ကို႐ိုနာဗိုင္းရပ္စ္ပိုးကို မႏၲေလးမွာလည္း ဓာတ္ခြဲစစ္ေဆးႏိုင္ေတာ့မယ္

အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာနမွာ COVID-19 သံသယလူနာမ်ားရဲ႕ ဓာတ္ခြဲနမူနာမ်ားကို Polymerase Chain Reaction (PCR) နည္းပညာနဲ႔ ဓာတ္ခြဲစမ္းသပ္စစ္ေဆးေနစဥ္ - Photo: Ministry of Health and Sports, Myanmar
(Zawgyi)⤵⤵⤵
အခုတပ္ဆင္မယ့္ ဓာတ္ခြဲစစ္ေဆးမယ့္စက္ဟာ စကၤာပူႏိုင္ငံက အလႉရွင္တစ္ဦးက လႉဒါန္းတာျဖစ္ၿပီး မႏၲေလး ၿမိဳ႕ ၃၅ လမ္း ၆၄ လမ္းနဲ႔ ၆၆ လမ္းၾကား  အစားအေသာက္နဲ႔ ေဆးဝါးကြပ္ကြဲေရးဌာန႐ုံး ေဟာင္းေနရာမွာ ထားမွာျဖစ္ပါတယ္။

ေမလမကုန္ခင္ စတင္စစ္ေဆးေပးသြားႏိုင္မယ္လို႔  သတင္းမွန္ျပန္ၾကားေရးနဲ႔ Covid 19 သတင္းမွားျဖန႔္ေဝသူမ်ား ရွာေဖြေဖာ္ထုတ္တဲ့ သတင္းေစာင့္ၾကည့္ေရးအဖြဲ႕ လုပ္ငန္းေကာ္မတီ ဥကၠ႒၊ ရွမ္းတိုင္းရင္းသားလူမ်ိဳးေရးရာ ဝန္ႀကီး  ဦးစိုင္းပန္းဆိုင္က ဒီေန႔ ဧၿပီ ၃၀ ရက္ေန႔မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

“အေဆာက္အဦးက ဒီကေန႔ထိဆို ၇၀ ရာခိုင္ႏႈန္းၿပီးပါၿပီ၊ စက္ပိုင္းဆိုင္ရာမွာ စမ္းမယ့္စက္နဲ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက လူ ၂၀၀၀ စာ စစ္လို႔ရမွာေတြ အခုေမလမွာ ေရာက္ရွိလာမွာပါ"

အဲဒီဓာတ္ခြဲစစ္ေဆးမယ့္စက္ကို ကိုင္တြယ္ဖို႔အတြက္ က်န္းမာေရးဌာနက ဝန္ထမ္း ေလးေယာက္ကိုလည္း ရန္ကုန္ကိုပို႔ၿပီး လက္ေတြ႕သင္ၾကားၿပီးျဖစ္တယ္လို႔ ဆိုပါတယ္။

ယခင္က က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ကို႐ိုနာဗိုင္းရပ္ ဓာတ္ခြဲစစ္ေဆးလို႔ရတဲ့စက္က ရန္ကုန္ၿမိဳ႕မွာသာ ရွိတာျဖစ္ပါတယ္။

ဒါေၾကာင့္ တစ္ႏိုင္ငံလုံးက ေရာဂါပိုးရွိ၊ မရွိ၊ စစ္ေဆးသူတဲ့နမူနာေတြကို  ရန္ကုန္ၿမိဳ႕ကိုေပးပို႔ စစ္ေဆးေနၾကရတာ ျဖစ္ၿပီး မႏၲေလးၿမိဳမွာသာ စက္တပ္ဆင္ႏိုင္ရင္ေတာ့ အထက္ျမန္မာႏိုင္ငံတစ္လုံးက စစ္ေဆးမႈေတြဟာ မႏၲေလး မွာသာ စစ္ေဆးၾကရေတာ့မွာ ျဖစ္ပါတယ္။

အဲဒီအခါမွာ စစ္ေဆးမႈက ပိုမိုျမန္ဆန္လာမွာျဖစ္သလို စစ္ေဆးႏိုင္တဲ့ အေရအတြက္ကလည္း ပိုမိုမ်ားျပား လာေတာ့မွာျဖစ္ပါတယ္။

စက္သစ္ေရာက္လာလို႔ ေရာဂါရွိသူေတြပိုၿပီး ေတြ႕လာရမယ္ဆိုရင္ သူတို႔ကို ေစာင့္ေရွာက္ကုသမႈေပးဖို႔ လုပ္အား ေပးမယ့္သူေတြ ပိုမိုလိုအပ္လာမွာျဖစ္တယ္လို႔ Save Mandalay from Covid-19 အဖြဲ႕ ေဒါက္တာေနသုခက ေျပာပါတယ္။

