ျမန္မာတစ္ႏိုင္ငံလုံးတြင္ အပူခ်ိန္ျမင့္မားခဲ့သည့္အတြက္ ေမ ၄ ရက္အထိ မိုး႐ြာသြန္းႏိုင္

၂၀၁၈ ခုႏွစ္ တြင္ ရန္ကုန္ၿမိဳ႕ ၌ မိုး႐ြာသြန္းၿပီးေနာက္ ေရႀကီးေရလွ်ံမႈတစ္ခုအားေတြ႕ရစဥ္ (ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    ရန္ကုန္၊ ဧၿပီ ၂၆ ရက္ (ဆင္ဟြာ)

    ျမန္မာႏိုင္ငံ အႏွံ႔အျပားတြင္ အပူအခ်ိန္ျမင့္မားခဲ့သည့္အတြက္ တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ ေမ ၄ ရက္ အထိ မိုး႐ြာသြန္းႏိုင္ေၾကာင္း မိုးေလဝသ ႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ၊ လက္ေထာက္ၫႊန္ၾကားေရးမႉးေဒါက္တာသန္းႏိုင္ က ဧၿပီ ၂၆ ရက္တြင္ ဆင္ဟြာသို႔ ေျပာၾကားခဲ့သည္။

ေဒါက္တာသန္းႏိုင္က “အပူခ်ိန္ျမင့္ ၿပီး ေလေအးနဲ႔ ေတြ႕ေတာ့ ေရခိုးေရေငြ႕ေတြ ျဖစ္ၿပီး မိုး အျဖစ္ ႐ြာခ်တာျဖစ္တယ္။ ေမ ၄ ရက္ အထိ မိုးက တစ္ႏိုင္ငံလုံးအႏွံ႔ ႐ြာသြန္းမွာျဖစ္ပါတယ္။ ထူးျခားမိုးေလဝသျဖစ္စဥ္ ျဖစ္တဲ့ အတြက္ မိုးသီးေႂကြျခင္း ေလျပင္း တိုက္ခတ္ျခင္း ေတြ ပါျဖစ္ႏိုင္ပါတယ္”  ဟု ဆိုသည္။

ထို႔ျပင္ ကပၸလီပင္လယ္ျပင္ႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္း တို႔တြင္ဧၿပီ ၂၈ ရက္မွ  ဧၿပီ ၃၀ ရက္အတြင္း ေလဖိအားနည္းရပ္ဝန္းတစ္ခု ျဖစ္ေပၚႏိုင္ၿပီး၊ ပိုမိုအားေကာင္းလာက မုန္တိုင္းျဖစ္ေပၚလာႏိုင္ေၾကာင္း သိရသည္။

ေဒါက္တာသန္းႏိုင္က “မုန္တိုင္းျဖစ္သြားရင္ ေတာ့ မိုးက ပိုၿပီးဆက္တိုက္ဆက္သြားႏိုင္တဲ့ အေျခအေနမွာရွိပါတယ္။ ကြၽန္ေတာ္တို႔ မိုးေလဝသထုတ္ျပန္ခ်က္ေတြ ကို ဆက္တိုက္ထုတ္ေပးေနပါတယ္။ သိရွိလိုရင္လည္း မိုးဇလကို ျပည္သူေတြ အေနနဲ႔ ဆက္သြယ္ေမးျမန္းႏိုင္ပါတယ္” ဟု ျဖည့္စြက္ေျပာၾကားခဲ့သည္။

ဧၿပီ ၂၆ ရက္မွ ေမလ ၄ ရက္ အထိ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း ႏွင့္ အေရွ႕ပိုင္း)ႏွင့္ ခ်င္းျပည္နယ္တို႔တြင္ ေနရာအႏွံ႔အျပား၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ တနသၤာရီတိုင္းေဒသႀကီးႏွင့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)တို႔တြင္ ေနရာစိပ္စိပ္၊ ေနျပည္ေတာ္၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း မိုးေလဝသ ႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန မွ သိရသည္။ 

(Xinhua)
----------------------------------------
(Unicode)⤵⤵⤵
မြန်မာတစ်နိုင်ငံလုံးတွင် အပူချိန်မြင့်မားခဲ့သည့်အတွက် မေ ၄ ရက်အထိ မိုးရွာသွန်းနိုင်

    ရန်ကုန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံ အနှံ့အပြားတွင် အပူအချိန်မြင့်မားခဲ့သည့်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မေ ၄ ရက် အထိ မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာသန်းနိုင် က ဧပြီ ၂၆ ရက်တွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ဒေါက်တာသန်းနိုင်က “အပူချိန်မြင့် ပြီး လေအေးနဲ့ တွေ့တော့ ရေခိုးရေငွေ့တွေ ဖြစ်ပြီး မိုး အဖြစ် ရွာချတာဖြစ်တယ်။ မေ ၄ ရက် အထိ မိုးက တစ်နိုင်ငံလုံးအနှံ့ ရွာသွန်းမှာဖြစ်ပါတယ်။ ထူးခြားမိုးလေဝသဖြစ်စဉ် ဖြစ်တဲ့ အတွက် မိုးသီးကြွေခြင်း လေပြင်း တိုက်ခတ်ခြင်း တွေ ပါဖြစ်နိုင်ပါတယ်”  ဟု ဆိုသည်။

ထို့ပြင် ကပ္ပလီပင်လယ်ပြင်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း တို့တွင်ဧပြီ ၂၈ ရက်မှ  ဧပြီ ၃၀ ရက်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာက မုန်တိုင်းဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

ဒေါက်တာသန်းနိုင်က “မုန်တိုင်းဖြစ်သွားရင် တော့ မိုးက ပိုပြီးဆက်တိုက်ဆက်သွားနိုင်တဲ့ အခြေအနေမှာရှိပါတယ်။ ကျွန်တော်တို့ မိုးလေဝသထုတ်ပြန်ချက်တွေ ကို ဆက်တိုက်ထုတ်ပေးနေပါတယ်။ သိရှိလိုရင်လည်း မိုးဇလကို ပြည်သူတွေ အနေနဲ့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ဧပြီ ၂၆ ရက်မှ မေလ ၄ ရက် အထိ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း နှင့် အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သိရသည်။ 

(Xinhua)
http://www.xinhuamyanmar.com/myanmar/environment-disasters-accidents/27311-2020-04-26-10-04-21
ျမန္မာတစ္ႏိုင္ငံလုံးတြင္ အပူခ်ိန္ျမင့္မားခဲ့သည့္အတြက္ ေမ ၄ ရက္အထိ မိုး႐ြာသြန္းႏိုင္ ျမန္မာတစ္ႏိုင္ငံလုံးတြင္ အပူခ်ိန္ျမင့္မားခဲ့သည့္အတြက္ ေမ ၄ ရက္အထိ မိုး႐ြာသြန္းႏိုင္ Reviewed by THITHTOOLWIN on 16:45 Rating: 5
Powered by Blogger.