ထိုင္းက ႏုိင္ငံျခားသား အလုပ္သမားေတြ သက္တမ္းတိုး ကင္းလြတ္ခြင့္ရ


(Zawgyi / Unicode)

ထိုင္းႏုိင္ငံက ႏုိင္ငံျခားသား အလုပ္သမားေတြကုိ ယာယီအလုပ္လုပ္ခြင့္ သက္တမ္းတိုးေပးတာနဲ႔ ဒဏ္ေၾကးကင္းလြတ္ခြင့္ ျပဳလုိက္တဲ့အေၾကာင္း ထုိင္းအေျခစုိက္ ဗြီအုိေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ သတင္းေပးပုိ႔ထားပါတယ္။

ထုိင္းႏုိင္ငံက ထုတ္ေပးထားတဲ့ အလုပ္လုပ္ခြင့္လက္မွတ္ ကုိင္ထားတဲ့ ႏုိင္ငံျခားသား အလုပ္သမားေတြအေနနဲ႔ COVID-19 အေရးေပၚကာလအတြင္း ႏုိ၀င္ဘာလ ၃၁ ရက္အထိ ယာယီအလုပ္လုပ္ခြင့္ ေပးလိုက္ပါၿပီ။ ဒါ့အျပင္ သက္တမ္းေက်ာ္လြန္ရင္ ေပးေဆာင္ရတဲ့ ဒဏ္ေၾကးေတြကိုလည္း ကင္းလြတ္ခြင့္ျပဳလိုက္ၿပီ ျဖစ္ပါတယ္။

MOU ႏွစ္ႏုိင္ငံသေဘာတူစာခ်ဳပ္နဲ႔ လာၾကတဲ့ အလုပ္သမားေတြမဟုတ္ဘဲ အရင္တည္းက ထုိင္းႏုိင္ငံထဲကုိ ေရာက္ရိွေနထိုင္ေနတဲ့ အလုပ္သမားေတြအေနနဲ႔ အလုပ္လုပ္ခြင့္ သက္တမ္းတိုးဖို႔ နာမည္စာရင္းေတြကို မတ္လ ၃၁ ရက္ေန႔ ေနာက္ဆံုးထားၿပီး တင္ၾကဖို႔ ထိုင္းအစိုးရက အေစာပိုင္းမွာ ေၾကညာထားခဲ့တာပါ။

ဒါေပမယ့္ COVID-19 အေရးေပၚကာလမွာ ထုတ္ျပန္ခဲ့တဲ့ ထိုင္းအလုပ္သမားဝန္ႀကီးဌာနရဲ႕ ဧၿပီလ ၁၆ ရက္ေန႔ ေၾကညာခ်က္အရ အလုပ္လုပ္ခြင့္ အေထာက္အထား (ပန္းေရာင္ကတ္) ရၿပီးသားသူေတြကို ႏုိ၀င္ဘာလ ၃၁ ရက္အထိ ယာယီေနထိုင္ခြင့္ ျပဳလိုက္ပါတယ္။

ဒဏ္ေၾကးကင္းလြတ္ခြင့္ျပဳၿပီး ေနထုိင္ခြင့္ေပးတာကို ႀကိဳဆုိေပမယ့္ လူမႈဖူလံုေရး အက်ိဳးခံစားခြင့္မရွိတဲ့ အလုပ္လက္မဲ့ေတြကေတာ့ အခက္အခဲ ရွိေနဦးမယ္လို႔ ေရႊ႕ေျပာင္းအလုပ္သမားေရး လုပ္ေဆာင္ေနတဲ့ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးေရး ေဖာင္ေဒးရွင္းရဲ႕ အလုပ္သမားနဲ႔ မွတ္တမ္းေရးရာ တာ၀န္ခံ ဦးမင္းဦးက ေျပာပါတယ္။

