ေဖာင္ႀကီးဗဟိုဝန္ထမ္းတကၠသိုလ္မွာ အတည္ျပဳလူနာ ရာနဲ႔ခ်ီ ထားႏိုင္မည္

ကို႐ိုနာဗိုင္းရပ္စ္ ေတြ႕ရွိသူေတြကို ကုသႏိုင္ေပးႏိုင္ေရးအတြက္ ရန္ကုန္တိုင္း၊ လွည္းကူးၿမိဳ႕နယ္ထဲက ေဖာင္ႀကီးဗဟိုဝန္ထမ္းတကၠသိုလ္ကို က်န္းမာေရးစင္တာအျဖစ္ ေျပာင္းလဲတည္ေဆာက္ၿပီးျဖစ္လို႔ လာမယ့္ ဧၿပီလ ၂၁ ရက္ေန႔မွာ စတင္လက္ခံကုသႏိုင္မွာ ျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူေတြကို ကုသႏိုင္ဖို႔ ေဖာင္ႀကီး ဗဟိုဝန္ထမ္းတကၠသိုလ္ကို ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ရဲ႕ လမ္းၫႊန္ခ်က္ေတြနဲ႔ အညီ က်န္းမာေရးစင္တာအျဖစ္ ေျပာင္းလဲ ျပင္ဆင္ထားတာျဖစ္ၿပီး ကုတင္ ၅၀၀ နဲ႔ စတင္အသုံးျပဳႏိုင္ေတာ့မယ္လို႔  ဦးေဆာင္ေနသူေတြက RFA ကို ေျပာပါတယ္။

ဧၿပီ ၂၁ အဂၤါေန႔မွာ လူနာေတြကို လက္ခံႏိုင္ေအာင္ ျပင္ဆင္ထားၿပီးၿပီလို႔ ရန္ကုန္တိုင္းေဒသႀကီး အစိုးရ အဖြဲ႕၊ လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းက ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ ေနာက္ဆုံးအစည္းအေဝးလုပ္ထားတဲ့ အေျခအေနအရေတာ့ ၂၀၊ ၂၁ ေလာက္ဆို ထားလို႔ရပါၿပီ။ အဆင္သင့္ ျဖစ္ၿပီလို႔ သိထားတယ္။ အဲဒါ လြန္ခဲ့တဲ့ ၄၊ ၅ ရက္ေလာက္က အစည္းအေဝး လုပ္ထားတာ။”

ေဖာင္ႀကီးက်န္းမာေရးစင္တာကို မတ္လ ၂၇ ရက္ေန႔က စတင္ ျပင္ဆင္ခဲ့တာပါ။

ပထမအဆင့္အေနနဲ႔ ဆရာဝန္နဲ႔ သူနာျပဳအင္အား၂၀၀ ခန႔္ တာဝန္ယူၾကမွာ ျဖစ္ပါတယ္။

ကုသမႈအတြက္ ဆရာဝန္နဲ႔ သူနာျပဳေတြကို တပ္မေတာ္ဘက္က ၂၀ ရာခိုင္ႏႈန္း၊ ပုဂၢလိကေဆး႐ုံေဆးခန္းေတြ ဘက္က ၂၀ ရာခိုင္ႏႈန္းနဲ႔ က်န္းမာေရးဝန္ႀကီးဌာနက ၆၀ ရာခိုင္ႏႈန္း တာဝန္ယူၾကမွာ ျဖစ္ပါတယ္။

တပ္မေတာ္ဘက္က ပါေမာကၡ၊ ဆရာဝန္၊ သူနာျပဳ အေယာက္ ၄၀ ပါအဖြဲ႕  ႏွစ္ဖြဲ႕ စီစဥ္ထားၿပီး အလွည့္က် ေစလႊတ္သြားမယ္လို႔ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

“ရန္ကုန္က လွည္းကူးေဖာင္ႀကီးဗဟိုဝန္ထမ္း တကၠသိုလ္မွာ ဖြင့္မယ့္ ကိုဗစ္-၁၉ ေဆး႐ုံယာယီကို လႊတ္ဖို႔အတြက္ ေဆးဝန္ထမ္း တပ္ဖြဲ႕ဝင္ ၄၀ ဦးပါ ႏွစ္ဖြဲ႕ စီစဥ္ထားပါတယ္။ အဲ ၄၀ ဦးမွာလည္း ပါရဂူ ၁၂ ေယာက္၊ ဆရာဝန္၊ ေဆးမႉး ၁၀ ေယာက္၊ အထက္တန္း သူနာျပဳ ၁၄ ေယာက္၊ ဓါတ္ခြဲကြၽမ္းက်င္ ႏွစ္ေယာက္၊ ဓါတ္မွန္ ကြၽမ္းက်င္ ႏွစ္ေယာက္၊ စုစုေပါင္း ၄၀ ျဖစ္ပါတယ္။”

