ဂ်ပန္မွာ ပိတ္မိေနတဲ့ျမန္မာႏိုင္ငံသားေတြအတြက္ ဂ်ပန္သံ႐ုံး ထုတ္ျပန္

အေရးေပၚအေျခအေနေၾကညာထားတဲ့ ဂ်ပန္မွာေလဆိပ္ေတြကိုေတာ့ ဖြင့္ထားဆဲပါ။
(Zawgyi)⤵⤵⤵
ကိုဗစ္-၁၉ ကူးစက္မႈထိန္းခ်ဳပ္ႏိုင္ေရးကန႔္သတ္ခ်က္ေတြေၾကာင့္ျမန္မာႏိုင္ငံကို မျပန္ႏိုင္ဘဲ အခက္အခဲျဖစ္ေနတဲ့ ျမနမာႏိုင္ငံသားေတြကို ေလယာဥ္နဲ႔ ျပန္လည္ ေခၚယူဖို႔ ညႇိႏႈိင္းေနတယ္လို႔ တိုက်ိဳအေျခစိုက္ ျမန္မာႏိုင္ငံဆိုင္ရာဂ်ပန္သံ႐ုံးက ဧၿပီ ၂၅ ရက္မနက္မွာ သတင္းထုတ္ျပန္ပါတယ္။

ျမန္မာသံ႐ုံးရဲ႕ ညႇိႏႈိင္းခ်က္အရ All Nippon Airways က လူသားခ်င္းစာနာမႈအကူအညီ ေလယာဥ္(Relief Flight) ကို ေမလ ပထမပတ္အတြင္း တိုက်ိဳေလဆိပ္ကေန ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ကို ေျပးဆြဲႏိုင္ဖို႔ေဆာင္႐ြက္ေနတယ္လို႔လည္း အဲဒီေၾကညာခ်က္က ေဖာ္ျပထားပါတယ္။

ညႇိႏႈိင္းမႈေတြၿပီးရင္ ထြက္ခြာမယ့္ေန႔ရက္ကို အသိေပးသြားမယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ဂ်ပန္ေရာက္ျမန္မာႏိုင္ငံသားေတြထဲက ေနထိုင္စားေသာက္ေရးအခကအခဲေၾကာင့္ ျမန္မာႏိုင္ငံကို ျပန္လည္ထြက္ခြာလိုသူေတြအေနနဲ႔ ျမန္မာသံ႐ုံးရဲ႕ အီးေမးလ္ metokyo.myanmar@gmail.com ကို နာမည္၊ ႏိုင္ငံကူးလက္မွတ္အပါအဝင္ လိုအပ္တဲ့စာ႐ြက္စာတမ္း အေထာက္အထားေတြ၊ေလယာဥ္လက္မွတ္မိတၱဴနဲ႔အတူ ဧၿပီ ၂၈ ရက္မြန္းတည့္ ၁၂ နာရီေနာက္ဆုံးထား ေပးပို႔ဖို႔ ႏႈိးေဆာ္ထားပါတယ္။

ျမန္မာႏိုင္ငံကို ျပန္ေရာက္တဲ့အခါ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ခ်မွတ္ထားတဲ့ လူထုအေျချပဳကုသေစာင့္ေရွာက္မႈေပးျခင္း(community-based Facility Quarantine)၂၁ ရက္နဲ႔ ေနအိမ္မွာ သီးျခားေနထိုင္ျခင္း (Home Quarantine) ၇ ရက္ စုစုေပါင္း ၂၈ ရက္မပ်က္မကြက္ေနထိုင္ဖို႔ လိုအပ္တယ္လို႔လည္း အသိေပးထားပါတယ္။

ဂ်ပန္ႏိုင္ငံမွာ ကိုဗစ္၁၉ ေၾကာင့္ ေသဆုံးသူ ၃၅၀ ေက်ာ္နဲ႔ ကူးစက္ခံရသူ ၁၂,၀၀၀ ေက်ာ္ရွိထားပါတယ္။

အေစာပိုင္းက ဂ်ပန္မွာ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ကန႔္သတ္မႈေတြ ျပဳလုပ္ဖို႔ေနာက္က်တဲ့အေပၚ ေဝဖန္မႈေတြရွိခဲ့ၿပီး ဧၿပီလဆန္းပိုင္းကစလို႔ ကူးစက္မႈႏႈန္းျမင့္တက္လာတဲ့ေနာက္ ေသဆုံးသူေတြလည္း ရွိလာခဲ့ၿပီး ဂ်ပန္ႏိုင္ငံမွာ အေရးေပၚအေျခအေန ေၾကညာထားရပါတယ္။

