ျပည္ပက ျပန္လာသူေတြကို ခြဲျခားမဆက္ဆံဖို႔ တိုက္တြန္း

(Zawgyi)⤵⤵⤵

ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါထိန္းခ်ဳပ္ေရးအတြက္ ေဒသအသီးသီးကေန ကိုယ့္ၿမိဳ႕႐ြာေတြကို ျပန္လာတဲ့သူေတြဟာ ပတ္ဝန္းက်င္က ခြဲျခားဆက္ဆံခံရမွာ၊ စားဝတ္ေနေရး ခက္ခဲမွာကို စိုးရိမ္တဲ့အတြက္ သူတို႔ရဲ႕ ခရီးသြားရာဇဝင္နဲ႔ ပတ္သက္ၿပီး အမွန္အတိုင္း ထုတ္ေျပာဖို႔ ဝန္ေလးေနၾကပါတယ္။

အစိုးရတာဝန္ရွိသူေတြကေတာ့ ရွမ္းျပည္ေျမာက္ပိုင္းေဒသမွာ ေနအိမ္အတြင္း ၁၄ ရက္ ေစာင့္ၾကည့္ခံအျဖစ္ ေနထိုင္ရသူေတြ စားဝတ္ေနေရးခက္ခဲရင္ ကူညီေပးမယ္လို႔ေျပာပါတယ္။

ေဒသအသီးသီးကေန ျပန္လာတဲ့သူေတြဟာ ေနအိမ္အတြင္းက်န္းမာေရး ေစာင့္ၾကည့္မႈကို ၁၄ ရက္တာ ခံယူရမွာပါ။ က်န္းမာေရးဝန္ထမ္းေတြနဲ႔ သက္ဆိုင္ရာ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးေတြက ေနရပ္ျပန္လာသူေတြရဲ႕ ခရီးစဥ္ေတြကို ေမးျမန္းၿပီး ေနအိမ္မွာ ဆယ့္ေလးရက္ က်န္းမာေရးေစာင့္ၾကည့္ စစ္ေဆးတာခံယူဖို႔ တိုက္တြန္းပညာေပးေနပါတယ္။

ကိုယ္တိုင္ ကြင္းဆင္းၿပီး ပညာေပးေနတဲ့ က်န္မာေရးဆရာမ ခင္ၿငိမ္းခ်မ္းက ျပည္ပက ျပန္လာသူေတြဟာ နားလည္မႈလြဲၿပီး ခြဲျခားဆက္ဆံတာနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ေျပာပါတယ္။

RFA က က်န္းမာေရးဝန္ထမ္းအခ်ိဳ႕နဲ႔ ေနအိမ္ေတြအသီးသီးမွာ က်န္းမာေရး ေစာင့္ၾကည့္ခံရတဲ့ အိမ္ေတြကို လိုက္လံၾကည့္ရႈရာမွာေတာ့ အမ်ားစုက ခရီးသြားရာကေန ျပန္လာတယ္ဆိုတာမ်ိဳးကို မေျပာလိုၾကပါဘူး။

အျပင္မထြက္ရဘူးဆိုတဲ့ ေဒသႏၲရအမိန႔္ေၾကာင့္ ေသာက္သုံးေရနဲ႔ စားစရာအခက္အခဲျဖစ္လာၿပီး ဗိုင္းရပ္စ္ပိုးရွိတဲ့အိမ္ဆိုတဲ့ အျမင္ေတြရွိတာေၾကာင့္ ပတ္ဝန္းက်င္က အကူအညီ မေပးရဲၾကတာတာကို ေတြ႕ရပါတယ္။

တခ်ိဳ႕ကေတာ့ ရပ္ကြက္ေက်း႐ြာေတြကေန လက္မခံ၊ ဝင္ခြင့္မျပဳတာေၾကာင့္ အိမ္မျပန္ႏိုင္ဘဲ ဟိုတယ္တည္းခိုခန္းေတြ၊  မိတ္ေဆြေတြရဲ႕ အိမ္ေတြမွာ လွည့္လည္တည္းခိုေနၾကရပါတယ္။

ဒါေတြဟာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ေရးအတြက္ အဓိက စိန္ေခၚမႈျဖစ္ေနတာလို႔ သီေပါၿမိဳ႕နယ္စည္းမျခား ပရဟိတအဖြဲ႕က ကိုမ်ိဳးက ေျပာပါတယ္။