“အမ်ိဳးသားအဆင့္ အဖြဲ႕ေတြ ဖြဲ႕ေနတယ္။ ဖြဲ႕တာေတြအတြက္လည္း လူက ေတာ္ေတာ္မ်ားမ်ား လိုႏိုင္တယ္။ လုပ္အားေပးတာကို ပိုၿပီး အားျဖည့္ေစခ်င္တယ္။ ဒီအလုပ္ကလည္း တစ္ရက္ႏွစ္ရက္လုပ္ရတဲ့ အလုပ္မဟုတ္ဘူး၊ လခ်ီၿပီးလုပ္ရမွာဆိုေတာ့ တကယ္ကို စိတ္ပါလက္ပါနဲ႔ လုပ္ႏိုင္တဲ့သူေတြ လုပ္ေစခ်င္တယ္”

ကို႐ိုနာဗိုင္းရပ္ပိုးရွိ မရွိ ေစာင့္ၾကည့္ခံရတဲ့သူဟာ သက္ဆိုင္ရာေစာင့္ၾကည့္စခန္းမွာ ၂၁ ရက္တာ ေနထိုင္ရတာ ျဖစ္သလို ေရာဂါပိုးကင္းလို႔ ျပန္ခြင့္ရၿပီဆိုရင္လည္း ေနအိမ္မွာ ေနာက္ထပ္ ၇ ရက္ သီးသန႔္ေနထိုင္ၾကရတာမို႔ တစ္လနီးပါးခန႔္ ၾကာျမင့္ၾကပါတယ္။

ကို႐ိုနာဗိုင္းရပ္ပိုး ရွိ မရွိ စစ္ေဆးရာမွာ လူတစ္ေယာက္အတြက္ က်ပ္ တစ္သိန္းခြဲေလာက္ ကုန္က်ပါတယ္။

မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံႀကီးမွာ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက ႏွစ္ရက္အတြင္း ေစာင့္ၾကည့္ လူနာ ၁၂ ေယာက္ ေသဆုံးခဲ့ပါတယ္။

ေသဆုံးသူေတြဟာ အသက္ ၆၀ အထက္ ေရာဂါအခံရွိသူေတြသာျဖစ္တာေၾကာင့္  ေဆး႐ုံလာတက္တဲ့သူေတြထဲက အသက္ ၆၀ ေက်ာ္သူေတြကို တျခားေနရာ ေျပာင္းေ႐ြ႕ထားဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

ကပ္ေရာဂါတိုက္ဖ်က္မႈကာလအတြင္း စည္းကမ္းမလိုက္နာတဲ့သူေတြကို အေရးယူေနတယ္လို႔ သတင္းမွန္ ျပန္ၾကားေရးနဲ႔ Covid  19 သတင္းမွားျဖန႔္ေဝသူမ်ား ရွာေဖြေဖာ္ထုတ္ၿပီး သတင္းေစာင့္ၾကည့္ေရးအဖြဲ႕ လုပ္ငန္းေကာ္မတီ ဥကၠ႒ ဦးစိုင္းပန္းဆိုင္က ေျပာပါတယ္။

"မႏၲေလးတိုင္းမွာ ျပစ္မႈအေနနဲ႔ ၈၃ မႈရွိတယ္။ သဘာဝေဘးအႏၲရာယ္၊ ကူစက္ေရာဂါ ကာကြယ္ ႏွိမ္ႏွင္းေရးနဲ႔ အေရးယူတာရွိတယ္။ ေနာက္တစ္ခုက ေဒသႏၲရ အမိန႔္ရာဇသတ္ႀကီး ပုဒ္မ ၁၈၈ နဲ႔ အေရးယူတာေတြလည္း ရွိပါတယ္"

မႏၲေလးတိုင္းမွာဆိုရင္ တ႐ုတ္ႏိုင္ငံကို သြားေရာက္လုပ္ကိုင္ေနတဲ့လုပ္သားေပါင္း ၈၀၀၀ ေက်ာ္ရွိၿပီး ထိုင္းႏိုင္ငံကို သြားေရာက္လုပ္ကိုင္ေနတဲ့ လုပ္သားေပါင္းကေတာ့ ၂၀၀၀၀ ေက်ာ္ ရွိပါတယ္။

