မူဆယ္က ကုန္တင္ယာဥ္ေမာင္းေတြ တ႐ုတ္ႏိုင္ငံထဲ ဝင္ခြင့္မရလို႔ အခက္ေတြ႕


တ႐ုတ္အာဏာပိုင္ေတြက ကို႐ိုနာဗိုင္းရပ္စ္ပိုး ပ်ံ႕ႏွံ႔မႈကို ကာကြယ္ထိန္းခ်ဳပ္ဖို႔အတြက္ ျမန္မာႏိုင္ငံဘက္ကေန တ႐ုတ္ႏိုင္ငံထဲ ဝင္ေရာက္လာမယ့္ ကုန္တင္ယာဥ္ေမာင္းေတြကို လက္မခံေတာ့ဘဲ ယာဥ္ေမာင္းအစားထိုးစနစ္ကို ေျပာင္းလဲ က်င့္သုံးလိုက္ပါတယ္။

တ႐ုတ္ဘက္က အေျပာင္းအလဲေၾကာင့္ ကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္း ထိခိုက္လာႏိုင္တဲ့အတြက္ ႏွစ္ႏိုင္ငံအစိုးရ တာဝန္ရွိသူေတြအေနနဲ႔ ညႇိႏႈိင္းေပးသင့္တယ္လို႔ နယ္စပ္ကုန္သည္ေတြနဲ႔ ယာဥ္ေမာင္းေတြက ေျပာၾကပါတယ္။

တ႐ုတ္ျပည္ထဲကို ဝင္မယ့္ ျမန္မာယာဥ္ေမာင္းေတြကို ဧၿပီလ တစ္ရက္ေန႔ကစၿပီး ကန႔္သတ္လိုက္တာပါ။

ကို႐ိုနာဗိုင္းရပ္စ္ပိုး ပ်ံ႕ႏွံ႔မႈကို ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ နယ္စပ္ဂိတ္ေတြကေန ဝင္ေရာက္လာမယ့္ ျမန္မာ ကုန္တင္ယာဥ္ေမာင္းေတြေနရာမွာ တ႐ုတ္ႏိုင္ငံက သတ္မွတ္ထားတဲ့ယာဥ္ေမာင္းေတြနဲ႔ အစားထိုး ေမာင္းႏွင္ ေစမွာျဖစ္ၿပီး ဒီအတြက္ ကုန္က်စရိတ္ တ႐ုတ္ေငြ ဆယ္ယြမ္ကိုလည္း ျမန္မာဘက္က ကုန္သည္ေတြက ေပးရမွာျဖစ္တယ္လို႔ဆိုပါတယ္။

တ႐ုတ္နယ္စပ္က က်ယ္ေဂါင္ ကားႀကီးသမားေတြ ယာယီနားတဲ့ေနရာကို အစားထိုးယာဥ္ေမာင္းက ေမာင္းပို႔ ေပးမွာပါ။ အဲဒီကေန ကုန္ပစၥည္းခ်မယ့္၊ တင္မယ့္ေနရာကို ကုန္သည္က ေနာက္ထပ္ယာဥ္ေမာင္းနဲ႔ ထပ္မံ သယ္ေဆာင္ရမွာျဖစ္ၿပီး ကုန္က်စရိတ္ကို ကုန္သည္ကသာ က်ခံရမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီလိုအေျခအေနေတြကို ျမန္မာကုန္သည္ေတြဘက္က လက္မခံႏိုင္ဘူးလို႔ ရွမ္းျပည္နယ္ကုန္စည္ ပို႔ေဆာင္ေရး လုပ္ငန္းရွင္းမ်ား အသင္း ဥကၠ႒ ကိုဝင္းေအာင္ခန႔္က ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ အသုံးျပဳတဲ့ ကုန္တင္ကားေတြဟာ ဥေရာပနဲ႔ ဂ်ပန္ထုတ္ ကားေတြျဖစ္ပါတယ္။

တ႐ုတ္-ျမန္မာ ကုန္သြယ္ေရးမွာ မူဆယ္နယ္စပ္ဟာ အေရးပါတဲ့ ေနရာတစ္ခုျဖစ္ပါတယ္။ ျမန္မာဘက္က ဖရဲ၊ သခြား၊ သရက္သီး၊ ဇီးသီး၊ ကြၽဲႏြား စတဲ့ ကုန္ေတြကို အဓိကတင္ပို႔ေနသလို တ႐ုတ္ႏိုင္ငံဘက္ကေတာ့ စက္ပစၥည္းနဲ႔ စိုက္ပ်ိဳးေရးသုံးပစၥည္းေတြ၊ ေဆာက္လုပ္ေရးသုံးပစၥည္းေတြကို အဓိကထားတင္ပို႔ေနတာပါ။

