ကုိဗစ္ကာကြယ္ေရး၀တ္စုံ ေလးသိန္းခြဲ ကန္ ကုိ ဗီယက္နမ္ေပးပုိ႔

ဗီယက္နမ္ႏိုင္ငံက ကိုဗစ္ေရာဂါ ကာကြယ္ေရး

[ ZAWGYI ]

ဗီယက္နမ္နိုင္ငံက ေပးပို႔တဲ့ ေဆး႐ုံသုံး ေရာဂါကာကြယ္ေရး ဝတ္စုံ ၄ သိန္းခြဲ အေမရိကန္ကို ေရာက္ရွိသြားၿပီ ျဖစ္ပါတယ္။ COVID-19 ေရာဂါပိုး ကူးစက္ပ်ံ႕ႏွံ့ေနတဲ့ အေမရိကန္မွာ ေဆးဘက္ဆိုင္ရာ ပစၥည္းေတြ သိသိသာသာ ျပတ္လပ္ေနတဲ့ကိစၥ ႏွစ္နိုင္ငံ အၾကား ေဆြးေႏြးအၿပီးမွာ အခုလို ဗီယက္နမ္က ဝတ္စုံေတြကို အလၽွင္အျမန္ ေပးပို႔ လိုက္တာပါ။ သမၼတ Trump က ေရာဂါကာကြယ္ေရး ဝတ္စုံ ၄ သိန္းခြဲTexas ျပည္နယ္ Dallas ၿမိဳ႕ကို ေသာၾကာမနက္ပိုင္းက ေရာက္ရွိလာၿပီျဖစ္ေၾကာင္းနဲ႔ ေက်းဇူးတင္ ရွိေၾကာင္း တြစ္တာ စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။ ဒီလို လုပ္ေဆာင္နိုင္တာဟာ အေမရိကန္က DuPont နဲ႔ FedEx ကုမၼဏီေတြနဲ႔ ဗီယက္နမ္ နိုင္ငံက မိတ္ေဆြေတြ လက္တြဲေဆာင္ရြက္ခဲ့တာေၾကာင့္လို႔လည္း ေရးထားပါတယ္။။ အေရးေပၚလိုအပ္ခ်က္အရ ဒုတိယအသုတ္ အျဖစ္ ေနာက္ထပ္ ေရာဂါကာကြယ္ေရး ဝတ္စုံ၄ သိန္းခြဲ တင္ပို႔သြားဖို႔ ျပင္ဆင္ထားၿပီလို႔ လည္း Hanoi ၿမိဳ႕ ဗီယက္နမ္နိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံးကေျပာပါတယ္။

ဗီယက္နမ္နိုင္ငံကိုယ္၌က ေရာဂါ ကူးစက္ပ်ံ႕ႏွံ့တာကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနရတာ ျဖစ္ၿပီး လတ္တေလာ ေရာဂါ ကူးစက္ခံထားရသူ ၂၅၀ ေက်ာ္ရွိေပမဲ့ ေသဆုံးသူေတာ့ မရွိေသး ပါဘူး။ နိုင္ငံတြင္း ေရာဂါ ကူးစက္ပ်ံ႕ႏွံ့ေနတဲ့ အေျခအေနကို ထိန္းထားနိုင္ေသးတဲ့အတြက္ တျခားနိုင္ငံေတြျဖစ္တဲ့ လာအို၊ စပိန္နဲ႔ အခု အေမရိကန္ တို႔ကို ေဆးဘက္ဆိုင္ရာ ပစၥည္း အကူအညီေတြေပးနိုင္တာပါ။ ကပ္ေရာဂါအႏၲရာယ္ တိုက္ဖ်က္ဖို႔ ႀကိဳးစားေနၾကတဲ့ အခ်ိန္မွာ နိုင္ငံအေတာ္မ်ားမ်ားက တျခားနိုင္ငံကို ေပးပို႔တဲ့ေဆးဘက္ဆိုင္ရာ အေထာက္အပံ့ေတြကို ကန္႔သတ္ထားခ်ိန္မွာ ဗီယက္နမ္နိုင္ငံက အခုလို အကူအညီေပး တာဟာ တမူထူးျခားကြဲျပားလို႔ ေနပါတယ္။ ႐ုရွားက ေရာဂါကာကြယ္ေရးဝတ္စုံေတြ တင္ပို႔ေရာင္းခ်တာကို တားျမစ္ထားသလို အေမရိကန္ကလည္း ေဆးဘက္ဆိုင္ရာ ပစၥည္းေတြထုတ္လုပ္ေရာင္းခ်တဲ့ 3M ကုမၼဏီကို ေဆး႐ုံသုံးႏွာေခါင္းစည္းေတြ ျပည္ပကို တင္ပို႔ေရာင္းခ်ျခင္းမျပဳဖို႔ ေျပာထားပါတယ္။


