အိမ္မွာေနၿပီး လူစုလူေဝးေရွာင္ဖို႔ က်န္းမာေရးပညာရွင္ သတိေပး

မႏၱေလးၿမိဳ႕မွာ ႏွာေခါင္းစည္းမ်ားတပ္ထားၿပီး စက္ဘီးစီးေနၾကတဲ့ အမ်ိဳးသားႏွစ္ဦး (ဧၿပီ ၀၇၊ ၂၀၂၀)
(Zawgyi/Unicode)

ဒီလ ၉ ရက္ေန႔နဲ႔ ၁၀ ရက္ေန႔မွာ COVID-19 ေရာဂါပိုးေတြ႕ရွိသူ ေနာက္ထပ္ ၅ ဦး ရွိခဲ့ၿပီး ဒီအထဲမွာ Quarantine သီးျခားခဲြ ေစာင့္ၾကည့္ရက္ ၁၄ ရက္ ေက်ာ္လြန္လြန္ၿပီးခ်ိန္မွာ ေရာဂါလကၡဏာမျပဘဲ ေရာဂါပိုးေတြ႕ရွိသူနဲ႔ Local transmission ေခၚ ႏိုင္ငံရပ္ျခားကို ခရီးမသြားဘဲ ျပည္တြင္းမွာ ကူးစက္ခံရသူေတြ ပါ၀င္ေနပါတယ္။

ဒီအေျခအေနမွာ ဘာေတြကို အေလးထားရမလဲဆိုတာကို က်ေနာ္ မိုးေဇာ္က က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနရဲ့ အႀကံေပးပုဂၢိဳလ္၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ (ၿငိမ္း) ပါေမာကၡ ေဒါက္တာစိုးလြင္ၿငိမ္းကို ေမးျမန္းတင္ဆက္ထားပါတယ္။

ကိုမိုးေဇာ္။ ။ အရင္တုန္းက သိထားၾကတာဆိုရင္ Quarantine ၁၄ ရက္အတြင္းမွာ ေရာဂါလကၡဏာျပမယ္ေပါ့ေလ။ အခုုဆိုရင္ မေန႔က ေတြ႔တဲ့ လူနာတစ္ေယာက္ဆိုရင္ Quarantine ၁၄ ရက္ေက်ာ္ၿပီးမွ သူ႔မွာ ပိုးရွိတယ္ဆိုၿပီးမွ ေတြ႔ရတဲ့အေနအထားမ်ိဳးေပါ့။ ေရာဂါလကၡဏာလည္း မျပဘူးဆိုေတာ့ အဲလိုမ်ိဳးအေနအထားမွာဆိုရင္ က်ေနာ္တို႔ ျပည္သူေတြအေနနဲ႔ အဓိက ဘာေတြကိုမ်ားဂ႐ုစိုက္ရမလဲဆရာ။ အဲလို အေျခအေနမ်ိဳးမွာဆိုရင္။

