လားရႈိးၿမိဳ႕ တြင္ အသက္ ၅၀ေက်ာ္ အမ်ိဳးသမီးကို မုဒိမ္းက်ဴးလြန္ရန္ႀကိဳးစား

Photo by ေဒသခံတဦး
(Zawgyi)⤵⤵⤵

သွ်မ္းျပည္ ေျမာက္ပိုင္း လားရႈိးၿမိဳ႕ တြင္ ယေန႔ မနက္ပိုင္းက အသက္ ၅၀ေက်ာ္ အမ်ိဳးသမီးတဦးအား အမ်ိဳးသားတဦးမွ မုဒိမ္းက်ဴးလြန္ရန္ ႀကိဳးစားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ဧၿပီ ၈ ရက္ ယေန႔ မနက္ ၆နာရီ ဝန္းက်င္တြင္ ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္း လမ္းေလွ်ာက္ထြက္သည့္ အသက္ ၅၀ေက်ာ္ အမ်ိဳးသမီးကို အမ်ိဳးသားတဦးက လမ္းေပၚတြင္ ႐ိုက္ႏွက္လုပ္ၿပီး၊ မုဒိမ္းမႈ က်ဴးလြန္ရန္ ႀကိဳးစားခဲ့သည္ဟု ဆိုသည္။

အဆိုပါအမ်ိဳးသမီးသည္ ႐ုန္းၿပီးထြက္ေျပးရာ ရပ္ကြက္ (၇) အေရာက္ ပတ္ဝန္းက်င္ကို ေအာ္ဟစ္ အကူအညီေတာင္းရာမွ လႊတ္ေျမာက္လာခဲ့ရျခင္းျဖစ္ေၾကာင္း အဆိုပါ အမ်ိဳးသမီးကို ကူညီေပးသည္ စိုင္းထြန္းထြန္းလင္း က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

“ ျဖစ္တာက ရပ္ကြက္(၈) မွာျဖစ္တာ။ အမ်ိဳးသမီးကို ေတာထဲဆြဲသြားတယ္။ အက်ၤ ီေတြ ခြၽတ္ဖို႔ ဆြဲတယ္။ ႐ိုက္တယ္။ အမ်ိဳးသမီးက ႐ုန္းထြက္လာၿပီး က်ေနာ္တို႔ ရပ္ကြက္ (၇)ဘက္ေရာက္လာတယ္။ က်ေနာ္တို႔ ဝိုင္းဖမ္းလိုက္တယ္” ဟု စိုင္းထြန္းထြန္းဝင္း က ဆိုသည္။

အမ်ိဳးသမီး သည္ ခႏၶာကိုယ္ တခုလုံး ႐ိုက္ႏွက္ခံရၿပီး၊ အက်ႌမ်ားလည္း ဆုတ္ၿဖဲခံထားရေၾကာင္း သိရသည္။

အဆိုပါ က်ဴးလြန္သည့္ အမ်ိဳးသားကို ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး၊ ျပည္သူ႔စစ္ ၃ေယာက္ မွ လာေရာက္ေခၚသြားေၾကာင္း စိုင္းထြန္းထြန္းဝင္း က ေျပာသည္။

“ လားရႈိးက အရင္ က ခိုးလုယက္ မႈေတြပဲရွိတာ။ ဒီလို မုဒိမ္းက်င့္ဖို႔ႀကိဳးစားတာ မရွိဘူး။ အခုက အသက္ ၅၀ေက်ာ္ အမ်ိဳးသမီးေတာင္ အလႊတ္မေပးဘူးဆိုေတာ့ မလုံၿခဳံေတာ့ဘူး” ဟု လားရႈိး ေဒသခံစိုင္းလွ က ေျပာသည္။

လားရႈိးၿမိဳ႕တြင္ မူးယစ္ေဆးဝါး သုံးစြဲသည့္ သူမ်ားသည့္ ေနရာ ေဒသတခုျဖစ္သည့္ အေလ်ာက္ ခိုးဆိုးလုယက္မႈမၾကာခဏ ျဖစ္ပြားသည့္ ေဒသျဖစ္သည္။

“ က်ေနာ္တို႔ကေတာ့ က်ဴးလြန္ဖို႔ ႀကိဳးစားတဲ့သူကို ျပင္းထန္တဲ့ ျပစ္ဒဏ္ေပးေစခ်င္တယ္။ အခု က ဘယ္လို ေဆာင္႐ြက္မလဲဆိုတာ မသိဘူး။ ေဆးေၾကာင္ေနတာလည္းျဖစ္ႏိုင္ေပမယ့္ ထိေရာက္စြာ အေရးယူေစခ်င္တယ္” ဟု စိုင္းလွ က ဆိုသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္ၿပီး သွ်မ္းသံေတာ္ဆင့္ မွ လားရႈိးရဲစခန္းကို ဆက္သြယ္ေမးျမန္းရာ ျပန္လည္ ေျဖၾကားျခင္းမရွိေပ။