တပ္မေတာ္ဘက္က ဆရာဝန္၊ ဆရာမ၊ သူနာျပဳအဖြဲ႕ကို ႏွစ္ပတ္ တစ္ႀကိမ္ လဲလွယ္သြားမွာပါ။

က်န္းမာေရးဝန္ႀကီးဌာနက ဧၿပီ ၁၉ ရက္ေန႔ နံနက္ပိုင္း ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံမွာ ပိုးေတြ႕လူနာ ၁၀၀ ေက်ာ္ ရွိေနပါၿပီ။ အဲဒီထဲမွာ ေသဆုံးသြားသူက ငါးဦးနဲ႔ ေဆး႐ုံဆင္းခြင့္ရသြားသူက ႏွစ္ဦး ရွိပါတယ္။

က်န္လူနာေတြထဲက ၇၃ ဦးကို ရန္ကုန္ ေျမာက္ဥကၠလာပၿမိဳ႕နယ္က ေဝဘာဂီေဆး႐ုံမွာ ကုသမႈ ေပးေနပါတယ္။

ေဝဘာဂီေဆး႐ုံ  လူနာလက္ခံႏိုင္တဲ့ အေရအတြက္ ျပည့္သြားလို႔ ရန္ကုန္ၿမိဳ႕က လူနာေတြကို ေတာင္ဥကၠလာပ အထူးကု ေဆး႐ုံႀကီးမွာ စတင္လက္ခံေနတာမွာလည္း ၁၄ ေယာက္ခန႔္ ရွိလာေနပါၿပီ။

ေဝဘာဂီေဆး႐ုံမွာ က်န္းမာေရးဝန္ထမ္း မလုံေလာက္တဲ့အျပင္ ကာကြယ္ေရး ပစၥည္းလိုအပ္မႈေတြေၾကာင့္  ဝန္ထမ္းေတြဟာ ႐ုပ္ပိုင္းနဲ႔ စိတ္ပိုင္းဆိုင္ရာ ပင္ပန္းေနၾကပါတယ္။

ဒီအခက္အခဲေတြကိုေျဖရွင္းဖို႔ လူနာတခ်ိဳ႕ကို ေဖာင္ႀကီးကို ေ႐ႊ႕ေျပာင္းဖို႔ စီစဥ္ထားတယ္လို႔ ေဆးတကၠသိုလ္ (၁) ပါေမာကၡခ်ဳပ္ ေဒါက္တာေဇာ္ေဝစိုးက ေျပာပါတယ္။

“သူတို႔ပင္ပန္းမယ္၊ သူတို႔အတြက္ အရမ္းျပည့္ၾကပ္ၿပီး လူအင္အားေကာ၊ အခ်ိန္ေကာ၊ ကုသရတာ ပင္ပန္းလာရင္ ကြၽန္ေတာ္တို႔ မွ်ေဝဖို႔ စီစဥ္ထားၿပီးသားပါ။ တခ်ိဳ႕လူနာေတြကို ေဖာင္ႀကီးကိုေ႐ႊ႕ၿပီး ကုသႏိုင္မယ္ဆိုရင္ သူတို႔အတြက္လည္း လုပ္ရတဲ့ အေနအထားက သက္သာသြားမွာျဖစ္ပါတယ္။ အဲဒါအတြက္လည္း စီစဥ္ထားၿပီး ျဖစ္ပါတယ္။”

ပါေမာကၡခ်ဳပ္ ေဒါက္တာေဇာ္ေဝစိုးဟာ ရန္ကုန္တိုင္းအတြင္းက ကို႐ိုနာဗိုင္းရပ္စ္ အတည္ျပဳလူနာေတြ ကုသေရးအတြက္ တာဝန္ေပးခံထားရသူပါ။

WHO ရဲ႕ လမ္းၫႊန္ခ်က္နဲ႔ အညီ ေဆး႐ုံက ထြက္လာတဲ့ စြန႔္ပစ္ပစၥည္းေတြကို ပိုးေသေအာင္ မီးရႈိ႕ဖ်က္ဆီးဖို႔ အတြက္လည္း ေဖာင္ႀကီး က်န္းမာေရးစင္တာနဲ႔ သုံံးမိုင္ အကြာအေဝးမွာ မီးရႈိ႕စက္ တည္ေဆာက္ထားတယ္လို႔ သူက ေျပာပါတယ္။

