပြင်မထွက်ရတဲ့ ရက်တွေအတွင်း စားသောက်ရေးအဆင်ပြေအောင် စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်ကြီး လေးခုကို ကျပ်သိန်း ၈၀ နဲ့ ကျန်တဲ့မြို့နယ်တွေကို ကျပ်သိန်း ၅၀ နှုန်းထောက်ပံ့ဖို့ စီစဉ်ထားတယ်လို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးလာလ်ထောင်ထန်း ကဆိုပါတယ်။

“စားရေးသောက်ရေး စီစဉ်ထားတယ် မြို့နယ် တစ်မြို့နယ်ကို သိန်း ၅၀ နဲ့ မြို့ကြီးတွေကို သိန်း ၈၀ စီစဉ်ထားတယ်။ အလှူခံဌာနကိုလည်း မြို့နယ်တွေမှာ တစ်နေရာတည်း သတ်သတ်မှတ်မှတ်လုပ်မယ်။ မြို့နယ်အလိုက် သူတို့ဘာသာ စီစဉ်လိမ့်မယ်”

စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ကလေး စတဲ့မြို့နယ် လေးခုကို ကျပ်သိန်း ၈၀ ထောက်ပံ့မှာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စက်သုံးဆီအရောင်းဆိုင်၊ ပုဂ္ဂလိက ဆေးရုံဆေးခန်း၊ ဘဏ်၊ လျှပ်စစ်ဓါတ်အားပေးလုပ်ငန်း၊ အစားအသောက်နဲ့ ဆေးဝါးထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းတွေကို ပုံမှန်အတိုင်း လည်ပတ်သွားမှာဖြစ်ပြီး ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်း၊ ရေယာဉ်လိုင်းတွေ၊ ဟိုတယ်၊ မိုတယ်နဲ့ အင်းတွေ၊ ပန်းခြံ၊ ကစားကွင်းတွေကို ယာယီပိတ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။

မနက်ဖြန်ကစပြီး ကားလိုင်းပြေးဆွဲတာရပ်လိုက်ပြီး ရောင်းထားပြီးသား လက်မှတ်ရောင်းထားပြီးသားတွေကို ငွေပြန်အမ်းသွားမယ်လို့ ရွှေစင်စက်ြာ မုံရွာဂိတ်တာဝန်ခံ ဦးဟန်လင်းအောင်က ပြောပါတယ်။

“ဒီနေ့ နောက်ဆုံးပါ မနက်ဖြန် စပိတ်ပါမယ်။ စစ်ကိုင်းတိုင်း စာထုတ်ထားတဲ့အတိုင်းပါ။ လက်မှတ်ဝယ်ထားတဲ့ သူတွေကိုတော့ ပြန်အမ်းပါမယ်။ သူတို့ဝယ်ထားတဲ့ဂိတ်တွေမှာ ငွေပြန်ထုတ်နိုင်ပါတယ်။ တစ်နေ့ကို ငါးစီးဆွဲပါတယ်။ ရန်ကုန်လေးစီး နေပြည်တော်တစ်စီးပါ”

အခြားပြည်နယ်နဲ့ တိုင်းတွေကို ကျန်းမာရေးကိစ္စ၊ နာရေးကိစ္စကလွဲပြီး မဖြစ်မနေသွားရမယ်ဆိုရင် သက်ဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်၊ ထိန်းချုပ် ၊ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီတွေရဲ့ ခွင့်ပြုချက်နဲ့သာ သွားလာဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိမ်မှာပဲနေဖို့ ညွှန်ကြားချက်အတွက် စားသောက်စရာတွေ ကြိုတင်စုဆောင်းထားပြီး ရက်ထပ်တိုးမှာတော့ စိုးရိမ်တယ်လို့ စစ်ကိုင်းမြို့ဒေသခံ ကိုသော်ဇင်အောင် ကပြောပါတယ်။

“တိုင်းဒေသကြီး အစိုးရ လော့ဒေါင်းမလုပ်ခင် အိမ်မှာစားရေးသောက်ရေး စီစဉ်ထားတယ် အပြင်မထွက် ရအောင်။ လော့ဒေါင်းလုပ်တဲ့ရက်က ဘယ်လောက်ကြာမယ် မသိသေးဘူးလေ။ အလုပ်တော့နည်းနည်း ရှုတ်သွားတာပေါ့၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဆီက ခွင့်ပြုချက် ယူရမယ်ဆိုတာ။ မလွဲမသွေသွားမှ ရမယ်ဆိုရင်တော့ လုပ်ရမှာပေါ့”

စစ်ကိုင်းတိုင်းနည်းတူ မန္တလေးတိုင်းက ဧပြီ ၆ ရက်နေ့ ဒီနေ့ကနေ စတင်ပိတ်လိုက်ပြီး ၂၁ ရက်နေ့အထိ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းမှာတော့ ဧပြီ ၁၀ ရက်နေ့မှာ စတင်မှာဖြစ်ပြီး ဧပြီ ၁၉ ရက်နေ့အထိ ထုတ်ပြန် ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုအပေါ်မူတည်ပြီး အစိုးရအဖွဲ့အသီးသီးက ရက်အတိုးအလျှော့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဝေယံမိုးမြင့် / RFA Burmese
https://www.rfa.org/burmese/news/novel-coronavirus-in-sagaing-04062020065046.html
စစ္ကိုင္းတိုင္းအစိုးရက မနက္ျဖန္ကစၿပီး ၂၁ ရက္ေန႔အထိ အျပင္မထြက္ရ အမိန႔္ထုတ္ျပန္ စစ္ကိုင္းတိုင္းအစိုးရက မနက္ျဖန္ကစၿပီး ၂၁ ရက္ေန႔အထိ အျပင္မထြက္ရ အမိန႔္ထုတ္ျပန္ Reviewed by THITHTOOLWIN on 20:59 Rating: 5
Powered by Blogger.