ရာသီေပၚသီးႏွံထြက္တဲ့ကာလအလိုက္ တစ္ရက္ကို ျမန္မာဘက္ကေန ကုန္တင္ကား အစီးေရ ေျခာက္ရာနဲ႔ ရွစ္ရာၾကား တ႐ုတ္ဘက္ကို ပစၥည္းတင္ပို႔ေနသလို တ႐ုတ္ႏိုင္ငံဘက္ကေတာ့ ကုန္ကားအစီးေရ တစ္ရက္ကို သုံးရာနဲ႔ ေလးရာၾကား ဝင္ေရာက္ေနတာလို႔ နယ္စပ္ကုန္သည္ေတြက ေျပာပါတယ္။

ဧၿပီလ တစ္ရက္ေန႔ကစတင္ၿပီး တ႐ုတ္ႏိုင္ငံသားကုန္သည္ေတြ ျမန္မာႏိုင္ငံထဲဝင္ေရာက္မႈကို တ႐ုတ္ဘက္က ကန႔္သတ္ခဲ့ၿပီးေနာက္မွာ တ႐ုတ္ကုန္သည္ေတြ မလာေတာ့တဲ့အတြက္ ဖရဲ၊ သခြား အေရာင္းအဝယ္အတြက္ အရင္လို မူဆယ္ ၁၀၅ မိုင္ သစ္သီးကြင္းမွာ လုပ္လို႔မရေတာ့ဘဲ  တ႐ုတ္ က်င္စန္းေက်ာ့ဂိတ္ကိုျဖတ္ၿပီး ဝမ္တိန္ အသီးကြင္းအထိ ပို႔ေဆာင္ေရာင္းဝယ္ ေနၾကရတယ္လို႔ မူဆယ္နယ္စပ္ သစ္သီးဝလံအသင္းက မရီရီခိုင္က ေျပာပါတယ္။

တ႐ုတ္ဘက္က ကန႔္သတ္မႈေတြေၾကာင့္ ကားသမားေတြနဲ႔ ကားပိုင္ရွင္အမ်ားစုက မိမိတို႔ယာဥ္ေတြကို ရပ္နား ရမယ့္ အေျခအေနရင္ဆိုင္ေနရၿပီး ကုန္တင္ခေဈးႏႈန္းေတြလည္း ျမင့္တက္လာႏိုင္တယ္လို႔ ကုန္သည္ေတြက သုံးသပ္ၾကပါတယ္။

လက္ရွိမွာ မႏၲေလး၊ ေနာင္ခ်ိဳ၊ ျပင္ဦးလြင္ကေန မူဆယ္ နယ္စပ္ ကုန္တင္ပို႔ခဟာ ဆယ့္ႏွစ္ဘီး တစ္စီးကို ႏွစ္ဆယ့္တစ္သိန္းေလာက္ ရွိေနတယ္လို႔ ကိုဝင္းေအာင္ခန႔္က ေျပာပါတယ္။ တ႐ုတ္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ စတင္ျဖစ္ပြားခ်ိန္မွာ နယ္စပ္ကုန္သြယ္ေရးဂိတ္ေတြ ဝင္ထြက္ေပါက္ေတြကို တ႐ုတ္ဘက္က ကန႔္သတ္တာ မရွိခဲ့သလို ျမန္မာဘက္ကလည္း က်န္းမာေရးစစ္ေဆးမႈကလြဲရင္ ဘာကန႔္သတ္မႈမွ မရွိခဲ့ပါဘူး။

ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႕သူ ရွိလာၿပီးေနာက္မွာ မတ္လ ၂၉ ရက္ေန႔ေလာက္ကစၿပီး တ႐ုတ္-ျမန္မာ နယ္စပ္မွာ ျမန္မာႏိုင္ငံသား ဝင္ေရာက္မႈကို တ႐ုတ္ဘက္က စတင္ ကန႔္သတ္လာတာပါ။ ျမန္မာျပည္မႀကီးကေန လာေရာက္တဲ့ သူေတြကို တစ္ခါသုံးကတ္နဲ႔ဝင္ေရာက္မႈကို စတင္ကန႔္သတ္ခဲ့ၿပီး ေနာက္ပိုင္းမွာဆိုရင္ မူဆယ္ မွတ္ပုံတင္ ကိုင္ေဆာင္သူေတြကိုပဲ ဝင္ထြက္ခြင့္ျပဳေတာ့တာ ျဖစ္ပါတယ္။ ဧၿပီလ တစ္ရက္ေန႔က စတင္ၿပီး တ႐ုတ္ႏိုင္ငံထဲ ႏိုင္ငံျခားသား ဝင္ေရာက္မႈေတြကို စတင္ကန႔္သတ္ခဲ့ၿပီး မူဆယ္မွတ္ပုံတင္ကိုင္ေဆာင္တဲ့ ကုန္တင္ကား သမားတစ္ဦးက လြဲရင္ ဘယ္သူ႔ကိုမွ ဝင္ထြက္ခြင့္မျပဳေတာ့တာကေန အခုေနာက္ပိုင္းမွာ ျမန္မာကုန္ တင္ယာဥ္ေမာင္းေတြ ဝင္ထြက္ခြင့္ကိုပါ ပိတ္လိုက္ၿပီး ယာဥ္ေမာင္းအစားထိုးစနစ္ကို ေျပာင္းလဲက်င့္သုံး လာခဲ့တာပါ။

မူဆယ္ၿမိဳ႕မွာ ဧၿပီလ ၉ ရက္ေန႔ မေန႔က တ႐ုတ္ႏိုင္ငံ တယ္ဟုန္ျပည္နယ္ခြဲ စီမံခန႔္ခြဲမႈ ေကာ္မတီ ဥကၠ႒ ရွန႔္သဖုန္ ဦးေဆာင္တဲ့အဖြဲ႕နဲ႔ ျမန္မာႏိုင္ငံဘက္က မူဆယ္ခ႐ိုင္အုပ္ခ်ဳပ္ေရးနဲ႔ နယ္စပ္ကုန္သြယ္ေရး တာဝန္ရွိသူေတြ ေတြ႕ဆုံပြဲမွာ တင္ျပခဲ့ေပမယ့္ ထူးျခားမႈေတာ့ မရွိခဲ့ဘူးလို႔ အစည္းေဝးတက္ေရာက္ခဲ့သူေတြက RFA ကို ေျပာပါတယ္။

တ႐ုတ္ဘက္က ပိုလမ္းမစီမံကိန္းအတြက္ နယ္စပ္မွာ သူတို႔ေဆာင္႐ြက္ေနတာေတြကို ရွင္းျပခဲ့သလို ကို႐ိုနာဗိုင္းရပ္စ္ အတြက္ ေဆးပစၥည္းအခ်ိဳ႕ကို လႉဒါန္းခဲ့ၿပီး ျမန္မာဘက္က နယ္စပ္ကားသမားေတြအေျခအေနနဲ႔ ပတ္သက္ၿပီး တင္ျပခ်က္ကိုေတာ့ ဘာမွတုံ႔ျပန္ေျပာဆိုတာ မရွိခဲ့ဘူးလို႔ဆိုပါတယ္။

ကံသာ / RFA Burmese
-------------------------------------------------------------
မူဆယ်က ကုန်တင်ယာဉ်မောင်းတွေ တရုတ်နိုင်ငံထဲ ဝင်ခွင့်မရလို့ အခက်တွေ့

တရုတ်အာဏာပိုင်တွေက ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်ဖို့အတွက် မြန်မာနိုင်ငံဘက်ကနေ တရုတ်နိုင်ငံထဲ ဝင်ရောက်လာမယ့် ကုန်တင်ယာဉ်မောင်းတွေကို လက်မခံတော့ဘဲ ယာဉ်မောင်းအစားထိုးစနစ်ကို ပြောင်းလဲ ကျင့်သုံးလိုက်ပါတယ်။

တရုတ်ဘက်က အပြောင်းအလဲကြောင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ထိခိုက်လာနိုင်တဲ့အတွက် နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေအနေနဲ့ ညှိနှိုင်းပေးသင့်တယ်လို့ နယ်စပ်ကုန်သည်တွေနဲ့ ယာဉ်မောင်းတွေက ပြောကြပါတယ်။

တရုတ်ပြည်ထဲကို ဝင်မယ့် မြန်မာယာဉ်မောင်းတွေကို ဧပြီလ တစ်ရက်နေ့ကစပြီး ကန့်သတ်လိုက်တာပါ။

ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်ရေးအတွက် နယ်စပ်ဂိတ်တွေကနေ ဝင်ရောက်လာမယ့် မြန်မာ ကုန်တင်ယာဉ်မောင်းတွေနေရာမှာ တရုတ်နိုင်ငံက သတ်မှတ်ထားတဲ့ယာဉ်မောင်းတွေနဲ့ အစားထိုး မောင်းနှင် စေမှာဖြစ်ပြီး ဒီအတွက် ကုန်ကျစရိတ် တရုတ်ငွေ ဆယ်ယွမ်ကိုလည်း မြန်မာဘက်က ကုန်သည်တွေက ပေးရမှာဖြစ်တယ်လို့ဆိုပါတယ်။

တရုတ်နယ်စပ်က ကျယ်ဂေါင် ကားကြီးသမားတွေ ယာယီနားတဲ့နေရာကို အစားထိုးယာဉ်မောင်းက မောင်းပို့ ပေးမှာပါ။ အဲဒီကနေ ကုန်ပစ္စည်းချမယ့်၊ တင်မယ့်နေရာကို ကုန်သည်က နောက်ထပ်ယာဉ်မောင်းနဲ့ ထပ်မံ သယ်ဆောင်ရမှာဖြစ်ပြီး ကုန်ကျစရိတ်ကို ကုန်သည်ကသာ ကျခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုအခြေအနေတွေကို မြန်မာကုန်သည်တွေဘက်က လက်မခံနိုင်ဘူးလို့ ရှမ်းပြည်နယ်ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းရှင်းများ အသင်း ဥက္ကဋ္ဌ ကိုဝင်းအောင်ခန့်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အသုံးပြုတဲ့ ကုန်တင်ကားတွေဟာ ဥရောပနဲ့ ဂျပန်ထုတ် ကားတွေဖြစ်ပါတယ်။

တရုတ်-မြန်မာ ကုန်သွယ်ရေးမှာ မူဆယ်နယ်စပ်ဟာ အရေးပါတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ မြန်မာဘက်က ဖရဲ၊ သခွား၊ သရက်သီး၊ ဇီးသီး၊ ကျွဲနွား စတဲ့ ကုန်တွေကို အဓိကတင်ပို့နေသလို တရုတ်နိုင်ငံဘက်ကတော့ စက်ပစ္စည်းနဲ့ စိုက်ပျိုးရေးသုံးပစ္စည်းတွေ၊ ဆောက်လုပ်ရေးသုံးပစ္စည်းတွေကို အဓိကထားတင်ပို့နေတာပါ။

ရာသီပေါ်သီးနှံထွက်တဲ့ကာလအလိုက် တစ်ရက်ကို မြန်မာဘက်ကနေ ကုန်တင်ကား အစီးရေ ခြောက်ရာနဲ့ ရှစ်ရာကြား တရုတ်ဘက်ကို ပစ္စည်းတင်ပို့နေသလို တရုတ်နိုင်ငံဘက်ကတော့ ကုန်ကားအစီးရေ တစ်ရက်ကို သုံးရာနဲ့ လေးရာကြား ဝင်ရောက်နေတာလို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

ဧပြီလ တစ်ရက်နေ့ကစတင်ပြီး တရုတ်နိုင်ငံသားကုန်သည်တွေ မြန်မာနိုင်ငံထဲဝင်ရောက်မှုကို တရုတ်ဘက်က ကန့်သတ်ခဲ့ပြီးနောက်မှာ တရုတ်ကုန်သည်တွေ မလာတော့တဲ့အတွက် ဖရဲ၊ သခွား အရောင်းအဝယ်အတွက် အရင်လို မူဆယ် ၁၀၅ မိုင် သစ်သီးကွင်းမှာ လုပ်လို့မရတော့ဘဲ  တရုတ် ကျင်စန်းကျော့ဂိတ်ကိုဖြတ်ပြီး ဝမ်တိန် အသီးကွင်းအထိ ပို့ဆောင်ရောင်းဝယ် နေကြရတယ်လို့ မူဆယ်နယ်စပ် သစ်သီးဝလံအသင်းက မရီရီခိုင်က ပြောပါတယ်။

တရုတ်ဘက်က ကန့်သတ်မှုတွေကြောင့် ကားသမားတွေနဲ့ ကားပိုင်ရှင်အများစုက မိမိတို့ယာဉ်တွေကို ရပ်နား ရမယ့် အခြေအနေရင်ဆိုင်နေရပြီး ကုန်တင်ခဈေးနှုန်းတွေလည်း မြင့်တက်လာနိုင်တယ်လို့ ကုန်သည်တွေက သုံးသပ်ကြပါတယ်။