ဧၿပီလ ၂၁ ရက္ေန႔ စတင္လက္ခံမယ့္ ေဖာင္ႀကီး က်န္းမာေရးစင္တာမွာ ကုတင္ ၂၄၀၊ အေရးေပၚၾကပ္မတ္ ကုသေဆာင္ အတြက္ ကုတင္ ၂၀ ၊ ေအာက္စီဂ်င္ေပးဖို႔လိုတဲ့ လူနာေတြအတြက္ တစ္ဦးစီ ထားရွိႏိုင္တဲ့ အခန္း ၂၄၀ ခန႔္ ျပင္ဆင္ထားပါတယ္။

ေနာက္ပိုင္းမွာ အေရးေပၚၾကပ္မတ္ ကုသေဆာင္ အတြက္ ကုတင္ ၄၀ နဲ႔ လူနာ ၂၀၀၀ ခန႔္ အထိ ထားရွိႏိုင္ေအာင္ တိုးခ်ဲ႕သြားမွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

ေဝမာထြန္း / RFA Burmese
----------------------------------------
ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်မှာ အတည်ပြုလူနာ ရာနဲ့ချီ ထားနိုင်မည်

ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိသူတွေကို ကုသနိုင်ပေးနိုင်ရေးအတွက် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ထဲက ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်ကို ကျန်းမာရေးစင်တာအဖြစ် ပြောင်းလဲတည်ဆောက်ပြီးဖြစ်လို့ လာမယ့် ဧပြီလ ၂၁ ရက်နေ့မှာ စတင်လက်ခံကုသနိုင်မှာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေကို ကုသနိုင်ဖို့ ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ လမ်းညွှန်ချက်တွေနဲ့ အညီ ကျန်းမာရေးစင်တာအဖြစ် ပြောင်းလဲ ပြင်ဆင်ထားတာဖြစ်ပြီး ကုတင် ၅၀၀ နဲ့ စတင်အသုံးပြုနိုင်တော့မယ်လို့  ဦးဆောင်နေသူတွေက RFA ကို ပြောပါတယ်။

ဧပြီ ၂၁ အင်္ဂါနေ့မှာ လူနာတွေကို လက်ခံနိုင်အောင် ပြင်ဆင်ထားပြီးပြီလို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။

“ကျွန်တော်တို့ နောက်ဆုံးအစည်းအဝေးလုပ်ထားတဲ့ အခြေအနေအရတော့ ၂၀၊ ၂၁ လောက်ဆို ထားလို့ရပါပြီ။ အဆင်သင့် ဖြစ်ပြီလို့ သိထားတယ်။ အဲဒါ လွန်ခဲ့တဲ့ ၄၊ ၅ ရက်လောက်က အစည်းအဝေး လုပ်ထားတာ။”

ဖောင်ကြီးကျန်းမာရေးစင်တာကို မတ်လ ၂၇ ရက်နေ့က စတင် ပြင်ဆင်ခဲ့တာပါ။

ပထမအဆင့်အနေနဲ့ ဆရာဝန်နဲ့ သူနာပြုအင်အား၂၀၀ ခန့် တာဝန်ယူကြမှာ ဖြစ်ပါတယ်။

ကုသမှုအတွက် ဆရာဝန်နဲ့ သူနာပြုတွေကို တပ်မတော်ဘက်က ၂၀ ရာခိုင်နှုန်း၊ ပုဂ္ဂလိကဆေးရုံဆေးခန်းတွေ ဘက်က ၂၀ ရာခိုင်နှုန်းနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ၆၀ ရာခိုင်နှုန်း တာဝန်ယူကြမှာ ဖြစ်ပါတယ်။

တပ်မတော်ဘက်က ပါမောက္ခ၊ ဆရာဝန်၊ သူနာပြု အယောက် ၄၀ ပါအဖွဲ့  နှစ်ဖွဲ့ စီစဉ်ထားပြီး အလှည့်ကျ စေလွှတ်သွားမယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“ရန်ကုန်က လှည်းကူးဖောင်ကြီးဗဟိုဝန်ထမ်း တက္ကသိုလ်မှာ ဖွင့်မယ့် ကိုဗစ်-၁၉ ဆေးရုံယာယီကို လွှတ်ဖို့အတွက် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင် ၄၀ ဦးပါ နှစ်ဖွဲ့ စီစဉ်ထားပါတယ်။ အဲ ၄၀ ဦးမှာလည်း ပါရဂူ ၁၂ ယောက်၊ ဆရာဝန်၊ ဆေးမှူး ၁၀ ယောက်၊ အထက်တန်း သူနာပြု ၁၄ ယောက်၊ ဓါတ်ခွဲကျွမ်းကျင် နှစ်ယောက်၊ ဓါတ်မှန် ကျွမ်းကျင် နှစ်ယောက်၊ စုစုပေါင်း ၄၀ ဖြစ်ပါတယ်။”