SHAN News (Burmese Version)
https://www.facebook.com/shannewsburmese/
-------------
(Unicode)⤵⤵⤵
လားရှိုးမြို့ တွင် အသက် ၅၀ကျော် အမျိုးသမီးကို မုဒိမ်းကျူးလွန်ရန်ကြိုးစား

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ တွင် ယနေ့ မနက်ပိုင်းက အသက် ၅၀ကျော် အမျိုးသမီးတဦးအား အမျိုးသားတဦးမှ မုဒိမ်းကျူးလွန်ရန် ကြိုးစားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဧပြီ ၈ ရက် ယနေ့ မနက် ၆နာရီ ဝန်းကျင်တွင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လမ်းလျှောက်ထွက်သည့် အသက် ၅၀ကျော် အမျိုးသမီးကို အမျိုးသားတဦးက လမ်းပေါ်တွင် ရိုက်နှက်လုပ်ပြီး၊ မုဒိမ်းမှု ကျူးလွန်ရန် ကြိုးစားခဲ့သည်ဟု ဆိုသည်။

အဆိုပါအမျိုးသမီးသည် ရုန်းပြီးထွက်ပြေးရာ ရပ်ကွက် (၇) အရောက် ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီတောင်းရာမှ လွှတ်မြောက်လာခဲ့ရခြင်းဖြစ်ကြောင်း အဆိုပါ အမျိုးသမီးကို ကူညီပေးသည် စိုင်းထွန်းထွန်းလင်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ဖြစ်တာက ရပ်ကွက်(၈) မှာဖြစ်တာ။ အမျိုးသမီးကို တောထဲဆွဲသွားတယ်။ အင်္ကျ ီတွေ ချွတ်ဖို့ ဆွဲတယ်။ ရိုက်တယ်။ အမျိုးသမီးက ရုန်းထွက်လာပြီး ကျနော်တို့ ရပ်ကွက် (၇)ဘက်ရောက်လာတယ်။ ကျနော်တို့ ဝိုင်းဖမ်းလိုက်တယ်” ဟု စိုင်းထွန်းထွန်းဝင်း က ဆိုသည်။

အမျိုးသမီး သည် ခန္ဓာကိုယ် တခုလုံး ရိုက်နှက်ခံရပြီး၊ အင်္ကျီများလည်း ဆုတ်ဖြဲခံထားရကြောင်း သိရသည်။

အဆိုပါ ကျူးလွန်သည့် အမျိုးသားကို ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ် ၃ယောက် မှ လာရောက်ခေါ်သွားကြောင်း စိုင်းထွန်းထွန်းဝင်း က ပြောသည်။

“ လားရှိုးက အရင် က ခိုးလုယက် မှုတွေပဲရှိတာ။ ဒီလို မုဒိမ်းကျင့်ဖို့ကြိုးစားတာ မရှိဘူး။ အခုက အသက် ၅၀ကျော် အမျိုးသမီးတောင် အလွှတ်မပေးဘူးဆိုတော့ မလုံခြုံတော့ဘူး” ဟု လားရှိုး ဒေသခံစိုင်းလှ က ပြောသည်။

လားရှိုးမြို့တွင် မူးယစ်ဆေးဝါး သုံးစွဲသည့် သူများသည့် နေရာ ဒေသတခုဖြစ်သည့် အလျောက် ခိုးဆိုးလုယက်မှုမကြာခဏ ဖြစ်ပွားသည့် ဒေသဖြစ်သည်။

“ ကျနော်တို့ကတော့ ကျူးလွန်ဖို့ ကြိုးစားတဲ့သူကို ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးစေချင်တယ်။ အခု က ဘယ်လို ဆောင်ရွက်မလဲဆိုတာ မသိဘူး။ ဆေးကြောင်နေတာလည်းဖြစ်နိုင်ပေမယ့် ထိရောက်စွာ အရေးယူစေချင်တယ်” ဟု စိုင်းလှ က ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် မှ လားရှိုးရဲစခန်းကို ဆက်သွယ်မေးမြန်းရာ ပြန်လည် ဖြေကြားခြင်းမရှိပေ။

SHAN News (Burmese Version)
https://www.facebook.com/shannewsburmese/
လားရႈိးၿမိဳ႕ တြင္ အသက္ ၅၀ေက်ာ္ အမ်ိဳးသမီးကို မုဒိမ္းက်ဴးလြန္ရန္ႀကိဳးစား လားရႈိးၿမိဳ႕ တြင္ အသက္ ၅၀ေက်ာ္ အမ်ိဳးသမီးကို မုဒိမ္းက်ဴးလြန္ရန္ႀကိဳးစား Reviewed by THITHTOOLWIN on 18:50 Rating: 5
Powered by Blogger.