[ UNICODE ]

ဗီယက်နမ်နိုင်ငံက ပေးပို့တဲ့ ဆေးရုံသုံး ရောဂါကာကွယ်ရေး ဝတ်စုံ ၄ သိန်းခွဲ အမေရိကန်ကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့နေတဲ့ အမေရိကန်မှာ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ သိသိသာသာ ပြတ်လပ်နေတဲ့ကိစ္စ နှစ်နိုင်ငံ အကြား ဆွေးနွေးအပြီးမှာ အခုလို ဗီယက်နမ်က ဝတ်စုံတွေကို အလျှင်အမြန် ပေးပို့လိုက်တာပါ။ သမ္မတ Trump က ရောဂါကာကွယ်ရေး ဝတ်စုံ ၄ သိန်းခွဲ Texas ပြည်နယ် Dallas မြို့ကို သောကြာမနက်ပိုင်းက ရောက်ရှိလာပြီဖြစ်ကြောင်းနဲ့ ကျေးဇူးတင်ရှိကြောင်း တွစ်တာ စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဒီလို လုပ်ဆောင်နိုင်တာဟာ အမေရိကန်က DuPont နဲ့ FedEx ကုမ္မဏီတွေနဲ့ ဗီယက်နမ် နိုင်ငံက မိတ်ဆွေတွေ လက်တွဲဆောင်ရွက်ခဲ့တာကြောင့်လို့လည်း ရေးထားပါတယ်။။ အရေးပေါ်လိုအပ်ချက်အရ ဒုတိယအသုတ် အဖြစ် နောက်ထပ် ရောဂါကာကွယ်ရေး ဝတ်စုံ၄ သိန်းခွဲ တင်ပို့သွားဖို့ ပြင်ဆင်ထားပြီလို့ လည်း Hanoi မြို့ ဗီယက်နမ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကပြောပါတယ်။

ဗီယက်နမ်နိုင်ငံကိုယ်၌က ရောဂါ ကူးစက်ပျံ့နှံ့တာကို ထိန်းချုပ်ဖို့ ကြိုးစားနေရတာ ဖြစ်ပြီး လတ်တလော ရောဂါ ကူးစက်ခံထားရသူ ၂၅၀ ကျော်ရှိပေမဲ့ သေဆုံးသူတော့ မရှိသေးပါဘူး။ နိုင်ငံတွင်း ရောဂါ ကူးစက်ပျံ့နှံ့နေတဲ့ အခြေအနေကို ထိန်းထားနိုင်သေးတဲ့အတွက် တခြားနိုင်ငံတွေဖြစ်တဲ့ လာအို၊ စပိန်နဲ့ အခု အမေရိကန် တို့ကို ဆေးဘက်ဆိုင်ရာ ပစ္စည်း အကူအညီတွေပေးနိုင်တာပါ။ ကပ်ရောဂါအန္တရာယ် တိုက်ဖျက်ဖို့ ကြိုးစားနေကြတဲ့ အချိန်မှာ နိုင်ငံအတော်များများက တခြားနိုင်ငံကို ပေးပို့တဲ့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေကို ကန့်သတ်ထားချိန်မှာ ဗီယက်နမ်နိုင်ငံက အခုလို အကူအညီပေးတာဟာ တမူထူးခြားကွဲပြားလို့ နေပါတယ်။ ရုရှားက ရောဂါကာကွယ်ရေးဝတ်စုံတွေ တင်ပို့ရောင်းချတာကို တားမြစ်ထားသလို အမေရိကန်ကလည်း ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေထုတ်လုပ်ရောင်းချတဲ့ 3M ကုမ္မဏီကို ဆေးရုံသုံးနှာခေါင်းစည်းတွေ ပြည်ပကို တင်ပို့ရောင်းချခြင်းမပြုဖို့ ပြောထားပါတယ်။

VOA (Burmese)
https://burmese.voanews.com/a/vietnam-sent-covid-medical-suits-to-america/5368144.html
ကုိဗစ္ကာကြယ္ေရး၀တ္စုံ ေလးသိန္းခြဲ ကန္ ကုိ ဗီယက္နမ္ေပးပုိ႔ ကုိဗစ္ကာကြယ္ေရး၀တ္စုံ ေလးသိန္းခြဲ ကန္ ကုိ ဗီယက္နမ္ေပးပုိ႔ Reviewed by THITHTOOLWIN on 09:55 Rating: 5
Powered by Blogger.