တပ်မတော်ဘက်က ဆရာဝန်၊ ဆရာမ၊ သူနာပြုအဖွဲ့ကို နှစ်ပတ် တစ်ကြိမ် လဲလှယ်သွားမှာပါ။

ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၁၉ ရက်နေ့ နံနက်ပိုင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာ ၁၀၀ ကျော် ရှိနေပါပြီ။ အဲဒီထဲမှာ သေဆုံးသွားသူက ငါးဦးနဲ့ ဆေးရုံဆင်းခွင့်ရသွားသူက နှစ်ဦး ရှိပါတယ်။

ကျန်လူနာတွေထဲက ၇၃ ဦးကို ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်က ဝေဘာဂီဆေးရုံမှာ ကုသမှု ပေးနေပါတယ်။

ဝေဘာဂီဆေးရုံ  လူနာလက်ခံနိုင်တဲ့ အရေအတွက် ပြည့်သွားလို့ ရန်ကုန်မြို့က လူနာတွေကို တောင်ဥက္ကလာပ အထူးကု ဆေးရုံကြီးမှာ စတင်လက်ခံနေတာမှာလည်း ၁၄ ယောက်ခန့် ရှိလာနေပါပြီ။

ဝေဘာဂီဆေးရုံမှာ ကျန်းမာရေးဝန်ထမ်း မလုံလောက်တဲ့အပြင် ကာကွယ်ရေး ပစ္စည်းလိုအပ်မှုတွေကြောင့်  ဝန်ထမ်းတွေဟာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနေကြပါတယ်။

ဒီအခက်အခဲတွေကိုဖြေရှင်းဖို့ လူနာတချို့ကို ဖောင်ကြီးကို ရွှေ့ပြောင်းဖို့ စီစဉ်ထားတယ်လို့ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

“သူတို့ပင်ပန်းမယ်၊ သူတို့အတွက် အရမ်းပြည့်ကြပ်ပြီး လူအင်အားကော၊ အချိန်ကော၊ ကုသရတာ ပင်ပန်းလာရင် ကျွန်တော်တို့ မျှဝေဖို့ စီစဉ်ထားပြီးသားပါ။ တချို့လူနာတွေကို ဖောင်ကြီးကိုရွှေ့ပြီး ကုသနိုင်မယ်ဆိုရင် သူတို့အတွက်လည်း လုပ်ရတဲ့ အနေအထားက သက်သာသွားမှာဖြစ်ပါတယ်။ အဲဒါအတွက်လည်း စီစဉ်ထားပြီး ဖြစ်ပါတယ်။”

ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးဟာ ရန်ကုန်တိုင်းအတွင်းက ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတွေ ကုသရေးအတွက် တာဝန်ပေးခံထားရသူပါ။

WHO ရဲ့ လမ်းညွှန်ချက်နဲ့ အညီ ဆေးရုံက ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေကို ပိုးသေအောင် မီးရှို့ဖျက်ဆီးဖို့ အတွက်လည်း ဖောင်ကြီး ကျန်းမာရေးစင်တာနဲ့ သုံံးမိုင် အကွာအဝေးမှာ မီးရှို့စက် တည်ဆောက်ထားတယ်လို့ သူက ပြောပါတယ်။

ဧပြီလ ၂၁ ရက်နေ့ စတင်လက်ခံမယ့် ဖောင်ကြီး ကျန်းမာရေးစင်တာမှာ ကုတင် ၂၄၀၊ အရေးပေါ်ကြပ်မတ် ကုသဆောင် အတွက် ကုတင် ၂၀ ၊ အောက်စီဂျင်ပေးဖို့လိုတဲ့ လူနာတွေအတွက် တစ်ဦးစီ ထားရှိနိုင်တဲ့ အခန်း ၂၄၀ ခန့် ပြင်ဆင်ထားပါတယ်။

နောက်ပိုင်းမှာ အရေးပေါ်ကြပ်မတ် ကုသဆောင် အတွက် ကုတင် ၄၀ နဲ့ လူနာ ၂၀၀၀ ခန့် အထိ ထားရှိနိုင်အောင် တိုးချဲ့သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဝေမာထွန်း / RFA Burmese
https://www.rfa.org/burmese/news/phaunggyi-for-corona-comfirmed-cases--04192020052448.html
ေဖာင္ႀကီးဗဟိုဝန္ထမ္းတကၠသိုလ္မွာ အတည္ျပဳလူနာ ရာနဲ႔ခ်ီ ထားႏိုင္မည္ ေဖာင္ႀကီးဗဟိုဝန္ထမ္းတကၠသိုလ္မွာ အတည္ျပဳလူနာ ရာနဲ႔ခ်ီ ထားႏိုင္မည္ Reviewed by THITHTOOLWIN on 20:39 Rating: 5
Powered by Blogger.