ဂ်ာဗားမွာ လူေတြ လမ္းေပၚမထြက္ေအာင္ သရဲေတြက တား

ဂ်ာဗားမွာ ပိုးကူးစက္မႈေတြ႕ရတဲ့ လမ္းကို ပိတ္ထား
(Zawgyi)⤵⤵⤵
အင္ဒိုနီးရွား ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကာကြယ္ေရးအတြက္ လူေတြ သြားလာလႈပ္ရွားမႈကို ထိန္းခ်ဳပ္ရာမွာ ထူးဆန္းတဲ့ နည္းေတြကို က်င့္သုံးေနပါတယ္။

ဂ်ားဗားကြၽန္းမွာ ရွိတဲ့ ကပူးမွာေတာ့ သရဲလို ဝတ္ထားတဲ့ သ႐ုပ္ေဆာင္ေတြကို လမ္းေတြေပၚ လႊတ္ၿပီး လူေတြကို အိမ္ထဲက မထြက္ရဲေအာင္ ေဒသႏၲရ အာဏာပိုင္ေတြက ေျခာက္လွန္႔ခိုင္းေနပါတယ္။

ပိုေကာင္ လို႔ ေခၚၾကတဲ့ သရဲ႐ုပ္ေတြကို အဝတ္ျဖဴစေတြနဲ႔ ပတ္ၿပီး မ်က္ႏွာကို ေပါင္ဒါပုတ္တာနဲ႔ မ်က္လုံးျပဴးႀကီးေတြ ထည့္ကာ ေဆးျခယ္ေလ့ရွိပါတယ္။

ဒါေပမဲ့ ဒီလို လာၿပီး ေျခာက္လွန္႔တာေတြကို ေဖ်ာ္ေျဖေရးလို သေဘာထားၿပီး ထြက္ၾကည့္တာေတြလည္း ရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဒါေပမဲ့ ဒီလိုအ႐ုပ္ေတြ လႊတ္တာက ထိေရာက္တယ္လို႔ သူတို႔က ဆိုပါတယ္။

ပိုေကာင္ေတြ စထြက္လာကတည္းက ကေလးေတြနဲ႔ မိဘေတြက အျပင္မထြက္ၾကေတာ့သလို ည ဘုရားဝတ္ျပဳၿပီးရင္ လမ္းေပၚ ထြက္တာလည္း မရွိေတာ့ဘူးလို႔ ကာႏို ဆူပဒ္မို ဆိုတဲ့ အရပ္သားတေယာက္က ေျပာပါတယ္။

ဒီသရဲေတြကို ကြယ္လြန္သူေတြရဲ႕ ပိတ္မိေနတဲ့ ဝိညာဥ္ေတြလို႔ အင္ဒိုနီးရွား ႐ိုးရာဓေလ့မွာ ယူဆၾကပါတယ္။

BBC Burmese
--------------------------------------------------
(Unicode)⤵⤵⤵
ဂျာဗားမှာ လူတွေ လမ်းပေါ်မထွက်အောင် သရဲတွေက တား

အင်ဒိုနီးရှား နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးအတွက် လူတွေ သွားလာလှုပ်ရှားမှုကို ထိန်းချုပ်ရာမှာ ထူးဆန်းတဲ့ နည်းတွေကို ကျင့်သုံးနေပါတယ်။

ဂျားဗားကျွန်းမှာ ရှိတဲ့ ကပူးမှာတော့ သရဲလို ဝတ်ထားတဲ့ သရုပ်ဆောင်တွေကို လမ်းတွေပေါ် လွှတ်ပြီး လူတွေကို အိမ်ထဲက မထွက်ရဲအောင် ဒေသန္တရ အာဏာပိုင်တွေက ခြောက်လှန့်ခိုင်းနေပါတယ်။

ပိုကောင် လို့ ခေါ်ကြတဲ့ သရဲရုပ်တွေကို အဝတ်ဖြူစတွေနဲ့ ပတ်ပြီး မျက်နှာကို ပေါင်ဒါပုတ်တာနဲ့ မျက်လုံးပြူးကြီးတွေ ထည့်ကာ ဆေးခြယ်လေ့ရှိပါတယ်။

ဒါပေမဲ့ ဒီလို လာပြီး ခြောက်လှန့်တာတွေကို ဖျော်ဖြေရေးလို သဘောထားပြီး ထွက်ကြည့်တာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ ဒီလိုအရုပ်တွေ လွှတ်တာက ထိရောက်တယ်လို့ သူတို့က ဆိုပါတယ်။

ပိုကောင်တွေ စထွက်လာကတည်းက ကလေးတွေနဲ့ မိဘတွေက အပြင်မထွက်ကြတော့သလို ည ဘုရားဝတ်ပြုပြီးရင် လမ်းပေါ် ထွက်တာလည်း မရှိတော့ဘူးလို့ ကာနို ဆူပဒ်မို ဆိုတဲ့ အရပ်သားတယောက်က ပြောပါတယ်။

ဒီသရဲတွေကို ကွယ်လွန်သူတွေရဲ့ ပိတ်မိနေတဲ့ ဝိညာဉ်တွေလို့ အင်ဒိုနီးရှား ရိုးရာဓလေ့မှာ ယူဆကြပါတယ်။

BBC Burmese
https://www.bbc.com/burmese/52273176
ဂ်ာဗားမွာ လူေတြ လမ္းေပၚမထြက္ေအာင္ သရဲေတြက တား ဂ်ာဗားမွာ လူေတြ လမ္းေပၚမထြက္ေအာင္ သရဲေတြက တား Reviewed by THITHTOOLWIN on 03:56 Rating: 5
Powered by Blogger.