ေဒါက္တာစိုးလြင္ၿငိမ္း။ ။ ၁၄ ရက္ထားတယ္ဆိုတဲ့ အဓိပၸါယ္ကေတာ့ ေရာဂါပ်ိဳးရက္က ၁၄ ရက္ရွိတဲ့အတြက္ေၾကာင့္ ကူးစက္ေရာဂါကာကြယ္ေရးမွာ ဒီနည္းဗ်ဴဟာကိုပဲ သံုးရတာပဲ။ က်ေနာ္တို႔က ေရာဂါျဖစ္ႏိုင္ေျခမ်ားတဲ့ High Risk Group ေတြေပါ့။ ဥပမာ ေရာဂါျဖစ္ခဲ့တဲ့ႏိုင္ငံက ျပန္လာတဲ့ လူေတြအကုန္လံုးမွာ ဒီေရာဂါပိုး ပါလာႏိုင္တယ္ဆိုၿပီးေတာ့ သတ္မွတ္ၿပီးေတာ့ ၁၄ရက္ထားလိုက္တာေပါ့။ စထားတဲ့ေန႔က ၁ရက္ကေနၿပီးေတာ့ ေရာဂါပ်ိဳးရက္ ၁၄ရက္ထားလိုက္တယ္။ ဒီ ၁၄ရက္ေနာက္ပိုင္းမွာလည္း ေရာဂါ လကၡဏာေပၚလာတဲ့လူေတြက ရွိႏိုင္တယ္။ ဒါေၾကာင့္မို႔ ခုဏက Quarantine လုပ္ၿပီးသားလူေတြကလည္းပဲ ခုနကလို ကိုယ္က High Risk Group ထဲမွာ ေရာဂါျဖစ္ႏိုင္တဲ့ အုပ္စုထဲမွာ ပါတယ္ဆိုၿပီးေတာ့ ကိုယ့္ကိုယ္ကိုယ္ သတိထားၿပီးေတာ့ အိမ္မွာလည္းပဲ မိသားစုကို မကူးစက္ေအာင္ စနစ္တက် Social Distancing ေပါ့။ လိုအပ္တဲ့အကြာအေ၀း၊ မၾကာခဏ လက္ေဆးတာတို႔၊ ဒီႏွာေခ်၊ ေခ်ာင္းဆိုး ေနမေကာင္းျဖစ္ရင္လည္းပဲ က်န္းမာေရးဌာနကို သတင္းပို႔ၿပီးေတာ့ ေစာေစာစီးစီးကုသမႈ ခံယူဖို႔တို႔၊ အိမ္ထဲမွာပဲေနၿပီး အျပင္မထြက္ဖို႔ စသည္ျဖင့္ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ထုတ္ျပန္ခ်က္ေတြကို ေသေသခ်ာခ်ာ အဲဒီလူေတြက ပိုၿပီးေတာ့ တိတိက်က် လိုက္နာ ေဆာင္ရြက္ဖို႔ လိုပါတယ္။ ဘာလို႔လဲဆိုေတာ့သူတို႔ကေနၿပီး တဆင့္လည္း ခုနက Local Transmission ေပါ့။ ႏိုင္ငံျခား မသြားဘူးတဲ့သူေတြ၊ ေရာဂါျဖစ္တဲ့သူေတြနဲ႔ မထိေတြ႕ဘူးတဲ့ သူေတြမွာ ေရာဂါကူးစက္တာေတြ ရွိႏိုင္ပါတယ္။

ကိုမိုးေဇာ္။ ။ အခုေလာေလာဆယ္မွာဆိုရင္ ျပည္ပကေန ျပန္လာတဲ့သူေတြက ကူးစက္တာတင္မဟုတ္ဘဲနဲ႔ ျပည္တြင္းမွာ ရွိတဲ့လူအခ်င္းခ်င္းပါ ကူးစက္တဲ့ အေျခအေနေတြ႕ေနရတယ္ဆရာ။ အဲဒီအေျခအေနအေပၚမွာ ဆရာအေနနဲ႔ ဘယ္လိုမ်ိဳး သတိေပးေျပာၾကားလိုပါလဲ ဆရာ။