“ဒါက ေကာင္းပါတယ္။ ၿခံဳၿပီးေျပာမယ္ဆုိရင္ေတာ့ အခု ကင္းလြတ္ခြင့္ေပးမယ္ဆုိတာ ေကာင္းပါတယ္။ ဒီေရာဂါက ဘယ္အထိ ဆက္သြားမလဲမသိဘူး။ လုပ္ငန္းခြင္ထဲ မ၀င္ရဘူးဆုိရင္ အလုပ္သမားေတြက အခက္အခဲေတာ့ရိွမွာပဲ။ အေရးႀကီးတာက လူမႈဖူလံုေရး၀င္ထားတဲ့ အလုပ္သမားေတြ အတြက္ကေတာ့ လူမႈဖူလံုေရး အက်ိဳးခံစားခြင့္ေတြက လာမယ့္အပတ္မွာထြက္မယ္။ လူမႈဖူလံုေရး မထည့္ထားတဲ့ လူမႈဖူလံုေရး အက်ဳံးမ၀င္တဲ့ အလုပ္သမားေတြအတြက္ ထုိင္းအစိုးရက ဘယ္လိုစဥ္းစားေပးမလဲဆိုတာ ေစာင့္ၾကည့္ရမွာ။ အဲဒါက ပုိအေရးႀကီးတယ္။ အဲဒီကာလမွာ သူတုိ႔အတြက္ အက်ိဳးခံစားခြင့္ရွိမယ္ ဆုိရင္ေတာ့ ေကာင္းတာေပါ့။ ႏိုမို႔ အလုပ္မရွိဘဲဆုိရင္ ၈ လ ၉ လပဲ ေနထိုင္ခြင့္ေပးထားေပးထား၊ ၃ လပဲ ေပးထားေပးထား အလုပ္မရွိဘူးဆိုေတာ့ အခက္အခဲေတြ ရွိေနမွာပဲ။"

ထိုင္းႏုိင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ကစလို႔ အခု COVID-19 ကပ္ေရာဂါျဖစ္ေနတဲ့ အခ်ိန္ထိ စက္႐ုံေပါင္းတေထာင္ေက်ာ္ ပိတ္ပစ္ခဲ့ရတာျဖစ္ၿပီး လုပ္အားခ မေပးႏုိင္ဘဲ ေဒ၀ါလီခံလိုက္ရတဲ့ စက္႐ုံေတြလည္း ရွိေနပါတယ္။ စက္႐ုံေတြမွာ အလုပ္လုပ္ေနၾကတဲ့ ျမန္မာအလုပ္သမားေတြမွာလည္း လုပ္အားခ နစ္နာတာေတြ၊ ေနရပ္ျပန္ရတာေတြလည္း ရွိေနပါတယ္။ အခုအခါမွာေတာ့ စက္႐ုံအေတာ္မ်ားမ်ားမွာ စီးပြာေရးလုပ္ငန္း အဆင္မေျပမႈေတြေၾကာင့္ လုပ္သားငွားရမ္းမႈ ေလွ်ာ့ခ်တာေတြလည္း ရွိေနပါတယ္။ ထုိင္းႏိုင္ငံထဲမွာ အေထာက္အထားမဲ့ေတြေရာ အေထာက္အထားမ်ိဳးစံုနဲ႔ေရာ ျမန္မာလုပ္သား ၃ သန္းထက္မနည္း အလုပ္လုပ္ကုိင္ေနၾကတာ ျဖစ္ပါတယ္။

မေအးေအးမာ  / ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------

(Unicode)

ထိုင်းက နိုင်ငံခြားသား အလုပ်သမားတွေ သက်တမ်းတိုး ကင်းလွတ်ခွင့်ရ

ထိုင်းနိုင်ငံက နိုင်ငံခြားသား အလုပ်သမားတွေကို ယာယီအလုပ်လုပ်ခွင့် သက်တမ်းတိုးပေးတာနဲ့ ဒဏ်ကြေးကင်းလွတ်ခွင့် ပြုလိုက်တဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံက ထုတ်ပေးထားတဲ့ အလုပ်လုပ်ခွင့်လက်မှတ် ကိုင်ထားတဲ့ နိုင်ငံခြားသား အလုပ်သမားတွေအနေနဲ့ COVID-19 အရေးပေါ်ကာလအတွင်းနိုဝင်ဘာလ ၃၁ ရက်အထိ ယာယီအလုပ်လုပ်ခွင့် ပေးလိုက်ပါပြီ။ ဒါ့အပြင် သက်တမ်းကျော်လွန်ရင် ပေးဆောင်ရတဲ့ ဒဏ်ကြေးတွေကိုလည်း ကင်းလွတ်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

MOU နှစ်နိုင်ငံသဘောတူစာချုပ်နဲ့ လာကြတဲ့ အလုပ်သမားတွေမဟုတ်ဘဲ အရင်တည်းက ထိုင်းနိုင်ငံထဲကို ရောက်ရှိနေထိုင်နေတဲ့ အလုပ်သမားတွေအနေနဲ့ အလုပ်လုပ်ခွင့် သက်တမ်းတိုးဖို့ နာမည်စာရင်းတွေကို မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး တင်ကြဖို့ ထိုင်းအစိုးရက အစောပိုင်းမှာ ကြေညာထားခဲ့တာပါ။