ရွမ္းျပည္ေျမာက္ပိုင္းမွာ တ႐ုတ္၊ ထိုင္း၊ မေလးရွားနဲ႔ တျခားႏိုင္ငံ အသီးသီးကေန ျပန္လာၾကသူေတြအတြက္ ခ႐ိုင္ေျခာက္ခုနဲ႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသႏွစ္ခုတို႔မွာ က်န္းမာေရးေစာင့္ၾကည့္ဖို႔ ေနရာ ၆၁၇ ခု သတ္မွတ္ထားပါတယ္။

ဧၿပီလ ၁ ရက္ေန႔အထိ ရွမ္းျပည္ေျမာက္ပိုင္း ေဒသတစ္ခုလုံးမွာ ေနရပ္ျပန္ က်န္းမာေရး ေစာင့္ၾကည့္ခံရသူ ၁၃၀၀ ေက်ာ္ ရွိပါတယ္။

ရွမ္းျပည္ေျမာက္ပိုင္းေဒသမွာ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရးအတြက္ ေသေသခ်ာခ်ာ စီစဥ္ထားၿပီးၿပီ လို႔ ဒုတိယ ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္သူေဇာ္က ေျပာပါတယ္။

ရွမ္းျပည္ေျမာက္ပိုင္းမွာ ထိုင္းႏိုင္ငံကေနျပန္လာတဲ့ အမ်ိဳးသားတစ္ဦး ကို႐ိုနာဗိုင္းရပ္စ္ပိုး ေတြ႕ရွိေၾကာင္း က်န္းမာေရးဌာနက မတ္လ ၃၀ ရက္ေန႔မွာ ထုတ္ျပန္ခဲ့ၿပီး ေနာက္တစ္ေန႔မွာ လားရႈိးေဆး႐ုံကို ကုသမႈ ေပးခဲ့ပါတယ္။

နယ္စပ္ဂိတ္ေတြကေနျပန္လာလို႔ ေနအိမ္ေတြမွာ၊ အစိုးရက စီစဥ္ေပးတဲ့ ေနရာေတြမွာ က်န္းမာေရး ေစာင့္ၾကည့္မႈ ခံယူေနရသူေတြကို ခြဲျခားဆက္ဆံတာ မလုပ္ဖို႔၊ ေနအိမ္ေတြမွာ ေနထိုင္သူေတြအေနနဲ႔ လူထူထပ္တဲ့ေနရာေတြကို ေရွာင္ဖို႔၊ အျပင္ထြက္ရင္ ႏွာေခါင္းစည္းေတြ တပ္ဖို႔၊ လက္ပုံမွန္ ေဆးဖို႔ စတဲ့ အခ်က္ေတြကို လိုက္နာေပးဖို႔ က်န္မာေရးဌာန တာဝန္ရွိသူေတြက ပညာေပးေနၾကပါတယ္။

RFA Burmese
https://www.rfa.org/burmese/news/novel-coronavirus-in-shan-state-04042020071712.html
------------
(Unicode)⤵⤵⤵
 ပြည်ပက ပြန်လာသူတွေကို ခွဲခြားမဆက်ဆံဖို့ တိုက်တွန်း

ကိုရိုနာဗိုင်းရပ်စ် ရောဂါထိန်းချုပ်ရေးအတွက် ဒေသအသီးသီးကနေ ကိုယ့်မြို့ရွာတွေကို ပြန်လာတဲ့သူတွေဟာ ပတ်ဝန်းကျင်က ခွဲခြားဆက်ဆံခံရမှာ၊ စားဝတ်နေရေး ခက်ခဲမှာကို စိုးရိမ်တဲ့အတွက် သူတို့ရဲ့ ခရီးသွားရာဇဝင်နဲ့ ပတ်သက်ပြီး အမှန်အတိုင်း ထုတ်ပြောဖို့ ဝန်လေးနေကြပါတယ်။

အစိုးရတာဝန်ရှိသူတွေကတော့ ရှမ်းပြည်မြောက်ပိုင်းဒေသမှာ နေအိမ်အတွင်း ၁၄ ရက် စောင့်ကြည့်ခံအဖြစ် နေထိုင်ရသူတွေ စားဝတ်နေရေးခက်ခဲရင် ကူညီပေးမယ်လို့ပြောပါတယ်။

ဒေသအသီးသီးကနေ ပြန်လာတဲ့သူတွေဟာ နေအိမ်အတွင်းကျန်းမာရေး စောင့်ကြည့်မှုကို ၁၄ ရက်တာ ခံယူရမှာပါ။ ကျန်းမာရေးဝန်ထမ်းတွေနဲ့ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက နေရပ်ပြန်လာသူတွေရဲ့ ခရီးစဉ်တွေကို မေးမြန်းပြီး နေအိမ်မှာ ဆယ့်လေးရက် ကျန်းမာရေးစောင့်ကြည့် စစ်ဆေးတာခံယူဖို့ တိုက်တွန်းပညာပေးနေပါတယ်။