ေဒါက္တာစိုးလြင္ၿငိမ္း၊ ။ က်ေနာ္တို႔ ေရာဂါ စျဖစ္တဲ့ လူေတြကေနၿပီးေတာ့ သူ႔ရဲ႕ မိသားစု သို႔မဟုတ္ သူ႔နဲ႔ အနီးကပ္ ထိေတြ႕ကိုင္တြယ္ခဲ့တဲ့သူေတြကို ပထမဆံုးကူးစက္တာေပါ့။ ဒါက First Generation၊ အဲဒီကေန တဆင့္ Second Generation ကေနၿပီးေတာ့ သူ႔ မိတ္ေဆြ အေပါင္းအသင္း၊ ေနာက္ Third Generation ကေနၿပီး ဒီရပ္ကြက္ထဲ စသည္ျဖင့္ ဒီလိုမ်ိဳး အဆင့္ဆင့္ ကူးသြားႏိုင္တာကိုး။ ဒါေၾကာင့္ မို႔လို႔လည္း ႏိုင္ငံေတာ္အႀကီးအကဲတို႔ ၀န္ႀကီးဌာနတို႔ကေနၿပီးေတာ့ ေနာက္ တစ္ပတ္၊ ႏွစ္ပတ္အတြင္းမွာ ဒီ Local Transmission စရွိေနတဲ့အတြက္ေၾကာင့္ လူေတြက Home Stay ေပါ့။ အိမ္မွာပဲေနၿပီးေတာ့ စနစ္တက် ဒီေရာဂါ ကာကြယ္နည္းေတြကို စနစ္တက် မလိုက္နာဘူး။ Social Distancing ေတြကို ေသခ်ာမလိုက္နာဘူးဆိုရင္ Local Transmission လူထုထဲမွာ စတင္ ကူးစက္မႈ ရွိေနတဲ့အတြက္ေၾကာင့္ အလ်င္အျမန္ ကူးစက္သြားႏိုင္တာေပါ့။ ဒါေၾကာင့္မို႔ ခုနကလို လူစုလူေ၀းနဲ႔ ေနရာကို မသြားဖို႔ မလိုအပ္ဘဲနဲ႔ အျပင္မထြက္တာတို႔ ဒီလိုမ်ိဳးေတြက တိတိက်က် လိုက္နာေဆာင္ရြက္ရမွာ။ တကယ္လို႔ အဲလိုမဟုတ္ဘဲနဲ႔ ဒီဟာကို ခပ္ေပါ့ေပါ့ပဲ သေဘာထားၿပီးေတာ့ လူစုလူေ၀းနဲ႔လည္း ေနၾကမယ္။ ေနာက္ ခုဏကလို႔ လက္ေဆးတဲ့ အက်င့္တို႔၊ ႏွာေစးေခ်ာင္းဆိုးရင္ အုပ္တဲ့အက်င့္တို႔၊ ႏွာေခါင္းစည္း အုပ္တဲ့အက်င့္တို႔ စသည့္ျဖင့္ လိုအပ္တဲ့ ကာကြယ္ေရးေတြကို ထိထိေရာက္ေရာက္ မေဆာင္ရြက္လို႔ ရွိရင္ေတာ့ ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈက ပိုၿပီးေတာ့ ျမန္ဆန္မွာ ျဖစ္ပါတယ္။ ဒါေပမဲ့ အခုလည္းပဲ ၾကည့္ရတာေတာ့ ျပည္သူလူထုက ေတာ္ေတာ္ေလးကို လိုက္နာေဆာင္ရြက္တဲ့ အေနအထားမွာ ရွိတယ္။ ႏိုင္ငံေတာ္ကလည္း လိုအပ္တာေတြ ပံ့ပိုးေပးေနတယ္ဆိုေတာ့ က်ေနာ္ထင္တယ္ ေသေသခ်ာခ်ာ လူထုက တိတိက်က် လိုက္နာေဆာင္ရြက္မယ္ဆိုရင္ ကူးစက္မႈအနည္းဆံုးနဲ႔ ထိန္းခ်ဳပ္ႏိုင္မွာ ျဖစ္ပါတယ္။ ေပါ့ေပါ့တန္တန္ပဲ သေဘာထားမယ္ဆိုရင္ေတာ့ ထိခိုက္မႈက ပိုမိုၿပီးေတာ့ မ်ားျပားတဲ့အေနအထားမွာ ရွိပါတယ္။ လူထုထဲမွာ စတင္ကူးစက္မႈရွိေနတဲ့ အေနအထားမွာေတာ့ မိသားစု၊ မိသားစု၊ တစ္အိမ္ခ်င္း၊ တစ္အိမ္ခ်င္းကေတာ့ ကိုယ့္အိမ္ထဲမွာပဲ ကိုယ္ေနၿပီးေတာ့ လိုအပ္တဲ့ ကာကြယ္ေစာင့္ေရွာက္မႈေတြကို တတပ္တအား ပါ၀င္ေပးတာက အထိေရာက္ဆံုး ကာကြယ္မႈျဖစ္ပါလိမ့္မယ္။

ကိုမိုးေဇာ္  / ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------------------------
[Unicode Version]

အိမ်မှာနေပြီး လူစုလူဝေးရှောင်ဖို့ ကျန်းမာရေးပညာရှင် သတိပေး

ဒီလ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့မှာ COVID-19 ရောဂါပိုးတွေ့ရှိသူ နောက်ထပ် ၅ ဦး ရှိခဲ့ပြီး ဒီအထဲမှာ Quarantine သီးခြားခွဲ စောင့်ကြည့်ရက် ၁၄ ရက် ကျော်လွန်လွန်ပြီးချိန်မှာ ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးတွေ့ရှိသူနဲ့ Local transmission ခေါ် နိုင်ငံရပ်ခြားကို ခရီးမသွားဘဲ ပြည်တွင်းမှာ ကူးစက်ခံရသူတွေ ပါဝင်နေပါတယ်။

ဒီအခြေအနေမှာ ဘာတွေကို အလေးထားရမလဲဆိုတာကို ကျနော် မိုးဇော်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ်၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်းကို မေးမြန်းတင်ဆက်ထားပါတယ်။