ဧၿပီလ ၂၈ ရက္ေန႔အထိ မႏၲေလးတိုင္းကို ျပန္ေရာက္လာတဲ့လုပ္သားေပါင္း ၂၀၀၀၀ ေက်ာ္ရွိေနၿပီး ေနာက္ထပ္လည္း ေရာက္လာမယ့္သူေတြ မ်ားျပားလာမွာျဖစ္တယ္လို႔ မႏၲေလးတိုင္း အစိုးရအဖြဲ႕ကေန သိရပါတယ္။

ေခမဏီဝင္း / RFA Burmese
----------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ပိုးကို မန္တလေးမှာလည်း ဓာတ်ခွဲစစ်ဆေးနိုင်တော့မယ်

အခုတပ်ဆင်မယ့် ဓာတ်ခွဲစစ်ဆေးမယ့်စက်ဟာ စင်္ကာပူနိုင်ငံက အလှူရှင်တစ်ဦးက လှူဒါန်းတာဖြစ်ပြီး မန္တလေး မြို့ ၃၅ လမ်း ၆၄ လမ်းနဲ့ ၆၆ လမ်းကြား  အစားအသောက်နဲ့ ဆေးဝါးကွပ်ကွဲရေးဌာနရုံး ဟောင်းနေရာမှာ ထားမှာဖြစ်ပါတယ်။

မေလမကုန်ခင် စတင်စစ်ဆေးပေးသွားနိုင်မယ်လို့  သတင်းမှန်ပြန်ကြားရေးနဲ့ Covid 19 သတင်းမှားဖြန့်ဝေသူများ ရှာဖွေဖော်ထုတ်တဲ့ သတင်းစောင့်ကြည့်ရေးအဖွဲ့ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး  ဦးစိုင်းပန်းဆိုင်က ဒီနေ့ ဧပြီ ၃၀ ရက်နေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

“အဆောက်အဦးက ဒီကနေ့ထိဆို ၇၀ ရာခိုင်နှုန်းပြီးပါပြီ၊ စက်ပိုင်းဆိုင်ရာမှာ စမ်းမယ့်စက်နဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လူ ၂၀၀၀ စာ စစ်လို့ရမှာတွေ အခုမေလမှာ ရောက်ရှိလာမှာပါ"

အဲဒီဓာတ်ခွဲစစ်ဆေးမယ့်စက်ကို ကိုင်တွယ်ဖို့အတွက် ကျန်းမာရေးဌာနက ဝန်ထမ်း လေးယောက်ကိုလည်း ရန်ကုန်ကိုပို့ပြီး လက်တွေ့သင်ကြားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ယခင်က ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိုရိုနာဗိုင်းရပ် ဓာတ်ခွဲစစ်ဆေးလို့ရတဲ့စက်က ရန်ကုန်မြို့မှာသာ ရှိတာဖြစ်ပါတယ်။

ဒါကြောင့် တစ်နိုင်ငံလုံးက ရောဂါပိုးရှိ၊ မရှိ၊ စစ်ဆေးသူတဲ့နမူနာတွေကို  ရန်ကုန်မြို့ကိုပေးပို့ စစ်ဆေးနေကြရတာ ဖြစ်ပြီး မန္တလေးမြိုမှာသာ စက်တပ်ဆင်နိုင်ရင်တော့ အထက်မြန်မာနိုင်ငံတစ်လုံးက စစ်ဆေးမှုတွေဟာ မန္တလေး မှာသာ စစ်ဆေးကြရတော့မှာ ဖြစ်ပါတယ်။

အဲဒီအခါမှာ စစ်ဆေးမှုက ပိုမိုမြန်ဆန်လာမှာဖြစ်သလို စစ်ဆေးနိုင်တဲ့ အရေအတွက်ကလည်း ပိုမိုများပြား လာတော့မှာဖြစ်ပါတယ်။

စက်သစ်ရောက်လာလို့ ရောဂါရှိသူတွေပိုပြီး တွေ့လာရမယ်ဆိုရင် သူတို့ကို စောင့်ရှောက်ကုသမှုပေးဖို့ လုပ်အား ပေးမယ့်သူတွေ ပိုမိုလိုအပ်လာမှာဖြစ်တယ်လို့ Save Mandalay from Covid-19 အဖွဲ့ ဒေါက်တာနေသုခက ပြောပါတယ်။