လက်ရှိမှာ မန္တလေး၊ နောင်ချို၊ ပြင်ဦးလွင်ကနေ မူဆယ် နယ်စပ် ကုန်တင်ပို့ခဟာ ဆယ့်နှစ်ဘီး တစ်စီးကို နှစ်ဆယ့်တစ်သိန်းလောက် ရှိနေတယ်လို့ ကိုဝင်းအောင်ခန့်က ပြောပါတယ်။ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားချိန်မှာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ဝင်ထွက်ပေါက်တွေကို တရုတ်ဘက်က ကန့်သတ်တာ မရှိခဲ့သလို မြန်မာဘက်ကလည်း ကျန်းမာရေးစစ်ဆေးမှုကလွဲရင် ဘာကန့်သတ်မှုမှ မရှိခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့သူ ရှိလာပြီးနောက်မှာ မတ်လ ၂၉ ရက်နေ့လောက်ကစပြီး တရုတ်-မြန်မာ နယ်စပ်မှာ မြန်မာနိုင်ငံသား ဝင်ရောက်မှုကို တရုတ်ဘက်က စတင် ကန့်သတ်လာတာပါ။ မြန်မာပြည်မကြီးကနေ လာရောက်တဲ့ သူတွေကို တစ်ခါသုံးကတ်နဲ့ဝင်ရောက်မှုကို စတင်ကန့်သတ်ခဲ့ပြီး နောက်ပိုင်းမှာဆိုရင် မူဆယ် မှတ်ပုံတင် ကိုင်ဆောင်သူတွေကိုပဲ ဝင်ထွက်ခွင့်ပြုတော့တာ ဖြစ်ပါတယ်။ ဧပြီလ တစ်ရက်နေ့က စတင်ပြီး တရုတ်နိုင်ငံထဲ နိုင်ငံခြားသား ဝင်ရောက်မှုတွေကို စတင်ကန့်သတ်ခဲ့ပြီး မူဆယ်မှတ်ပုံတင်ကိုင်ဆောင်တဲ့ ကုန်တင်ကား သမားတစ်ဦးက လွဲရင် ဘယ်သူ့ကိုမှ ဝင်ထွက်ခွင့်မပြုတော့တာကနေ အခုနောက်ပိုင်းမှာ မြန်မာကုန် တင်ယာဉ်မောင်းတွေ ဝင်ထွက်ခွင့်ကိုပါ ပိတ်လိုက်ပြီး ယာဉ်မောင်းအစားထိုးစနစ်ကို ပြောင်းလဲကျင့်သုံး လာခဲ့တာပါ။

မူဆယ်မြို့မှာ ဧပြီလ ၉ ရက်နေ့ မနေ့က တရုတ်နိုင်ငံ တယ်ဟုန်ပြည်နယ်ခွဲ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ရှန့်သဖုန် ဦးဆောင်တဲ့အဖွဲ့နဲ့ မြန်မာနိုင်ငံဘက်က မူဆယ်ခရိုင်အုပ်ချုပ်ရေးနဲ့ နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူတွေ တွေ့ဆုံပွဲမှာ တင်ပြခဲ့ပေမယ့် ထူးခြားမှုတော့ မရှိခဲ့ဘူးလို့ အစည်းဝေးတက်ရောက်ခဲ့သူတွေက RFA ကို ပြောပါတယ်။

တရုတ်ဘက်က ပိုလမ်းမစီမံကိန်းအတွက် နယ်စပ်မှာ သူတို့ဆောင်ရွက်နေတာတွေကို ရှင်းပြခဲ့သလို ကိုရိုနာဗိုင်းရပ်စ် အတွက် ဆေးပစ္စည်းအချို့ကို လှူဒါန်းခဲ့ပြီး မြန်မာဘက်က နယ်စပ်ကားသမားတွေအခြေအနေနဲ့ ပတ်သက်ပြီး တင်ပြချက်ကိုတော့ ဘာမှတုံ့ပြန်ပြောဆိုတာ မရှိခဲ့ဘူးလို့ဆိုပါတယ်။

ကံသာ / RFA Burmese
https://www.rfa.org/burmese/news/chinese-driver-replacement-at-border-gate-04102020052344.html
မူဆယ္က ကုန္တင္ယာဥ္ေမာင္းေတြ တ႐ုတ္ႏိုင္ငံထဲ ဝင္ခြင့္မရလို႔ အခက္ေတြ႕ မူဆယ္က ကုန္တင္ယာဥ္ေမာင္းေတြ တ႐ုတ္ႏိုင္ငံထဲ ဝင္ခြင့္မရလို႔ အခက္ေတြ႕ Reviewed by THITHTOOLWIN on 22:38 Rating: 5
Powered by Blogger.