ကိုမိုးဇော်။ ။ အရင်တုန်းက သိထားကြတာဆိုရင် Quarantine ၁၄ ရက်အတွင်းမှာ ရောဂါလက္ခဏာပြမယ်ပေါ့လေ။ အခုဆိုရင် မနေ့က တွေ့တဲ့ လူနာတစ်ယောက်ဆိုရင် Quarantine ၁၄ ရက်ကျော်ပြီးမှ သူ့မှာ ပိုးရှိတယ်ဆိုပြီးမှ တွေ့ရတဲ့အနေအထားမျိုးပေါ့။ ရောဂါလက္ခဏာလည်း မပြဘူးဆိုတော့ အဲလိုမျိုးအနေအထားမှာဆိုရင် ကျနော်တို့ ပြည်သူတွေအနေနဲ့ အဓိက ဘာတွေကိုများဂရုစိုက်ရမလဲဆရာ။ အဲလို အခြေအနေမျိုးမှာဆိုရင်။

ဒေါက်တာစိုးလွင်ငြိမ်း။ ။ ၁၄ ရက်ထားတယ်ဆိုတဲ့ အဓိပ္ပါယ်ကတော့ ရောဂါပျိုးရက်က ၁၄ ရက်ရှိတဲ့အတွက်ကြောင့် ကူးစက်ရောဂါကာကွယ်ရေးမှာ ဒီနည်းဗျူဟာကိုပဲ သုံးရတာပဲ။ ကျနော်တို့က ရောဂါဖြစ်နိုင်ခြေများတဲ့ High Risk Group တွေပေါ့။ ဥပမာ ရောဂါဖြစ်ခဲ့တဲ့နိုင်ငံက ပြန်လာတဲ့ လူတွေအကုန်လုံးမှာ ဒီရောဂါပိုး ပါလာနိုင်တယ်ဆိုပြီးတော့ သတ်မှတ်ပြီးတော့ ၁၄ရက်ထားလိုက်တာပေါ့။ စထားတဲ့နေ့က ၁ရက်ကနေပြီးတော့ ရောဂါပျိုးရက် ၁၄ရက်ထားလိုက်တယ်။ ဒီ ၁၄ရက်နောက်ပိုင်းမှာလည်း ရောဂါ လက္ခဏာပေါ်လာတဲ့လူတွေက ရှိနိုင်တယ်။ ဒါကြောင့်မို့ ခုဏက Quarantine လုပ်ပြီးသားလူတွေကလည်းပဲ ခုနကလို ကိုယ်က High Risk Group ထဲမှာ ရောဂါဖြစ်နိုင်တဲ့ အုပ်စုထဲမှာ ပါတယ်ဆိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် သတိထားပြီးတော့ အိမ်မှာလည်းပဲ မိသားစုကို မကူးစက်အောင် စနစ်တကျ Social Distancing ပေါ့။ လိုအပ်တဲ့အကွာအဝေး၊ မကြာခဏ လက်ဆေးတာတို့၊ ဒီနှာချေ၊ ချောင်းဆိုး နေမကောင်းဖြစ်ရင်လည်းပဲ ကျန်းမာရေးဌာနကို သတင်းပို့ပြီးတော့ စောစောစီးစီးကုသမှု ခံယူဖို့တို့၊ အိမ်ထဲမှာပဲနေပြီး အပြင်မထွက်ဖို့ စသည်ဖြင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေကို သေသေချာချာ အဲဒီလူတွေက ပိုပြီးတော့ တိတိကျကျ လိုက်နာ ဆောင်ရွက်ဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့သူတို့ကနေပြီး တဆင့်လည်း ခုနက Local Transmission ပေါ့။ နိုင်ငံခြား မသွားဘူးတဲ့သူတွေ၊ ရောဂါဖြစ်တဲ့သူတွေနဲ့ မထိတွေ့ဘူးတဲ့ သူတွေမှာ ရောဂါကူးစက်တာတွေ ရှိနိုင်ပါတယ်။

ကိုမိုးဇော်။ ။ အခုလောလောဆယ်မှာဆိုရင် ပြည်ပကနေ ပြန်လာတဲ့သူတွေက ကူးစက်တာတင်မဟုတ်ဘဲနဲ့ ပြည်တွင်းမှာ ရှိတဲ့လူအချင်းချင်းပါ ကူးစက်တဲ့ အခြေအနေတွေ့နေရတယ်ဆရာ။ အဲဒီအခြေအနေအပေါ်မှာ ဆရာအနေနဲ့ ဘယ်လိုမျိုး သတိပေးပြောကြားလိုပါလဲ ဆရာ။