ဒါပေမယ့် COVID-19 အရေးပေါ်ကာလမှာ ထုတ်ပြန်ခဲ့တဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ ဧပြီလ ၁၆ ရက်နေ့ ကြေညာချက်အရ အလုပ်လုပ်ခွင့် အထောက်အထား (ပန်းရောင်ကတ်) ရပြီးသားသူတွေကို နိုဝင်ဘာလ ၃၁ ရက်အထိ ယာယီနေထိုင်ခွင့် ပြုလိုက်ပါတယ်။

ဒဏ်ကြေးကင်းလွတ်ခွင့်ပြုပြီး နေထိုင်ခွင့်ပေးတာကို ကြိုဆိုပေမယ့် လူမှုဖူလုံရေး အကျိုးခံစားခွင့်မရှိတဲ့ အလုပ်လက်မဲ့တွေကတော့ အခက်အခဲ ရှိနေဦးမယ်လို့ ရွှေ့ပြောင်းအလုပ်သမားရေး လုပ်ဆောင်နေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းရဲ့ အလုပ်သမားနဲ့ မှတ်တမ်းရေးရာ တာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။

“ဒါက ကောင်းပါတယ်။ ခြုံပြီးပြောမယ်ဆိုရင်တော့ အခု ကင်းလွတ်ခွင့်ပေးမယ်ဆိုတာ ကောင်းပါတယ်။ ဒီရောဂါက ဘယ်အထိ ဆက်သွားမလဲမသိဘူး။ လုပ်ငန်းခွင်ထဲ မဝင်ရဘူးဆိုရင် အလုပ်သမားတွေက အခက်အခဲတော့ရှိမှာပဲ။ အရေးကြီးတာက လူမှုဖူလုံရေးဝင်ထားတဲ့ အလုပ်သမားတွေ အတွက်ကတော့ လူမှုဖူလုံရေး အကျိုးခံစားခွင့်တွေက လာမယ့်အပတ်မှာထွက်မယ်။ လူမှုဖူလုံရေး မထည့်ထားတဲ့ လူမှုဖူလုံရေး အကျုံးမဝင်တဲ့ အလုပ်သမားတွေအတွက် ထိုင်းအစိုးရက ဘယ်လိုစဉ်းစားပေးမလဲဆိုတာ စောင့်ကြည့်ရမှာ။ အဲဒါက ပိုအရေးကြီးတယ်။ အဲဒီကာလမှာ သူတို့အတွက် အကျိုးခံစားခွင့်ရှိမယ် ဆိုရင်တော့ ကောင်းတာပေါ့။ နိုမို့ အလုပ်မရှိဘဲဆိုရင်၈ လ ၉ လပဲ နေထိုင်ခွင့်ပေးထားပေးထား၊ ၃ လပဲ ပေးထားပေးထား အလုပ်မရှိဘူးဆိုတော့ အခက်အခဲတွေ ရှိနေမှာပဲ။"

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကစလို့ အခု COVID-19 ကပ်ရောဂါဖြစ်နေတဲ့ အချိန်ထိ စက်ရုံပေါင်းတထောင်ကျော် ပိတ်ပစ်ခဲ့ရတာဖြစ်ပြီး လုပ်အားခ မပေးနိုင်ဘဲ ဒေဝါလီခံလိုက်ရတဲ့ စက်ရုံတွေလည်း ရှိနေပါတယ်။ စက်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေမှာလည်း လုပ်အားခ နစ်နာတာတွေ၊ နေရပ်ပြန်ရတာတွေလည်း ရှိနေပါတယ်။

အခုအခါမှာတော့ စက်ရုံအတော်များများမှာ စီးပွာရေးလုပ်ငန်း အဆင်မပြေမှုတွေကြောင့် လုပ်သားငှားရမ်းမှု လျှော့ချတာတွေလည်း ရှိနေပါတယ်။ ထိုင်းနိုင်ငံထဲမှာ အထောက်အထားမဲ့တွေရော အထောက်အထားမျိုးစုံနဲ့ရော မြန်မာလုပ်သား ၃ သန်းထက်မနည်း အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/thai-migrant-wor…/5377715.html
ထိုင္းက ႏုိင္ငံျခားသား အလုပ္သမားေတြ သက္တမ္းတိုး ကင္းလြတ္ခြင့္ရ ထိုင္းက ႏုိင္ငံျခားသား အလုပ္သမားေတြ သက္တမ္းတိုး ကင္းလြတ္ခြင့္ရ Reviewed by THITHTOOLWIN on 17:57 Rating: 5
Powered by Blogger.