ကိုယ်တိုင် ကွင်းဆင်းပြီး ပညာပေးနေတဲ့ ကျန်မာရေးဆရာမ ခင်ငြိမ်းချမ်းက ပြည်ပက ပြန်လာသူတွေဟာ နားလည်မှုလွဲပြီး ခွဲခြားဆက်ဆံတာနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

RFA က ကျန်းမာရေးဝန်ထမ်းအချို့နဲ့ နေအိမ်တွေအသီးသီးမှာ ကျန်းမာရေး စောင့်ကြည့်ခံရတဲ့ အိမ်တွေကို လိုက်လံကြည့်ရှုရာမှာတော့ အများစုက ခရီးသွားရာကနေ ပြန်လာတယ်ဆိုတာမျိုးကို မပြောလိုကြပါဘူး။

အပြင်မထွက်ရဘူးဆိုတဲ့ ဒေသန္တရအမိန့်ကြောင့် သောက်သုံးရေနဲ့ စားစရာအခက်အခဲဖြစ်လာပြီး ဗိုင်းရပ်စ်ပိုးရှိတဲ့အိမ်ဆိုတဲ့ အမြင်တွေရှိတာကြောင့် ပတ်ဝန်းကျင်က အကူအညီ မပေးရဲကြတာတာကို တွေ့ရပါတယ်။

တချို့ကတော့ ရပ်ကွက်ကျေးရွာတွေကနေ လက်မခံ၊ ဝင်ခွင့်မပြုတာကြောင့် အိမ်မပြန်နိုင်ဘဲ ဟိုတယ်တည်းခိုခန်းတွေ၊  မိတ်ဆွေတွေရဲ့ အိမ်တွေမှာ လှည့်လည်တည်းခိုနေကြရပါတယ်။

ဒါတွေဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် အဓိက စိန်ခေါ်မှုဖြစ်နေတာလို့ သီပေါမြို့နယ်စည်းမခြား ပရဟိတအဖွဲ့က ကိုမျိုးက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ တရုတ်၊ ထိုင်း၊ မလေးရှားနဲ့ တခြားနိုင်ငံ အသီးသီးကနေ ပြန်လာကြသူတွေအတွက် ခရိုင်ခြောက်ခုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှစ်ခုတို့မှာ ကျန်းမာရေးစောင့်ကြည့်ဖို့ နေရာ ၆၁၇ ခု သတ်မှတ်ထားပါတယ်။

ဧပြီလ ၁ ရက်နေ့အထိ ရှမ်းပြည်မြောက်ပိုင်း ဒေသတစ်ခုလုံးမှာ နေရပ်ပြန် ကျန်းမာရေး စောင့်ကြည့်ခံရသူ ၁၃၀၀ ကျော် ရှိပါတယ်။

ရှမ်းပြည်မြောက်ပိုင်းဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် သေသေချာချာ စီစဉ်ထားပြီးပြီ လို့ ဒုတိယ ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်က ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ ထိုင်းနိုင်ငံကနေပြန်လာတဲ့ အမျိုးသားတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း ကျန်းမာရေးဌာနက မတ်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး နောက်တစ်နေ့မှာ လားရှိုးဆေးရုံကို ကုသမှု ပေးခဲ့ပါတယ်။

နယ်စပ်ဂိတ်တွေကနေပြန်လာလို့ နေအိမ်တွေမှာ၊ အစိုးရက စီစဉ်ပေးတဲ့ နေရာတွေမှာ ကျန်းမာရေး စောင့်ကြည့်မှု ခံယူနေရသူတွေကို ခွဲခြားဆက်ဆံတာ မလုပ်ဖို့၊ နေအိမ်တွေမှာ နေထိုင်သူတွေအနေနဲ့ လူထူထပ်တဲ့နေရာတွေကို ရှောင်ဖို့၊ အပြင်ထွက်ရင် နှာခေါင်းစည်းတွေ တပ်ဖို့၊ လက်ပုံမှန် ဆေးဖို့ စတဲ့ အချက်တွေကို လိုက်နာပေးဖို့ ကျန်မာရေးဌာန တာဝန်ရှိသူတွေက ပညာပေးနေကြပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/novel-coronavirus-in-shan-state-04042020071712.htmla
ျပည္ပက ျပန္လာသူေတြကို ခြဲျခားမဆက္ဆံဖို႔ တိုက္တြန္း  ျပည္ပက ျပန္လာသူေတြကို ခြဲျခားမဆက္ဆံဖို႔ တိုက္တြန္း Reviewed by THITHTOOLWIN on 19:17 Rating: 5
Powered by Blogger.