ျမန္မာမွာ ကိုဗစ္-၁၉ ဓာတ္ခြဲစစ္ေဆးမႈ ပိုလုပ္ရင္ ပိုးေတြ႕လူနာ ပိုမ်ားလာႏိုင္တယ္လို႔ က်န္းမာေရးဝန္ႀကီးေျပာ

တစ္ေန႔ လူတစ္ေထာင္ေက်ာ္ ေရာဂါပိုးရွိမရွိစစ္ေပးႏိုင္တဲ့ ဒီစက္ကိုလာမယ့္ရက္ပိုင္းအတြင္း စသုံးေတာ့မွာျဖစ္ပါတယ္။
(Zawgyi)⤵⤵⤵
ျမန္မာမွာ ကို႐ိုနာဗိုင္းရပ္စ္ ဓာတ္ခြဲစစ္ေဆးမႈတြ ပိုလုပ္လာတဲ့အခါ ေရာဂါပိုးေတြ႕သူ ပိုမ်ားလာႏိုင္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ထိန္းခ်ဳပ္ေရးအတြက္ ဧၿပီ ၂၆ ရက္က ထုတ္ျပန္တဲ့ ျပည္သူေတြကို ပန္ၾကားခ်က္မွာ ဝန္ႀကီးက အခုလိုေျပာထားတာျဖစ္ပါတယ္။

ဓာတ္ခြဲစစ္ေဆးမႈေတြ ပိုျပဳလုပ္မွပဲ ေရာဂါအတိမ္အနက္ကို သိႏိုင္မွာျဖစ္ၿပီး လိုအပ္တာေတြကို ဦးစားေပးေဆာင္႐ြက္ႏိုင္မွာ ျဖစ္တယ္လို႔ ဝန္ႀကီးကေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ လက္ရွိဓာတ္ခြဲစစ္ေဆးမႈရဲ႕ ၂ ဒသမ ၂ ရာခိုင္ႏႈန္းမွာ ေရာဂါျဖစ္ပြားတာေတြ႕ရတယ္လို႔လည္း ဆိုပါတယ္။
တစ္ေန႔ လူတစ္ေထာင္ေက်ာ္ ေရာဂါပိုးရွိမရွိစစ္ေပးႏိုင္တဲ့ ဒီစက္ကိုလာမယ့္ရက္ပိုင္းအတြင္း စသုံးေတာ့မွာျဖစ္ပါတယ္။
ျမန္မာမွာ အတည္ျပဳလူနာေတြနဲ႔ အနီးကပ္ထိေတြ႕သူအားလုံး၊ သံသယလူနာအားလုံးကို ေရာဂါပိုးရွိမရွိ စစ္ေဆးေပးေနပါတယ္။ အသြားအလာကန႔္သတ္ေစာင့္ၾကည့္သူေတြထဲကေတာ့ အနည္းဆုံး ၁၀ ရာခိုငႏႈန္းကို စစ္ေဆးေပးပါတယ္။ ဒီထက္ပိုၿပီး ဓာတ္ခြဲစစ္ေဆးႏိုင္ဖို႔ ရန္ကုန္မွာ လက္ရွိစစ္ေဆးေနတဲ့ ဓာတ္ခြဲခန္းႏွစ္ခုအျပင္ ဝန္ႀကီးဌာနေအာက္က ျပည္သူ႔က်န္းမာေရးဓာတ္ခြဲခန္းေတြနဲ႔ အလႉရွင္တစ္ဦးလႉဒါန္းထားတဲ့ စက္သစ္ႀကီးေတြကို ရက္ပိုင္းအတြင္း အသုံးျပဳ စစ္ေဆးေတာ့မယ္လို႔ ဝန္ႀကီးက ရွင္းျပထားပါတယ္။

တစ္ေန႔ လူတစ္ေထာင္ေက်ာ္စစ္ႏိုင္တဲ့ ေရာဂါရွာေဖြေရးစက္သစ္ႀကီးကို ေမလပထမပတ္အတြင္း အသုံးျပဳမွာျဖစ္ၿပီး ရွစ္နာရီတစ္ႀကိမ္ကို ဓာတ္ခြဲနမူနာ ၃၈၄ ခု စစ္ေဆးႏိုင္မွာျဖစ္ပါတယ္။