ဒါေပမဲ့ လက္ရွိအခ်ိန္အထိ ဂ်ပန္မွာေလဆိပ္ေတြကို ဖြင့္ထားဆဲျဖစ္ၿပီး ျမန္မာႏိုင္ငံမွာေတာ့ အျပည္ျပည္ဆိုင္ရာခရီးသည္တင္ေလယာဥ္ေတြေျပးဆြဲခြင့္ရပ္ဆိုင္းထားတာကို ေမလ ၁၅ ရက္အထိ ထပ္မံတိုးျမႇင့္ထားပါတယ္။

BBC Burmese
---------------------------------------------
(Unicode)⤵⤵⤵
 ဂျပန်မှာ ပိတ်မိနေတဲ့မြန်မာနိုင်ငံသားတွေအတွက် ဂျပန်သံရုံး ထုတ်ပြန်

ကိုဗစ်-၁၉ ကူးစက်မှုထိန်းချုပ်နိုင်ရေးကန့်သတ်ချက်တွေကြောင့်မြန်မာနိုင်ငံကို မပြန်နိုင်ဘဲ အခက်အခဲဖြစ်နေတဲ့ မြနမာနိုင်ငံသားတွေကို လေယာဉ်နဲ့ ပြန်လည် ခေါ်ယူဖို့ ညှိနှိုင်းနေတယ်လို့ တိုကျိုအခြေစိုက် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက ဧပြီ ၂၅ ရက်မနက်မှာ သတင်းထုတ်ပြန်ပါတယ်။

မြန်မာသံရုံးရဲ့ ညှိနှိုင်းချက်အရ All Nippon Airways က လူသားချင်းစာနာမှုအကူအညီ လေယာဉ်(Relief Flight) ကို မေလ ပထမပတ်အတွင်း တိုကျိုလေဆိပ်ကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြေးဆွဲနိုင်ဖို့ဆောင်ရွက်နေတယ်လို့လည်း အဲဒီကြေညာချက်က ဖော်ပြထားပါတယ်။

ညှိနှိုင်းမှုတွေပြီးရင် ထွက်ခွာမယ့်နေ့ရက်ကို အသိပေးသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဂျပန်ရောက်မြန်မာနိုင်ငံသားတွေထဲက နေထိုင်စားသောက်ရေးအခကအခဲကြောင့် မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာလိုသူတွေအနေနဲ့ မြန်မာသံရုံးရဲ့ အီးမေးလ် metokyo.myanmar@gmail.com ကို နာမည်၊ နိုင်ငံကူးလက်မှတ်အပါအဝင် လိုအပ်တဲ့စာရွက်စာတမ်း အထောက်အထားတွေ၊လေယာဉ်လက်မှတ်မိတ္တူနဲ့အတူ ဧပြီ ၂၈ ရက်မွန်းတည့် ၁၂ နာရီနောက်ဆုံးထား ပေးပို့ဖို့ နှိုးဆော်ထားပါတယ်။

မြန်မာနိုင်ငံကို ပြန်ရောက်တဲ့အခါ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ လူထုအခြေပြုကုသစောင့်ရှောက်မှုပေးခြင်း(community-based Facility Quarantine)၂၁ ရက်နဲ့ နေအိမ်မှာ သီးခြားနေထိုင်ခြင်း (Home Quarantine) ၇ ရက် စုစုပေါင်း ၂၈ ရက်မပျက်မကွက်နေထိုင်ဖို့ လိုအပ်တယ်လို့လည်း အသိပေးထားပါတယ်။

ဂျပန်နိုင်ငံမှာ ကိုဗစ်၁၉ ကြောင့် သေဆုံးသူ ၃၅၀ ကျော်နဲ့ ကူးစက်ခံရသူ ၁၂,၀၀၀ ကျော်ရှိထားပါတယ်။

အစောပိုင်းက ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်ရေးအတွက် ကန့်သတ်မှုတွေ ပြုလုပ်ဖို့နောက်ကျတဲ့အပေါ် ဝေဖန်မှုတွေရှိခဲ့ပြီး ဧပြီလဆန်းပိုင်းကစလို့ ကူးစက်မှုနှုန်းမြင့်တက်လာတဲ့နောက် သေဆုံးသူတွေလည်း ရှိလာခဲ့ပြီး ဂျပန်နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာထားရပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်အထိ ဂျပန်မှာလေဆိပ်တွေကို ဖွင့်ထားဆဲဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်တွေပြေးဆွဲခွင့်ရပ်ဆိုင်းထားတာကို မေလ ၁၅ ရက်အထိ ထပ်မံတိုးမြှင့်ထားပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52422404
ဂ်ပန္မွာ ပိတ္မိေနတဲ့ျမန္မာႏိုင္ငံသားေတြအတြက္ ဂ်ပန္သံ႐ုံး ထုတ္ျပန္  ဂ်ပန္မွာ ပိတ္မိေနတဲ့ျမန္မာႏိုင္ငံသားေတြအတြက္ ဂ်ပန္သံ႐ုံး ထုတ္ျပန္ Reviewed by THITHTOOLWIN on 22:00 Rating: 5
Powered by Blogger.