ဒေါက်တာစိုးလွင်ငြိမ်း၊ ။ ကျနော်တို့ ရောဂါ စဖြစ်တဲ့ လူတွေကနေပြီးတော့ သူ့ရဲ့ မိသားစု သို့မဟုတ် သူ့နဲ့ အနီးကပ် ထိတွေ့ကိုင်တွယ်ခဲ့တဲ့သူတွေကို ပထမဆုံးကူးစက်တာပေါ့။ ဒါက First Generation၊ အဲဒီကနေ တဆင့် Second Generation ကနေပြီးတော့ သူ့ မိတ်ဆွေ အပေါင်းအသင်း၊ နောက် Third Generation ကနေပြီး ဒီရပ်ကွက်ထဲ စသည်ဖြင့် ဒီလိုမျိုး အဆင့်ဆင့် ကူးသွားနိုင်တာကိုး။ ဒါကြောင့် မို့လို့လည်း နိုင်ငံတော်အကြီးအကဲတို့ ဝန်ကြီးဌာနတို့ကနေပြီးတော့ နောက် တစ်ပတ်၊ နှစ်ပတ်အတွင်းမှာ ဒီ Local Transmission စရှိနေတဲ့အတွက်ကြောင့် လူတွေက Home Stay ပေါ့။ အိမ်မှာပဲနေပြီးတော့ စနစ်တကျ ဒီရောဂါ ကာကွယ်နည်းတွေကို စနစ်တကျ မလိုက်နာဘူး။ Social Distancing တွေကို သေချာမလိုက်နာဘူးဆိုရင် Local Transmission လူထုထဲမှာ စတင် ကူးစက်မှု ရှိနေတဲ့အတွက်ကြောင့် အလျင်အမြန် ကူးစက်သွားနိုင်တာပေါ့။ ဒါကြောင့်မို့ ခုနကလို လူစုလူဝေးနဲ့ နေရာကို မသွားဖို့ မလိုအပ်ဘဲနဲ့ အပြင်မထွက်တာတို့ ဒီလိုမျိုးတွေက တိတိကျကျ လိုက်နာဆောင်ရွက်ရမှာ။ တကယ်လို့ အဲလိုမဟုတ်ဘဲနဲ့ ဒီဟာကို ခပ်ပေါ့ပေါ့ပဲ သဘောထားပြီးတော့ လူစုလူဝေးနဲ့လည်း နေကြမယ်။ နောက် ခုဏကလို့ လက်ဆေးတဲ့ အကျင့်တို့၊ နှာစေးချောင်းဆိုးရင် အုပ်တဲ့အကျင့်တို့၊ နှာခေါင်းစည်း အုပ်တဲ့အကျင့်တို့ စသည့်ဖြင့် လိုအပ်တဲ့ ကာကွယ်ရေးတွေကို ထိထိရောက်ရောက် မဆောင်ရွက်လို့ ရှိရင်တော့ ရောဂါကူးစက်ပျံ့နှံ့မှုက ပိုပြီးတော့ မြန်ဆန်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလည်းပဲ ကြည့်ရတာတော့ ပြည်သူလူထုက တော်တော်လေးကို လိုက်နာဆောင်ရွက်တဲ့ အနေအထားမှာ ရှိတယ်။ နိုင်ငံတော်ကလည်း လိုအပ်တာတွေ ပံ့ပိုးပေးနေတယ်ဆိုတော့ ကျနော်ထင်တယ် သေသေချာချာ လူထုက တိတိကျကျ လိုက်နာဆောင်ရွက်မယ်ဆိုရင် ကူးစက်မှုအနည်းဆုံးနဲ့ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ပေါ့ပေါ့တန်တန်ပဲ သဘောထားမယ်ဆိုရင်တော့ ထိခိုက်မှုက ပိုမိုပြီးတော့ များပြားတဲ့အနေအထားမှာ ရှိပါတယ်။ လူထုထဲမှာ စတင်ကူးစက်မှုရှိနေတဲ့ အနေအထားမှာတော့ မိသားစု၊ မိသားစု၊ တစ်အိမ်ချင်း၊ တစ်အိမ်ချင်းကတော့ ကိုယ့်အိမ်ထဲမှာပဲ ကိုယ်နေပြီးတော့ လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေကို တတပ်တအား ပါဝင်ပေးတာက အထိရောက်ဆုံး ကာကွယ်မှုဖြစ်ပါလိမ့်မယ်။

ကိုမိုးဇော်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/stay-at-home-mm-int-with-dr-soe-lwin-nyein/5367112.html
အိမ္မွာေနၿပီး လူစုလူေဝးေရွာင္ဖို႔ က်န္းမာေရးပညာရွင္ သတိေပး အိမ္မွာေနၿပီး လူစုလူေဝးေရွာင္ဖို႔ က်န္းမာေရးပညာရွင္ သတိေပး Reviewed by THITHTOOLWIN on 22:51 Rating: 5
Powered by Blogger.