ကိုဗစ္အတည္ျပဳလူနာေတြကို ၿမိဳ႕နယ္ေပါင္း ၄၅ ခုမွာ ေတြ႕ခဲ့တာျဖစ္ၿပီး ရန္ကုန္မွာ ၂၈ ၿမိဳ႕နယ္၊ မႏၲေလးမွာ ၃ ၿမိဳ႕နယ္၊ ပဲခူး၊ စစ္ကိုင္း၊ ရွမ္းျပည္နယ္အေရွ႕နဲ႔ ေျမာက္ပိုင္းတို႔မွာ ၂ ၿမိဳ႕နယ္စီ၊ ကခ်င္၊ ခ်င္း၊ မြန္၊ ေနျပည္ေတာ္၊ မေကြးနဲ႔ ရွမ္းျပည္နယ္ေတာင္ပိုင္းတို႔မွာ တစ္ၿမိဳ႕နယ္စီျဖစ္တယ္လို႔ ဆိုပါတယ္။
ကိုဗစ္-၁၉ အတြက္ ႀကိဳတင္ျပင္ဆင္ထားတာ ဖ်ားသြားမယ္ လို႔ ဝန္ႀကီးရဲ႕ေျပာစကားဟာလည္း ေရပန္းစားခဲ့ပါတယ္။
ရန္ကုန္က ကူးစက္သူ ၁၁၃ ဦးနဲ႔ အမ်ားဆုံးျဖစ္ၿပီး ပဲခူးနဲ႔ စစ္ကိုင္းတို႔က ၇ ဦးစီနဲ႔ ဒုတိယအမ်ားဆုံးျဖစ္ပါတယ္။

ေရာဂါပိုးေတြ႕လူနာ မေတြ႕ရေသးတဲ့ တိုင္းနဲ႔ျပည္နယ္ ငါးခုရွိၿပီး ကရင္၊ တနသၤာရီ၊ ဧရာဝတီ၊ ရခိုင္နဲ႔ ကယားတို႔ ျဖစ္ပါတယ္။
 ေရာဂါျဖစ္ပြားမႈအေျခအေနျပ ေျမပုံ

တစ္ျပည္လုံးမွာ အသြားအလာေစာင့္ၾကည့္ခံရသူေပါင္း ေလးေသာင္းႏွစ္ေထာင္ေက်ာ္ (၄၂,၆၇၂) ဦးရွိေနတာဟာ ေရာဂါထိန္းခ်ဳပ္မႈလုပ္ငန္းေတြကို လုံးဝေလွ်ာ့ခ်လို႔မရေၾကာင္းထင္ရွားေစတယ္လို႔လည္း ဝန္ႀကီးကေျပာပါတယ္။

ဒါေၾကာင့္ အနည္းဆုံးေမလလယ္ထိ ဒီအေျခအေနအတိုင္း ထိထိေရာက္ေရာက္ေဆာင္႐ြက္မယ္ဆိုရင္ ေရာဂါကူးစက္မႈ ႀကီးႀကီးမားမား ျဖစ္ႏိုင္မွာ မဟုတ္ဘူးလို႔ ယူဆေၾကာင္း ဝန္ႀကီးကေျပာပါတယ္။

ဧၿပီ ၂၇ ရက္မနက္ ကိုးနာရီအထိ ျမန္မာမွာ ပိုးေတြ႕လူနာ ၁၄၆ ဦး၊ ျပန္လည္သက္သာလာသူ ၁၀ ဦးနဲ႔ ေသဆုံးသူ ၅ ဦးရွိေနပါတယ္။

BBC Burmese
-------------------------------------
(Unicode)⤵⤵⤵

 မြန်မာမှာ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှု ပိုလုပ်ရင် ပိုးတွေ့လူနာ ပိုများလာနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးပြော

မြန်မာမှာ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစစ်ဆေးမှုတွ ပိုလုပ်လာတဲ့အခါ ရောဂါပိုးတွေ့သူ ပိုများလာနိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် ဧပြီ ၂၆ ရက်က ထုတ်ပြန်တဲ့ ပြည်သူတွေကို ပန်ကြားချက်မှာ ဝန်ကြီးက အခုလိုပြောထားတာဖြစ်ပါတယ်။

ဓာတ်ခွဲစစ်ဆေးမှုတွေ ပိုပြုလုပ်မှပဲ ရောဂါအတိမ်အနက်ကို သိနိုင်မှာဖြစ်ပြီး လိုအပ်တာတွေကို ဦးစားပေးဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ဝန်ကြီးကပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဓာတ်ခွဲစစ်ဆေးမှုရဲ့ ၂ ဒသမ ၂ ရာခိုင်နှုန်းမှာ ရောဂါဖြစ်ပွားတာတွေ့ရတယ်လို့လည်း ဆိုပါတယ်။