“အမျိုးသားအဆင့် အဖွဲ့တွေ ဖွဲ့နေတယ်။ ဖွဲ့တာတွေအတွက်လည်း လူက တော်တော်များများ လိုနိုင်တယ်။ လုပ်အားပေးတာကို ပိုပြီး အားဖြည့်စေချင်တယ်။ ဒီအလုပ်ကလည်း တစ်ရက်နှစ်ရက်လုပ်ရတဲ့ အလုပ်မဟုတ်ဘူး၊ လချီပြီးလုပ်ရမှာဆိုတော့ တကယ်ကို စိတ်ပါလက်ပါနဲ့ လုပ်နိုင်တဲ့သူတွေ လုပ်စေချင်တယ်”

ကိုရိုနာဗိုင်းရပ်ပိုးရှိ မရှိ စောင့်ကြည့်ခံရတဲ့သူဟာ သက်ဆိုင်ရာစောင့်ကြည့်စခန်းမှာ ၂၁ ရက်တာ နေထိုင်ရတာ ဖြစ်သလို ရောဂါပိုးကင်းလို့ ပြန်ခွင့်ရပြီဆိုရင်လည်း နေအိမ်မှာ နောက်ထပ် ၇ ရက် သီးသန့်နေထိုင်ကြရတာမို့ တစ်လနီးပါးခန့် ကြာမြင့်ကြပါတယ်။

ကိုရိုနာဗိုင်းရပ်ပိုး ရှိ မရှိ စစ်ဆေးရာမှာ လူတစ်ယောက်အတွက် ကျပ် တစ်သိန်းခွဲလောက် ကုန်ကျပါတယ်။

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက နှစ်ရက်အတွင်း စောင့်ကြည့် လူနာ ၁၂ ယောက် သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေဟာ အသက် ၆၀ အထက် ရောဂါအခံရှိသူတွေသာဖြစ်တာကြောင့်  ဆေးရုံလာတက်တဲ့သူတွေထဲက အသက် ၆၀ ကျော်သူတွေကို တခြားနေရာ ပြောင်းရွေ့ထားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ကပ်ရောဂါတိုက်ဖျက်မှုကာလအတွင်း စည်းကမ်းမလိုက်နာတဲ့သူတွေကို အရေးယူနေတယ်လို့ သတင်းမှန် ပြန်ကြားရေးနဲ့ Covid  19 သတင်းမှားဖြန့်ဝေသူများ ရှာဖွေဖော်ထုတ်ပြီး သတင်းစောင့်ကြည့်ရေးအဖွဲ့ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းပန်းဆိုင်က ပြောပါတယ်။

"မန္တလေးတိုင်းမှာ ပြစ်မှုအနေနဲ့ ၈၃ မှုရှိတယ်။ သဘာဝဘေးအန္တရာယ်၊ ကူစက်ရောဂါ ကာကွယ် နှိမ်နှင်းရေးနဲ့ အရေးယူတာရှိတယ်။ နောက်တစ်ခုက ဒေသန္တရ အမိန့်ရာဇသတ်ကြီး ပုဒ်မ ၁၈၈ နဲ့ အရေးယူတာတွေလည်း ရှိပါတယ်"

မန္တလေးတိုင်းမှာဆိုရင် တရုတ်နိုင်ငံကို သွားရောက်လုပ်ကိုင်နေတဲ့လုပ်သားပေါင်း ၈၀၀၀ ကျော်ရှိပြီး ထိုင်းနိုင်ငံကို သွားရောက်လုပ်ကိုင်နေတဲ့ လုပ်သားပေါင်းကတော့ ၂၀၀၀၀ ကျော် ရှိပါတယ်။

ဧပြီလ ၂၈ ရက်နေ့အထိ မန္တလေးတိုင်းကို ပြန်ရောက်လာတဲ့လုပ်သားပေါင်း ၂၀၀၀၀ ကျော်ရှိနေပြီး နောက်ထပ်လည်း ရောက်လာမယ့်သူတွေ များပြားလာမှာဖြစ်တယ်လို့ မန္တလေးတိုင်း အစိုးရအဖွဲ့ကနေ သိရပါတယ်။

ခေမဏီဝင်း / RFA Burmese
https://www.rfa.org/burmese/program_2/corona-will-test-mdy-04302020073540.html
ကို႐ိုနာဗိုင္းရပ္စ္ပိုးကို မႏၲေလးမွာလည္း ဓာတ္ခြဲစစ္ေဆးႏိုင္ေတာ့မယ္ ကို႐ိုနာဗိုင္းရပ္စ္ပိုးကို မႏၲေလးမွာလည္း ဓာတ္ခြဲစစ္ေဆးႏိုင္ေတာ့မယ္ Reviewed by THITHTOOLWIN on 22:13 Rating: 5
Powered by Blogger.