မြန်မာမှာ အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့သူအားလုံး၊ သံသယလူနာအားလုံးကို ရောဂါပိုးရှိမရှိ စစ်ဆေးပေးနေပါတယ်။ အသွားအလာကန့်သတ်စောင့်ကြည့်သူတွေထဲကတော့ အနည်းဆုံး ၁၀ ရာခိုငနှုန်းကို စစ်ဆေးပေးပါတယ်။ ဒီထက်ပိုပြီး ဓာတ်ခွဲစစ်ဆေးနိုင်ဖို့ ရန်ကုန်မှာ လက်ရှိစစ်ဆေးနေတဲ့ ဓာတ်ခွဲခန်းနှစ်ခုအပြင် ဝန်ကြီးဌာနအောက်က ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းတွေနဲ့ အလှူရှင်တစ်ဦးလှူဒါန်းထားတဲ့ စက်သစ်ကြီးတွေကို ရက်ပိုင်းအတွင်း အသုံးပြု စစ်ဆေးတော့မယ်လို့ ဝန်ကြီးက ရှင်းပြထားပါတယ်။

တစ်နေ့ လူတစ်ထောင်ကျော်စစ်နိုင်တဲ့ ရောဂါရှာဖွေရေးစက်သစ်ကြီးကို မေလပထမပတ်အတွင်း အသုံးပြုမှာဖြစ်ပြီး ရှစ်နာရီတစ်ကြိမ်ကို ဓာတ်ခွဲနမူနာ ၃၈၄ ခု စစ်ဆေးနိုင်မှာဖြစ်ပါတယ်။

ကိုဗစ်အတည်ပြုလူနာတွေကို မြို့နယ်ပေါင်း ၄၅ ခုမှာ တွေ့ခဲ့တာဖြစ်ပြီး ရန်ကုန်မှာ ၂၈ မြို့နယ်၊ မန္တလေးမှာ ၃ မြို့နယ်၊ ပဲခူး၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်အရှေ့နဲ့ မြောက်ပိုင်းတို့မှာ ၂ မြို့နယ်စီ၊ ကချင်၊ ချင်း၊ မွန်၊ နေပြည်တော်၊ မကွေးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ တစ်မြို့နယ်စီဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်က ကူးစက်သူ ၁၁၃ ဦးနဲ့ အများဆုံးဖြစ်ပြီး ပဲခူးနဲ့ စစ်ကိုင်းတို့က ၇ ဦးစီနဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။

ရောဂါပိုးတွေ့လူနာ မတွေ့ရသေးတဲ့ တိုင်းနဲ့ပြည်နယ် ငါးခုရှိပြီး ကရင်၊ တနင်္သာရီ၊ ဧရာဝတီ၊ ရခိုင်နဲ့ ကယားတို့ ဖြစ်ပါတယ်။

တစ်ပြည်လုံးမှာ အသွားအလာစောင့်ကြည့်ခံရသူပေါင်း လေးသောင်းနှစ်ထောင်ကျော် (၄၂,၆၇၂) ဦးရှိနေတာဟာ ရောဂါထိန်းချုပ်မှုလုပ်ငန်းတွေကို လုံးဝလျှော့ချလို့မရကြောင်းထင်ရှားစေတယ်လို့လည်း ဝန်ကြီးကပြောပါတယ်။

ဒါကြောင့် အနည်းဆုံးမေလလယ်ထိ ဒီအခြေအနေအတိုင်း ထိထိရောက်ရောက်ဆောင်ရွက်မယ်ဆိုရင် ရောဂါကူးစက်မှု ကြီးကြီးမားမား ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ယူဆကြောင်း ဝန်ကြီးကပြောပါတယ်။

ဧပြီ ၂၇ ရက်မနက် ကိုးနာရီအထိ မြန်မာမှာ ပိုးတွေ့လူနာ ၁၄၆ ဦး၊ ပြန်လည်သက်သာလာသူ ၁၀ ဦးနဲ့ သေဆုံးသူ ၅ ဦးရှိနေပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52436878
ျမန္မာမွာ ကိုဗစ္-၁၉ ဓာတ္ခြဲစစ္ေဆးမႈ ပိုလုပ္ရင္ ပိုးေတြ႕လူနာ ပိုမ်ားလာႏိုင္တယ္လို႔ က်န္းမာေရးဝန္ႀကီးေျပာ  ျမန္မာမွာ ကိုဗစ္-၁၉ ဓာတ္ခြဲစစ္ေဆးမႈ ပိုလုပ္ရင္ ပိုးေတြ႕လူနာ ပိုမ်ားလာႏိုင္တယ္လို႔ က်န္းမာေရးဝန္ႀကီးေျပာ Reviewed by THITHTOOLWIN on 22:00 Rating: 5
Powered by Blogger.